ရေခဲတန်ချိန် ၅၀၀ ဖြင့် ဆောက်လုပ်ထားသော ရေခဲဟိုတယ် (သို့မဟုတ်) ၂၀၂၃ ခုနှစ်အတွင်း ဆွီဒင်ရှိ လည်ပတ်နိုင်မည့်နေရာသစ်တစ်ခု
ရေခဲတန်ချိန် ၅၀၀ ဖြင့် ဆောက်လုပ်ထားသော ရေခဲဟိုတယ် (သို့မဟုတ်) ၂၀၂၃ ခုနှစ်အတွင်း ဆွီဒင်ရှိ လည်ပတ်နိုင်မည့်နေရာသစ်တစ်ခု - Property News in Myanmar from iMyanmarHouse.com
5 Jan 2023 11:16 am တွင် တင်ခဲ့သည်
867 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဆွီဒင်နိုင်ငံ၏ ရေခဲဟိုတယ်သည် ၂၀၂၃ ခုနှစ်အတွက် တရားဝင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
အံ့အားသင့်ဖွယ် ရေခဲပန်းပုရုပ်များဖြင့် အလှဆင်ထားသော ရေခဲဟိုတယ်ကို နှစ်စဉ်နှစ်တိုင်း ဆောက်လုပ် လျက်ရှိသည်မှာ ၁၉၈၉ ခုနှစ်ကတည်းကဖြစ်သည်။
ရေခဲဟိုတယ်တည်နေရာမှာ ဆွီဒင်နိုင်ငံ၊ Torne မြစ်ကမ်းဘေး ၊ အာတိတ်စက်ဝိုင်း၏ မြောက်ဘက် ၁၂၅ မိုင်အကွာရှိ Jukkasjarvi ကျေးရွာတွင် တည်ရှိသည်။
ယခုနှစ်အတွက် Icehotel 365 ဟု အမည်ပေးထားသော ရေခဲဟိုတယ်ဆောက်လုပ်မှုတွင် ကမ္ဘာတစ်ဝန်းမှ ပညာရှင် ၂၄ ဦးက တမူထူးသော အခန်းနေရာ ၁၂ ခုအပြင် Deluxe ခန်း ၁ ခန်းကို ရက်သတ္တပတ်ပေါင်းများစွာ အချိန်ယူကာ ဂရုတစိုက် ပုံဖော်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
ရေခဲတို့ဖြင့် တဖိတ်ဖိတ်လက်သော အမိုးခုံးအဆောက်အအုံအတွင်း ပုံဖော်ထားသော ရေခဲရုပ်တုများတွင် ကြီးမားလှသော မှိုပွင့်ကြီးများလည်း ပါဝင်လေသည်။
(၂၀၂၃ ခုနှစ်အတွက် Jukkasjarvi ကျေးရွာတွင် ဖွင့်လှစ်လိုက်သော ဆွီဒင်မှ ရေခဲဟိုတယ်)
(ကမ္ဘာတစ်ဝန်းမှ ပညာရှင် ၂၄ ဦးက ရက်သတ္တပတ်ပေါင်းများစွာ အချိန်ယူကာ ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။ ပုံတွင်တွေ့ရသည်မှာ မှိုပွင့်အခန်းဟု အမည်ပေးထားသောအခန်း ဖြစ်သည်)
(ပုံတွင် တွေ့ရသည်မှာ “အပြင်လောကနှင့် အဆက်အဆံမရှိ” 'Enclosed Space' ဟု အမည်ပေးထားသော အခန်းဖြစ်သည်။ ရေခဲအိမ်ကြီးအတွင်းမှ ရေခဲအိမ်ငယ်တစ်ခု ဖြစ်၏)
(High Score ဟု အမည်ပေးထားသောအခန်း။ ရိုးစင်းသောခေတ်ကို ပြန်လည်လွမ်းဆွတ်တသခြင်းတွင် စီးမြောနိုင်မည့် အခန်းဖြစ်သည်)
ရေခဲဟိုတယ်တွင် အခမ်းအနားများ ကျင်းပနိုင်မည့် ခန်းမတစ်ခုပါဝင်ပြီး ခန်းမအလယ်တွင် ပန်းပွင့်ကြီးတစ်ခုကို တွေ့ရမည်ဖြစ်သည်။ အဆိုပါအခန်းကို ဒီဇိုင်းရေးဆွဲပေးခဲ့သူများမှာ Wouter Biegelaar နှင့် Viktor Tsarski တို့ ဖြစ်သည်။
ရေခဲဟိုတယ်ကို နွေဦးကာလတွင် စတင်ဆောက်လုပ်ခြင်းဖြစ်သည်။ Torne မြစ်မှ ရေခဲတုံးများရယူကာ Jukkasjarvi ကျေးရွာရှိ ရေခဲဂိုဒေါင်တွင် သိုလှောင်ထားကြသည်။
ဆောက်လုပ်မှုစတင်ချိန်တွင် ရေခဲပန်းပုပညာရှင်တို့က ရေခဲတုံးပေါင်း တန်ချိန် ၅၀၀ ကို အသုံးပြုကာ ထွင်းထုပုံဖော်မှုများ ပြုလုပ်ကြသည်။ ရေခဲဟိုတယ်တွင် ကမ္ဘာ့အိုလံပစ်အဆင့် ရေကူးကန် ၁၀ ခုလည်း ပါဝင်ပြီး နှင်းနှင့် ရေခဲများ ပေါင်းစပ်မှု ဖြစ်သည်။
ဟိုတယ်၏ Creative Director ဖြစ်သူ Luca Roncoroni က ဟိုတယ်ဆောက်လုပ်ရေးတွင် အကူအညီပေးမှုများ ပြုလုပ်ခဲ့သည်။
(စတိုင်ကျသည့် ပန်းပွင့်ကြီးတစ်ခုပါဝင်သော ပွဲလမ်းကျင်းပရာ ခန်းမ)
