“နှင်းမြူရောယှက် အေးစက်စက်လေ ဒီရင်အပူ ကူလို့အေးပါတော့”

“နှင်းမြူရောယှက် အေးစက်စက်လေ ဒီရင်အပူ ကူလို့အေးပါတော့” - Property Knowledge in Myanmar from iMyanmarHouse.com
6 Jan 2023 2:57 pm တွင် တင်ခဲ့သည်
617 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

နေဝင်လို့ မိုးချုပ်ခဲ့ပြီမို့ လိုင်းကားတွေ နည်းပါးသွားသည်။

ထိုအတူ ခရီးသည်တို့လည်း ကျဲပါးနေ၏။ နောက်ဆုံးကားဖြစ်၍ ထိုင်စရာနေရာတော့ရခဲ့သည်။ အဲကွန်းကားများဖြစ်သော်လည်း နောက်ပိုင်းတွင် အဲကွန်းဖွင့်ပြီး မမောင်းတော့ဘဲ ပြတင်းပေါက်များကိုသာ ဖွင့်ပြီးမောင်းတော့သည်။

ဖွင့်ထားသော ပြတင်းပေါက်ကနေ ကားအရှိန်နှင့် ဝင်လာသည့်လေသည် ဒီဇင်ဘာလဖြစ်၍ အေးစက်စက် နိုင်လှ၏။ ဝတ်ထားသည့် အင်္ကျီလက်တိုက ပါးသောကြောင့် အရေပြားတို့ကအေးသော်လည်း ရင်ထဲကပူလောင်ခြင်းကို အေးမြမသွားစေခဲ့ပေ။မနေ့က ဖြစ်စဉ်ကို ပြန်တွေးမိသည်။

မနေ့က အခန်းပိုင်ရှင်က သတိပေးစကား လာပြောခဲ့သည်။ဒီနေ့နောက်ဆုံးထားပြီး အခန်းခပေးချေဖို့ ပြောခဲ့သည်။သူ့အခန်းကို ငှားနေမှတော့ နေခပေးရမည်က ဝတ္တရားရှိသည်။

 

လက်ရှိအရ ထိုဝတ္တရားတို့က ပျက်ကွက်နေခဲ့သည်။အခန်းခကို ဆိုင်ငံ့ထားပေးဖို့ ပြောထားခဲ့ရသည့် လတို့က ရှည်လျားခဲ့ပြီဖြစ်သည်။ပိုင်ရှင်က လူစိတ်ရှိလို့သာ အတင်းအကျပ် မလုပ်ခဲ့ပေ။သူသာအတင်းအကျပ် လုပ်မည်ဆိုလျှင် ယခုအချိန်တွင် မိမိတို့မိသားစုလိုက် အခက်အခဲ ကြုံရမှုတွေ များပေရော့မည်။

သို့သော် ဤသို့သောအတိုင်းအတာသည် ဘယ်အထိဆွဲဆန့်လို့ သွားမည်လဲ။လုပ်ကောင်းသောအရာတော့ မဟုတ်ပေ။

လက်ရှိ အခြေအနေအရ အလုပ်ကရသည့် ဝင်ငွေက စားသောက်ဖို့အတွက်ပင် ကသီလင်တနိုင်နေသေး၏။ မနေ့ကတော့ အခန်းပိုင်ရှင်အား အခန်းခကို ရအောင်ရှာပေးပါမည်အကြောင်း ကတိပေးခဲ့သည်။

မနေ့က ပေးခဲ့သည့် ကတိကိုတည်နိုင်ဖို့ ဒီကနေ့ အခန်းခကို အပူတပြင်းရှာခဲ့ရသည်။အချေးအငှားလုပ်ရသည့် အလုပ်ကို ရှက်ရွံ့မိသော်လည်း မိသားစု၏ နေရေးအပူက ရင်ကိုလောင်မြိုက်နေပေရာ ရှက်ရွံ့ခြင်းများကို ဘေးဖယ်ထားရတော့သည်။

မီနီမက်ဆိုင် ၄ ဆိုင်ဖွင့်ထားသော သူငယ်ချင်းဖြစ်သူထံ ကြိုတင်ဖုန်းဆက်ပြီး အကူအညီတောင်းကြည့်ရာ သူကလာခဲ့ဖို့ ပြောသဖြင့် သူထံသွားခဲ့ရသည်။

 

မိမိလိုသလောက် မကူညီနိုင်သော်လည်း ကူညီနိုင်သလောက်ကူညီပေးခဲ့သည်။ဘာပဲပြောပြော သူကူညီမှုက အပြည့်အဝ မဟုတ်သော်လည်း မိမိလိုသည့်ငွေ၏ တစ်ဝက်လောက် အကူအညီ အဖြစ်ရခဲ့၍ ကျေးဇူးတင်ရပါသည်။

သူငယ်ချင်းဖြစ်သူမှာလည်း သူငှားထားသောဆိုင်နေရာအတွက် ဆိုင်ငှားခများ ပေးချေရန်ရှိသည့်အတွက် မိမိလိုချင်သလောက်မချေးနိုင်ဘဲ ထိုမျှသာ တတ်နိုင်ကြောင်းပြောရှာသည်။

