ဟက်ပီး နယူးရီးယားကို ဘာတွေစားရင်း ကြိုကြမယ် စိတ်ကူးလဲ......?

ဟက်ပီး နယူးရီးယားကို ဘာတွေစားရင်း ကြိုကြမယ် စိတ်ကူးလဲ......? - Property Knowledge in Myanmar from iMyanmarHouse.com
31 Dec 2022 11:40 am တွင် တင်ခဲ့သည်
690 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

မကြာခင်မှာ ဒီဇင်ဘာလ နဲ့အတူ နှစ်တစ်နှစ်ကို ကုန်ဆုံးရတော့မှာပါ။ ၂၀၂၂ ခုနှစ် ကနေ ၂၀၂၃ ခုနှစ်ကို ကူးပြောင်းဖို့က အချိန် ၁ လတောင် မလိုတော့ပါဘူး။ ဒီလို ကာလမှာ လူတွေအားလုံးလိုလိုက လာမယ့် ၂၀၂၃ ဟက်ပီး နယူးရီးယားကို ဘယ်လို ကြိုကြမယ်။ နှစ်သစ်ကူးညမှာ ဘာတွေချက်စားမယ် စသဖြင့် အတွေးတွေ အများကြီး ရှိနေကြမယ် ထင်ပါတယ်။ ဒီအတွေးလေးတွေထဲက စားစရာတွေက ကျန်းမာရေးနဲ့ ညီသလား ….. မညီဘူးဆိုရင် ဘယ်လိုမျိုး ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်မလဲ ….. ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘယ်လို အစားအစာတွေကို စားရင်း နှစ်သစ်ကို ကြိုကြမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

 

 

 

ဟက်ပီး နယူးရီးယားကို ဘာတွေစားရင်း ကြိုကြမယ် စိတ်ကူးလဲ

ဟက်ပီး နယူးရီးယားကို ဘာတွေစားရင်း ကြိုကြမယ် စိတ်ကူးလဲ ဆိုတာကို မပြောပြသေးခင် အရင်ဆုံး ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် အစားအစာလေးတွေကို ပြောပြပေးမှာမို့ စာဖတ်ပရိသတ်ကြီးက အရင်ဆုံး ဖတ်ကြည့်ပေးပါလို့ ပြောချင်ပါတယ်။

ခေါက်ဆွဲကြော်

ကြက်ဥခေါက်ဆွဲ၊ ဂျုံခေါက်ဆွဲ စတာတွေကို ကြက်ဥ၊ ဘဲဥတို့ကို ခေါက်မွှေပြီး ဂေါ်ဖီ၊ တရုတ်နံနံ၊ မုန်လာဥနီ၊ ပဲသီးစတာတွေနဲ့ ကြော်စားတာက ပရိုတင်း၊ ကစီဓာတ်၊ ဗီတာမင်တွေနဲ့ အမျှင်ဓာတ်ကိုပါ ပြည့်ပြည့်ဝဝ ရရှိစေပြီး အရသာလည်း ရှိစေမှာပါ။

 

ခေါက်ဆွဲကြော်ကို ဒီအတိုင်း စားရမှာ အီတယ်ဆိုရင်တော့ မန်ကျည်းသီး၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူတို့နဲ့ ဖျော်ထားတဲ့ အချဉ်လေးတစ်ခွက်နဲ့ တွဲစားပေးပါ။ အစာကြေစေပြီး ကိုယ်တွင်းအဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်မှာပါ။ ဆီများများနဲ့ ကြော်တာကို ရှောင်ပေးပါ။

ကြာဇံကြော်

ကြာဇံကိုလည်း ခေါက်ဆွဲကြော်သလိုပဲ ကြက်ဥ၊ ဘဲဥတို့ကို ခေါက်မွှေပြီး ဂေါ်ဖီ၊ တရုတ်နံနံ၊ မုန်လာဥနီ၊ ပဲသီးစတာတွေနဲ့ ကြော်စားပေးလို့ ရပါတယ်။ ဒီလိုစားတာက ပရိုတင်း၊ ကစီဓာတ်၊ ဗီတာမင်တွေနဲ့ အမျှင်ဓာတ်ကိုပါ ပြည့်ပြည့်ဝဝ ရရှိစေပြီး အရသာလည်း ရှိစေမှာပါ။

