နေထိုင်သူ စုံတွဲတိုင်း လမ်းခွဲကြရသည့် အိမ်ထောင်ကွဲကျိန်စာသင့် စံအိမ်ကြီး

နေထိုင်သူ စုံတွဲတိုင်း လမ်းခွဲကြရသည့် အိမ်ထောင်ကွဲကျိန်စာသင့် စံအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
4 Jan 2023 11:22 am တွင် တင်ခဲ့သည်
525 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(မှတ်ချက်။ Amanda Elend ရေးသားသည့် Our New Home Came with a 'Divorce Curse' ဆောင်းပါးကို ဆီလျော်အောင် မြန်မာပြန်ဆိုထားခြင်းဖြစ်ပါသည်။ iMyanmarHouse.com Team)

ကျွန်မအမျိုးသားနဲ့ ကျွန်မဟာ အိမ်နဲ့ ပက်သက်လာရင် စိတ်သဘောထား မတိုက်ဆိုင်ကြပါဘူး။

ကျွန်မက ချစ်စရာကောင်းပြီး ဟိတ်ကြီးဟန်ကြီးမနိုင်တဲ့ အိမ်မျိုးသဘောကျပြီး သူကတော့ လမ်းလျှောက်ဖို့ ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ နေရာမျိုးကို ကြိုက်တယ်။

ကျွန်မက ဈေးဆိုင်လေးတွေရှိပြီး တစ်မျိုးတစ်ဖုံ ထူးခြားနေတဲ့ ပတ်ဝန်းကျင်မျိုးကို နှစ်သက်ပေမဲ့ အမျိုးသားကတော့ ဆိုင်ကြီးကနားကြီးတွေ ၊ သွားရေစာ အစားအစာဆိုင်တွေနဲ့နီးတဲ့ နေရာမျိုးကို ပိုကြိုက်တယ်။

ဒါဆို ကျွန်မတို့နှစ်ယောက်မှာ အကြိုက်ချင်းတူတာ တစ်ခုလောက်ရှိလား? ရှိပါတယ်။ ကျွန်မတို့ နှစ်ယောက်လုံး ကျိန်စာသင့်နေတဲ့ အိမ်တစ်လုံးကို ဘယ်သူမှ မကြိုက်ပါဘူး။

ကျွန်မတို့ ပထမဆုံးဝယ်ခဲ့တဲ့အိမ်က Nashville မြို့လယ်က Cumberland မြစ်ဘေးက ခေတ်မီတဲ့ ရပ်ကွက်တစ်ခုမှာပါ။

အဲဒီအိမ်က ၁၉၂၀ မှာ Craftsman ဗိသုကာဟန်နဲ့ ဆောက်ထားပြီး အိမ်ထဲမှာ သစ်မာသားကြမ်းခင်းတွေ ခင်းထားပါတယ်။

အဲဒီအိမ်မှာဆို ခေတ်ဆန်တဲ့ ဟမ်ဘာဂါ အရောင်းဆိုင်နေရာတွေနဲ့ ဈေးသက်သာတဲ့ taco စားစရာ (အသား ၊ ဟင်းသီးဟင်းရွက် ၊ မဆလာထည့်၍ လိပ်ထားသော မက္ကဆီကိုစားဖွယ်) ဆိုင်တွေနဲ့ လမ်းလျှောက်သွားရုံပဲ။

အိမ်နောက်ဘက်မှာ သစ်ပင်တစ်ပင်တောင် ကျွန်မတို့ စိုက်ခဲ့ကြပါသေးတယ်။ ဒီအိမ်လေးက ကျွန်မလိုချင်တဲ့ အချက်တွေ အားလုံးနဲ့ ပြည့်စုံပါတယ်။ ဒါပေမယ့် လတိုင်း သေနတ်နဲ့ ပစ်ခတ်မှုတွေ၊ လူမျိုးရေးတင်းမာမှုတွေ အံ့သြစရာကောင်းလောက်အောင် ရှိနေပါတယ်။

