အင်္ဂလန် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး ရုတ်တရက်ထွက်ပြေးပျောက်ကွယ်သွားကာ စွန့်ပစ်ထားရစ်ခဲ့သော စံအိမ်ကြီး

အင်္ဂလန် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး ရုတ်တရက်ထွက်ပြေးပျောက်ကွယ်သွားကာ စွန့်ပစ်ထားရစ်ခဲ့သော စံအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
2 Jan 2023 9:50 am တွင် တင်ခဲ့သည်
2279 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိမ်ခြံမြေလုပ်ငန်းရှင်သူဌေးကြီးမိသားစု ရုတ်တရက် ညတွင်းချင်း ပျောက်ကွယ်သွားခဲ့ပြီးနောက် ပျက်စီးယိုယွင်းသည်အထိ စွန့်ပစ်ခံထားရသော စံအိမ်ကြီး၏ ဓာတ်ပုံများကို ဓာတ်ပုံဆရာတစ်ဦးက ဖော်ထုတ်တင်ပြလာသည်။

အင်္ဂလန်နိုင်ငံ Hertfordshire ခရိုင် ၊ Kings Langley မြို့အနီးတွင် တည်ရှိပြီး အိပ်ခန်း ၈ ခန်းပါဝင်ကာ တချိန်က ထည်ဝါခမ်းနားခဲ့သော စံအိမ်ကြီးဖြစ်သည်။

(အင်္ဂလန်နိုင်ငံ Hertfordshire ခရိုင် ၊ Kings Langley မြို့အနီးတွင် တည်ရှိသည်။ ဓာတ်ပုံ- Credit: Afraid Of The Dark Paranormal/Facebook)

(တချိန်က ခမ်းနားခဲ့သော အိမ်ကြီးမှာ ယနေ့အခါ စိတ်မချမ်းမြေ့ဖွယ် အခြေအနေဖြစ်နေလေပြီ။ ဓာတ်ပုံ- Credit: Afraid Of The Dark Paranormal/Facebook)

(နေအိမ်အတွင်း ပြိုကျပျက်ဆီးနေပုံ မြင်ကွင်း။ ဓာတ်ပုံ- Credit: Afraid Of The Dark Paranormal/Facebook)

စွန့်ပစ်ခံနေအိမ်ကြီးကို တချိန်က ပိုင်ဆိုင်ခဲ့သူမှာ ဂရိလူမျိုး အိမ်ခြံမြေလုပ်ငန်းရှင်ကြီး အသန်နာ စီယို့စ် တာ့မိကျိ (Athanasios Tachmintzis) ဖြစ်ကြောင်း The Sun Online သတင်းဌာနက ဖော်ထုတ်တင်ပြခဲ့သည်။

အသက် ၇၂ နှစ်အရွယ်ရှိ မစ္စတာ တမိကျိသည် အိမ်ခြံမြေရင်းနှီးမြှပ်နှံမှုများဖြင့် သန်းကြွယ်သူဌေးကဲ့သို့ နေထိုင်နိုင်ခြင်း ဖြစ်ပြီး အိမ်ပြင်ထွက် အလုပ်လုပ်သည်ကို မည်သူမျှ မတွေ့ဖူးကြချေ။

ယခုနေအိမ်ကို ဓာတ်ပုံများရိုက်ယူခဲ့သူ အမျိုးသမီးမှာ Afraid Of The Dark Paranormal အမည်ရှိ ဖေ့စ်ဘုတ်စာမျက်နှာ တည်ထောင်ထားသူဖြစ်ပြီး လွန်ခဲ့သော ရက်သတ္တပတ်က အဖော်တစ်ဦးနှင့်အတူ ယခုနေအိမ်သို့ သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း The Sun Online သတင်းဌာနသို့ ပြောသည်။

(နေအိမ်အတွင်း ကျူးကျော်ဝင်ရောက်ကာ မူးယစ်ဆေးသုံးစွဲသူများ ကျန်ရစ်ခဲ့သော ပစ္စည်း။ ဓာတ်ပုံ- Credit: Afraid Of The Dark Paranormal/Facebook)

