အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ် (သို့မဟုတ်) အကျိုးပြုဘက်တီးရီးယား ကြွယ်ဝတဲ့ အစားအစာ တစ်မျိုး

အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ် (သို့မဟုတ်) အကျိုးပြုဘက်တီးရီးယား ကြွယ်ဝတဲ့ အစားအစာ တစ်မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
8 Jan 2023 2:26 pm တွင် တင်ခဲ့သည်
550 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ် (သို့မဟုတ်) sauerkraut အာဟာရဓာတ်များ

ကျန်းမာရေးအကျိုးကျေးဇူးများ

ဘာတွေ သတိထားရမလဲ

ဘယ်သူတွေ မစားသင့်ဘူးလဲ

 

အကျိုးပြု ဘက်တီးရီးယား ကြွယ်ဝတဲ့ အစားအစာတွေ စာရင်းထဲမှာ တွေ့ရလေ့ရှိတဲ့ sauerkraut လို့ သိကြတဲ့ အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ် စားပေးရင် အစာခြေစနစ် ကျန်းမာတာအပြင် ခန္ဓာကိုယ်အတွက် ဘယ်လိုတွေများ အကျိုးကျေးဇူးတွေ ရရှိနိုင်ဦးမလဲဆိုပြီး သိချင်နေတဲ့သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက အဖြေထုတ်ပေးနိုင်မှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော်။

 

 

အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ် (သို့မဟုတ်) sauerkraut

ရေစင်အောင်ဆေးလို့ ရိတ်ရိတ်လှီးပြီး ရေစစ်ထားတဲ့ ဂေါ်ဖီထုပ်ကို နုတ်နုတ်စဉ်းထားတဲ့ ကြက်သွန်ဖြူ၊ ရိုးရိုးဆားကြမ်းနဲ့ ဗီနီကာတို့နဲ့ စိမ်ပြီး လေလုံအောင် ဖန်ပုလင်းလေးနဲ့ ပိတ်ထားပါ။ ဒီလို အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ်ချဉ်က အကျိုးပြုဘက်တီးရီးယား ကြွယ်ဝတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေသလို အခြားသော ကျန်းမာရေး အကျိုးကျေးဇူးတွေကိုလည်း ရရှိစေနိုင်ပါတယ်။ ဘယ်လို အကျိုးကျေးဇူးတွေလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်စို့နော်။

အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ် (သို့မဟုတ်) sauerkraut ကနေ ရရှိတဲ့ အာဟာရဓာတ်တွေ

အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ် (သို့မဟုတ်) sauerkraut ပါတဲ့ အာဟာရဓာတ်တွေကတော့....

ကယ်လ်လိုရီ

ကာဗိုဟိုက်ဒရိတ်

အမျှင်ဓာတ်

ပရိုတင်း

ဆိုဒီယမ်

ဗီတာမင် C

ဗီတာမင် K

သံဓာတ်

မဂ္ဂနိစ်

ဗီတာမင် B6

ဖောလိတ်

ကော့ပါး

ပိုတက်ဆီယမ်တို့ ပါဝင်နေပါတယ်။

 

 

အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ် စားရင်းရမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲ

 

အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ်ကို စားရင်းရမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့

အစာခြေစနစ် ကျန်းမာစေတယ်

အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ် အပါအဝင် အချဉ်ဖောက်ထားတဲ့ အစားအစာတွေမှာ အကျိုးပြု ဘက်တီးရီးယားတွေရော အကျိုးပြု ဘက်တီးရီးယား အာဟာရ အမျှင်ဓာတ်တွေရော ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းချုပ်တာ၊ ဝမ်းပျက်ဝမ်းလျှောတာလိုမျိုး အစာခြေစနစ် ပြဿနာတွေ ကင်းဝေးစေပါတယ်။

ဆဲလ်တွေရောင်ရမ်းတာကို ကာကွယ်ပေးနိုင်တယ်

အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေသလို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဆဲလ်တွေ ဓာတ်တိုးပြီး ရောင်ရမ်းပျက်စီးတာကို ကာကွယ်ပေးနိုင်ပါတယ်။

 

ကိုယ်ခံအား ကောင်းစေနိုင်တယ်

အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ်မှာ သံဓာတ် ပါဝင်နေတာကြောင့် သွေးအားကောင်းစေဖို့ရော သွေးလည်ပတ်မှု ကောင်းစေဖို့ပါ ထောက်ကူပေးပါတယ်။ သံဓာတ် ပြည့်ဝမှုက ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးသလို ဗီတာမင် C ပါဝင်နေတာကလည်း ကိုယ်ခံအားကို အားဖြည့်ပေးနိုင်ပါတယ်။ ဗီတာမင် C ကလည်း သံဓာတ်စုပ်ယူမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်တာ၊ အအေးမိတာမျိုးတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်စွမ်း ရှိသလို ဘက်တီးရီးယား ကူးစက်မှုတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