အဲဒီဒေသဟာ ရာဇဝတ်မှု အများကြီးရဲ့ ဒဏ်ကို ခံကြရတယ်။ ကျွန်မတို့မှာ သားလေးမွေးလာပြီးနောက်ပိုင်းမှာတော့ သေနတ်ပစ်ခတ်မှုတွေကို လစ်လျူရှုဖို့ မဖြစ်နိုင်တော့ဘူးလေ။

အဲဒါကြောင့် ကျွန်မတို့ ပြောင်းရွှေ့ခဲ့ကြပါတယ်။

နောက်အိမ်တစ်လုံးကိုတော့ အမျိုးသားရဲ့ ဆန္ဒကို အလှည့်ပေးခဲ့ပါတယ်။ ကျွန်မတို့က နေရာကျယ်ကျယ်လေးလိုတယ်။ ဒါပေမယ့် တတ်နိုင်တဲ့ ငွေပမာဏဘောင်ထဲကပေါ့။ ဒါကြောင့် စိတ်ဝင်စားစရာမရှိ၊ ပင်ကိုဟန်ကင်းမဲ့တဲ့ အိမ်မျိုးသာ ရနိုင်မှာပါ။

ငြီးငွေ့စရာ ပုံစံတူအိမ်တွေကို ကျွန်မတို့ ဘယ်လောက်တောင်လိုက်ကြည့်နေခဲ့ကြလဲဆိုတာ ကျွန်မ မမှတ်မိနိုင်လောက်အောင်ပါပဲ။

ဒါပေမယ့် နောက်ဆုံးမှာတော့ ကျွန်မတို့နဲ့ ကိုက်ညီတယ်လို့ ယူဆရတဲ့ အိမ်တစ်လုံးကို ရွေးချယ်ခဲ့ပါတယ်။

ဒီအိမ်ကို ကြိုက်လားလို့ မေးလာတဲ့သူတိုင်းကိုတော့ “ကျွန်မတို့နဲ့ အံဝင်ခွင်ကျရှိပါတယ်”လို့ပဲ ပြန်ဖြေခဲ့တယ်။

ဒါပေမယ့် ကျွန်မ အမျိုးသားနဲ့ အိမ်သစ်ရဲ့ဘေးနားက အိမ်နီးချင်းနဲ့ စကားစမြည် ပြောဆိုခဲ့ပြီးတဲ့နောက်မှာ ကျွန်မတို့အတွက် အာရုံစိုက်စရာကိစ္စတစ်ခု ပေါ်လာပါတော့တယ်။

ကျွန်မတို့ရဲ့ အိမ်က ကျိန်စာသင့်နေတယ်တဲ့…။ သိရသလောက်တော့…အိမ်ထောင်ကွဲကျိန်စာသင့်နေတာတဲ့။

ကျွန်မတို့ရွေးချယ်လိုက်တဲ့အိမ်မှာ ပြီးခဲ့တဲ့ ၂၆ နှစ်တာအတွင်း နေထိုင်သွားတဲ့ စုံတွဲမှန်သမျှ လမ်းခွဲခဲ့ကြရတယ်လို့ ဆိုပါတယ်။

ကျွန်မတို့အိမ်ကို အိမ်နီးချင်းက လက်ညှိုးထိုးပြီး ပြောတာက “အဲ့ဒီအိမ်က လင်မယားတွေ ကွဲကွာစေတဲ့အိမ်ကြီးဗျ။ ခင်ဗျားမိန်းမကိုတော့ သွားမပြောပါနဲ့” လို့ ကျွန်မရဲ့ အမျိုးသားကို ပြောခဲ့တယ်။ ကျွန်မ မသိတာ ပိုကောင်းတယ်ဆိုတဲ့ သဘောမျိုး။

ကျွန်မအမျိုးသား ပြန်ပြောခဲ့တာက “ကျွန်တော့်မိန်းမကို မပြောရဘူးဟုတ်လား။ ကျွန်တော့်ကိုလည်း မပြောနဲ့”ဟု ဆိုခဲ့သည်။

