၂၀၂၂ ခုနှစ်အတွင်း ခွက်ခွက်လန်အရှုံးပေါ်ခဲ့သော အမေရိကန်ဘီလျံနာကြီးများ
၂၀၂၂ ခုနှစ်အတွင်း ခွက်ခွက်လန်အရှုံးပေါ်ခဲ့သော အမေရိကန်ဘီလျံနာကြီးများ - Property News in Myanmar from iMyanmarHouse.com
30 Dec 2022 10:17 am တွင် တင်ခဲ့သည်
979 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
၂၀၂၂ ခုနှစ်သည် ဘီလျံနာများအတွက် ဆိုးရွားသော နှစ်တစ်နှစ် ဖြစ်သည်။
Forbes မဂ္ဂဇင်းကြီး၏ ဖော်ပြချက်အရ ၂၀၂၂ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးမှ ဘီလျံနာများ စုစုပေါင်း အရှုံးပေါ်ခဲ့သည့် ပမာဏမှာ ကန်ဒေါ်လာ ၂ ထရီလီယံနီးပါးရှိသည်ဟု ဆိုသည်။
အမေရိကန်ဘီလျံနာကြီးများ၏ စုစုပေါင်းအရှုံးပေါ်ခဲ့သည့် ပမာဏမှာ ကန်ဒေါ်လာ ၆၆၀ ဘီလီယံခန့်ရှိရာ ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံထက်မဆို များပြားသည့် ပမာဏဖြစ်ကြောင်း Forbes မဂ္ဂဇင်းက ဖော်ပြသည်။
ဗဟိုဘဏ်၏ အတိုးနှုန်းမြှင့်တင်ပေးမှုကြောင့် နည်းပညာကုမ္ပဏီကြီးများ၏ ရှယ်ယာဈေးများ ထိုးကျကာ ငွေကြေးဖောင်းပွမှု မြင့်တက်လာသောကြောင့် စီးပွားရေးအခြေအနေများ ဆိုးရွားခဲ့ကြသည်။
အမေရိကန် ဘီလျံနာများအနက် Tesla, SpaceX နှင့် Twitter ကုမ္ပဏီတို့၏ CEO ဖြစ်သူ Elon Musk မှာ အများဆုံးအရှုံးပေါ်ခဲ့သူ ဖြစ်သည်။
Forbes မဂ္ဂဇင်းကြီး၏ ဖော်ပြချက်အရ Elon Musk သည် ယခုနှစ်အတွင်း သူ၏ ကြွယ်ဝမှု ကန်ဒေါ်လာ ၁၁၅ ဘီလီယံခန့် ကျဆင်းသွားခဲ့သည်ဟု ဆိုသည်။
ယခုနှစ် အောက်တိုဘာလအတွင်း Elon Musk သည် တွစ်တာကုမ္ပဏီကို ကန်ဒေါ်လာ ၄၄ ဘီလီယံဖြင့် ဝယ်ယူခဲ့ရာ အဆိုပါ ဝယ်ယူမှုအတွက် ငွေရရန် သူ၏ Tesla ကုမ္ပဏီမှ ရှယ်ယာ ကန်ဒေါ်လာ ၂၃ ဘီလီယံဖိုးခန့် ရောင်းထုတ်ခဲ့သည်။
တွစ်တာကို ဝယ်ယူခဲ့သော ငွေပမာဏမှာ တန်ကြေးထက် များပြားလွန်းကြောင်း Elon Musk က ဝန်ခံသည်။
မကြာသေးမီက Elon Musk က အတည်ပြုထားသည်မှာ တွစ်တာကုမ္ပဏီ၏ CEO ရာထူးမှ နှုတ်ထွက်သွားမည် ဖြစ်ပြီး အစားထိုးရန် သင့်တော်သည့်သူကို ရှာဖွေတွေ့ရှိထားကြောင်း ပြောကြားထားသည်။
ဒီဇင်ဘာလ ၂၇ ရက်နေ့အထိ အချက်အလက်များအရ Tesla ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများမှာ ၇၀ ရာခိုင်နှုန်းနီးပါးအထိ ကျဆင်းသွားခဲ့သည်။
Tesla တွင် ကာလကြာရှည်ဝင်ရောက် ရင်းနှီးမြှပ်နှံထားသူများက Elon Musk အနေဖြင့် ကုမ္ပဏီအပေါ် ပြန်လည် အာရုံစိုက်ပေးရန် ဒါရိုက်တာဘုတ်အဖွဲ့အား တောင်းဆိုခဲ့ကြသည်။
Elon Musk သည် ယခုနှစ်အတွင်း ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ်မှ ကျဆင်းသွားခဲ့သော်လည်း အမေရိက၏ အချမ်းသာဆုံ ပုဂ္ဂိုလ်အဖြစ် ဆက်လက်ရပ်တည်လျက်ရှိသည်။