(အိမ်ပိုင်ရှင်ဟောင်း ထားရစ်ခဲ့သောပစ္စည်းများ။ ဓာတ်ပုံ- Credit: Afraid Of The Dark Paranormal/Facebook)

(ပရိဘောဂအများစုမှာ ဖျက်ဆီးခြင်းခံထားရသည်။ ဓာတ်ပုံ- Credit: Afraid Of The Dark Paranormal/Facebook)

(တံခါးဝတစ်ခုတွင် ချိတ်ဆွဲထားသော အနက်ရောင် ညနေခင်းပွဲတက်ဝတ်စုံတစ်ခုကို ခြောက်ခြားဖွယ် တွေ့ရပုံ။ ဓာတ်ပုံ- Credit: Afraid Of The Dark Paranormal/Facebook)

(ရုပ်မြင်သံကြားစက်ကဲ့သို့သော တန်ဖိုးကြီးပစ္စည်းအချို့မှာမူ မပျက်မစီးရှိနေဆဲပင်။ ဓာတ်ပုံ- Credit: Afraid Of The Dark Paranormal/Facebook)

(ပီယာနိုကြီးမှာလည်း မပျက်စီးသေး။ သို့သော် မှုတ်ဆေးများဖြင့် ပက်ဖြန်းခံထားရသည်။ ဓာတ်ပုံ- Credit: Afraid Of The Dark Paranormal/Facebook)

မစ္စတာ တမိကျိနှင့် မိသားစု အဆောတလျင် ထွက်ပြေးပျောက်ကွယ်သွားကြသည်မှာ အိမ်နီးချင်းများအတွက် ပု စ္ဆာတစ်ရပ် ဖြစ်နေခဲ့သည်။

မစ္စတာ တမိကျိတို့ ပျောက်ကွယ်သွားပြီးနောက် ထိုအိမ်အတွင်း ပထမဆုံး ဝင်ရောက်ကြည့်ရှုသူတို့ တွေ့ရှိခဲ့ သည်မှာ စစ်တုရင်ကစားပွဲတစ်ပွဲ ကစားလျက် ပွဲမပြီးသေးဘဲ ချန်ထားရစ်ခဲ့ကြောင်း တွေ့ခဲ့ကြသည်။

မစ္စတာ တမိကျိသည် ယခုအိမ်ကို ၁၉၉၉ ခုနှစ်တွင် ဝယ်ယူခဲ့ပြီး ဇနီး၊ သားသမီး ၅ ဦးနှင့်အတူ ဆယ်စုနှစ် ၂ ခုနီးပါး နေထိုင်ခဲ့သည်။

သို့သော် ၂၀၁၇ ခုနှစ်တွင်မူ လန်ဒန်မြို့လယ်မှ မိုင် ၂၀ ခန့်အကွာတွင် တည်ရှိသော ယခုစံအိမ်မှ ရုတ်တရက် ထွက်ခွာသွားကြသည်။

မစ္စတာ တမိကျိသည် ဇနီးဖြစ်သူ ရှာရွန်နှင့် လက်ထပ်ခဲ့ပြီး အိမ်ထောင်သက် ၃၂ နှစ်အကြာ ၂၀၀၄ ခုနှစ်၊ မေလတွင် ရှာရွန်မှာ ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

မစ္စတာ တမိကျိသည် သူ၏ နေအိမ်လုံခြုံရေးနှင့်ပတ်သက်ပြီး အလွန်စိုးရိမ်မကင်းအမြဲရှိသည်ဟု ဆိုသည်။

မစ္စတာ တမိကျိက နေအိမ်လုံခြုံရေးအတွက် ဒိုဘာမင်ခွေးကြီးများပင် မွေးထားခဲ့သည်။

သို့သော် နေအိမ်မှ ရုတ်တရက်စွန့်ခွာထွက်ပြေးသွားချိန်တွင် မစ္စတာ တမိကျိသည် သူ၏ ပိုင်ဆိုင်မှုများကို ကာကွယ်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့ဟန် မရချေ။