ပြီးခဲ့တဲ့ ၂၆ နှစ်တာကာလအတွင်း ကျွန်မတို့အိမ်မှာ နေထိုင်ခဲ့ဖူးတဲ့ စုံတွဲတိုင်း လမ်းခွဲခဲ့ကြရတယ်လို့ ဆိုပါတယ်။

ကျွန်မတို့ သိရသလောက်ဆိုရင် ၁၉၉၀ လောက်ကစပြီး ဒီအိမ်မှာ နေထိုင်ခဲ့ဖူးတဲ့ စုံတွဲ ၃ တွဲဟာ ကွာရှင်းပြတ်စဲခဲ့ကြပါတယ်။

ကျွန်မတို့ သံသယဖြစ်ခဲ့တာက ကျွန်မတို့ အိမ်ဝယ်ခဲ့တဲ့ စုံတွဲပဲ ကွာရှင်းသွားကြတာလား (ဒါမှမဟုတ်) ဒီအိမ်မှာနေခဲ့ဖူးတိုင်း စုံတွဲတိုင်းပဲလားဆိုတာပါ။

ဒါဆိုရင် ကျွန်မနဲ့ ကျွန်မရဲ့အိမ်ထောင်ရေးကကော?

အိမ်ထောင်ပျက်စေတယ်ဆိုတဲ့ အိမ်ကြီးရဲ့ ကျိန်စာအောက်မှာ ကျွန်မတို့ ကျဆုံးကြရတော့မှာလား?

ကျွန်မသိချင်တာက အိမ်ကိုယ်တိုင်ကိုက နေချင်စဖွယ်မရှိလို့ စိတ်ပျက်ကုန်ကြတာကော မဖြစ်နိုင်ဘူးလား။

ဒီအိမ်ကြီးဟာ မကောင်းဆိုးရွားပဲလို့ ရှုမြင်တဲ့ တခြား ခင်ပွန်းနဲ့ ဇနီးဘယ်နှစ်ယောက်လောက် ရှိပါသလဲ။

ကားဂိုဒေါင်က ရိုးရှင်းလွန်းနေပြီး မီးလင်းဖိုကလည်း ဆက်ပြီး မသုံးချင်လောက်အောင် သာမညဖြစ်နေတာမျိုးကြောင့်ကော မဖြစ်နိုင်ဘူးလား။

ဒါမှမဟုတ် စတီးအသုံးအဆောင်ပစ္စည်းတွေက ဇနီးမောင်နှံတွေကြား သည်းခံရင်းကနေ ပေါက်ကွဲအောင် ဖန်တီးတဲ့ နောက်ဆုံးစနက်မီးပဲလား။

အိမ်ပြင်က ငှက်အိမ်ကကော?

သံရိုက်လို့ မရနိုင်တဲ့ နံရံတွေကြောင့်ပဲလား?

ချစ်မြတ်နိုးလို့ လက်ထပ်ခဲ့၊ သားသမီးတွေရခဲ့ပြီးမှ ရုတ်တရက်ကြီးတစ်ယောက်နဲ့တစ်ယောက် မုန်းတီးရွံရှာ သွားရစေမယ့်အကြောင်းရင်း ဒီနေအိမ်မှာ တစ်ခုခုများ ရှိနေသလား?

ကော်ဇောကြီးက လင်းလက်လွန်းနေတာကြောင့် အိမ်ထောင်ရေးအခြေအနေဆိုးရွားသွားစေတာကော မဖြစ်နိုင်ဘူးလား။

တကယ်တော့ နေအိမ်တွေဟာ နေထိုင်တဲ့သူတွေအကြောင်း တစ်ခုခု ပြောပြနေတယ်လို့ ကျွန်မအမြဲတွေးမိ ပါတယ်။

ဒီအိမ်ကြီးက ပြောနေတာကတော့ ပျင်းစရာကြီးလို့ ပြောနေတယ်လေ။

ထပ်တလဲလဲမြင်ရလို့ ရိုးအီနေခြင်းတွေကလည်း အိမ်ထောင်ရေးဆိုပင် အပင်ကြီးကို သတ်တဲ့ဆေးတစ်မျိုးပါပဲ။

