ကနေဒါမှ ဆေးဘက်ဝင် သဘာဝ ရောင်စုံ ရေအိုင်လေးများ

ကနေဒါမှ ဆေးဘက်ဝင် သဘာဝ ရောင်စုံ ရေအိုင်လေးများ - Property News in Myanmar from iMyanmarHouse.com
31 Dec 2022 11:03 am တွင် တင်ခဲ့သည်
379 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကနေဒါနိုင်ငံ၊ ဗြိတိသျှ ကိုလံဘီယာပြည်နယ်၊ Okanagan တောင်ကြားရှိ Osoyoos မြို့၏ အနောက်မြောက်ဘက်တွင် ရေကန်ကြီးတစ်ခု ရှိ၏။ ဆောင်းဦးနှင့် နွေဦးပေါက်ကာလများတွင် ရေကန်မှာ ကမ္ဘာပေါ်ရှိ အခြားရေကန်များ၏ မြင်ကွင်းမျိုးသာ ဖြစ်သည်။

သို့သော် နွေရောက်ပြီဆိုသည်နှင့် ရေကန်မှရေများ အငွေ့ပြန်ခြောက်ခန်းကာ ရာနှင့်ချီသော ရေငန်အိုင်ငယ်များအဖြစ် ကျန်ရစ်ခဲ့သည်။

ထူးခြားသည်မှာ ရေအိုင်များရှိ ရေအရောင်များမှာ အဝါ၊ အစိမ်း၊ အပြာ အစရှိသဖြင့် အမျိုးမျိုး ကွဲပြားနေခြင်း ဖြစ်သည်။

ထိုနေရာကို ကနေဒါ၏ ပဉ္စလက်အဆန်ဆုံးနေရာအဖြစ်လည်း လူသိများသည်။

(ရေအရောင်များ)

ရေအိုင်ငယ်များ၏ ရေများ ရောင်စုံကွဲပြားနေရခြင်းမှာ ရေအိုင်အသီးသီးတွင် ကယ်လ်စီယံ၊ ဆိုဒီယမ် ဆာလ်ဖိတ်၊ မဂ္ဂနီစီယံ ဆာလ်ဖိတ်တို့ အပါအဝင် သတ္တုဓာတ်များ မြင့်မားစွာ ပျော်ဝင်နေသောကြောင့် ဖြစ်သည်။

အဆိုပါ သတ္တုဓာတ်များနှင့် ဆားများမှာ ဝန်းကျင်ရှိ တောင်ကုန်းများမှ ပျော်ဝင်စီးဆင်း ရောက်ရှိလာခြင်း ဖြစ်သည်။

ပျော်ဝင်နေသည့် သတ္တုဓာတ်အမျိုးအစားပေါ် မူတည်ပြီး ရေအိုင်တစ်ခုချင်းစီ၏ ရေအရောင်များ ကွဲပြားသွားသည်။

(အထွတ်အမြတ်ထားမှု သမိုင်း)

British Columbia Visitor Centre ၏ ဖော်ပြချက်အရ ဤရောင်စုံ ရေအိုင်ငယ်လေးများသည် Okanagan ဌာနေတိုင်းရင်းသားဒေသမှ တိုင်းရင်းသားတို့ ရာစုနှစ်များစွာ အထွတ်အမြတ်ထားခဲ့သည့် နေရာတစ်ခုဖြစ်သည် ဟု ဆိုသည်။

စက်ဝိုင်းပုံ ရေအိုင်ငယ်လေးတစ်ခုချင်းစီတွင် ဆေးဘက်ဝင်အာနိသင် တစ်မျိုးစီရှိနေသည်ဟု ဌာနေတိုင်းရင်းသားတို့က ယုံကြည်ကြသည်။

(ဆေးဘက်ဝင်မှု သမိုင်း)

Okanagan ဌာနေတိုင်းရင်းသားတို့က ရေအိုင်ငယ်လေးများမှ ရေသည် ထိခိုက်ဒဏ်ရာအမျိုးမျိုးနှင့် သာမန်နှာစေးချောင်းဆိုးရောဂါများကို ကုသနိုင်ကြောင်း ယုံကြည်ကြသည်။