ကြာဇံကြော်ကို ဒီအတိုင်း စားရမှာ မကြိုက်ဘူးဆိုရင်တော့ မန်ကျည်းသီး၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူတို့နဲ့ ဖျော်ထားတဲ့ အချဉ်လေးတစ်ခွက်နဲ့ တွဲစားပေးပါ။ အစာကြေစေပြီး ကိုယ်တွင်းအဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်မှာပါ။ ခေါက်ဆွဲကြော်လိုပဲ ဆီလျှော့ပါ။

ကြက်ကင်

ကြက်သားကြော်စားတာထက် ကင်စားတာက ပိုပြီး အဆီစားမိနိုင်ခြေ နည်းပါတယ်။ အရင်ဆုံး ကြက်သားကို အရေခွံ ဖယ်လိုက်ပါ။ ပြီးရင်တော့ ကြက်သားကို ကြက်သွန်ဖြူ၊ ချင်း (ဂျင်း)၊ သကြားညို၊ ပဲငံပြာရည် အနောက်၊ ဆား နည်းနည်းတို့နဲ့ နယ်ပြီး ရေခဲသေတ္တာထဲမှာ ၄၅ မိနစ်လောက် နှပ်ထားပါ။ ပြီးရင် ဆီနည်းနည်းနဲ့ နှံ့အောင်နယ်ပြီး နောက်ထပ် နာရီဝက်လောက် ထပ်နှပ်ထားပေးပါ။ ပြီးရင်တော့ ကင်စက်ကို အပူပေးပြီး ကင်ပေးလို့ ရပါတယ်။

 

ကင်တဲ့အခါမှာလည်း အပူချိန် နည်းနည်းနဲ့ အချိန်ကြာကြာလေး ကင်ပေးပါ။ ကြက်ကင်ကို တွဲစားဖို့ကတော့ ကိုယ်ခံအားကို အားဖြည့်ပေးမယ့် ခရမ်းချဉ်သီးလေးကို ပြုတ်ပြီး ကြက်သွန်ဖြူ ပါးပါးလှီး၊ နံနံပင်၊ ငရုတ်သီးစိမ်း တို့ထည့်ပြီး ဆားနည်းနည်းနဲ့ ဖျော်ပေးရမှာပါ။ ဒါဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်ပြီး ပရိုတင်း၊ သံဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ နယူးရီးယား စားဖွယ် တစ်မျိုးကို ရရှိမှာပါ။

အရွက်သုပ်

ဒီနေရာမှာ မိမိနှစ်သက်ရာ အစိမ်းရောင် အရွက်တစ်မျိုးမျိုးကို သုပ်စားလို့ ရပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အအီပြေစေဖို့ဆိုရင် အရွက်ကို ရေနွေးဆူဆူထည့်ပြုတ်ပြီး အစိမ်းရောင် အနေလေးမှာ ဆယ်ပါ။ ပြီးရင် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ဆားနည်းနည်း၊ သံပုရာသီး၊ နှမ်းဆီ နည်းနည်းတို့ကို ထည့်ပြီး သုပ်စားလို့ ရပါတယ်။ နှမ်းကြိုက်ရင်တော့ နှမ်းစေ့နည်းနည်း ဖြူးပြီး သုံးဆောင်လို့ ရပါတယ်။

စွပ်ပြုတ်

အရည်သောက် တစ်ခုခု သောက်ချင်တယ်ဆိုသူတွေ အတွက် ကြက်ရိုး၊ ဝက်ရိုးစတာတွေကို ကြက်သွန်ဖြူ နိုင်နိုင်၊ ချင်း (ဂျင်း) နိုင်နိုင်နဲ့ ဆားနည်းနည်း ထည့်ပြီး တစ်နေကုန် ပြုတ်ထားပေးပါ။ သောက်ခါနီးမှ ငရုတ်ကောင်းလေး အရွက်လေး ခတ်ပေးတာက အာဟာရ ပြည့်ဝစေပြီး ကိုယ်ခံအားကိုပါ အားဖြည့်ပေးနိုင်မှာပါ။

 

 

