စုပေါင်းပိုင်သူများ (ကွန်ဒိုဝယ်ယူသူများ) ၏ အခွင့်အရေးများ

စုပေါင်းပိုင်သူများ (ကွန်ဒိုဝယ်ယူသူများ) ၏ အခွင့်အရေးများ - Property Knowledge in Myanmar from iMyanmarHouse.com
7 Jan 2023 1:41 pm တွင် တင်ခဲ့သည်
629 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

ယနေ့ခေတ်တွင် တိုးတက်ပြောင်းလဲလာသည့် လူနေမှုပုံစံများအရ ပြည်သူ အများ အပြားသည် ခေတ်နှင့်အညီ ဆောက်လုပ်ထားပြီး ပြီးပြည့်စုံသော facilities များ ပါဝင်သည့် လုံခြုံ စိတ်ချရသည့် ကွန်ဒို  များကို ရွေးချယ်နေထိုင်လာကြပါသည်။ ယင်းကဲ့သို့ စုပေါင်းပိုင် အဆောက်အအုံဖြစ်သည့် ကွန်ဒိုများကို ဝယ်ယူပိုင်ဆိုင်ထားကြသည့် စုပေါင်းပိုင်သူများအနေဖြင့် အဆိုပါ အဆောက်အအုံနှင့် စပ်လျဉ်း၍ ၎င်းတို့၏ အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို ရှင်းလင်းစွာ သိရှိထားကြရန် လိုအပ်ပါသည်။

စုပေါင်းပိုင်သူ ဆိုသည်မှာ ၂၀၁၆ ခုနှစ် စုပေါင်းပိုင်အဆောက်အအုံဥပဒေအရ စုပေါင်း ပိုင် အဆောက်အအုံရှိ အိမ်ခန်း သို့မဟုတ် အိမ်ခန်းများကို အဆိုပါဥပဒေ တရားဝင်ပိုင်ဆိုင် ကြောင်း အိမ်ခန်းလက်မှတ်ရရှိထားသူ သို့မဟုတ် ယင်း၏ တရားဝင် အမွေဆက်ခံသူ သို့မဟုတ် လွှဲပြောင်းခြင်းခံရသူတို့ ပါဝင်ကြောင်းကို ပုဒ်မ ၂(စ)တွင် ဖော်ပြထားပါသည်။ စုပေါင်းပိုင်သူများ သည် ၎င်းတို့ လက်ဝယ်ပိုင်ဆိုင်ထားသည့် အိမ်ခန်းများနှင့်စပ်လျဉ်းသည့် အခွင့်အရေးများကို ကောင်းမွန်စွာ အသုံးချနိုင်ရန် လိုအပ်ပါသည်။

ပထမအနေဖြင့် စုပေါင်းပိုင် အိမ်ခန်းကို လွှဲပြောင်းရယူသူနှင့် လွှဲပြောင်းသူတို့အနေဖြင့် ပုဒ်မ ၂၀ အရ အိမ်ခန်းကို လွှဲပြောင်းသည့်နေ့မှ ရက်ပေါင်း (၃၀) အတွင်း မှတ်ပုံတင်အရာရှိထံ လွှဲပြောင်းထား သည့် စာချုပ်စာတမ်းကို မှတ်ပုံတင်ရန် လိုအပ်ပါသည်။ အဆိုပါ မှတ်ပုံတင်ခြင်းကို ပြုလုပ်ရန် ပျက်ကွက်ပါက ပုဒ်မ ၃၄ အရ အနည်းဆုံးကျပ် ၁၀ သိန်းမှ အများဆုံး ကျပ် ၂၅ သိန်းအထိ ငွေဒဏ်များ ချမှတ်ခြင်း ခံရနိုင်ပါသည်။

စုပေါင်းပိုင်သူများအနေဖြင့် ပုဒ်မ ၂၆ အရ အိမ်ခန်း ပိုင်ဆိုင်ခွင့်ကို မိမိ အမည်သို့ ပြောင်းလဲခြင်း၊ အိမ်ခန်းလွှဲပြောင်းသည့် စာချုပ်စာတမ်းကို မှတ်ပုံတင်အရာရှိထံ မှတ်ပုံတင်ပြီးပါက အိမ်ခန်းကို တရားဝင် ပိုင်ဆိုင်ခွင့်ရှိခြင်း၊ နိုင်ငံသားများအား ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ စွန့်လွှတ် ခြင်း၊ အမွေဆက်ခံခွင့်ပြုခြင်းတို့ ဆောင်ရွက်နိုင်သည့်အပြင် အဆိုပါအိမ်ခန်းအား နိုင်ငံသားကို ဖြစ်စေ၊ နိုင်ငံခြားသား ကိုဖြစ်စေ ငှားရမ်းခွင့်၊ ပေါင်နှံခွင့်၊ ခွင့်ပြုချက်ဖြင့် ထားပိုင်ခွင့်များ ဆောင်ရွက် နိုင်ခြင်း၊ စုပေါင်းပိုင် အဆောက်အအုံ၏ ၄၀% ထက် မပိုသော အိမ်ခန်းများကို နိုင်ငံခြားသားများ ကို ရောင်းချနိုင်ခြင်း၊ မိမိပိုင်ဆိုင်သည့် အိမ်ခန်းအား ဘဏ်တွင် ပေါင်နှံခွင့်ရှိခြင်း၊ မိမိပိုင်ဆိုင်သော အိမ်ခန်း၏ အတွင်းပိုင်း ပြင်ဆင်မှုကို မူလအဆောက်အအုံ၏ ခိုင်ခံ့မှုကို ထိခိုက်မှုမရှိပါက မိမိ စရိတ်ဖြင့် အသေးစားပြင်ဆင်မှုများ ပြုလုပ်နိုင်ခြင်းစသည့် အခွင့်အရေးများ ရှိသည့်အပြင် အသင်း၏ ရန်ပုံငွေကို အသင်းသားအားလုံးနှင့်အတူ သက်ဆိုင်ခွင့်၊ စုပေါင်းပိုင်မြေကို အမှုဆောင် အဖွဲ့၏ ခွင့်ပြုချက်ဖြင့် သာရေး၊ နာရေး ကိစ္စများတွင် ယာယီ အသုံးပြုခွင့်နှင့် နှစ်ပတ်လည် အသင်းသား စုံညီအစည်းအဝေးများနှင့် အထူးအစည်းအဝေးများအား တက်ရောက်ခွင့်၊ အကြံပေးခွင့်၊ မဲပေးခွင့် အစရှိသည့် အခွင့်အရေးများ ရရှိပိုင်ဆိုင်ထားကြောင်းကို သိရှိနားလည်ပြီး အကျိုးရှိရှိ အသုံးချနိုင်ရန် လိုအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]


 










နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service