အိမ်နီးချင်းတစ်ဦးက MailOnline သတင်းဌာနသို့ ပြောရာတွင် “ကျွန်တော်က အဲဒီလမ်းမှာ နေ့တိုင်းမြင်းစီးလေ့ရှိပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ရုတ်တရက်ပျောက်ကွယ်သွားတဲ့သူတွေကို သတိရမိတယ်။ အဲဒီတုန်းက အစမှာ ကျွန်တော်တွေးမိတာက သူတို့ တစ်နေရာရာကို ထွက်သွားကြတာလို့ ထင်ခဲ့တာ။ ဒါပေမယ့် သူတို့ ဘယ်တော့မှ ပြန်မလာတော့ပါဘူး”ဟု ဆိုသည်။

“အစပိုင်းမှာတော့ ခြံတံခါးက ပိတ်ရုံပိတ်ထားတာ။ နောက်ပိုင်းမှာ သံကြိုးတွေ၊ သော့ခလောက်ခတ်ထားတာ တွေ တွေ့လာရတယ်။ မြက်တွေကလည်း တောထသည်ထက်ထလာနေပါတယ်။ ဒီအိမ်ကလူတွေ ဘာဖြစ်သွားတာလဲ၊ ဘာကြောင့် ရုတ်တရက်ထွက်သွားကြတာလဲဆိုတာ အနီးဝန်းကျင်ကလူတွေလည်း မသိကြပါဘူး။ ဒါက တကယ်ကိုဆန်းကြယ်ပါတယ်။”

(မီးဖိုဆောင်တွင် အိုးခွက် အသုံးအဆောင်ပစ္စည်းများနှင့် မိုက္ကရိုဝေ့ဗ်တို့ ရှိနေဆဲဖြစ်သည်။ ဓာတ်ပုံ- Credit: Afraid Of The Dark Paranormal/Facebook)

(ရေချိုးခန်းအတွင်း ရေချိုးခန်းသုံးပစ္စည်းများ ထားရစ်ခဲ့သည်။ ဓာတ်ပုံ- Credit: Afraid Of The Dark Paranormal/Facebook)

(နေအိမ်၏ ရေချိုးခန်းများစွာအနက်မှ တစ်ခု၏ လက်ဆေးကန်တွင် တွေ့ရသော မျက်နှာသုတ်ပုဝါတစ်ထည်။ ဓာတ်ပုံ- Credit: Afraid Of The Dark Paranormal/Facebook)

(မီးဖိုဆောင်တွင်လည်း ကျူးကျော်ဝင်ရောက်သူတို့က မှုတ်ဆေးဖြင့် စာလုံးများရေးခြင်းခံထားရသည်။ ဓာတ်ပုံ- Credit: Afraid Of The Dark Paranormal/Facebook)

(ထူးဆန်းသည်မှာ နေအိမ်အတွင်း အနုကြည့်မှန်ပြောင်းတစ်ခု တွေ့ရခြင်းပင်။ ဓာတ်ပုံ- Credit: Afraid Of The Dark Paranormal/Facebook)

(တောထနေသော ခြံဝန်းအတွင်း ယခင်က Bentley ကားတစ်စင်းရှိခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ဖယ်ရှားခြင်း ..သို့မဟုတ်..ခိုးယူခြင်းခံလိုက်ရသည်။ ဓာတ်ပုံ- Credit: Afraid Of The Dark Paranormal/Facebook)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside ‘creepy’ abandoned millionaire’s mansion ‘frozen in time’ after property tycoon owner disappeared overnight (thesun)

[Zawgyi]

အဂၤလန္ အိမ္ျခံေျမလုပ္ငန္းရွင္ၾကီး ရုတ္တရက္ထြက္ေျပးေပ်ာက္ကြယ္သြားကာ စြန္႔ပစ္ထားရစ္ခဲ့ေသာ စံအိမ္ၾကီး

အိမ္ျခံေျမလုပ္ငန္းရွင္သူေဌးၾကီးမိသားစု ရုတ္တရက္ ညတြင္းခ်င္း ေပ်ာက္ကြယ္သြားခဲ့ျပီးေနာက္ ပ်က္စီးယိုယြင္းသည္အထိ စြန္႔ပစ္ခံထားရေသာ စံအိမ္ၾကီး၏ ဓာတ္ပံုမ်ားကို ဓာတ္ပံုဆရာတစ္ဦးက ေဖာ္ထုတ္တင္ျပလာသည္။