ဒါပေမယ့် တစ်မျိုးခွဲထွက်စဉ်းစားကြည့်ဖို့ အချိန်ရောက်ပါပြီ။

အိမ်တစ်လုံးကို ပျင်းစရာကောင်းတဲ့ မျက်နှာစာကိုပဲကြည့်ပြီး မဆုံးဖြတ်သင့်ဘူးလို့ ကျွန်မထင်ပါတယ်။

ထူးခြားချက်ရှိနေတဲ့ နေရာမျိုး ကျွန်မတို့ မလိုအပ်ပါဘူး။ အဲဒီအတွက် လူတွေရှိပါတယ်။

ကျွန်မတို့ရဲ့ ကိုယ်ပိုင်စရိုက်လက္ခဏာကို ကျွန်မတို့ ဖန်တီးလို့ရပါတယ်။ ကျွန်မတို့သာ နိုးနိုးကြားကြား ရှိနေမယ်ဆိုရင် ပျင်းရိစရာဟာ ကျွန်မတို့ကို နင်းချေနိုင်မှာ မဟုတ်ပါဘူး။

ဒဏ္ဍာရီတွေ ပြောင်းလဲပြီး ကျိန်စာတွေ သေဆုံးသွားစေမှာပါ။ ဟုတ်တယ်ဟုတ်။

စိတ်မကောင်းပါဘူး…လင်မယားကွဲကွာစေတဲ့အိမ်ကြီးရေ… နင်နဲ့ လက်ရည်တူ ပြိုင်ဘက်ပေါ်လာပါပြီ။

ဒီအိမ်ကြီးဟာ အခုဆိုရင်---

သားနဲ့ကျွန်မ နှင်းခဲတွေ ပစ်ပေါက်ဆော့ကစားတဲ့ နေရာ---

မိုးကောင်းတာကြောင့် အိမ်နောက်ဘက်ဟာ မိုးစက်မိုးပွင့်တို့ ကခုန်ပျော်မြူးကြတဲ့ နေရာ---

အမျိုးသားက ပီယာနိုနဲ့ နာတာလူးပွဲတော်သီချင်းတီးလေ့ရှိတဲ့နေရာ---

မိသားစုမျိုးဆက်များစွာ စုဝေးကြရာနေရာ---

မိသားစုဝင် အသစ်လေးရောက်လာတော့မယ်လို့ သိလိုက်ရတဲ့နေရာ---

ကိုယ်..မင်းကိုချစ်တယ်--ဆိုတဲ့စကားကို မကြာခဏပြောကြတဲ့နေရာလေး ဖြစ်နေပါပြီ။

ဒီတော့-- စိတ်မကောင်းပါဘူး။ စကားများတဲ့ အိမ်နီးချင်းရေ…လင်မယားတွေ ကွဲကွာစေတဲ့ အိမ်ကြီးကို ကျွန်မတို့ အနိုင်ယူလိုက်ပါပြီရှင်…။

ရှင့်အနေနဲ့က ဒီအိမ်ကြီးမှာ အခုဘယ်သူတွေ နေနေတယ်ဆိုပြီး အတင်းလိုက်တုပ်ဖို့သာ ရှိပါတော့တယ်ရှင်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Our New Home Came with a 'Divorce Curse' (yahoo)

[Zawgyi]

ေနထိုင္သူ စုံတြဲတိုင္း လမ္းခြဲၾကရသည့္ အိမ္ေထာင္ကြဲက်ိန္စာသင့္ စံအိမ္ႀကီး

(မွတ္ခ်က္။ Amanda Elend ေရးသားသည့္ Our New Home Came with a 'Divorce Curse' ေဆာင္းပါးကို ဆီေလ်ာ္ေအာင္ ျမန္မာျပန္ဆိုထားျခင္းျဖစ္ပါသည္။ iMyanmarHouse.com Team)