Forbes မဂ္ဂဇင်းကြီး၏ ဖော်ပြချက်တွင် ဒီဇင်ဘာ ၂၇ ရက်အထိ အချက်အလက်များအရ Elon Musk ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၃၉ ဘီလီယံနီးပါး ဖြစ်သည်။
၂၀၂၂ ခုနှစ်အတွင်း ကြီးမားစွာ အရှုံးပေါ်ခဲ့သော အမေရိကန်ဘီလျံနာများကို Forbes မဂ္ဂဇင်းကြီးက အောက်ပါအတိုင်း ဖော်ပြထားသည်။
၁။ ဂျက်ဘေးဇော့စ် (Jeff Bezos)
-Amazon တည်ထောင်သူ ၊ ဥက္ကဌ
-၂၀၂၂ ခန့်မှန်းချေ အရှုံးပေါ်မှု - ကန်ဒေါ်လာ ၈၀ ဘီလီယံ
- ကြွယ်ဝမှု- ကန်ဒေါ်လာ ၁၀၆ ဒသမ ၈ ဘီလီယံ (ဒီဇင်ဘာ ၂၇ ရက် အချက်အလက်များအရ )
၂။ မာ့ခ် ဇပ်ကာဘာ့ဂျ်  (Mark Zuckerberg)
- Meta Platforms ပူးတွဲတည်ထောင်သူ (ဖေ့စ်ဘုတ်၏ မိခင်ကုမ္ပဏီ)
-၂၀၂၂ ခန့်မှန်းချေ အရှုံးပေါ်မှု - ကန်ဒေါ်လာ ၇၈ ဘီလီယံ
- ကြွယ်ဝမှု- ကန်ဒေါ်လာ ၄၂ ဒသမ ၇ ဘီလီယံ (ဒီဇင်ဘာ ၂၇ ရက် အချက်အလက်များအရ )
၃။ လယ်ရီ ပေ့ချ်   (Larry Page)
-Google ပူးတွဲတည်ထောင်သူ ၊ ဘုတ်အဖွဲ့ဝင်
-၂၀၂၂ ခန့်မှန်းချေ အရှုံးပေါ်မှု - ကန်ဒေါ်လာ ၄၀ ဘီလီယံ
- ကြွယ်ဝမှု- ကန်ဒေါ်လာ ၇၆ ဒသမ ၈ ဘီလီယံ (ဒီဇင်ဘာ ၂၇ ရက် အချက်အလက်များအရ )
၄။ ဖေးလ် နိုက်ထ်  (Phil Knight)
- Nike ကုမ္ပဏီ၏ ဥက္ကဌ
-၂၀၂၂ ခန့်မှန်းချေ အရှုံးပေါ်မှု - ကန်ဒေါ်လာ ၁၈ ဒသမ ၃ ဘီလီယံ
- ကြွယ်ဝမှု- ကန်ဒေါ်လာ ၄၅ ဒသမ ၂ ဘီလီယံ (ဒီဇင်ဘာ ၂၇ ရက် အချက်အလက်များအရ )
၅။ လဲနက် လာဒါ (Leonard Lauder)
-The Estée Lauder ကုမ္ပဏီအုပ်စု၏ ဥက္ကဌ
-၂၀၂၂ ခန့်မှန်းချေ အရှုံးပေါ်မှု - ကန်ဒေါ်လာ ၉ ဒသမ ၈ ဘီလီယံ
- ကြွယ်ဝမှု- ကန်ဒေါ်လာ ၂၂ ဘီလီယံ (ဒီဇင်ဘာ ၂၇ ရက် အချက်အလက်များအရ )
၂၀၂၂ ခုနှစ်အတွင်း အချို့သော ထိပ်တန်းသူဌေးကြီးများ ဆိုလျှင် ဘီလျံနာအဆင့်မှ ကျဆင်းသွားခဲ့ရသည်။
ရက်ပ်အဆိုတော် ကင်ညေးဝက်စ်သည် အောက်တိုဘာလ ၂၅ ရက်တွင် Adidas ကုမ္ပဏီက ၎င်းနှင့် ဆက်သွယ်လုပ်ကိုင်နေမှုများကို ရပ်ဆိုင်းခဲ့ရာ နေ့ချင်းညချင်း ဘီလျံနာ အဆင့်အတန်းမှ ကျဆင်းသွားခဲ့ရသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: America’s richest lost $660 billion collectively in 2022 — Elon Musk lost the most (cnbc)
[Zawgyi]
၂။ မာ့ခ် ဇပ်ကာဘာ့ဂ်ျ   (Mark Zuckerberg)
၃။ လယ်ရီ ပေ့ခ်ျ  (Larry Page)
- Nike ကုမ္ပဏီ၏ ဥက္ကဌ
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
imyanmarmarket
Sweet Dream Villa
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service