ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
တိုက်ခန်းများ အပျောက်စနစ်ဖြင့် လွှဲပြောင်းရောင်းချကြရာတွင် စာချုပ်စာတမ်းမှတ်ပုံတင်အက်ဥပဒေ ပြဌာန်းချက်ပါ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်း ရောင်းချရာ၌ မှတ်ပုံတင်စာချုပ်အဖြစ် ချုပ်ဆိုရန် သတ်မှတ်ထားသော ပစ္စည်းတန်ဖိုး ငွေကျပ်တစ်ရာအထက်တွင် ရှိနေကြပေသည်။
ထို့ကြောင့် တိုက်ခန်းအရောင်းအဝယ်ကတိစာချုပ်များကို မှတ်ပုံတင်စာချုပ်အဖြစ် ချုပ်ဆိုရန်လို မလိုဆိုသည့် ပြဿနာဖြစ်လာတော့သည်။
ဤသည်နှင့် ပက်သက်၍ တရားရုံးချုပ်မှာ ဦးအေးဝမ်း ခေါ် ဦးမြတ်စိုးနှင့် ဒေါ်ရာဘီယာ (၎င်း၏ ကိုယ်စားလှယ်စာရသူ မလှမြင့်) ၁၉၈၆ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၁၂၈ အမှုတွင် လမ်းညွှန်ဆုံးဖြတ်ခဲ့ပါသည်။
ယင်းအမှု၌ ဦးအေဝမ်းက ဒေါ်ရာဘီယာအပေါ် အိမ်ငှားတာဝန် ဖောက်ဖျက်မှုဖြင့် တိုက်ခန်းမှ ဖယ်ရှားပေးရန် အိမ်နှင်လိုမှုစွဲဆိုခဲ့သည်။ ဒေါ်ရာဘီယာက မူလအိမ်ငှားဦးမြဟန်ဆိုသူထံမှ အပျောက်ငွေ ၃၃၀၀၀ ကျပ်ဖြင့် ဝယ်ယူထားသော အခန်းဖြစ်ကြောင်း တိုက်ခန်းအရောင်းအဝယ် ကတိစာချုပ်ကို သက်သေခံအဖြစ် တရားရုံးတော်သို့ တင်သွင်းခဲ့သည်။
ဦးအေဝမ်းက အဆိုပါတိုက်ခန်းအရောင်းအဝယ် ကတိစာချုပ်သည် မရွှေ့မပြောင်းနိုင်သော ပစ္စည်းဖြစ်သည့် တိုက်ခန်းကို တန်ဖိုးငွေ ၃၃၀၀ဝဖြင့် ရောင်းချထားသော စာချုပ်ဖြစ်သည်။ထို့ကြောင့် စာချုပ်စာတမ်းမှတ်ပုံတင် အက်ဥပဒေပုဒ်မ (၁၇)(၁) ပိုဒ်ခွဲ (ဃ)အရ မှတ်ပုံမတင် မနေရသော စာချုပ်အမျိုးအစားတွင် ပါရှိသော စာချုပ်ဖြစ်သည်။ ထို့ကြောင့် လက်မခံသင့်ကြောင်း ကန့်ကွက်သည်။ မူလမြို့နယ်တရားရုံးက တိုက်ခန်း အရောင်းအဝယ်ကတိစာချုပ်ကို သက်သေခံအဖြစ် လက်မခံကြောင်း အမိန့်ချမှတ်ခဲ့ပြီး တိုင်းတရားရုံးတော်က သက်သေခံအဖြစ် လက်ခံခဲ့သဖြင့် ဦးအေဝမ်းမှ တရားရုံးချုပ်သို့ ပြင်ဆင်မှုအဖြစ် ဝင်ရောက်လာသော အမှု ဖြစ်သည်။
တရားရုံးချုပ်က ဆုံးဖြတ်သည်မှာ တိုက်ခန်းအရောင်းအဝယ် ကတိစာချုပ်၌ ဦးမြဟန်က မိမိပိုင်ဆိုင်သော တိုက်ခန်းကို ဒေါ်ရာဘီယာအား ငွေကျပ် ၃၃၀၀၀ကျပ်ဖြင့် ၅-၁၀-၁၉၈၀ နေ့တွင် အပြီးအပိုင်လွှဲပြောင်း ရောင်းချလိုက်သည်။ တိုက်ခန်းအမည်ပြောင်းပေးရန် တာဝန်ယူသည်။ တိုက်ခန်းနှင့် ပက်သက်၍ နောက်နောင် ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ရောင်းသူ ဦးမြဟန်က မိမိစရိတ်ဖြင့် တာဝန်ယူဆောင်ရွက် ပေးပါ မည်ဟု ပါရှိသည်။