ကၽြန္မအမ်ဳိးသားနဲ႔ ကၽြန္မဟာ အိမ္နဲ႔ ပက္သက္လာရင္ စိတ္သေဘာထား မတိုက္ဆိုင္ၾကပါဘူး။

ကၽြန္မက ခ်စ္စရာေကာင္းျပီး ဟိတ္ၾကီးဟန္ၾကီးမႏိုင္တဲ့ အိမ္မ်ဳိးသေဘာက်ျပီး သူကေတာ့ လမ္းေလွ်ာက္ဖို႔ က်ယ္က်ယ္ဝန္းဝန္းရွိတဲ့ ေနရာမ်ဳိးကို ၾကဳိက္တယ္။

ကၽြန္မက ေစ်းဆိုင္ေလးေတြရွိျပီး တစ္မ်ဳိးတစ္ဖံု ထူးျခားေနတဲ့ ပတ္ဝန္းက်င္မ်ဳိးကို ႏွစ္သက္ေပမဲ့ အမ်ဳိးသားကေတာ့ ဆိုင္ၾကီးကနားၾကီးေတြ ၊ သြားေရစာ အစားအစာဆိုင္ေတြနဲ႔နီးတဲ့ ေနရာမ်ိဳးကို ပိုၾကဳိက္တယ္။

ဒါဆို ကၽြန္မတို႔ႏွစ္ေယာက္မွာ အၾကဳိက္ခ်င္းတူတာ တစ္ခုေလာက္ရွိလား? ရွိပါတယ္။ ကၽြန္မတို႔ ႏွစ္ေယာက္လံုး က်ိန္စာသင့္ေနတဲ့ အိမ္တစ္လံုးကို ဘယ္သူမွ မၾကဳိက္ပါဘူး။

ကၽြန္မတို႔ ပထမဆံုးဝယ္ခဲ့တဲ့အိမ္က Nashville ျမိဳ႕လယ္က Cumberland ျမစ္ေဘးက ေခတ္မီတဲ့ ရပ္ကြက္တစ္ခုမွာပါ။

အဲဒီအိမ္က ၁၉၂၀ မွာ Craftsman ဗိသုကာဟန္နဲ႔ ေဆာက္ထားျပီး အိမ္ထဲမွာ သစ္မာသားၾကမ္းခင္းေတြ ခင္းထားပါတယ္။

အဲဒီအိမ္မွာဆို ေခတ္ဆန္တဲ့ ဟမ္ဘာဂါ အေရာင္းဆိုင္ေနရာေတြနဲ႔ ေစ်းသက္သာတဲ့ taco စားစရာ (အသား ၊ ဟင္းသီးဟင္းရြက္ ၊ မဆလာထည့္၍ လိပ္ထားေသာ မကၠဆီကိုစားဖြယ္) ဆိုင္ေတြနဲ႔ လမ္းေလွ်ာက္သြားရံုပဲ။

အိမ္ေနာက္ဘက္မွာ သစ္ပင္တစ္ပင္ေတာင္ ကၽြန္မတို႔ စိုက္ခဲ့ၾကပါေသးတယ္။ ဒီအိမ္ေလးက ကၽြန္မလိုခ်င္တဲ့ အခ်က္ေတြ အားလံုးနဲ႔ ျပည့္စံုပါတယ္။ ဒါေပမယ့္ လတိုင္း ေသနတ္နဲ႔ ပစ္ခတ္မႈေတြ၊ လူမ်ဳိးေရးတင္းမာမႈေတြ အံ့ၾသစရာေကာင္းေလာက္ေအာင္ ရွိေနပါတယ္။

အဲဒီေဒသဟာ ရာဇဝတ္မႈ အမ်ားၾကီးရဲ႕ ဒဏ္ကို ခံၾကရတယ္။ ကၽြန္မတို႔မွာ သားေလးေမြးလာျပီးေနာက္ပိုင္းမွာေတာ့ ေသနတ္ပစ္ခတ္မႈေတြကို လစ္လ်ဴရႈဖို႔ မျဖစ္ႏိုင္ေတာ့ဘူးေလ။