The Earth Chronicles of Life ၏ ဖော်ပြချက်အရ ဌာနေတိုင်းရင်းသားတို့အကြား ရေကန်နှင့် ပတ်သက်သော ဒဏ္ဍာရီသမိုင်းကြောင်းတစ်ခုရှိကြောင်း၊ ရေကန်သည် တိုင်းရင်းသားများအကြားဖြစ်ပွားနေသော ရှေးခေတ်က စစ်ပွဲကို အဆုံးသတ်စေခဲ့သည့် သမိုင်းရှိကြောင်း၊ ရေအိုင်ငယ်လေးများမှရေသည် စစ်သည်တော်တို့၏ ထိခိုက်ဒဏ်ရာများကို လျင်မြန်စွာ ပျောက်ကင်းစေရာ တိုက်ခိုက်နေကြခြင်းမှာ အကျိုးမရှိကြောင်း ယူဆကာ စစ်ပွဲရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

ရောင်စုံရေကန်များမှ ရေများဖြင့် ရောဂါဘယများ ကုသနိုင်သည်ဆိုခြင်းမှာ ဌာနေတိုင်းရင်းသားတို့၏ ယုံကြည်ယူဆချက်တစ်ခုမျှကားမဟုတ်။ ရေတွင် သတ္တုဓာတ်များ အလွန်ပေါကြွယ်ဝသောကြောင့် ရောဂါဘယများ ပျောက်ကင်းနိုင်စေခြင်းလည်း ဖြစ်နိုင်သည်။

Epsam ဆားရေစိမ်ခြင်းအားဖြင့် မဂ္ဂနီဆီယံ၏ အကျိုးကျေးဇူးများကို သင်တို့ သိရှိထားပြီး ဖြစ်သည်။

ရေစိမ်ကန်များမှ မဂ္ဂနီစီယမ်မှာ ကြွက်သားနာကျင်ခြင်းကို ဖြေလျှော့ပေးနိုင်စွမ်းရှိသည်။

Health Direct ၏ ဖော်ပြချက်အရ မဂ္ဂနီဆီယမ်ချို့တဲ့လျှင် ကျန်းမာရေးပြဿနာ များစွာကြုံရနိုင်ရာ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချို၊ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာနှင့် အရိုးပွခြင်းများဖြစ်နိုင်ကြောင်း ဖော်ပြသည်။

Epsom ဆားရည်စိမ်မည်ဆိုလျှင် ဤရောင်စုံရေအိုင်ငယ်များတွင် ရေစိမ်သကဲ့သို့ အလားတူ အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပြီး ဖော်ပြပါရောဂါများ ဖြစ်ပွားမည့် အန္တရာယ်ကို လျှော့ချပေးနိုင်မည် ဖြစ်သည်။

Okanagan တောင်ကြားမှ First Nations တို့အကြားတွင် ရေအိုင်ငယ်လေးများတည်ရှိရာ ရေကန်နေရာကို Kliluk ဟု ခေါ်ခဲ့ကြသည်။

(မှတ်ချက်။ ကနေဒါတွင် ဌာနေတိုင်းရင်းသားများကို First Nations ဟု ခေါ်ကြသည်)

ရေကန်တည်ရှိသည့် မြေနေရာသည် ပုဂ္ဂလိက ပိုင်ဆိုင်မှုအောက်တွင် နှစ်ပေါင်းများစွာ တည်ရှိခဲ့သည်။

နောက်ပိုင်းတွင်မူ Okanagan ဌာနေတိုင်းရင်းသားတို့က အများအကျိုးအတွက် ၂၀၀၁ ခုနှစ်တွင် ဝယ်ယူခဲ့သည်။

မြေနေရာတွင် အဆောက်အအုံများဆောက်လုပ်မည့်အရေးမှ ကာကွယ်ရန်အတွက် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်နေရာတစ်ခုအဖြစ် ထိန်းသိမ်းထားရှိခဲ့သည်။

