ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
လူတိုင်းထိပ်ဆုံးကို ရောက်လာနိုင်ပါတယ်။ဒါပေမဲ့ လူအများစုရဲ့ ချစ်ခင်နှစ်သက်ခြင်းကိုတော့ ရကောင်းမှ ရပါလိမ့်မယ်။ လူတွေရဲ့ထိပ်ဆုံးကိုရောက်လာတိုင်း ကျေကျေနပ်နပ် ကြိုဆိုခြင်းကိုတော့ ခံရလိမ့်မယ်လိုတော့ မတွက်ပါနဲ့။
ကမ္ဘာ့နိုင်ငံရေးမှာလည်း ထိပ်ဆုံးကို ရောက်လာကြပေမယ့် ဘယ်သူဟာ လိုလားချစ်ခင်ခြင်းတွေနဲ့ ကြိုဆိုခံကြရပြီး ဘယ်သူတွေကတော့ ဘယ်လိုအခြေအနေတွေနဲ့ ကြိုဆိုခံကြရလဲ။ကမ္ဘာမှာ ရှားရှားပါးပါး ချစ်ခင်နှစ်လိုခြင်းတွေနဲ့ ကြိုဆိုခံရသူတွေရှိပါတယ်။
အချို့က ထိပ်ဆုံးကို ချဉ်ဖတ်စော်နံပြီး ရောက်လာတဲ့သူတွေ ရှိကြပါတယ်။အင်း… တချို့က ချဉ်ဖတ်နဲ့နှိုင်းဖို့ တောင် သိပ်မကောင်းဘူး။ အန်ဖတ်နဲ့ နှိုင်းရမယ်ထင်တယ်။အန်ဖတ်က ပါးစပ်ကထွက်တော့ ဂုဏ်မြင့်နေပါ သေးတယ်။ မစင်နဲ့သာ နှိုင်းရမယ်ထင်တယ်။အဲဒီလို လူမျိုးတွေကိုတော့ အဲဒီလိုစိတ်ရှိသူတွေကပဲ အခြေအနေကိုကြည့်ပြီး ကြိုဆိုကြတာကိုတွေ့ရတယ်။
အမှန်တော့ နှစ်လိုဖွယ်ရာကြိုဆိုခံရသူအကြောင်းထဲ ဒီလိုကြွက်ချေးဂုဏ်ပုဒ်ရှိသူတွေအကြောင်း ထည့်ရေးရတာဟာ တယ်ပြီး မတန်လှပါဘူး။ဒါပေမယ့် မြင်ရတဲ့ မြင်ကွင်းတွေက လူတွေရဲ့လိုလားချစ်ခင်ခြင်းနဲ့ မလိုလားခြင်းတွေက ဘယ်လောက်ကွာဟသလဲ ဆိုတာကို ထင်မြင်ပေါ်လွင်စေချင်လို့သာ တွဲစပ်ဖေါ်ပြခြင်းသာ ဖြစ်ပါတယ်။
လူတွေရဲ့ ချစ်ခင်လိုလား နှစ်သက်ကြခြင်းကို ခံရသူဆိုတာက သူ့ရဲ့လူထုအပေါ်ပေးဆပ်ခဲ့မှုက ဘယ်လောက်တောင်များပြားခဲ့လို့လဲ။ဒါတွေက စကားပြောတာပါ။ရယူမှုမပါတဲ့ ပေးဆပ်ခြင်းတွေအပြင် အနာဂတ်အသိအမြင်တွေကို ဘယ်လောက်တောင်လမ်းကြောင်းဖောက်ပေးခဲ့သလဲ။ဒါတွေလည်းပါမှာပေါ့။