အဲဒါေၾကာင့္ ကၽြန္မတို႔ ေျပာင္းေရႊ႕ခဲ့ၾကပါတယ္။

ေနာက္အိမ္တစ္လံုးကိုေတာ့ အမ်ဳိးသားရဲ႕ ဆႏၵကို အလွည့္ေပးခဲ့ပါတယ္။ ကၽြန္မတို႔က ေနရာက်ယ္က်ယ္ေလးလိုတယ္။ ဒါေပမယ့္ တတ္ႏိုင္တဲ့ ေငြပမာဏေဘာင္ထဲကေပါ့။ ဒါေၾကာင့္ စိတ္ဝင္စားစရာမရွိ၊ ပင္ကိုဟန္ကင္းမဲ့တဲ့ အိမ္မ်ဳိးသာ ရႏိုင္မွာပါ။

ျငီးေငြ႔စရာ ပံုစံတူအိမ္ေတြကို ကၽြန္မတို႔ ဘယ္ေလာက္ေတာင္လိုက္ၾကည့္ေနခဲ့ၾကလဲဆိုတာ ကၽြန္မ မမွတ္မိႏိုင္ေလာက္ေအာင္ပါပဲ။

ဒါေပမယ့္ ေနာက္ဆံုးမွာေတာ့ ကၽြန္မတို႔နဲ႔ ကိုက္ညီတယ္လို႔ ယူဆရတဲ့ အိမ္တစ္လံုးကို ေရြးခ်ယ္ခဲ့ပါတယ္။

ဒီအိမ္ကို ၾကိဳက္လားလို႔ ေမးလာတဲ့သူတိုင္းကိုေတာ့ “ကၽြန္မတို႔နဲ႔ အံဝင္ခြင္က်ရွိပါတယ္”လို႔ပဲ ျပန္ေျဖခဲ့တယ္။

ဒါေပမယ့္ ကၽြန္မ အမ်ဳိးသားနဲ႔ အိမ္သစ္ရဲ႕ေဘးနားက အိမ္နီးခ်င္းနဲ႔ စကားစျမည္ ေျပာဆိုခဲ့ျပီးတဲ့ေနာက္မွာ ကၽြန္မတို႔အတြက္ အာရံုစိုက္စရာကိစၥတစ္ခု ေပၚလာပါေတာ့တယ္။

ကၽြန္မတို႔ရဲ႕ အိမ္က က်ိန္စာသင့္ေနတယ္တဲ့…။ သိရသေလာက္ေတာ့…အိမ္ေထာင္ကြဲက်ိန္စာသင့္ေနတာတဲ့။

ကၽြန္မတို႔ေရြးခ်ယ္လိုက္တဲ့အိမ္မွာ ျပီးခဲ့တဲ့ ၂၆ ႏွစ္တာအတြင္း ေနထိုင္သြားတဲ့ စံုတြဲမွန္သမွ် လမ္းခြဲခဲ့ၾကရတယ္လို႔ ဆိုပါတယ္။

ကၽြန္မတို႔အိမ္ကို အိမ္နီးခ်င္းက လက္ညွဳိးထိုးျပီး ေျပာတာက “အဲ့ဒီအိမ္က လင္မယားေတြ ကြဲကြာေစတဲ့အိမ္ၾကီးဗ်။ ခင္ဗ်ားမိန္းမကိုေတာ့ သြားမေျပာပါနဲ႔” လို႔ ကၽြန္မရဲ႕ အမ်ဳိးသားကို ေျပာခဲ့တယ္။ ကၽြန္မ မသိတာ ပိုေကာင္းတယ္ဆိုတဲ့ သေဘာမ်ဳိး။

ကၽြန္မအမ်ဳိးသား ျပန္ေျပာခဲ့တာက “ကၽြန္ေတာ့္မိန္းမကို မေျပာရဘူးဟုတ္လား။ ကၽြန္ေတာ့္ကိုလည္း မေျပာနဲ႔”ဟု ဆိုခဲ့သည္။