ငါးသံပုရာပေါင်း

ငါးကင်အစား ငါးသံပုရာပေါင်း စားတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်နည်းပါ။ ငါးကို တီလားပီးယား သုံးလို့ ရသလို ကကတစ်ကို သုံးပေးရင်လည်း ရပါတယ်။ ငါးကို ကြက်သွန်ဖြူ၊ ချင်း (ဂျင်း)၊ စပါးလင်၊ ဆားနည်းနည်း၊ သကြားညိုနည်းနည်း၊ ပဲငံပြာရည် အနောက်နည်းနည်းလေးနဲ့ နှပ်ပြီး ငါးဗိုက်ထဲကို စပါးလင်ထုထားတာ၊ ပင်စိမ်း ၂ ခက်လောက် ရှမ်းနံနံ တစ်ပင်လောက်ကို နည်းနည်းလောက် ထုပြီး ငရုတ်သီးစိမ်း ထောင်းထားတာတွေကို ထည့်ပြီး ရေခဲသေတ္တာထဲမှာ ၃ နာရီကြာလောက် နှပ်ထားပေးပါ။ ဒီလို နှပ်ထားပြီးသား ငါးကို ငါးသံပုရာပေါင်း ချက်စားတာက ကျန်းမာရေးနဲ့ ညီညွတ်မှာပါ။

 

 

သောက်စရာအနေနဲ့ ဆိုရင်တော့

သောက်စရာတွေအနေနဲ့ကတော့ နှစ်ဆန်းတစ်ရက်နေ့မှာ အရက်နာကျတာ ကင်းစေဖို့ အရက်၊ ဘီယာတွေကို တတ်နိုင်သမျှ လျှော့သောက်ပါ။ နှစ်မျိုး ရောသောက်တာမျိုးတွေ မလုပ်ပါနဲ့။ အချိုရည်တွေ၊ အားဖြည့်အချိုရည်တွေနဲ့ ရောသောက်တာမျိုးလည်း မလုပ်ပါနဲ့။ သဘာဝ အသီးတွေကနေ ရတဲ့ ဝိုင်နဲ့ သစ်သီးဖျော်ရည်တွေကို သောက်ပေးတာက အကောင်းဆုံး ဖြစ်မှာပါ။ ဝိုင်တွေကိုလည်း အလွန်အကျွံ မသောက်ပါနဲ့လို့ ပြောပါရစေ။

 

 

အခုပြောခဲ့တာတွေက အဆီတက်တာ၊ မအီမသာဖြစ်တာမျိုးတွေ မဖြစ်စေဘဲ နယူးရီးယားကို ကျန်းမာစွာ ကြိုဆိုနိုင်စေမယ့် စားသောက်မှုပါ။ ပရိသတ်ကြီးရော ဘယ်လို အစားအစာတွေ စားရင်း နယူရီးယားကို ကြိုမယ် စိတ်ကူးထားလဲဆိုတာကို ပြောပြပေးဦးနော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

Credit: hellosayarwon

 

 

[Zawgyi]

ဟက္ပီး နယူးရီးယားကို ဘာေတြစားရင္း ႀကိဳၾကမယ္ စိတ္ကူးလဲ......?

 

မၾကာခင္မွာ ဒီဇင္ဘာလ နဲ႔အတူ ႏွစ္တစ္ႏွစ္ကို ကုန္ဆုံးရေတာ့မွာပါ။ ၂၀၂၂ ခုႏွစ္ ကေန ၂၀၂၃ ခုႏွစ္ကို ကူးေျပာင္းဖို႔က အခ်ိန္ ၁ လေတာင္ မလိုေတာ့ပါဘူး။ ဒီလို ကာလမွာ လူေတြအားလုံးလိုလိုက လာမယ့္ ၂၀၂၃ ဟက္ပီး နယူးရီးယားကို ဘယ္လို ႀကိဳၾကမယ္။ ႏွစ္သစ္ကူးညမွာ ဘာေတြခ်က္စားမယ္ စသျဖင့္ အေတြးေတြ အမ်ားႀကီး ႐ွိေနၾကမယ္ ထင္ပါတယ္။ ဒီအေတြးေလးေတြထဲက စားစရာေတြက က်န္းမာေရးနဲ႔ ညီသလား ….. မညီဘူးဆိုရင္ ဘယ္လိုမ်ိဳး က်န္းမာေရးနဲ႔ ညီၫြတ္ေအာင္ ခ်က္မလဲ ….. က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ ဘယ္လို အစားအစာေတြကို စားရင္း ႏွစ္သစ္ကို ႀကိဳၾကမလဲဆိုတာကို ေျပာျပေပးခ်င္ပါတယ္။

