ဝတ်လစ်စလစ်ရုပ်တုများနှင့် နေအိမ်အတွင်း တံတားတစ်စင်းပါသော စံအိမ် ပေါင် ၅ သန်းဖြင့် ရောင်းမည်

ဝတ်လစ်စလစ်ရုပ်တုများနှင့် နေအိမ်အတွင်း တံတားတစ်စင်းပါသော စံအိမ် ပေါင် ၅ သန်းဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
3 Jan 2023 10:08 am တွင် တင်ခဲ့သည်
845 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Hawaiian Tropic တည်ထောင်သူ Ron Rice ၏ sauna ၊ ရုပ်လုံးသွင်း တောရိုင်းတိရ စ္ဆာန်ရုပ်များ၊ သစ်ဖြင့် အလှဆင်မှု အလွန်များပြားစွာ ပါဝင်သော စံအိမ်ကြီး ပေါင် ၅ သန်းအောက်ဖြင့် ဈေးကွက်ဝင်လာသည်။

စတုရန်းပေ ၁၂၀၀၀ ကျယ်ဝန်းသော စံအိမ်အတွင်း အရက်ဘားများ၊ များပြားလှသော အိမ်တွင်းအိမ်ပြင် ရေကူးကန်များအပြင် စံအိမ်အတွင်း တံတားငယ်တစ်ခုလည်း ပါဝင်သည်။

အနက်ရောင်အိမ်သာတစ်ခုပါဝင်ကာ မှန်များ၊ စကျင်ကျောက်ပြားများဖြင့် မွမ်းမံထားသော ရေချိုးခန်းတစ်ခန်း၊ စံအိမ်ပိုင်ရှင် Ron နှင့် သူ၏ အကျော်အမော် မိတ်ဆွေသူငယ်ချင်းများ ရိုက်ကူးထားသည့် ဓာတ်ပုံများ၊ ရေချိုးခန်းတစ်ခန်းတွင် နံရံတိုင်း၌ ရေသူမရုပ်များ ထားရှိသည်။

စံအိမ်အတွင်း အဏ္ဏဝါ၏ အရိပ်အငွေ့များ လွှမ်းခြုံထားပြီး ပင်လယ်ဓားပြတို့ အလံဖြစ်သော လူဦးခေါင်းခွံနှင့် ကြက်ခြေခတ်အရိုးပုံ ၊ နံရံတစ်ခုတွင် ချိတ်ဆွဲထားသော ကြက်ခြေခတ်အရိုးများနှင့် မြောက်မြားစွာသော ပင်လယ်ရေနေသတ္တဝါနှင့် ရေသူမရုပ်တုများကို စံအိမ်နေရာအနှံ့ တွေ့ရသည်။

စံအိမ်အတွင်း မည်သည့်နေရာကို ကြည့်သည်ဖြစ်စေ ကြီးမားသည့်ရုပ်တုကြီးများ၊ ရုပ်တုငယ်များကို တွေ့ရမည် ဖြစ်သည်။

ထိုသို့ စွဲမက်ဖွယ်ရာများအားလုံးကို ကန်ဒေါ်လာ ၅,၉၉၉,၉၀၀ ဖြင့် ဝယ်ယူပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

(ကျယ်ကျယ်ဝန်းဝန်းရှိသည် ။ ဓာတ်ပုံ Credit: Zillow/DBAAR)

(ပင်လယ်ကမ်းခြေတွင် တည်ရှိသော စံအိမ်။ ဓာတ်ပုံ Credit: Zillow/DBAAR)

(စံအိမ်အတွင်း အံ့အားသင့်ဖွယ်များ တပုံတပင်ရှိသည်။ ဓာတ်ပုံ Credit: Zillow/DBAAR)

(Sauna။ ဓာတ်ပုံ Credit: Zillow/DBAAR)

(ဓာတ်ပုံတွင် အနက်ရောင် အိမ်သာကို ရှာတွေ့ပါသလား။ ဓာတ်ပုံ Credit: Zillow/DBAAR)

(ကျယ်ဝန်းသော အရက်ဘား။ ဓာတ်ပုံ Credit: Zillow/DBAAR)

Zillow အိမ်ခြံမြေဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ “အမှတ် ၁၇၅ ၊ Ocean Shore Boulevard တွင် တည်ရှိပြီး ပင်လယ်ကမ်းခြေ မျက်နှာစာပေ ၂၀၀ အကျယ်ပိုင်ဆိုင်ထားကာ စတုရန်းပေ ၁၂၀၀၀ ကျယ်ဝန်းသည့် ပင်လယ်ကမ်းခြေစံအိမ်သည် Hawaiian Tropic တည်ထောင်သူ Ron Rice ၏ စံအိမ်ဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် အရောင်းဈေးကွက်သို့ ဝင်ရောက်လာသည်။ ”ဟု ဖော်ပြထားသည်။

(နေရာတိုင်းတွင် သစ်ကိုအသုံးပြု၍ အလှဆင်ထားမှုများကို တွေ့ရ။ ဓာတ်ပုံ Credit: Zillow/DBAAR)