ျပီးခဲ့တဲ့ ၂၆ ႏွစ္တာကာလအတြင္း ကၽြန္မတို႔အိမ္မွာ ေနထိုင္ခဲ့ဖူးတဲ့ စံုတြဲတိုင္း လမ္းခြဲခဲ့ၾကရတယ္လို႔ ဆိုပါတယ္။

ကၽြန္မတို႔ သိရသေလာက္ဆိုရင္ ၁၉၉၀ ေလာက္ကစျပီး ဒီအိမ္မွာ ေနထိုင္ခဲ့ဖူးတဲ့ စံုတြဲ ၃ တြဲဟာ ကြာရွင္းျပတ္စဲခဲ့ၾကပါတယ္။

ကၽြန္မတို႔ သံသယျဖစ္ခဲ့တာက ကၽြန္မတို႔ အိမ္ဝယ္ခဲ့တဲ့ စံုတြဲပဲ ကြာရွင္းသြားၾကတာလား (ဒါမွမဟုတ္) ဒီအိမ္မွာေနခဲ့ဖူးတိုင္း စံုတြဲတိုင္းပဲလားဆိုတာပါ။

ဒါဆိုရင္ ကၽြန္မနဲ႔ ကၽြန္မရဲ႕အိမ္ေထာင္ေရးကေကာ?

အိမ္ေထာင္ပ်က္ေစတယ္ဆိုတဲ့ အိမ္ၾကီးရဲ႕ က်ိန္စာေအာက္မွာ ကၽြန္မတို႔ က်ဆံုးၾကရေတာ့မွာလား?

ကၽြန္မသိခ်င္တာက အိမ္ကိုယ္တုိင္ကိုက ေနခ်င္စဖြယ္မရွိလို႔ စိတ္ပ်က္ကုန္ၾကတာေကာ မျဖစ္ႏိုင္ဘူးလား။

ဒီအိမ္ၾကီးဟာ မေကာင္းဆိုးရြားပဲလို႔ ရႈျမင္တဲ့ တျခား ခင္ပြန္းနဲ႔ ဇနီးဘယ္ႏွစ္ေယာက္ေလာက္ ရွိပါသလဲ။

ကားဂိုေဒါင္က ရိုးရွင္းလြန္းေနျပီး မီးလင္းဖိုကလည္း ဆက္ျပီး မသံုးခ်င္ေလာက္ေအာင္ သာမညျဖစ္ေနတာမ်ဳိးေၾကာင့္ေကာ မျဖစ္ႏိုင္ဘူးလား။

ဒါမွမဟုတ္ စတီးအသံုးအေဆာင္ပစၥည္းေတြက ဇနီးေမာင္ႏွံေတြၾကား သည္းခံရင္းကေန ေပါက္ကြဲေအာင္ ဖန္တီးတဲ့ ေနာက္ဆံုးစနက္မီးပဲလား။

အိမ္ျပင္က ငွက္အိမ္ကေကာ?

သံရိုက္လို႔ မရႏိုင္တဲ့ နံရံေတြေၾကာင့္ပဲလား?

ခ်စ္ျမတ္ႏိုးလို႔ လက္ထပ္ခဲ့၊ သားသမီးေတြရခဲ့ျပီးမွ ရုတ္တရက္ၾကီးတစ္ေယာက္နဲ႔တစ္ေယာက္ မုန္းတီးရြံရွာ သြားရေစမယ့္အေၾကာင္းရင္း ဒီေနအိမ္မွာ တစ္ခုခုမ်ား ရွိေနသလား?