အဂၤလန္ႏိုင္ငံ Hertfordshire ခရိုင္ ၊ Kings Langley ျမိဳ႕အနီးတြင္ တည္ရွိျပီး အိပ္ခန္း ၈ ခန္းပါဝင္ကာ တခ်ိန္က ထည္ဝါခမ္းနားခဲ့ေသာ စံအိမ္ၾကီးျဖစ္သည္။

(အဂၤလန္ႏိုင္ငံ Hertfordshire ခရိုင္ ၊ Kings Langley ျမိဳ႕အနီးတြင္ တည္ရွိသည္။ ဓာတ္ပံု- Credit: Afraid Of The Dark Paranormal/Facebook)

(တခ်ိန္က ခမ္းနားခဲ့ေသာ အိမ္ၾကီးမွာ ယေန႔အခါ စိတ္မခ်မ္းေျမ႕ဖြယ္ အေျခအေနျဖစ္ေနေလျပီ။ ဓာတ္ပံု- Credit: Afraid Of The Dark Paranormal/Facebook)

(ေနအိမ္အတြင္း ျပိဳက်ပ်က္ဆီးေနပုံ ျမင္ကြင္း။ ဓာတ္ပံု- Credit: Afraid Of The Dark Paranormal/Facebook)

စြန္႔ပစ္ခံေနအိမ္ၾကီးကို တခ်ိန္က ပိုင္ဆိုင္ခဲ့သူမွာ ဂရိလူမ်ိဳး အိမ္ျခံေျမလုပ္ငန္းရွင္ၾကီး အသန္နာ စီယို႔စ္ တာ့မိက်ိ (Athanasios Tachmintzis) ျဖစ္ေၾကာင္း The Sun Online သတင္းဌာနက ေဖာ္ထုတ္တင္ျပခဲ့သည္။

အသက္ ၇၂ ႏွစ္အရြယ္ရွိ မစၥတာ တမိက်ိသည္ အိမ္ျခံေျမရင္းႏွီးျမွပ္ႏွံမႈမ်ားျဖင့္ သန္းၾကြယ္သူေဌးကဲ့သို႔ ေနထိုင္ႏိုင္ျခင္း ျဖစ္ျပီး အိမ္ျပင္ထြက္ အလုပ္လုပ္သည္ကုိ မည္သူမွ် မေတြ႔ဖူးၾကေခ်။

ယခုေနအိမ္ကို ဓာတ္ပံုမ်ားရုိက္ယူခဲ့သူ အမ်ဳိးသမီးမွာ Afraid Of The Dark Paranormal အမည္ရွိ ေဖ့စ္ဘုတ္စာမ်က္ႏွာ တည္ေထာင္ထားသူျဖစ္ျပီး လြန္ခဲ့ေသာ ရက္သတၱပတ္က အေဖာ္တစ္ဦးႏွင့္အတူ ယခုေနအိမ္သို႔ သြားေရာက္ခ့ဲျခင္း ျဖစ္ေၾကာင္း The Sun Online သတင္းဌာနသို႔ ေျပာသည္။

(ေနအိမ္အတြင္း က်ဴးေက်ာ္ဝင္ေရာက္ကာ မူးယစ္ေဆးသံုးစြဲသူမ်ား က်န္ရစ္ခဲ့ေသာ ပစၥည္း။ ဓာတ္ပံု- Credit: Afraid Of The Dark Paranormal/Facebook)

(အိမ္ပိုင္ရွင္ေဟာင္း ထားရစ္ခဲ့ေသာပစၥည္းမ်ား။ ဓာတ္ပံု- Credit: Afraid Of The Dark Paranormal/Facebook)

(ပရိေဘာဂအမ်ားစုမွာ ဖ်က္ဆီးျခင္းခံထားရသည္။ ဓာတ္ပံု- Credit: Afraid Of The Dark Paranormal/Facebook)