 

 

နှလုံး ကျန်းမာစေတယ်

အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ်မှာ အကျိုးပြု ဘက်တီးရီးယား၊ ဗီတာမင် K၊ အမျှင်ဓာတ်တို့ ပါဝင်နေတာကြောင့် သွေးတွင်းကိုလက်စထရော ကျဆင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးတွင်းအဆီ ကျဆင်းစေတာက သွေးလည်ပတ်မှု ကောင်းစေပြီး နှလုံးသွေးကြောတွေကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချချင်တယ်ဆိုရင် အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ်ကို စားပေးလို့ ရပါတယ်။

ကိုယ်အလေးချိန် ကျစေနိုင်တယ်

အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ်မှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အဆာခံနိုင်စေဖို့ ထောက်ကူပေးသလို အစားစားချင်စိတ် နည်းစေဖို့လည်း ထောက်ကူပေးပါတယ်။ ကိုယ်တွင်းက အဆီတွေကို ကျဆင်းစေပြီး ကိုယ်အလေးချိန်ကို ထိန်းညှိနိုင်စေဖို့ ထောက်ကူပေးပါတယ်။

ဦးနှောက် ကျန်းမာစေတယ်

အကျိုးပြု ဘက်တီးရီးယား ကြွယ်ဝတဲ့ အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ်မှာ ဇင့်၊ မဂ္ဂနီဆီယမ်တို့ ပါဝင်နေတာကြောင့် ဦးနှောက်ကို အာဟာရ ဖြည့်ပေးနိုင်ပါတယ်။ စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးတယ်၊ စိုးရိမ်စိတ် များတာတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်သလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေ ထွက်ရှိစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

အရိုးတွေ သန်မာစေတယ်

အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ်မှာ ဗီတာမင် K နဲ့ ပရိုတင်းတို့ ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။ သွေးဆုံးချိန်မှာ အရိုးပွတာကို ကာကွယ်ပေးနိုင်သလို အရိုးပါးတာကိုလည်း ကာကွယ်ပေးပါတယ်။

အသားအရေ ကျန်းမာစေတယ်

အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ်မှာ ဗီတာမင် C၊ ဗီတာမင် K နဲ့ ဗီတာမင် A တို့ ပါဝင်နေတာကြောင့် အသားအရေကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်သလို ကော်လာဂျင်တွေ ထွက်ရှိစေဖို့လည်း လှုံ့ဆော်ပေးပါတယ်။ အရေပြားရောင်ရမ်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်သလို ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တာကြောင့် ဝက်ခြံမဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။

ဘာတွေ သတိထားရမလဲ

အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ်က ကျန်းမာရေးကို အကျိုးပြုတယ်ဆိုပေမယ့် အများကြီး စားရင် အစာခြေစနစ်ကို ထိခိုက်စေနိုင်တာကြောင့် အလွန်အကျွံ မစားဖို့ လိုပါမယ်။

ဘယ်သူတွေ မစားသင့်ဘူးလဲ

ရောဂါအခံ ရှိသူတွေ၊ ကျန်းမာရေးပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားတာ အကောင်းဆုံးပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

 

 

[Zawgyi]


 








 


ကယ်လ်လိုရီ

ကာဗိုဟိုက်ဒရိတ်

အမျှင်ဓာတ်

ပရိုတင်း

ဆိုဒီယမ်

ဗီတာမင် C

ဗီတာမင် K

သံဓာတ်

မဂ္ဂနိစ်

ဗီတာမင် B6

ဖောလိတ်

ကော့ပါး












နှလုံး ကျန်းမာစေတယ်






အရိုးတွေ သန်မာစေတယ်


အသားအရေ ကျန်းမာစေတယ်


ဘာတွေ သတိထားရမလဲ







Credit: hellosayarwon

အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ် (သို့မဟုတ်) အကျိုးပြုဘက်တီးရီးယား ကြွယ်ဝတဲ့ အစားအစာ တစ်မျိုး - Property Knowledge in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ...
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ...
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ်လာလျက်ရှိ...
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ်လာလျက်ရှိ...
ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး...
ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး...
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဗီယက်နမ်မှာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စာသင်ကျောင်းကြီး ဘာကြောင့် အပြီးသတ်မဆောက်ဘဲ ကြေကွဲဖွယ် စွန့်ပစ်ခံထားရတာလဲ...
ဗီယက်နမ်မှာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စာသင်ကျောင်းကြီး ဘာကြောင့် အပြီးသတ်မဆောက်ဘဲ ကြေကွဲဖွယ် စွန့်ပစ်ခံထားရတာလဲ...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service