ေကာ္ေဇာၾကီးက လင္းလက္လြန္းေနတာေၾကာင့္ အိမ္ေထာင္ေရးအေျခအေနဆိုးရြားသြားေစတာေကာ မျဖစ္ႏိုင္ဘူးလား။

တကယ္ေတာ့ ေနအိမ္ေတြဟာ ေနထုိင္တဲ့သူေတြအေၾကာင္း တစ္ခုခု ေျပာျပေနတယ္လို႔ ကၽြန္မအျမဲေတြးမိ ပါတယ္။

ဒီအိမ္ၾကီးက ေျပာေနတာကေတာ့ ပ်င္းစရာၾကီးလို႔ ေျပာေနတယ္ေလ။

ထပ္တလဲလဲျမင္ရလို႔ ရိုးအီေနျခင္းေတြကလည္း အိမ္ေထာင္ေရးဆိုပင္ အပင္ၾကီးကို သတ္တဲ့ေဆးတစ္မ်ဳိးပါပဲ။

ဒါေပမယ့္ တစ္မ်ဳိးခြဲထြက္စဥ္းစားၾကည့္ဖုိ႔ အခ်ိန္ေရာက္ပါျပီ။

အိမ္တစ္လံုးကို ပ်င္းစရာေကာင္းတဲ့ မ်က္ႏွာစာကိုပဲၾကည့္ျပီး မဆံုးျဖတ္သင့္ဘူးလို႔ ကၽြန္မထင္ပါတယ္။

ထူးျခားခ်က္ရွိေနတဲ့ ေနရာမ်ဳိး ကၽြန္မတို႔ မလိုအပ္ပါဘူး။ အဲဒီအတြက္ လူေတြရွိပါတယ္။

ကၽြန္မတို႔ရဲ႕ ကိုယ္ပိုင္စရိုက္လကၡဏာကို ကၽြန္မတို႔ ဖန္တီးလို႔ရပါတယ္။ ကၽြန္မတို႔သာ ႏိုးႏိုးၾကားၾကား ရွိေနမယ္ဆိုရင္ ပ်င္းရိစရာဟာ ကၽြန္မတို႔ကို နင္းေခ်ႏိုင္မွာ မဟုတ္ပါဘူး။

ဒ႑ာရီေတြ ေျပာင္းလဲျပီး က်ိန္စာေတြ ေသဆံုးသြားေစမွာပါ။ ဟုတ္တယ္ဟုတ္။

စိတ္မေကာင္းပါဘူး…လင္မယားကြဲကြာေစတဲ့အိမ္ၾကီးေရ… နင္နဲ႔ လက္ရည္တူ ျပိဳင္ဘက္ေပၚလာပါျပီ။

ဒီအိမ္ၾကီးဟာ အခုဆိုရင္---

သားနဲ႔ကၽြန္မ ႏွင္းခဲေတြ ပစ္ေပါက္ေဆာ့ကစားတဲ့ ေနရာ---

မိုးေကာင္းတာေၾကာင့္ အိမ္ေနာက္ဘက္ဟာ မိုးစက္မိုးပြင့္တို႔ ကခုန္ေပ်ာ္ျမဴးၾကတဲ့ ေနရာ---

အမ်ဳိးသားက ပီယာႏိုနဲ႔ နာတာလူးပြဲေတာ္သီခ်င္းတီးေလ့ရွိတဲ့ေနရာ--- မိသားစုမ်ဳိးဆက္မ်ားစြာ စုေဝးၾကရာေနရာ---

မိသားစုဝင္ အသစ္ေလးေရာက္လာေတာ့မယ္လို႔ သိလုိက္ရတဲ့ေနရာ---

ကိုယ္..မင္းကိုခ်စ္တယ္--ဆိုတဲ့စကားကို မၾကာခဏေျပာၾကတဲ့ေနရာေလး ျဖစ္ေနပါျပီ။

ဒီေတာ့-- စိတ္မေကာင္းပါဘူး။ စကားမ်ားတဲ့ အိမ္နီးခ်င္းေရ…လင္မယားေတြ ကြဲကြာေစတဲ့ အိမ္ၾကီးကို ကၽြန္မတို႔ အႏိုင္ယူလိုက္ပါျပီရွင္…။

ရွင့္အေနနဲ႔က ဒီအိမ္ၾကီးမွာ အခုဘယ္သူေတြ ေနေနတယ္ဆိုျပီး အတင္းလိုက္တုပ္ဖုိ႔သာ ရွိပါေတာ့တယ္ရွင္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Our New Home Came with a 'Divorce Curse' (yahoo)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Innwa Pyae Sone
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service