ထားပါလေ…။အခုပြောလိုတာက လူတွေရဲ့ မွန်းကြပ်ပိတ်လှောင်နေမှုတွေကို ပြေလျော့စေပြီး ရသပေးစွမ်းမှု အလွန်ပဲကောင်းမွန်ကြတဲ့ သူတချို့အကြောင်း ပြောချင်လို့ပါ။
သူတို့တတွေက အားကစားလောကမှာ စံချိန်တင်မှတ်တိုင်တွေ စိုက်ထူနေကြသေးတဲ့ ပုဂ္ဂိုလ်တွေပဲဖြစ်ပါတယ်။
အားကစားလောကမှာ သူတို့ပုံရိပ် သူတို့ဂုဏ်ဟိတ်တွေက ပြောစမှတ်ပြုနေကြရမယ့် သူတွေဖြစ်ပြီး နှစ်လိုဖွယ်ရာ ကြိုဆိုခြင်းခံရသူတွေလည်း ဖြစ်ပါတယ်။
ဒီနှစ်မှာ အသင်းသစ် Al-Nassr ကိုပြောင်းသွားတဲ့ ခရစ်စတီရာနို ဒေါ်နယ်ဒို(CR7)နဲ့ လက်ရှိကစားနေတဲ့ (PSG)အသင်းကိုပြန်လာတဲ့ လီယွန်နယ် မက်ဆီတို့ရဲ့ ချစ်ခင်နှစ်လိုခြင်းတွေနဲ့ ကြိုဆိုမှုခံရတဲ့ ပုံရိပ်တွေက အံ့မခန်းပါပဲ။နောင်များ သူတို့လို တူနိုင်သူတွေ ပေါ်လာပါဦးမလားလို့တောင် ထင်မိပါသေးတယ်။
အသက်ရှုတိုင်းငွေဝင်ကြတဲ့ သူတို့ရဲ့ စံပြုလောက်စရာ လေ့ကျင့်နေထိုင်မှုတွေက နောင်လာမယ့် မျိုးဆက်တွေ အနေနဲ့ အတုယူဖို့ကောင်းလှပါတယ်။ကမ္ဘာနဲ့အဝန်း သူတို့ကို ချစ်ခင်ကြတဲ့ ပရိသတ်ဟာ ကြောက်ခမန်းလိလိ ရှိလှပါတယ်။
ဒီလိုချစ်ခင်ဖွယ်၊လေးစားဖွယ်ပုံရိပ်တွေ မပျက်စီးမပျောက်ဆုံးဘဲ နှစ်လိုဖွယ်ကြိုဆိုမှုတွေသာ အမြဲတမ်း ရရှိစေဖို့လည်း ချစ်တဲ့စိတ်နဲ့ ဆုတောင်းမိပါတယ်။
ချစ်ခင်မှုက မေတ္တာသက်ဝင်လာတဲ့အခါ သူတို့အပေါ် အလိုလိုမေတ္တာထားမိတယ်။မေတ္တာတွေပို့မိတတ်တယ်။ ဖုန်းမျက်နှာပြင်ပေါ်က သူတို့အကြောင်းကိုကြည့်ရတဲ့ ကိုယ်လည်းပဲ ကွင်းထဲကလူတွေအတိုင်း နှစ်သက်လိုလားစွာ ကြိုဆိုနေမိတယ်။
ဒီလိုပါပဲ မေတ္တာသက်ဝင်မှုတွေနဲ့ ဆန့်ကျင်ဘက်လားရာ ကျင့်သူတွေကိုလည်း လူတွေက ဘယ်လိုကြိုဆိုမှုတွေ လုပ်ကြသလဲဆိုတာ လက်ရှိအကြောင်းတရားတွေနဲ့ ယှဉ်ထိုးပြီး သံဝေဂယူဖို့ပါပဲ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ႏွစ္လိုဖြယ္ရာႀကိဳဆိုျခင္း