(အမှန်တကယ်ပင် သားနားသော နေရာဖြစ်သည်။ ဓာတ်ပုံ Credit: Zillow/DBAAR)

(နေရာတိုင်းတွင် အမျိုးသမီးရုပ်ပုံများ ရှိသည်။ ဓာတ်ပုံ Credit: Zillow/DBAAR)

(နောက်ထပ် အမိုက်စားနေရာတစ်ခု။ ဓာတ်ပုံ Credit: Zillow/DBAAR)

(မျက်စိစားပွဲထိုင်နိုင်မည့် နေရာတစ်ခု။ ဓာတ်ပုံ Credit: Zillow/DBAAR)

(နေအိမ်အတွင်းမှ တံတားတစ်စင်း။ ဓာတ်ပုံ Credit: Zillow/DBAAR)

(ဖလော်ရီဒါပြည်နယ်တွင်သာ ဆောက်လုပ်နိုင်သော နေအိမ်မျိုးဖြစ်။ ဓာတ်ပုံ Credit: Zillow/DBAAR)

(နေအိမ်အပြင်ဘက်မှ ကြည့်လျှင် အကျယ်အဝန်းသာမန်မျှသာရှိသည်။ ဓာတ်ပုံ Credit: Zillow/DBAAR)

(အိမ်တွင်းသို့ ဝင်လိုက်လျှင်မူ အထင်နှင့်အမြင်ပြောင်းလဲသွားစေမည်ဖြစ်သည်။ ဓာတ်ပုံ Credit: Zillow/DBAAR)

(စိမ်းပြာရောင် ကော်ဇော။ ဓာတ်ပုံ Credit: Zillow/DBAAR)

(ဝတ်လစ်စလစ်ရုပ်တုများ။ ဓာတ်ပုံ Credit: Zillow/DBAAR)

Ron သည် ယခင်က အထက်တန်းပြ ဓာတုဗေဒဆရာအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး နောက်ပိုင်းတွင် Hawaiian Tropic ကို တည်ထောင်ခဲ့သည်။

Ron သည် ယခုနှစ်မေလတွင် ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၈၁ နှစ်ရှိပြီ ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Property with nude statues, stuffed bear and indoor bridge could be yours for £5,000,000 (metro)

[Zawgyi]

ဝတ္လစ္စလစ္ရုပ္တုမ်ားႏွင့္ ေနအိမ္အတြင္း တံတားတစ္စင္းပါေသာ စံအိမ္ ေပါင္ ၅ သန္းျဖင့္ ေရာင္းမည္

Hawaiian Tropic တည္ေထာင္သူ Ron Rice ၏ sauna ၊ ရုပ္လံုးသြင္း ေတာရိုင္းတိရ စၦာန္ရုပ္မ်ား၊ သစ္ျဖင့္ အလွဆင္မႈ အလြန္မ်ားျပားစြာ ပါဝင္ေသာ စံအိမ္ၾကီး ေပါင္ ၅ သန္းေအာက္ျဖင့္ ေစ်းကြက္ဝင္လာသည္။

စတုရန္းေပ ၁၂၀၀၀ က်ယ္ဝန္းေသာ စံအိမ္အတြင္း အရက္ဘားမ်ား၊ မ်ားျပားလွေသာ အိမ္တြင္းအိမ္ျပင္ ေရကူးကန္မ်ားအျပင္ စံအိမ္အတြင္း တံတားငယ္တစ္ခုလည္း ပါဝင္သည္။

အနက္ေရာင္အိမ္သာတစ္ခုပါဝင္ကာ မွန္မ်ား၊ စက်င္ေက်ာက္ျပားမ်ားျဖင့္ မြမ္းမံထားေသာ ေရခ်ဳိးခန္းတစ္ခန္း၊ စံအိမ္ပိုင္ရွင္ Ron ႏွင့္ သူ၏ အေက်ာ္အေမာ္ မိတ္ေဆြသူငယ္ခ်င္းမ်ား ရိုက္ကူးထားသည့္ ဓာတ္ပံုမ်ား၊ ေရခ်ဳိးခန္းတစ္ခန္းတြင္ နံရံတိုင္း၌ ေရသူမရုပ္မ်ား ထားရွိသည္။

စံအိမ္အတြင္း အဏၰဝါ၏ အရိပ္အေငြ႔မ်ား လႊမ္းျခံဳထားျပီး ပင္လယ္ဓားျပတို႔ အလံျဖစ္ေသာ လူဦးေခါင္းခြံႏွင့္ ၾကက္ေျခခတ္အရိုးပံု ၊ နံရံတစ္ခုတြင္ ခ်ိတ္ဆြဲထားေသာ ၾကက္ေျခခတ္အရိုးမ်ားႏွင့္ ေျမာက္ျမားစြာေသာ ပင္လယ္ေရေနသတၱဝါႏွင့္ ေရသူမရုပ္တုမ်ားကို စံအိမ္ေနရာအႏွံ႔ ေတြ႔ရသည္။

စံအိမ္အတြင္း မည္သည့္ေနရာကို ၾကည့္သည္ျဖစ္ေစ ၾကီးမားသည့္ရုပ္တုၾကီးမ်ား၊ ရုပ္တုငယ္မ်ားကို ေတြ႔ရမည္ ျဖစ္သည္။