ဒေါ်ရာဘီယာ၏ ကိုယ်စားလှယ်ရသူ မလှမြင့်က အဆောက်အအုံပိုင်ရှင် ဒေါ်မြဆင့်အား တိုက်ခန်း အမည် ပြောင်းခအဖြစ် ဦးမြဟန်မှ ငွေကျပ် ခြောက်ရာတိတိကို ကတိစာချုပ်ချုပ်ဆိုပြီးနောက်ပိုင်း ပေးခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
သို့ဖြစ်၍ မြေရှင်ဒေါ်မြဆင့်က ဒေါ်ရာဘီယာကို တိုက်ခန်းအမည်ပြောင်းကာ အိမ်ငှားအဖြစ် လက်ခံပြီးမှ လွှဲပြောင်းရောင်းချခြင်း အထမြောက်သည့် အဆင့်သို့ရောက်ရှိမည်ဖြစ်သည်။
ယခုအမှု အခြေအနေမှာ အချင်းဖြစ်တိုက်ခန်း အရောင်းအဝယ်ကတိစာချုပ်ကို ချုပ်ဆိုစဉ်အချိန်က အချင်းဖြစ် တိုက်ခန်း၌ နေထိုင်ခွင့်ကို ဦးမြဟန်က ဒေါ်ရာဘီယာအား လွှဲပြောင်းမှု မပြီးမြောက်သေးပဲ ကတိပဋိညာဉ် အဆင့်တွင်ပင် ရှိနေသေးသဖြင့် ယင်းစာချုပ်ကို တိုက်ခန်းအရောင်းအဝယ် ကတိစာချုပ်ဟု အမည်တပ် ချုပ်ဆိုခြင်းဖြစ်၍ မှတ်ပုံတင် အက်ဥပဒေအရ မှတ်ပုံတင်ရန် မလိုဟု ဆုံးဖြတ်ခဲ့ပါသည်။
ထို့ကြောင့် တိုက်ခန်းအရောင်းအဝယ် ကတိစာချုပ်များသည် မှတ်ပုံတင်ရန် မလိုအပ်ကြောင်း ဗဟုသုတအဖြစ် ရေးသားလိုက်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
တိုက္ခန္းအေရာင္းအဝယ္ ကတိစာခ်ဳပ္မ်ားႏွင့္ မွတ္ပုံတင္ျခင္း
တိုက္ခန္းမ်ား အေပ်ာက္စနစ္ျဖင့္ လႊဲေျပာင္းေရာင္းခ်ၾကရာတြင္ စာခ်ဳပ္စာတမ္းမွတ္ပုံတင္အက္ဥပေဒ ျပဌာန္းခ်က္ပါ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းလႊဲေျပာင္း ေရာင္းခ်ရာ၌ မွတ္ပုံတင္စာခ်ဳပ္အျဖစ္ ခ်ဳပ္ဆိုရန္ သတ္မွတ္ထားေသာ ပစၥည္းတန္ဖိုး ေငြက်ပ္တစ္ရာအထက္တြင္ ႐ွိေနၾကေပသည္။
ထို႔ေၾကာင့္ တိုက္ခန္းအေရာင္းအဝယ္ကတိစာခ်ဳပ္မ်ားကို မွတ္ပုံတင္စာခ်ဳပ္အျဖစ္ ခ်ဳပ္ဆိုရန္လို မလိုဆိုသည့္ ျပႆနာျဖစ္လာေတာ့သည္။
ဤသည္ႏွင့္ ပက္သက္၍ တရား႐ုံးခ်ဳပ္မွာ ဦးေအးဝမ္း ေခၚ ဦးျမတ္စိုးႏွင့္ ေဒၚရာဘီယာ (၎၏ ကိုယ္စားလွယ္စာရသူ မလွျမင့္) ၁၉၈၆ခုႏွစ္၊ ျမန္မာႏိုင္ငံ တရားစီရင္ထုံး စာမ်က္ႏွာ ၁၂၈ အမႈတြင္ လမ္းၫႊန္ဆုံးျဖတ္ခဲ့ပါသည္။
ယင္းအမႈ၌ ဦးေအဝမ္းက ေဒၚရာဘီယာအေပၚ အိမ္ငွားတာဝန္ ေဖာက္ဖ်က္မႈျဖင့္ တိုက္ခန္းမွ ဖယ္႐ွားေပးရန္ အိမ္ႏွင္လိုမႈစြဲဆိုခဲ့သည္။ ေဒၚရာဘီယာက မူလအိမ္ငွားဦးျမဟန္ဆိုသူထံမွ အေပ်ာက္ေငြ ၃၃၀၀၀ က်ပ္ျဖင့္ ဝယ္ယူထားေသာ အခန္းျဖစ္ေၾကာင္း တိုက္ခန္းအေရာင္းအဝယ္ ကတိစာခ်ဳပ္ကို သက္ေသခံအျဖစ္ တရား႐ုံးေတာ္သို႔ တင္သြင္းခဲ့သည္။