လူတိုင္းထိပ္ဆုံးကို ေရာက္လာႏိုင္ပါတယ္။ဒါေပမဲ့ လူအမ်ားစုရဲ႕ ခ်စ္ခင္ႏွစ္သက္ျခင္းကိုေတာ့ ရေကာင္းမွ ရပါလိမ့္မယ္။ လူေတြရဲ႕ထိပ္ဆုံးကိုေရာက္လာတိုင္း ေက်ေက်နပ္နပ္ ႀကိဳဆိုျခင္းကိုေတာ့ ခံရလိမ့္မယ္လိုေတာ့ မတြက္ပါနဲ႔။
ကမ႓ာ့ႏိုင္ငံေရးမွာလည္း ထိပ္ဆုံးကို ေရာက္လာၾကေပမယ့္ ဘယ္သူဟာ လိုလားခ်စ္ခင္ျခင္းေတြနဲ႔ ႀကိဳဆိုခံၾကရၿပီး ဘယ္သူေတြကေတာ့ ဘယ္လိုအေျခအေနေတြနဲ႔ ႀကိဳဆိုခံၾကရလဲ။ကမ႓ာမွာ ရွားရွားပါးပါး ခ်စ္ခင္ႏွစ္လိုျခင္းေတြနဲ႔ ႀကိဳဆိုခံရသူေတြရွိပါတယ္။
အခ်ိဳ႕က ထိပ္ဆုံးကို ခ်ဥ္ဖတ္ေစာ္နံၿပီး ေရာက္လာတဲ့သူေတြ ရွိၾကပါတယ္။အင္း… တခ်ိဳ႕က ခ်ဥ္ဖတ္နဲ႔ႏႈိင္းဖို႔ ေတာင္ သိပ္မေကာင္းဘူး။ အန္ဖတ္နဲ႔ ႏိႈင္းရမယ္ထင္တယ္။အန္ဖတ္က ပါးစပ္ကထြက္ေတာ့ ဂုဏ္ျမင့္ေနပါ ေသးတယ္။ မစင္နဲ႔သာ ႏိႈင္းရမယ္ထင္တယ္။အဲဒီလို လူမ်ိဳးေတြကိုေတာ့ အဲဒီလိုစိတ္ရွိသူေတြကပဲ အေျခအေနကိုၾကည့္ၿပီး ႀကိဳဆိုၾကတာကိုေတြ႕ရတယ္။
အမွန္ေတာ့ ႏွစ္လိုဖြယ္ရာႀကိဳဆိုခံရသူအေၾကာင္းထဲ ဒီလိုႂကြက္ေခ်းဂုဏ္ပုဒ္ရွိသူေတြအေၾကာင္း ထည့္ေရးရတာဟာ တယ္ၿပီး မတန္လွပါဘူး။ဒါေပမယ့္ ျမင္ရတဲ့ ျမင္ကြင္းေတြက လူေတြရဲ႕လိုလားခ်စ္ခင္ျခင္းနဲ႔ မလိုလားျခင္းေတြက ဘယ္ေလာက္ကြာဟသလဲ ဆိုတာကို ထင္ျမင္ေပၚလြင္ေစခ်င္လို႔သာ တြဲစပ္ေဖၚျပျခင္းသာ ျဖစ္ပါတယ္။
လူေတြရဲ႕ ခ်စ္ခင္လိုလား ႏွစ္သက္ၾကျခင္းကို ခံရသူဆိုတာက သူ႔ရဲ႕လူထုအေပၚေပးဆပ္ခဲ့မႈက ဘယ္ေလာက္ေတာင္မ်ားျပားခဲ့လို႔လဲ။ဒါေတြက စကားေျပာတာပါ။ရယူမႈမပါတဲ့ ေပးဆပ္ျခင္းေတြအျပင္ အနာဂတ္အသိအျမင္ေတြကို ဘယ္ေလာက္ေတာင္လမ္းေၾကာင္းေဖာက္ေပးခဲ့သလဲ။ဒါေတြလည္းပါမွာေပါ့။