ပထမကမ္ဘာစစ်ကြီးတွင် ရေကန်မှ သတ္တုဓာတ်များဖြင့် လက်နက်ခဲယမ်းများ ထုတ်လုပ်ခဲ့သည်။

အဆိုပါရေကန်မှ တစ်နေ့လျှင် ဆား ၁ တန်ထွက်ရှိသည်ဟု ဆိုသည်။ ရေကန်ရှိရာသို့ လာရောက်လည်ပတ်သူများသည် အထူးခွင့်ပြုချက် မရှိပါက အလွန်နီးကပ်စွာ လူကိုယ်တိုင် ဝင်ရောက်ကြည့်ရှုခွင့် မရှိချေ။

ထိုသို့ ဝင်ရောက်ခွင့် အထူးခွင့်ပြုချက်မှာလည်း ခွင့်ပြုခဲလှသည်။

ရေအိုင်ငယ်လေးများကို ခြံစည်းတစ်ခုဖြင့် ဝန်းပတ်ကာရံထားပြီး ယဉ်ကျေးမှုနှင့် ဂေဟဗေဒအတွက် အထူးထိန်းသိမ်းထားသောနေရာဖြစ်ကြောင်း ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The Mystery of Canada's Magical Spotted Lake (treehugger.com, grunge.com)

[Zawgyi]

ကေနဒါမွ ေဆးဘက္ဝင္ သဘာဝ ေရာင္စံု ေရအိုင္ေလးမ်ား

ကေနဒါႏိုင္ငံ၊ ျဗိတိသွ် ကိုလံဘီယာျပည္နယ္၊ Okanagan ေတာင္ၾကားရွိ Osoyoos ျမိဳ႕၏ အေနာက္ေျမာက္ဘက္တြင္ ေရကန္ၾကီးတစ္ခု ရွိ၏။ ေဆာင္းဦးႏွင့္ ေႏြဦးေပါက္ကာလမ်ားတြင္ ေရကန္မွာ ကမၻာေပၚရွိ အျခားေရကန္မ်ား၏ ျမင္ကြင္းမ်ဳိးသာ ျဖစ္သည္။

သို႔ေသာ္ ေႏြေရာက္ျပီဆိုသည္ႏွင့္ ေရကန္မွေရမ်ား အေငြ႔ျပန္ေျခာက္ခန္းကာ ရာႏွင့္ခ်ီေသာ ေရငန္အိုင္ငယ္မ်ားအျဖစ္ က်န္ရစ္ခဲ့သည္။

ထူးျခားသည္မွာ ေရအိုင္မ်ားရွိ ေရအေရာင္မ်ားမွာ အဝါ၊ အစိမ္း၊ အျပာ အစရွိသျဖင့္ အမ်ဳိးမ်ဳိး ကြဲျပားေနျခင္း ျဖစ္သည္။

ထိုေနရာကို ကေနဒါ၏ ပဥၥလက္အဆန္ဆံုးေနရာအျဖစ္လည္း လူသိမ်ားသည္။

(ေရအေရာင္မ်ား)

ေရအိုင္ငယ္မ်ား၏ ေရမ်ား ေရာင္စံုကြဲျပားေနရျခင္းမွာ ေရအိုင္အသီးသီးတြင္ ကယ္လ္စီယံ၊ ဆိုဒီယမ္ ဆာလ္ဖိတ္၊ မဂၢနီစီယံ ဆာလ္ဖိတ္တို႔ အပါအဝင္ သတၱဳဓာတ္မ်ား ျမင့္မားစြာ ေပ်ာ္ဝင္ေနေသာေၾကာင့္ ျဖစ္သည္။

အဆိုပါ သတၱဳဓာတ္မ်ားႏွင့္ ဆားမ်ားမွာ ဝန္းက်င္ရွိ ေတာင္ကုန္းမ်ားမွ ေပ်ာ္ဝင္စီးဆင္း ေရာက္ရွိလာျခင္း ျဖစ္သည္။