သူ့မှာလည်း သူ့အပူနှင့်သူ ရှိနေကြတာကိုးဟု မှတ်ချက်ချမိသည်။သူအထွာနဲ့သူ။သူအပူနဲ့သူ လူတိုင်း ပူပန်မှုတွေ ရှိနေကြသည်။သူငယ်ချင်းကတော့ ဒီအတိုင်းချေးပေးခဲ့သည်။အတိုးမယူခဲ့။

ကျန်သောငွေတစ်ဝက်ကိုတော့ အတိုးနှင့်ချေးခဲ့ရသည်။အတိုးနှင့်ချေးထားသော ငွေသည် မြန်မြန်ကျေအောင် ဆပ်မှဖြစ်မည်။ အချိန်ဆွဲရင် ဆွဲသလောက် အတိုးက အရင်းထက်များသွားမည်။အတိုးရသည် မရသည်ထက် တချို့က အငွေအများကြီးကို ယုံကြည်မှုမရသေးသူကို မချေးလိုကြချေ။

တစ်ဆင့်ခံ ချေးပေးသူရှိ၍ လက်ရှိ အခက်အခဲပြေသွားသည် ဖြစ်သော်လည်း ပူပန်မှုအသစ်က ရင်မှာထပ်ဖြစ်လာခဲ့သည်။

အတွေးတို့နှင့်အတူ ရင်မှာဖြစ်နေသည့် ပူလောင်မှုတွေက တဖြည်းဖြည်းကြီးစိုးလာသည်။ ကားပြတင်းမှ ဝင်လာသော နှင်းမြူတို့ ရောယှက်နေသည့် အေးစက်စက်ဆောင်းလေကို ဒီရင်အပူတွေ ပြေပျောက်စေဖို့ ကူလို့သာအေးပါတော့လို့ စိတ်ထဲကပြောနေမိပါတော့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

“ႏွင္းျမဴေရာယွက္ ေအးစက္စက္ေလ ဒီရင္အပူ ကူလို႔ေအးပါေတာ့”

 

ေနဝင္လို႔ မိုးခ်ဳပ္ခဲ့ၿပီမို႔ လိုင္းကားေတြ နည္းပါးသြားသည္။

ထိုအတူ ခရီးသည္တို႔လည္း က်ဲပါးေန၏။ ေနာက္ဆုံးကားျဖစ္၍ ထိုင္စရာေနရာေတာ့ရခဲ့သည္။ အဲကြန္းကားမ်ားျဖစ္ေသာ္လည္း ေနာက္ပိုင္းတြင္ အဲကြန္းဖြင့္ၿပီး မေမာင္းေတာ့ဘဲ ျပတင္းေပါက္မ်ားကိုသာ ဖြင့္ၿပီးေမာင္းေတာ့သည္။

ဖြင့္ထားေသာ ျပတင္းေပါက္ကေန ကားအရွိန္ႏွင့္ ဝင္လာသည့္ေလသည္ ဒီဇင္ဘာလျဖစ္၍ ေအးစက္စက္ ႏိုင္လွ၏။ ဝတ္ထားသည့္ အက်ႌလက္တိုက ပါးေသာေၾကာင့္ အေရျပားတို႔ကေအးေသာ္လည္း ရင္ထဲကပူေလာင္ျခင္းကို ေအးျမမသြားေစခဲ့ေပ။မေန႔က ျဖစ္စဥ္ကို ျပန္ေတြးမိသည္။

မေန႔က အခန္းပိုင္ရွင္က သတိေပးစကား လာေျပာခဲ့သည္။ဒီေန႔ေနာက္ဆုံးထားၿပီး အခန္းခေပးေခ်ဖို႔ ေျပာခဲ့သည္။သူ႔အခန္းကို ငွားေနမွေတာ့ ေနခေပးရမည္က ဝတၱရားရွိသည္။

လက္ရွိအရ ထိုဝတၱရားတို႔က ပ်က္ကြက္ေနခဲ့သည္။အခန္းခကို ဆိုင္ငံ႔ထားေပးဖို႔ ေျပာထားခဲ့ရသည့္ လတို႔က ရွည္လ်ားခဲ့ၿပီျဖစ္သည္။ပိုင္ရွင္က လူစိတ္ရွိလို႔သာ အတင္းအက်ပ္ မလုပ္ခဲ့ေပ။သူသာအတင္းအက်ပ္ လုပ္မည္ဆိုလွ်င္ ယခုအခ်ိန္တြင္ မိမိတို႔မိသားစုလိုက္ အခက္အခဲ ၾကဳံရမႈေတြ မ်ားေပေရာ့မည္။

သို႔ေသာ္ ဤသို႔ေသာအတိုင္းအတာသည္ ဘယ္အထိဆြဲဆန္႔လို႔ သြားမည္လဲ။လုပ္ေကာင္းေသာအရာေတာ့ မဟုတ္ေပ။