ထားပါေလ…။အခုေျပာလိုတာက လူေတြရဲ႕ မြန္းၾကပ္ပိတ္ေလွာင္ေနမႈေတြကို ေျပေလ်ာ့ေစၿပီး ရသေပးစြမ္းမႈ အလြန္ပဲေကာင္းမြန္ၾကတဲ့ သူတခ်ိဳ႕အေၾကာင္း ေျပာခ်င္လို႔ပါ။
သူတို႔တေတြက အားကစားေလာကမွာ စံခ်ိန္တင္မွတ္တိုင္ေတြ စိုက္ထူေနၾကေသးတဲ့ ပုဂၢဳိလ္ေတြပဲျဖစ္ပါတယ္။
အားကစားေလာကမွာ သူတို႔ပုံရိပ္ သူတို႔ဂုဏ္ဟိတ္ေတြက ေျပာစမွတ္ျပဳေနၾကရမယ့္ သူေတြျဖစ္ၿပီး ႏွစ္လိုဖြယ္ရာ ႀကိဳဆိုျခင္းခံရသူေတြလည္း ျဖစ္ပါတယ္။
ဒီႏွစ္မွာ အသင္းသစ္ Al-Nassr ကိုေျပာင္းသြားတဲ့ ခရစ္စတီရာႏို ေဒၚနယ္ဒို(CR7)နဲ႔ လက္ရွိကစားေနတဲ့ (PSG)အသင္းကိုျပန္လာတဲ့ လီယြန္နယ္ မက္ဆီတို႔ရဲ႕ ခ်စ္ခင္ႏွစ္လိုျခင္းေတြနဲ႔ ႀကိဳဆိုမႈခံရတဲ့ ပုံရိပ္ေတြက အံ႔မခန္းပါပဲ။ေနာင္မ်ား သူတို႔လို တူႏိုင္သူေတြ ေပၚလာပါဦးမလားလို႔ေတာင္ ထင္မိပါေသးတယ္။
အသက္ရႈတိုင္းေငြဝင္ၾကတဲ့ သူတို႔ရဲ႕ စံျပဳေလာက္စရာ ေလ့က်င့္ေနထိုင္မႈေတြက ေနာင္လာမယ့္ မ်ိဳးဆက္ေတြ အေနနဲ႔ အတုယူဖို႔ေကာင္းလွပါတယ္။ကမ႓ာနဲ႔အဝန္း သူတို႔ကို ခ်စ္ခင္ၾကတဲ့ ပရိသတ္ဟာ ေၾကာက္ခမန္းလိလိ ရွိလွပါတယ္။
ဒီလိုခ်စ္ခင္ဖြယ္၊ေလးစားဖြယ္ပုံရိပ္ေတြ မပ်က္စီးမေပ်ာက္ဆုံးဘဲ ႏွစ္လိုဖြယ္ႀကိဳဆိုမႈေတြသာ အၿမဲတမ္း ရရွိေစဖို႔လည္း ခ်စ္တဲ့စိတ္နဲ႔ ဆုေတာင္းမိပါတယ္။
ခ်စ္ခင္မႈက ေမတၱာသက္ဝင္လာတဲ့အခါ သူတို႔အေပၚ အလိုလိုေမတၱာထားမိတယ္။ေမတၱာေတြပို႔မိတတ္တယ္။ ဖုန္းမ်က္ႏွာျပင္ေပၚက သူတို႔အေၾကာင္းကိုၾကည့္ရတဲ့ ကိုယ္လည္းပဲ ကြင္းထဲကလူေတြအတိုင္း ႏွစ္သက္လိုလားစြာ ႀကိဳဆိုေနမိတယ္။
ဒီလိုပါပဲ ေမတၱာသက္ဝင္မႈေတြနဲ႔ ဆန္႔က်င္ဘက္လားရာ က်င့္သူေတြကိုလည္း လူေတြက ဘယ္လိုႀကိဳဆိုမႈေတြ လုပ္ၾကသလဲဆိုတာ လက္ရွိအေၾကာင္းတရားေတြနဲ႔ ယွဥ္ထိုးၿပီး သံေဝဂယူဖို႔ပါပဲ။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com