ေပ်ာ္ဝင္ေနသည့္ သတၱဳဓာတ္အမ်ဳိးအစားေပၚ မူတည္ျပီး ေရအိုင္တစ္ခုခ်င္းစီ၏ ေရအေရာင္မ်ား ကြဲျပားသြားသည္။

(အထြတ္အျမတ္ထားမႈ သမိုင္း)

British Columbia Visitor Centre ၏ ေဖာ္ျပခ်က္အရ ဤေရာင္စံု ေရအိုင္ငယ္ေလးမ်ားသည္ Okanagan ဌာေနတိုင္းရင္းသားေဒသမွ တိုင္းရင္းသားတို႔ ရာစုႏွစ္မ်ားစြာ အထြတ္အျမတ္ထားခဲ့သည့္ ေနရာတစ္ခုျဖစ္သည္ ဟု ဆိုသည္။

စက္ဝိုင္းပံု ေရအိုင္ငယ္ေလးတစ္ခုခ်င္းစီတြင္ ေဆးဘက္ဝင္အာနိသင္ တစ္မ်ဳိးစီရွိေနသည္ဟု ဌာေနတိုင္းရင္းသားတို႔က ယံုၾကည္ၾကသည္။

(ေဆးဘက္ဝင္မႈ သမိုင္း)

Okanagan ဌာေနတိုင္းရင္းသားတို႔က ေရအိုင္ငယ္ေလးမ်ားမွ ေရသည္ ထိခုိက္ဒဏ္ရာအမ်ဳိးမ်ဳိးႏွင့္ သာမန္ႏွာေစးေခ်ာင္းဆိုးေရာဂါမ်ားကို ကုသႏိုင္ေၾကာင္း ယံုၾကည္ၾကသည္။

The Earth Chronicles of Life ၏ ေဖာ္ျပခ်က္အရ ဌာေနတိုင္းရင္းသားတို႔အၾကား ေရကန္ႏွင့္ ပတ္သက္ေသာ ဒ႑ာရီသမိုင္းေၾကာင္းတစ္ခုရွိေၾကာင္း၊ ေရကန္သည္ တိုင္းရင္းသားမ်ားအၾကားျဖစ္ပြားေနေသာ ေရွးေခတ္က စစ္ပြဲကို အဆံုးသတ္ေစခဲ့သည့္ သမိုင္းရွိေၾကာင္း၊ ေရအိုင္ငယ္ေလးမ်ားမွေရသည္ စစ္သည္ေတာ္တို႔၏ ထိခိုက္ဒဏ္ရာမ်ားကို လ်င္ျမန္စြာ ေပ်ာက္ကင္းေစရာ တိုက္ခိုက္ေနၾကျခင္းမွာ အက်ဳိးမရွိေၾကာင္း ယူဆကာ စစ္ပြဲရပ္ဆိုင္းလိုက္ျခင္းျဖစ္သည္ဟု ေဖာ္ျပသည္။

ေရာင္စံုေရကန္မ်ားမွ ေရမ်ားျဖင့္ ေရာဂါဘယမ်ား ကုသႏိုင္သည္ဆိုျခင္းမွာ ဌာေနတိုင္းရင္းသားတို႔၏ ယံုၾကည္ယူဆခ်က္တစ္ခုမွ်ကားမဟုတ္။ ေရတြင္ သတၱဳဓာတ္မ်ား အလြန္ေပါၾကြယ္ဝေသာေၾကာင့္ ေရာဂါဘယမ်ား ေပ်ာက္ကင္းႏိုင္ေစျခင္းလည္း ျဖစ္ႏိုင္သည္။

Epsam ဆားေရစိမ္ျခင္းအားျဖင့္ မဂၢနီဆီယံ၏ အက်ဳိးေက်းဇူးမ်ားကို သင္တို႔ သိရွိထားျပီး ျဖစ္သည္။

ေရစိမ္ကန္မ်ားမွ မဂၢနီစီယမ္မွာ ၾကြက္သားနာက်င္ျခင္းကို ေျဖေလွ်ာ့ေပးႏိုင္စြမ္းရွိသည္။