ဟက္ပီး နယူးရီးယားကို ဘာေတြစားရင္း ႀကိဳၾကမယ္ စိတ္ကူးလဲ

ဟက္ပီး နယူးရီးယားကို ဘာေတြစားရင္း ႀကိဳၾကမယ္ စိတ္ကူးလဲ ဆိုတာကို မေျပာျပေသးခင္ အရင္ဆုံး က်န္းမာေရးနဲ႔ ညီၫြတ္ေစမယ့္ အစားအစာေလးေတြကို ေျပာျပေပးမွာမို႔ စာဖတ္ပရိသတ္ႀကီးက အရင္ဆုံး ဖတ္ၾကည့္ေပးပါလို႔ ေျပာခ်င္ပါတယ္။

ေခါက္ဆြဲေၾကာ္

ၾကက္ဥေခါက္ဆြဲ၊ ဂ်ံဳေခါက္ဆြဲ စတာေတြကို ၾကက္ဥ၊ ဘဲဥတို႔ကို ေခါက္ေမႊၿပီး ေဂၚဖီ၊ တ႐ုတ္နံနံ၊ မုန္လာဥနီ၊ ပဲသီးစတာေတြနဲ႔ ေၾကာ္စားတာက ပ႐ိုတင္း၊ ကစီဓာတ္၊ ဗီတာမင္ေတြနဲ႔ အမွ်င္ဓာတ္ကိုပါ ျပည့္ျပည့္ဝဝ ရ႐ွိေစၿပီး အရသာလည္း ႐ွိေစမွာပါ။

ေခါက္ဆြဲေၾကာ္ကို ဒီအတိုင္း စားရမွာ အီတယ္ဆိုရင္ေတာ့ မန္က်ည္းသီး၊ င႐ုတ္သီးစိမ္း၊ ၾကက္သြန္ျဖဴတို႔နဲ႔ ေဖ်ာ္ထားတဲ့ အခ်ဥ္ေလးတစ္ခြက္နဲ႔ တြဲစားေပးပါ။ အစာေၾကေစၿပီး ကိုယ္တြင္းအဆိပ္အေတာက္ေတြကိုလည္း ဖယ္႐ွားေပးႏိုင္မွာပါ။ ဆီမ်ားမ်ားနဲ႔ ေၾကာ္တာကို ေ႐ွာင္ေပးပါ။

ၾကာဇံေၾကာ္

ၾကာဇံကိုလည္း ေခါက္ဆြဲေၾကာ္သလိုပဲ ၾကက္ဥ၊ ဘဲဥတို႔ကို ေခါက္ေမႊၿပီး ေဂၚဖီ၊ တ႐ုတ္နံနံ၊ မုန္လာဥနီ၊ ပဲသီးစတာေတြနဲ႔ ေၾကာ္စားေပးလို႔ ရပါတယ္။ ဒီလိုစားတာက ပ႐ိုတင္း၊ ကစီဓာတ္၊ ဗီတာမင္ေတြနဲ႔ အမွ်င္ဓာတ္ကိုပါ ျပည့္ျပည့္ဝဝ ရ႐ွိေစၿပီး အရသာလည္း ႐ွိေစမွာပါ။

ၾကာဇံေၾကာ္ကို ဒီအတိုင္း စားရမွာ မႀကိဳက္ဘူးဆိုရင္ေတာ့ မန္က်ည္းသီး၊ င႐ုတ္သီးစိမ္း၊ ၾကက္သြန္ျဖဴတို႔နဲ႔ ေဖ်ာ္ထားတဲ့ အခ်ဥ္ေလးတစ္ခြက္နဲ႔ တြဲစားေပးပါ။ အစာေၾကေစၿပီး ကိုယ္တြင္းအဆိပ္အေတာက္ေတြကိုလည္း ဖယ္႐ွားေပးႏိုင္မွာပါ။ ေခါက္ဆြဲေၾကာ္လိုပဲ ဆီေလွ်ာ့ပါ။