ဦးေအဝမ္းက အဆိုပါတိုက္ခန္းအေရာင္းအဝယ္ ကတိစာခ်ဳပ္သည္ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းျဖစ္သည့္ တိုက္ခန္းကို တန္ဖိုးေငြ ၃၃၀၀ဝျဖင့္ ေရာင္းခ်ထားေသာ စာခ်ဳပ္ျဖစ္သည္။ထို႔ေၾကာင့္ စာခ်ဳပ္စာတမ္းမွတ္ပုံတင္ အက္ဥပေဒပုဒ္မ (၁၇)(၁) ပိုဒ္ခြဲ (ဃ)အရ မွတ္ပုံမတင္ မေနရေသာ စာခ်ဳပ္အမ်ိဳးအစားတြင္ ပါ႐ွိေသာ စာခ်ဳပ္ျဖစ္သည္။ ထို႔ေၾကာင့္ လက္မခံသင့္ေၾကာင္း ကန္႔ကြက္သည္။ မူလၿမိဳ႕နယ္တရား႐ုံးက တိုက္ခန္း အေရာင္းအဝယ္ကတိစာခ်ဳပ္ကို သက္ေသခံအျဖစ္ လက္မခံေၾကာင္း အမိန္႔ခ်မွတ္ခဲ့ၿပီး တိုင္းတရား႐ုံးေတာ္က သက္ေသခံအျဖစ္ လက္ခံခဲ့သျဖင့္ ဦးေအဝမ္းမွ တရား႐ုံးခ်ဳပ္သို႔ ျပင္ဆင္မႈအျဖစ္ ဝင္ေရာက္လာေသာ အမႈ ျဖစ္သည္။
တရား႐ုံးခ်ဳပ္က ဆုံးျဖတ္သည္မွာ တိုက္ခန္းအေရာင္းအဝယ္ ကတိစာခ်ဳပ္၌ ဦးျမဟန္က မိမိပိုင္ဆိုင္ေသာ တိုက္ခန္းကို ေဒၚရာဘီယာအား ေငြက်ပ္ ၃၃၀၀၀က်ပ္ျဖင့္ ၅-၁၀-၁၉၈၀ ေန႔တြင္ အၿပီးအပိုင္လႊဲေျပာင္း ေရာင္းခ်လိုက္သည္။ တိုက္ခန္းအမည္ေျပာင္းေပးရန္ တာဝန္ယူသည္။ တိုက္ခန္းႏွင့္ ပက္သက္၍ ေနာက္ေနာင္ ျပႆနာတစ္စုံတစ္ရာ ေပၚေပါက္လာပါက ေရာင္းသူ ဦးျမဟန္က မိမိစရိတ္ျဖင့္ တာဝန္ယူေဆာင္႐ြက္ ေပးပါ မည္ဟု ပါ႐ွိသည္။
ေဒၚရာဘီယာ၏ ကိုယ္စားလွယ္ရသူ မလွျမင့္က အေဆာက္အအုံပိုင္႐ွင္ ေဒၚျမဆင့္အား တိုက္ခန္း အမည္ ေျပာင္းခအျဖစ္ ဦးျမဟန္မွ ေငြက်ပ္ ေျခာက္ရာတိတိကို ကတိစာခ်ဳပ္ခ်ဳပ္ဆိုၿပီးေနာက္ပိုင္း ေပးခဲ့ေၾကာင္း ထြက္ဆိုခဲ့သည္။
သို႔ျဖစ္၍ ေျမ႐ွင္ေဒၚျမဆင့္က ေဒၚရာဘီယာကို တိုက္ခန္းအမည္ေျပာင္းကာ အိမ္ငွားအျဖစ္ လက္ခံၿပီးမွ လႊဲေျပာင္းေရာင္းခ်ျခင္း အထေျမာက္သည့္ အဆင့္သို႔ေရာက္႐ွိမည္ျဖစ္သည္။
ယခုအမႈ အေျခအေနမွာ အခ်င္းျဖစ္တိုက္ခန္း အေရာင္းအဝယ္ကတိစာခ်ဳပ္ကို ခ်ဳပ္ဆိုစဥ္အခ်ိန္က အခ်င္းျဖစ္ တိုက္ခန္း၌ ေနထိုင္ခြင့္ကို ဦးျမဟန္က ေဒၚရာဘီယာအား လႊဲေျပာင္းမႈ မၿပီးေျမာက္ေသးပဲ ကတိပဋိညာဥ္ အဆင့္တြင္ပင္ ႐ွိေနေသးသျဖင့္ ယင္းစာခ်ဳပ္ကို တိုက္ခန္းအေရာင္းအဝယ္ ကတိစာခ်ဳပ္ဟု အမည္တပ္ ခ်ဳပ္ဆိုျခင္းျဖစ္၍ မွတ္ပုံတင္ အက္ဥပေဒအရ မွတ္ပုံတင္ရန္ မလိုဟု ဆုံးျဖတ္ခဲ့ပါသည္။
ထို႔ေၾကာင့္ တိုက္ခန္းအေရာင္းအဝယ္ ကတိစာခ်ဳပ္မ်ားသည္ မွတ္ပုံတင္ရန္ မလိုအပ္ေၾကာင္း ဗဟုသုတအျဖစ္ ေရးသားလိုက္ပါသည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
iMyanmarHouse.com ၏ ဥပေဒအၾကံေပး ပညာ႐ွင္အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com