၂၀၂၂ အတွင်း ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းက ပန်းရောင်နှင်းပန်း ကန်ကြီးသို့ ကမ္ဘာလှည့်ခရီးသည် သိန်းချီကာ လာရောက်လည်ပတ်ခဲ့
၂၀၂၂ အတွင်း ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းက ပန်းရောင်နှင်းပန်း ကန်ကြီးသို့ ကမ္ဘာလှည့်ခရီးသည် သိန်းချီကာ လာရောက်လည်ပတ်ခဲ့ - Property News in Myanmar from iMyanmarHouse.com
30 Dec 2022 10:45 am တွင် တင်ခဲ့သည်
946 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
(ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှ ပန်းရောင် နှင်းပန်းများ။ ဓာတ်ပုံ - Nation Thailand)
ထိုင်းနိုင်ငံတစ်ဝန်းတွင် ပန်းပေါင်းစုံ ဖူးပွင့်ဝေဆာလျက်ရှိပြီး အဆိုပါပန်းများကပင် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်လျက်ရှိသည်။
ထိုင်းနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်ကြသည့် ပန်းများဝေဆာဖူးပွင့်သော နေရာများအနက် နောက်ဆုံး နာမည်ကြီးနေသည်မှာ နောင့်ဟန် Kumphawapi ရေကန်ကြီးဖြစ်ပြီး ထိုင်းနိုင်ငံ၏ ပန်းရောင် ရေလီလီပန်း ရေကန်ဟု လူသိများသည်။
(နောင့်ဟန်ကန်ကြီးနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို iMyanmarhouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်)
ရေကန်ကြီး တည်ရှိရာနေရာမှာ ထိုင်းနိုင်ငံအရှေ့မြောက်ဘက် ဥဒုံသနီပြည်နယ်တွင် ဖြစ်သည်။
နောင့်ဟန်ကန်၏ ကမ္ဘာလှည့်ခရီးသွားလှေလုပ်ငန်းဥက္ကဌ Paisit Sukrome က ထိုင်းသတင်းမီဒီယာများသို့ ပြောသည်မှာ ရေကန်အတွင်းရှိ ရေညှိများကို အမြစ်ပြတ်ဖယ်ရှားနိုင်ခဲ့သောကြောင့် လီလီပန်းများမှာ ယခင်နှစ်များထက် ပိုမိုသိသာထင်ရှားလာကြောင်း ပြောသည်။
ယခုနှစ်အတွင်း နောင့်ဟန်ကန်သို့ လာရောက်လည်ပတ်သူ ၂၀၀,၀၀၀ ခန့်ရှိကြောင်း Paisit က ပြောသည်။
ပြီးခဲ့သော ၂၀၂၁ ကမူ နောင့်ဟန်ကန်သို့ လည်ပတ်သူ ၅၀,၀၀၀ ခန့်သာ ရှိခဲ့သည်။
ရေကန်ကြီးအတွင်း လည်ပတ်ကြည့်ရှုရန် လှေအစီးရေ ၁၀၀ ကျော်ရှိကြောင်း Paisit က ပြောသည်။
သို့သော် ရေညှိများဖယ်ရှားရန် ကြိုးပမ်းနေသောကြောင့် ဆိပ်ခံတံတား ၅ ခုအနက် လက်ရှိတွင် ၃ ခုသာ ဖွင့်လှစ်ထားကြောင်း ၎င်းက ပြောသည်။
ထိုင်းနိုင်ငံရှိ အခြားသော ပန်းများပွင့်လန်းရာ နာမည်ကြီးနေရာများနည်းတူ နောင့်ဟန်ကန်သို့ ကမ္ဘာလှည့် ခရီးသည်များ အများဆုံးလာရောက်လည်ပတ်ကြသည်မှာ အေးမြသောရာသီဥတုမျိုးတွင်ဖြစ်ရာ ယခုလများအတွင်းသည် နောင့်ဟန်သို့ သွားရောက်ရန် အကောင်းဆုံးအချိန် ဖြစ်သည်။
ရေကန်အတွင်းလည်ပတ်ရန် အကောင်းဆုံးအချိန်မှာ မနက်အစောပိုင်းတွင်ဖြစ်ပြီး မနက် ၁၁ နာရီနောက်ပိုင်း တွင် နေပြင်းနိုင်သောကြောင့်ဖြစ်ကြောင်း လှေသမားတို့က ပြောသည်ဟု Nation Thailand က ဖော်ပြသည်။
၂၀၁၄ ခုနှစ်အတွင်း CNN သတင်းဌာန၏ အထူးဆန်းဆုံးရေကန် ၁၅ ခုစာရင်းတွင် ပန်းရောင်ရေလီလီကန်ကို ထည့်သွင်းဖော်ပြခံရသည်။
ထိုင်းနိုင်ငံတစ်လွှား အရောင်အသွေးစုံ ပန်းများပွင့်လန်းရာ နေရာအများအပြားရှိပြီး ကမ္ဘာလှည့်ခရီးသွားများကို နှစ်သိမ့်ကြည်နူးမှုများ ပေးစွမ်းလျက်ရှိသည်။
ထိုင်းနိုင်ငံအလယ်ပိုင်းတွင်ဆိုလျှင် လော့ပ်ဘူရီပြည်နယ်တွင် ကမ္ဘာလှည့်ခရီးသည်များစွာ လည်ပတ်ကြသည့် Cosmos ပန်းကွင်းပြင်ကြီးတစ်ခုရှိသည်။
ထိုင်းကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ (TAT) ညွှန်ကြားရေးမှူးရုံးသည် ပြီးခဲ့သော သီတင်းပတ်က ကမ္ဘာလှည့်ခရီးသည်အုပ်စုတစ်ခုကို အဆိုပါပန်းကွင်းသို့ ပို့ဆောင်ပေးခဲ့ပြီး ခရမ်း၊ ပန်းရောင်၊ အဖြူရောင် အစရှိသော ရောင်စုံ cosmos ပန်းကွင်းပြင်ကြီးကို ငေးမောခံစားစေခဲ့သည်ဟု ဆိုသည်။
ဒေသခံတို့က အဆိုပါပန်းကွင်းကြီးထဲတွင် လာရောက်လည်ပတ်ကြည့်ရှုသော ကမ္ဘာလှည့်ခရီးသည်များ ကြည့်ရှုခံစားနိုင်စေရန် cosmos မျိုးစိတ်သစ်၊ အရောင်သစ်များ အမြဲဖြည့်စွက် စိုက်ပျိုးပေးလျက် ရှိကြသည်။
ထိုင်းနိုင်ငံမြောက်ပိုင်း နခွန်ဆဝမ်ပြည်နယ်မှ ပန်းရောင်ကြာပန်းများကလည်း ကမ္ဘာလှည့်ခရီးသည်များကို များစွာ ဆွဲဆောင်နိုင်သည်။
ထိုပြည်နယ်မှ Bueng Boraphet အမည်ရှိ ရေကန်ကြီးတွင် ကြာပန်းများဖုံးလွှမ်းထားသည့် ရေဧရိယာမှာ rai 100 ကျော် ရှိသည်။
သင့်အနေဖြင့် ဖော်ပြပါနေရာများအနက် မည်သည့်နေရာသို့ သွားရောက်လည်ပတ်လိုပါသနည်း။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Pink lilies pull hundreds of thousands of tourists to northeast Thailand lake (thethaiger)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
MIngalardon Garden City
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service