ၾကက္ကင္

ၾကက္သားေၾကာ္စားတာထက္ ကင္စားတာက ပိုၿပီး အဆီစားမိႏိုင္ေျခ နည္းပါတယ္။ အရင္ဆုံး ၾကက္သားကို အေရခြံ ဖယ္လိုက္ပါ။ ၿပီးရင္ေတာ့ ၾကက္သားကို ၾကက္သြန္ျဖဴ၊ ခ်င္း (ဂ်င္း)၊ သၾကားညိဳ၊ ပဲငံျပာရည္ အေနာက္၊ ဆား နည္းနည္းတို႔နဲ႔ နယ္ၿပီး ေရခဲေသတၱာထဲမွာ ၄၅ မိနစ္ေလာက္ ႏွပ္ထားပါ။ ၿပီးရင္ ဆီနည္းနည္းနဲ႔ ႏွံ႔ေအာင္နယ္ၿပီး ေနာက္ထပ္ နာရီဝက္ေလာက္ ထပ္ႏွပ္ထားေပးပါ။ ၿပီးရင္ေတာ့ ကင္စက္ကို အပူေပးၿပီး ကင္ေပးလို႔ ရပါတယ္။

ကင္တဲ့အခါမွာလည္း အပူခ်ိန္ နည္းနည္းနဲ႔ အခ်ိန္ၾကာၾကာေလး ကင္ေပးပါ။ ၾကက္ကင္ကို တြဲစားဖို႔ကေတာ့ ကိုယ္ခံအားကို အားျဖည့္ေပးမယ့္ ခရမ္းခ်ဥ္သီးေလးကို ျပဳတ္ၿပီး ၾကက္သြန္ျဖဴ ပါးပါးလွီး၊ နံနံပင္၊ င႐ုတ္သီးစိမ္း တို႔ထည့္ၿပီး ဆားနည္းနည္းနဲ႔ ေဖ်ာ္ေပးရမွာပါ။ ဒါဆိုရင္ က်န္းမာေရးနဲ႔ ညီၫြတ္ၿပီး ပ႐ိုတင္း၊ သံဓာတ္၊ ဗီတာမင္၊ သတၱဳဓာတ္ေတြ ႂကြယ္ဝတဲ့ နယူးရီးယား စားဖြယ္ တစ္မ်ိဳးကို ရ႐ွိမွာပါ။

အ႐ြက္သုပ္

ဒီေနရာမွာ မိမိႏွစ္သက္ရာ အစိမ္းေရာင္ အ႐ြက္တစ္မ်ိဳးမ်ိဳးကို သုပ္စားလို႔ ရပါတယ္။ က်န္းမာေရးနဲ႔ ညီၫြတ္ၿပီး အအီေျပေစဖို႔ဆိုရင္ အ႐ြက္ကို ေရေႏြးဆူဆူထည့္ျပဳတ္ၿပီး အစိမ္းေရာင္ အေနေလးမွာ ဆယ္ပါ။ ၿပီးရင္ ၾကက္သြန္ျဖဴ၊ င႐ုတ္သီးစိမ္း၊ ဆားနည္းနည္း၊ သံပုရာသီး၊ ႏွမ္းဆီ နည္းနည္းတို႔ကို ထည့္ၿပီး သုပ္စားလို႔ ရပါတယ္။ ႏွမ္းႀကိဳက္ရင္ေတာ့ ႏွမ္းေစ့နည္းနည္း ျဖဴးၿပီး သုံးေဆာင္လို႔ ရပါတယ္။

စြပ္ျပဳတ္

အရည္ေသာက္ တစ္ခုခု ေသာက္ခ်င္တယ္ဆိုသူေတြ အတြက္ ၾကက္႐ိုး၊ ဝက္႐ိုးစတာေတြကို ၾကက္သြန္ျဖဴ ႏိုင္ႏိုင္၊ ခ်င္း (ဂ်င္း) ႏိုင္ႏိုင္နဲ႔ ဆားနည္းနည္း ထည့္ၿပီး တစ္ေနကုန္ ျပဳတ္ထားေပးပါ။ ေသာက္ခါနီးမွ င႐ုတ္ေကာင္းေလး အ႐ြက္ေလး ခတ္ေပးတာက အာဟာရ ျပည့္ဝေစၿပီး ကိုယ္ခံအားကိုပါ အားျဖည့္ေပးႏိုင္မွာပါ။