ထိုသို႔ စြဲမက္ဖြယ္ရာမ်ားအားလံုးကို ကန္ေဒၚလာ ၅,၉၉၉,၉၀၀ ျဖင့္ ဝယ္ယူပိုင္ဆိုင္ႏိုင္မည္ ျဖစ္သည္။

(က်ယ္က်ယ္ဝန္းဝန္းရွိသည္ ။ ဓာတ္ပံု Credit: Zillow/DBAAR)

(ပင္လယ္ကမ္းေျခတြင္ တည္ရွိေသာ စံအိမ္။ ဓာတ္ပံု Credit: Zillow/DBAAR)

(စံအိမ္အတြင္း အံ့အားသင့္ဖြယ္မ်ား တပံုတပင္ရွိသည္။ ဓာတ္ပံု Credit: Zillow/DBAAR)

(Sauna။ ဓာတ္ပံု Credit: Zillow/DBAAR)

(ဓာတ္ပံုတြင္ အနက္ေရာင္ အိမ္သာကို ရွာေတြ႔ပါသလား။ ဓာတ္ပံု Credit: Zillow/DBAAR)

(က်ယ္ဝန္းေသာ အရက္ဘား။ ဓာတ္ပံု Credit: Zillow/DBAAR)

Zillow အိမ္ျခံေျမဝက္ဘ္ဆိုက္တြင္ ေဖာ္ျပထားခ်က္အရ “အမွတ္ ၁၇၅ ၊ Ocean Shore Boulevard တြင္ တည္ရွိျပီး ပင္လယ္ကမ္းေျခ မ်က္ႏွာစာေပ ၂၀၀ အက်ယ္ပိုင္ဆိုင္ထားကာ စတုရန္းေပ ၁၂၀၀၀ က်ယ္ဝန္းသည့္ ပင္လယ္ကမ္းေျခစံအိမ္သည္ Hawaiian Tropic တည္ေထာင္သူ Ron Rice ၏ စံအိမ္ျဖစ္ျပီး ပထမဆံုးအၾကိမ္အျဖစ္ အေရာင္းေစ်းကြက္သို႔ ဝင္ေရာက္လာသည္။ ”ဟု ေဖာ္ျပထားသည္။

(ေနရာတိုင္းတြင္ သစ္ကိုအသံုးျပဳ၍ အလွဆင္ထားမႈမ်ားကို ေတြ႔ရ။ ဓာတ္ပံု Credit: Zillow/DBAAR)

(အမွန္တကယ္ပင္ သားနားေသာ ေနရာျဖစ္သည္။ ဓာတ္ပံု Credit: Zillow/DBAAR)

(ေနရာတိုင္းတြင္ အမ်ဳိးသမီးရုပ္ပံုမ်ား ရွိသည္။ ဓာတ္ပံု Credit: Zillow/DBAAR)

(ေနာက္ထပ္ အမိုက္စားေနရာတစ္ခု။ ဓာတ္ပံု Credit: Zillow/DBAAR)

(မ်က္စိစားပြဲထိုင္ႏိုင္မည့္ ေနရာတစ္ခု။ ဓာတ္ပံု Credit: Zillow/DBAAR)

(ေနအိမ္အတြင္းမွ တံတားတစ္စင္း။ ဓာတ္ပံု Credit: Zillow/DBAAR)

(ဖေလာ္ရီဒါျပည္နယ္တြင္သာ ေဆာက္လုပ္ႏိုင္ေသာ ေနအိမ္မ်ဳိးျဖစ္။ ဓာတ္ပံု Credit: Zillow/DBAAR)

(ေနအိမ္အျပင္ဘက္မွ ၾကည့္လွ်င္ အက်ယ္အဝန္းသာမန္မွ်သာရွိသည္။ ဓာတ္ပံု Credit: Zillow/DBAAR)

(အိမ္တြင္းသို႔ ဝင္လုိက္လွ်င္မူ အထင္ႏွင့္အျမင္ေျပာင္းလဲသြားေစမည္ျဖစ္သည္။ ဓာတ္ပံု Credit: Zillow/DBAAR)

(စိမ္းျပာေရာင္ ေကာ္ေဇာ။ ဓာတ္ပံု Credit: Zillow/DBAAR)

(ဝတ္လစ္စလစ္ရုပ္တုမ်ား။ ဓာတ္ပံု Credit: Zillow/DBAAR)

Ron သည္ ယခင္က အထက္တန္းျပ ဓာတုေဗဒဆရာအျဖစ္ လုပ္ကိုင္ခဲ့သူျဖစ္ျပီး ေနာက္ပိုင္းတြင္ Hawaiian Tropic ကို တည္ေထာင္ခဲ့သည္။

Ron သည္ ယခုႏွစ္ေမလတြင္ ကြယ္လြန္သြားခဲ့ျပီး ကြယ္လြန္ခ်ိန္တြင္ အသက္ ၈၁ ႏွစ္ရွိျပီ ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Property with nude statues, stuffed bear and indoor bridge could be yours for £5,000,000 (metro)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service