လက္ရွိ အေျခအေနအရ အလုပ္ကရသည့္ ဝင္ေငြက စားေသာက္ဖို႔အတြက္ပင္ ကသီလင္တႏိုင္ေနေသး၏။ မေန႔ကေတာ့ အခန္းပိုင္ရွင္အား အခန္းခကို ရေအာင္ရွာေပးပါမည္အေၾကာင္း ကတိေပးခဲ့သည္။

မေန႔က ေပးခဲ့သည့္ ကတိကိုတည္ႏိုင္ဖို႔ ဒီကေန႔ အခန္းခကို အပူတျပင္းရွာခဲ့ရသည္။အေခ်းအငွားလုပ္ရသည့္ အလုပ္ကို ရွက္ရြံ႕မိေသာ္လည္း မိသားစု၏ ေနေရးအပူက ရင္ကိုေလာင္ၿမိဳက္ေနေပရာ ရွက္ရြံ႕ျခင္းမ်ားကို ေဘးဖယ္ထားရေတာ့သည္။

မီနီမက္ဆိုင္ ၄ ဆိုင္ဖြင့္ထားေသာ သူငယ္ခ်င္းျဖစ္သူထံ ႀကိဳတင္ဖုန္းဆက္ၿပီး အကူအညီေတာင္းၾကည့္ရာ သူကလာခဲ့ဖို႔ ေျပာသျဖင့္ သူထံသြားခဲ့ရသည္။

မိမိလိုသေလာက္ မကူညီႏိုင္ေသာ္လည္း ကူညီႏိုင္သေလာက္ကူညီေပးခဲ့သည္။ဘာပဲေျပာေျပာ သူကူညီမႈက အျပည့္အဝ မဟုတ္ေသာ္လည္း မိမိလိုသည့္ေငြ၏ တစ္ဝက္ေလာက္ အကူအညီ အျဖစ္ရခဲ့၍ ေက်းဇူးတင္ရပါသည္။

သူငယ္ခ်င္းျဖစ္သူမွာလည္း သူငွားထားေသာဆိုင္ေနရာအတြက္ ဆိုင္ငွားခမ်ား ေပးေခ်ရန္ရွိသည့္အတြက္ မိမိလိုခ်င္သေလာက္မေခ်းႏိုင္ဘဲ ထိုမွ်သာ တတ္ႏိုင္ေၾကာင္းေျပာရွာသည္။

သူ႕မွာလည္း သူ႕အပူႏွင့္သူ ႐ွိေနၾကတာကိုးဟု မွတ္ခ်က္ခ်မိသည္။သူအထြာနဲ႔သူ။သူအပူနဲ႔သူ လူတိုင္း ပူပန္မႈေတြ ႐ွိေနၾကသည္။သူငယ္ခ်င္းကေတာ့ ဒီအတိုင္းေခ်းေပးခဲ့သည္။အတိုးမယူခဲ့။

က်န္ေသာေငြတစ္ဝက္ကိုေတာ့ အတိုးႏွင့္ေခ်းခဲ့ရသည္။အတိုးႏွင့္ေခ်းထားေသာ ေငြသည္ ျမန္ျမန္ေက်ေအာင္ ဆပ္မွျဖစ္မည္။ အခ်ိန္ဆြဲရင္ ဆြဲသေလာက္ အတိုးက အရင္းထက္မ်ားသြားမည္။အတိုးရသည္ မရသည္ထက္ တခ်ိဳ႕က အေငြအမ်ားႀကီးကို ယုံၾကည္မႈမရေသးသူကို မေခ်းလိုၾကေခ်။

တစ္ဆင့္ခံ ေခ်းေပးသူရွိ၍ လက္ရွိ အခက္အခဲေျပသြားသည္ ျဖစ္ေသာ္လည္း ပူပန္မႈအသစ္က ရင္မွာထပ္ျဖစ္လာခဲ့သည္။

အေတြးတို႔ႏွင့္အတူ ရင္မွာျဖစ္ေနသည့္ ပူေလာင္မႈေတြက တျဖည္းျဖည္းႀကီးစိုးလာသည္။ ကားျပတင္းမွ ဝင္လာေသာ ႏွင္းျမဴတို႔ ေရာယွက္ေနသည့္ ေအးစက္စက္ေဆာင္းေလကို ဒီရင္အပူေတြ ေျပေပ်ာက္ေစဖို႔ ကူလို႔သာေအးပါေတာ့လို႔ စိတ္ထဲကေျပာေနမိပါေတာ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ...
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ...
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ်လာလျက်ရှိ...
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ်လာလျက်ရှိ...
ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး...
ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး...
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဗီယက်နမ်မှာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စာသင်ကျောင်းကြီး ဘာကြောင့် အပြီးသတ်မဆောက်ဘဲ ကြေကွဲဖွယ် စွန့်ပစ်ခံထားရတာလဲ...
ဗီယက်နမ်မှာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စာသင်ကျောင်းကြီး ဘာကြောင့် အပြီးသတ်မဆောက်ဘဲ ကြေကွဲဖွယ် စွန့်ပစ်ခံထားရတာလဲ...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service