တွစ်တာကုမ္ပဏီ ဆန်ဖရန်စစ္စကိုရုံးချုပ်နေရာ ငှားရမ်းခမပေးသောကြောင့် တရားစွဲခံရ
တွစ်တာကုမ္ပဏီ ဆန်ဖရန်စစ္စကိုရုံးချုပ်နေရာ ငှားရမ်းခမပေးသောကြောင့် တရားစွဲခံရ - Property News in Myanmar from iMyanmarHouse.com
5 Jan 2023 10:01 am တွင် တင်ခဲ့သည်
916 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဆန်ဖရန်စစ္စကိုမြို့လယ်ရှိ ရုံးချုပ်နေရာအတွက် ငှားရမ်းခမပေးချေမှုကြောင့် ပိုင်ရှင်ဖြစ်သူက တွစ်တာ ကုမ္ပဏီအား တရားစွဲထားသည်။
တွစ်တာသည် Elon Musk ဝယ်ယူပြီးနောက်ပိုင်းတွင် စရိတ်လျှော့ချမှုများ ကြီးမားစွာ ပြုလုပ်ခဲ့သည်။
ပြီးခဲ့သော ကြာသပတေးနေ့တွင် Columbia Property Trust က တရားစွဲဆိုထားမှုအရ တွစ်တာသည် ရုံးခန်းငှားခ ကန်ဒေါ်လာ ၁၃၆၂၆၀ မပေးချေမှုအတွက် တရားစွဲခြင်း ဖြစ်သည်။
တွစ်တာကုမ္ပဏီနှင့် စပ်လျဉ်းသည့် သတင်းတစ်ရပ်ကို နယူးယောက်တိုင်းမ်သတင်းစာကြီးက ပြီးခဲ့သောလ အစောပိုင်းတွင် ရေးသားဖော်ပြခဲ့မှုအရ Elon Musk နှင့် သူ၏ အကြံပေးပုဂ္ဂိုလ်များသည် တွစ်တာ၏ ဝန်ထမ်းများစွာကို အလုံးအရင်း အလုပ်ရပ်စဲခဲ့ပြီးနောက် အလုပ်ခန့်ထားမှု စည်းမျဉ်းများကို ပြန်လည်ညှိနှိုင်းလိုလျက် ရှိကြောင်း ဖော်ပြသည်။
တွစ်တာသည် ဆီယက်တဲလ်မှ ရုံးခန်းများကို ပိတ်သိမ်းခဲ့ပြီး အစောင့်နှင့် လုံခြုံရေးစရိတ်များပါ လျှော့ချခဲ့ကြောင်း တိုင်းမ်သတင်းစာက ပြီးခဲ့သော သောကြာနေ့တွင် ဖော်ပြသည်။
ကုမ္ပဏီတွင် ကျန်ရှိနေသော ဝန်ထမ်းများမှာ အလုပ်သို့ အိမ်သာစက္ကူများမှအစ မိမိဘာသာ ယူဆောင်သွားကြ ရသည်ဟု ဆိုသည်။
Elon Musk သည် တွစ်တာကုမ္ပဏီကို အောက်တိုဘာလအတွင်း ကန်ဒေါ်လာ ၄၄ ဘီလီယံဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး ယင်းနောက်ပိုင်းကတည်းက အသုံးစရိတ်များလျှော့ချနေခြင်းလည်း ဖြစ်သည်။
လစာတိုးမြှင့်ပေးရန် ဆန္ဒပြနေကြသော နယူးယောက်နှင့် ဆန်ဖရန်စစ္စကိုရုံးများမှ သန့်ရှင်းရေးနှင့် လုံခြုံရေးဝန်ထမ်းများကိုလည်း အလုပ်ထုတ်ခဲ့သည်။
တိုင်းမ်မဂ္ဂဇင်းကြီး၏ ဖော်ပြချက်အရ ဆန်ဖရန်စစ္စကိုတွင် Elon Musk သည် တွစ်တာ၏ ရုံးခန်းနေရာကို ချုံ့ခဲ့ရာ ဆန်ဖရန်စစ္စကိုမြို့၊ ကယ်လီဖိုးနီးယားလမ်း၊ အမှတ် ၆၅၀ ရှိ ရုံးခန်းကို မူလ ၄ ထပ်ရှိခဲ့ရာမှ ၂ ထပ်သို့ လျှော့ချခဲ့သည်။
(ဆန်ဖရန်စစ္စကိုတွင် တွစ်တာ၏ ရုံးမှာ ကယ်လီဖိုးနီးယားလမ်း၊ အမှတ် ၆၅၀ ရှိ Hartford အဆောက်အအုံတွင် တည်ရှိသည်။ ဓာတ်ပုံ- Getty Images)
ခရစ္စမတ်ကာလမတိုင်မီတွင် Elon Musk က အသုံးစရိတ်လျှော့ချရန်အတွက် ကယ်လီဖိုးနီးယားပြည်နယ်၊ Sacramento မြို့ရှိ data center မှ ဆာဗာများ ပိတ်သိမ်းရန် အမိန့်ထုတ်ခဲ့သည်။
ထို့အပြင် အလုပ်ရပ်ဆိုင်းမှုများလည်း ဆက်လက်လုပ်ဆောင်ခဲ့ခြင်းအပြင် ကုမ္ပဏီ၏ အခြေခံအဆောက်အအုံ များ လျှော့ချခြင်း၊ public policy ဌာနများ လျှော့ချပိတ်သိမ်းခြင်းများ ပြုလုပ်ခဲ့သည်။
တွစ်တာကုမ္ပဏီသည် Elon Musk ဝယ်ယူလိုက်သည့် ရက်သတ္တပတ်အတွင်း အသုံးပြုခဲ့သည့် လေကြောင်း ခရီးစဉ်များအတွက် ဒေါ်လာ ၂၀၀၀၀၀ နီးပါး ပေးချေရန် ပျက်ကွက်မှုဖြင့်လည်း တရားစွဲခံထားရသည်။
အလုပ်ဖြုတ်မှုများ ထပ်မံရှိလာဦးမည်ဟု ဝန်ထမ်းများက ခန့်မှန်းထားသည်။
(တွစ်တာသည် ရုံးခန်းနေရာပိုင်ရှင် Columbia Property Trust ကို ငှားရမ်းခ ကန်ဒေါ်လာ ၁၃၆၂၆၀ မပေးချေမှုဖြင့် တရားစွဲခံထားရသည်။ ဓာတ်ပုံ Getty Images for The Met Museum)
ရုံးခန်းငှားခမပေးမှုကြောင့် တရားစွဲခံရမှုနှင့် စပ်လျဉ်းပြီး တွစ်တာကုမ္ပဏီက မှတ်ချက်တစုံတရာ မပေးချေ။
Elon Musk က မည်သို့ ဆက်လက်လုပ်ဆောင်သင့်ကြောင်း စစ်တမ်းတစ်ရပ်ကောက်ယူခဲ့ပြီးနောက် တွစ်တာကို ဦးဆောင်နေခြင်းမှ ဆင်းပေးရန် ကတိပြုခဲ့သည်။
သူ၏ အရိုက်အရာ ဆက်ခံမည့်သူကို ရွေးချယ်ရဦးမည် ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Twitter sued for not paying rent on San Francisco HQ since Elon Musk takeover (nypost)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service