(ပန်းဥယျာဉ်ဟု အမည်ပေးထားသောအခန်း။ Natsuki Saito နှင့် Shingo Saito တို့က ဒီဇိုင်းရေးဆွဲပေးခဲ့ပြီး ကြီးမားသည့် ပန်းပွင့်ကြီးဟန် မွမ်းမံထားသည်။)
(ရေခဲ တန်ချိန် ၅၀၀ ဖြင့် ဟိုတယ်ကို ဆောက်လုပ်ထားသည်။ ပုံတွင် တွေ့ရသည်မှာ Home Nature ဟု အမည်ပေးထားသော အခန်းဖြစ်သည်)
(ပုံတွင်တွေ့ရသည်မှာ 'What Is To Come' ဟု အမည်ပေးထားသောအခန်းဖြစ်သည်)
(Celtic ဒဏ္ဍာရီလာ အမျိုးသမီးတစ်ပိုင်း-ဖျံတစ်ပိုင်း သတ္တဝါကို စိတ်ကူးပုံဖော်ထားသော ရေခဲရုပ်တုများကို Maighdeann-roin ဟု အမည်ပေးထားသောအခန်းတွင် တွေ့ရမည် ဖြစ်သည်)
(¿Maighdeann-roin¿ အခန်းတွင် လျှို့ဝှက်ချက်များ၊ သတင်းစကားများရှိကြောင်း ဒီဇိုင်နာတို့က ပြောသည်)
ရေခဲဟိုတယ်၏ ခိုင်ခံမှုကို ထိန်းသိမ်းရန်အတွက် ဟိုတယ်အတွင်း အပူချိန်ကို အနှုတ် ၅ ဒီဂရီ ဆဲစီးယပ်စ် (၂၃ ဖာရင်ဟိုက်) တွင် ထားရှိသည်။
(ပုံတွင်တွေ့ရသည်မှာ Bauh-ice ဟု အမည်ပေးထားသောအခန်းဖြစ်သည်။ ၁၉၂၀ မှ ၁၉၃၀ ပြည့်လွန်ကာလများတွင် ခေတ်စားခဲ့သော Bauhaus ဗိသုကာဒီဇိုင်းကို အတုယူထားခြင်း ဖြစ်သည်။)
(Bauh-ice အခန်းတွင် ဂဲသြမေထရီ ဒီဇိုင်းများဖြင့် အတိတ်ကို ပြန်လည်ခရီးသွားရသကဲ့သို့ ခံစားရစေမည် ဖြစ်သည်)
(မှိုဟု အမည်ပေးထားသောအခန်းမှာ Jurassic park မှ တောအုပ်တစ်ခုကဲ့သို့ ခံစားရစေရန် ရည်ရွယ်သည်)
(ရေခဲဟိုတယ်မှာ ယခုအချိန်မှစတင်ပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလတိုင်အောင် ဖွင့်သစ်သွားမည်ဖြစ်သည်။ ပုံတွင် တွေ့ရသည်မှာ ပန်းဥယျာဉ်ဟု အမည်ပေးထားသော အခန်းဖြစ်သည်)
(ပုံတွင် တွေ့ရသည်မှာ အခမ်းအနားကျင်းပသည့်ခန်းမကို ဒီဇိုင်းဆွဲခဲ့သူ Wouter Biegelaar နှင့် Viktor Tsarski)
('High Score' အခန်းကို ဒီဇိုင်းဆွဲခဲ့သည်မှာ Sonia Chow နှင့် Huschang Pourian တို့ ဖြစ်သည်)
('Enclosed Space' ဟု အမည်ပေးထားသော အခန်းမှာ Rob Harding နှင့် Timsam တို့ ဒီဇိုင်းရေးဆွဲပေးထားသောအခန်း ဖြစ်သည်)
(Emilie Steele နှင့် Sara Steele တို့က Maighdeann-roin အခန်းကို ဒီဇိုင်းဆွဲခဲ့သည်)
(Edmund Chan နှင့် TaiTien Tan တို့ နှစ်ဦးပေါင်းကာ ခဲတံအိပ်မက်-'Dreams of Pencils'ဟု အမည်ပေးထားသောအခန်းကို ဖန်တီးခဲ့ကြသည်)
(မှိုဟု အမည်ပေးထားသောအခန်းမှာ Chris Pancoe နှင့် Peter Hargraves တို့၏ လက်ရာဖြစ်သည်)
(ပုံတွင်တွေ့ရသည်မှာ 'Hidden Milan' အခန်း၏ ဒီဇိုင်နာ Lukas Petko ဖြစ်သည်)
('What is to Come' ဟု အမည်ပေးထားသောအခန်းကို Ilka Raupach နှင့် Line Jastram တို့က ဒီဇိုင်းဆွဲခဲ့သည်)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Sweden's Icehotel unveils its magical new suites for 2023 (dailymail)
[Zawgyi]
('Enclosed Space' ဟု အမည်ပေးထားသော အခန်းမှာ Rob Harding နှင့် Timsam တို့ ဖြစ်သည်)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Ponnami Estate
Sweet Dream Villa
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service