(တံခါးဝတစ္ခုတြင္ ခ်ိတ္ဆြဲထားေသာ အနက္ေရာင္ ညေနခင္းပြဲတက္ဝတ္စံုတစ္ခုကို ေျခာက္ျခားဖြယ္ ေတြ႔ရပံု။ ဓာတ္ပံု- Credit: Afraid Of The Dark Paranormal/Facebook)

(ရုပ္ျမင္သံၾကားစက္ကဲ့သို႔ေသာ တန္ဖုိးၾကီးပစၥည္းအခ်ဳိ႕မွာမူ မပ်က္မစီးရွိေနဆဲပင္။ ဓာတ္ပံု- Credit: Afraid Of The Dark Paranormal/Facebook)

(ပီယာႏိုၾကီးမွာလည္း မပ်က္စီးေသး။ သို႔ေသာ္ မႈတ္ေဆးမ်ားျဖင့္ ပက္ျဖန္းခံထားရသည္။ ဓာတ္ပံု- Credit: Afraid Of The Dark Paranormal/Facebook)

မစၥတာ တမိက်ိႏွင့္ မိသားစု အေဆာတလ်င္ ထြက္ေျပးေပ်ာက္ကြယ္သြားၾကသည္မွာ အိမ္နီးခ်င္းမ်ားအတြက္ ပု စၦာတစ္ရပ္ ျဖစ္ေနခဲ့သည္။

မစၥတာ တမိက်ိတို႔ ေပ်ာက္ကြယ္သြားျပီးေနာက္ ထိုအိမ္အတြင္း ပထမဆံုး ဝင္ေရာက္ၾကည့္ရႈသူတို႔ ေတြ႔ရွိခဲ့ သည္မွာ စစ္တုရင္ကစားပြဲတစ္ပြဲ ကစားလ်က္ ပြဲမျပီးေသးဘဲ ခ်န္ထားရစ္ခဲ့ေၾကာင္း ေတြ႔ခဲ့ၾကသည္။

မစၥတာ တမိက်ိသည္ ယခုအိမ္ကို ၁၉၉၉ ခုႏွစ္တြင္ ဝယ္ယူခဲ့ျပီး ဇနီး၊ သားသမီး ၅ ဦးႏွင့္အတူ ဆယ္စုႏွစ္ ၂ ခုနီးပါး ေနထိုင္ခဲ့သည္။

သို႔ေသာ္ ၂၀၁၇ ခုႏွစ္တြင္မူ လန္ဒန္ျမိဳ႕လယ္မွ မိုင္ ၂၀ ခန္႔အကြာတြင္ တည္ရွိေသာ ယခုစံအိမ္မွ ရုတ္တရက္ ထြက္ခြာသြားၾကသည္။

မစၥတာ တမိက်ိသည္ ဇနီးျဖစ္သူ ရွာရြန္ႏွင့္ လက္ထပ္ခဲ့ျပီး အိမ္ေထာင္သက္ ၃၂ ႏွစ္အၾကာ ၂၀၀၄ ခုႏွစ္၊ ေမလတြင္ ရွာရြန္မွာ ကင္ဆာေရာဂါျဖင့္ ကြယ္လြန္သြားခဲ့သည္။

မစၥတာ တမိက်ိသည္ သူ၏ ေနအိမ္လံုျခံဳေရးႏွင့္ပတ္သက္ျပီး အလြန္စိုးရိမ္မကင္းအျမဲရွိသည္ဟု ဆိုသည္။

မစၥတာ တမိက်ိက ေနအိမ္လံုျခံဳေရးအတြက္ ဒိုဘာမင္ေခြးၾကီးမ်ားပင္ ေမြးထားခဲ့သည္။

သို႔ေသာ္ ေနအိမ္မွ ရုတ္တရက္စြန္႔ခြာထြက္ေျပးသြားခ်ိန္တြင္ မစၥတာ တမိက်ိသည္ သူ၏ ပိုင္ဆိုင္မႈမ်ားကို ကာကြယ္ရန္ ၾကိဳတင္ျပင္ဆင္မႈမ်ား ျပဳလုပ္ထားခဲ့ဟန္ မရေခ်။