Health Direct ၏ ေဖာ္ျပခ်က္အရ မဂၢနီဆီယမ္ခ်ဳိ႕တဲ့လွ်င္ က်န္းမာေရးျပႆနာ မ်ားစြာၾကံဳရႏိုင္ရာ ေသြးတိုးေရာဂါ၊ ႏွလံုးေရာဂါ၊ ဆီးခ်ဳိ၊ ေခါင္းတစ္ျခမ္းကိုက္ေဝဒနာႏွင့္ အရိုးပြျခင္းမ်ားျဖစ္ႏိုင္ေၾကာင္း ေဖာ္ျပသည္။

Epsom ဆားရည္စိမ္မည္ဆိုလွ်င္ ဤေရာင္စံုေရအိုင္ငယ္မ်ားတြင္ ေရစိမ္သကဲ့သို႔ အလားတူ အက်ဳိးေက်းဇူးမ်ား ရရွိမည္ျဖစ္ျပီး ေဖာ္ျပပါေရာဂါမ်ား ျဖစ္ပြားမည့္ အႏၱရာယ္ကို ေလွ်ာ့ခ်ေပးႏိုင္မည္ ျဖစ္သည္။

Okanagan ေတာင္ၾကားမွ First Nations တို႔အၾကားတြင္ ေရအိုင္ငယ္ေလးမ်ားတည္ရွိရာ ေရကန္ေနရာကို Kliluk ဟု ေခၚခဲ့ၾကသည္။

(မွတ္ခ်က္။ ကေနဒါတြင္ ဌာေနတိုင္းရင္းသားမ်ားကို First Nations ဟု ေခၚၾကသည္)

ေရကန္တည္ရွိသည့္ ေျမေနရာသည္ ပုဂၢလိက ပိုင္ဆိုင္မႈေအာက္တြင္ ႏွစ္ေပါင္းမ်ားစြာ တည္ရွိခဲ့သည္။

ေနာက္ပိုင္းတြင္မူ Okanagan ဌာေနတိုင္းရင္းသားတုိ႔က အမ်ားအက်ဳိးအတြက္ ၂၀၀၁ ခုႏွစ္တြင္ ဝယ္ယူခဲ့သည္။

ေျမေနရာတြင္ အေဆာက္အအံုမ်ားေဆာက္လုပ္မည့္အေရးမွ ကာကြယ္ရန္အတြက္ ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ယဥ္ေက်းမႈႏွင့္ သဘာဝပတ္ဝန္းက်င္ေနရာတစ္ခုအျဖစ္ ထိန္းသိမ္းထားရွိခဲ့သည္။

ပထမကမၻာစစ္ၾကီးတြင္ ေရကန္မွ သတၱဳဓာတ္မ်ားျဖင့္ လက္နက္ခဲယမ္းမ်ား ထုတ္လုပ္ခဲ့သည္။

အဆိုပါေရကန္မွ တစ္ေန႔လွ်င္ ဆား ၁ တန္ထြက္ရွိသည္ဟု ဆိုသည္။ ေရကန္ရွိရာသို႔ လာေရာက္လည္ပတ္သူမ်ားသည္ အထူးခြင့္ျပဳခ်က္ မရွိပါက အလြန္နီးကပ္စြာ လူကိုယ္တိုင္ ဝင္ေရာက္ၾကည့္ရႈခြင့္ မရွိေခ်။

ထိုသို႔ ဝင္ေရာက္ခြင့္ အထူးခြင့္ျပဳခ်က္မွာလည္း ခြင့္ျပဳခဲလွသည္။

ေရအိုင္ငယ္ေလးမ်ားကို ျခံစည္းတစ္ခုျဖင့္ ဝန္းပတ္ကာရံထားျပီး ယဥ္ေက်းမႈႏွင့္ ေဂဟေဗဒအတြက္ အထူးထိန္းသိမ္းထားေသာေနရာျဖစ္ေၾကာင္း ဆိုင္းဘုတ္တစ္ခု ခ်ိတ္ဆြဲထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The Mystery of Canada's Magical Spotted Lake (treehugger.com, grunge.com)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
Shwe Wutt Hmone
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service