ငါးသံပုရာေပါင္း

ငါးကင္အစား ငါးသံပုရာေပါင္း စားတာက က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ စားေသာက္နည္းပါ။ ငါးကို တီလားပီးယား သုံးလို႔ ရသလို ကကတစ္ကို သုံးေပးရင္လည္း ရပါတယ္။ ငါးကို ၾကက္သြန္ျဖဴ၊ ခ်င္း (ဂ်င္း)၊ စပါးလင္၊ ဆားနည္းနည္း၊ သၾကားညိဳနည္းနည္း၊ ပဲငံျပာရည္ အေနာက္နည္းနည္းေလးနဲ႔ ႏွပ္ၿပီး ငါးဗိုက္ထဲကို စပါးလင္ထုထားတာ၊ ပင္စိမ္း ၂ ခက္ေလာက္ ႐ွမ္းနံနံ တစ္ပင္ေလာက္ကို နည္းနည္းေလာက္ ထုၿပီး င႐ုတ္သီးစိမ္း ေထာင္းထားတာေတြကို ထည့္ၿပီး ေရခဲေသတၱာထဲမွာ ၃ နာရီၾကာေလာက္ ႏွပ္ထားေပးပါ။ ဒီလို ႏွပ္ထားၿပီးသား ငါးကို ငါးသံပုရာေပါင္း ခ်က္စားတာက က်န္းမာေရးနဲ႔ ညီၫြတ္မွာပါ။

ေသာက္စရာအေနနဲ႔ ဆိုရင္ေတာ့

ေသာက္စရာေတြအေနနဲ႔ကေတာ့ ႏွစ္ဆန္းတစ္ရက္ေန႔မွာ အရက္နာက်တာ ကင္းေစဖို႔ အရက္၊ ဘီယာေတြကို တတ္ႏိုင္သမွ် ေလွ်ာ့ေသာက္ပါ။ ႏွစ္မ်ိဳး ေရာေသာက္တာမ်ိဳးေတြ မလုပ္ပါနဲ႔။ အခ်ိဳရည္ေတြ၊ အားျဖည့္အခ်ိဳရည္ေတြနဲ႔ ေရာေသာက္တာမ်ိဳးလည္း မလုပ္ပါနဲ႔။ သဘာဝ အသီးေတြကေန ရတဲ့ ဝိုင္နဲ႔ သစ္သီးေဖ်ာ္ရည္ေတြကို ေသာက္ေပးတာက အေကာင္းဆုံး ျဖစ္မွာပါ။ ဝိုင္ေတြကိုလည္း အလြန္အကြၽံ မေသာက္ပါနဲ႔လို႔ ေျပာပါရေစ။

အခုေျပာခဲ့တာေတြက အဆီတက္တာ၊ မအီမသာျဖစ္တာမ်ိဳးေတြ မျဖစ္ေစဘဲ နယူးရီးယားကို က်န္းမာစြာ ႀကိဳဆိုႏိုင္ေစမယ့္ စားေသာက္မႈပါ။ ပရိသတ္ႀကီးေရာ ဘယ္လို အစားအစာေတြ စားရင္း နယူရီးယားကို ႀကိဳမယ္ စိတ္ကူးထားလဲဆိုတာကို ေျပာျပေပးဦးေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit: hellosayarwon

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် လေပေါ် ပေ ၅၀၀၀ အမြင့်တွင် ရှိနေသည့် ကျောချမ်းဖွယ် ကောင်းကင်လှေကား စတင်ဖွင့်လှစ်...
တရုတ်ပြည်တွင် လေပေါ် ပေ ၅၀၀၀ အမြင့်တွင် ရှိနေသည့် ကျောချမ်းဖွယ် ကောင်းကင်လှေကား စတင်ဖွင့်လှစ်...
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြတ်သန်းခဲ့ရပုံ...
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြတ်သန်းခဲ့ရပုံ...
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ...
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
imyanmarmarket
Shwe Wutt Hmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service