အိမ္နီးခ်င္းတစ္ဦးက MailOnline သတင္းဌာနသို႔ ေျပာရာတြင္ “ကၽြန္ေတာ္က အဲဒီလမ္းမွာ ေန႔တိုင္းျမင္းစီးေလ့ရွိပါတယ္။ လြန္ခဲ့တဲ့ ၃ ႏွစ္ေလာက္က ရုတ္တရက္ေပ်ာက္ကြယ္သြားတဲ့သူေတြကို သတိရမိတယ္။ အဲဒီတုန္းက အစမွာ ကၽြန္ေတာ္ေတြးမိတာက သူတို႔ တစ္ေနရာရာကို ထြက္သြားၾကတာလုိ႔ ထင္ခဲ့တာ။ ဒါေပမယ့္ သူတို႔ ဘယ္ေတာ့မွ ျပန္မလာေတာ့ပါဘူး”ဟု ဆိုသည္။

“အစပိုင္းမွာေတာ့ ျခံတံခါးက ပိတ္ရံုပိတ္ထားတာ။ ေနာက္ပိုင္းမွာ သံၾကိဳးေတြ၊ ေသာ့ခေလာက္ခတ္ထားတာ ေတြ ေတြ႔လာရတယ္။ ျမက္ေတြကလည္း ေတာထသည္ထက္ထလာေနပါတယ္။ ဒီအိမ္ကလူေတြ ဘာျဖစ္သြားတာလဲ၊ ဘာေၾကာင့္ ရုတ္တရက္ထြက္သြားၾကတာလဲဆိုတာ အနီးဝန္းက်င္ကလူေတြလည္း မသိၾကပါဘူး။ ဒါက တကယ္ကိုဆန္းၾကယ္ပါတယ္။”

(မီးဖိုေဆာင္တြင္ အိုးခြက္ အသံုးအေဆာင္ပစၥည္းမ်ားႏွင့္ မိုကၠရိုေဝ့ဗ္တို႔ ရွိေနဆဲျဖစ္သည္။ ဓာတ္ပံု- Credit: Afraid Of The Dark Paranormal/Facebook)

(ေရခ်ဳိးခန္းအတြင္း ေရခ်ဳိးခန္းသံုးပစၥည္းမ်ား ထားရစ္ခဲ့သည္။ ဓာတ္ပံု- Credit: Afraid Of The Dark Paranormal/Facebook)

(ေနအိမ္၏ ေရခ်ဳိးခန္းမ်ားစြာအနက္မွ တစ္ခု၏ လက္ေဆးကန္တြင္ ေတြ႔ရေသာ မ်က္ႏွာသုတ္ပုဝါတစ္ထည္။ ဓာတ္ပံု- Credit: Afraid Of The Dark Paranormal/Facebook)

(မီးဖိုေဆာင္တြင္လည္း က်ဴးေက်ာ္ဝင္ေရာက္သူတို႔က မႈတ္ေဆးျဖင့္ စာလံုးမ်ားေရးျခင္းခံထားရသည္။ ဓာတ္ပံု- Credit: Afraid Of The Dark Paranormal/Facebook)

(ထူးဆန္းသည္မွာ ေနအိမ္အတြင္း အႏုၾကည့္မွန္ေျပာင္းတစ္ခု ေတြ႔ရျခင္းပင္။ ဓာတ္ပံု- Credit: Afraid Of The Dark Paranormal/Facebook)

(ေတာထေနေသာ ျခံဝန္းအတြင္း ယခင္က Bentley ကားတစ္စင္းရွိခဲ့ဖူးေသာ္လည္း ေနာက္ပိုင္းတြင္ ဖယ္ရွားျခင္း ..သို႔မဟုတ္..ခိုးယူျခင္းခံလိုက္ရသည္။ ဓာတ္ပံု- Credit: Afraid Of The Dark Paranormal/Facebook)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Inside ‘creepy’ abandoned millionaire’s mansion ‘frozen in time’ after property tycoon owner disappeared overnight (thesun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
Aung Theikdi Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service