သံယောဇဉ်ကြီးသူရဲ့ သစ္စာ

သံယောဇဉ်ကြီးသူရဲ့ သစ္စာ - Property Knowledge in Myanmar from iMyanmarHouse.com
28 Dec 2022 2:05 pm တွင် တင်ခဲ့သည်
814 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

သံယောဇဉ်ဆိုတာခက်သားကလား။လူမှ မဟုတ်ပါဘူး။ကျွန်တော်တို့လူတွေက နိမ့်ချဆက်ဆံထားတတ်တဲ့ တိရစ္ဆာန်တွေတောင်မှ သံယောဇဉ်အလွန်ကြီးမားတတ်တာကိုတွေရတယ်။

သံယောဇဉ်ဆိုတဲ့ မမြင်နိုင်တဲ့ ကြိုးတွေနဲ့ ရစ်ပတ်ဖွဲ့နှောင်ထားခြင်းရဲ့နောက်မှာ သိပ်ကိုချစ်စရာကောင်းတာ တွေ၊ အမှတ်ရစရာ လေးတွေစားစရာ ကောင်းတာတွေ၊ရက်စက်ကြမ်းကြုတ်တာတွေလဲ ဖြစ်လာတတ်ပါတယ်။

ဘာပဲဖြစ်ဖြစ်လေ သံယောဇဉ်ဆိုတာ သတ္တလောကကြီးမှာ ဘဝရဲ့လွတ်မြောက်ရာလမ်းကို မလျှောက်လှမ်းသေးရင်တော့ ဒီလိုရစ်ပတ်ဖွဲ့နှောင်ထားခြင်းတွေနဲ့ သွားနေကြရမှာပါပဲ။မမြင်နိုင်တဲ့ ဒီသံယောဇဉ် ကြိုးလေးခိုင်မြဲနေမှ အသိုက်အမြုံလေးတွေဟာ မပျက်မစီးတည်မြဲနေကြမယ် ယူဆမိပါတယ်။

သံယောဇဉ်ကြောင့် ဖြစ်လာတဲ့ အမှတ်ရစရာတွေကလည်း ဒီကမ္ဘာကြီးမှာပြောစရာတွေ တစ်ထွေးတစ်ပိုက်ကြီးတွေ ရှိနေပါတယ်။ဒီထဲကမှ လူနဲ့ခွေးလေးတစ်ကောင်ရဲ့ ရစ်ပတ်ဖွဲ့နှောင်ထားတဲ့ သံယောဇဉ်လေးကို စာအနေနဲ့ ဖတ်ရတော့လည်း ကြည်နူးလွမ်းဆွတ်ရသလို ရုပ်ရှင်အနေနဲ့ကြည့်ရတော့ လည်း ခံစားမှုရသတွေပေးစွမ်းတာကိုလည်း ရရှိခဲ့ရတဲ့ ခွေးကလေး ဟချီကို အကြောင်းလေးပြောချင်လာပါ တယ်။

သံယောဇဉ်ကိုပေါ်လွင်စေတဲ့ ဒီဖြစ်ရပ်ဟာ လုပ်ကြံဖန်တီးထားတဲ့ ဇာတ်လမ်းမဟုတ်ဘဲ တကယ့်ဖြစ်ရပ် အမှန်လေးဆိုတော့ ပိုပြီးတော့ ရင်နင့်ရပါတယ်။ခွေးကလေးဟချီကိုဇာတ်လမ်းက ဂျပန်မှာဖြစ်ခဲ့တာပါ။

 

သစ္စာရှိခြင်း၊သံယောဇဉ်အားကြီးခြင်းတွေရဲ့ ပြယုဂ်တစ်ခုအဖြစ် ဂျပန်မှာတော့ ဟချီကိုအတွက် အမှတ်တရနေရာလေးကို ပြုလုပ်ပေးထားခဲ့ပါတယ်။

ခရီးသွားခြင်းကို ဝါသနာပါသူတွေက ဂျပန်ကိုရောက်ရင် ဒီနေရာလေးကို လည်ပတ်စရာနေရာတစ်ခုအဖြစ် ရှေ့တန်းတင်ထားကြပါတယ်။ဟာချီကိုရဲ့ ဇာတ်လမ်းလေးကို သံယောဇဉ်ကြီးသူတွေရဲ့ မှတ်တရအဖြစ် ဖော်ပြလိုက်ပါတယ်။

တိုကျိုဘုရင့်တက္ကသိုလ်မှ စိုက်ပျိုးရေးပါမောက္ခဖြစ်သူ ပရော်ဖက်ဆာ ဟိုက်ဇဘူရိုအုအဲနော့က ၁၉၂၀ ပြည့်နှစ်လောက်မှာ ခွေးကလေး ဟချီကိုကို မွေးခဲ့ပါတယ်။

 

 

ပရော်ဖက်ဆာ အုအဲနော့ဟာ သူစာသင်ပေးရတဲ့ တက္ကသိုလ်ကို ရှီဘူယဘူတာရုံကနေတစ်ဆင့် သွားရပါတယ်။

သူသွားတဲ့ နံနက်တိုင်း ခွေးကလေးဟချီကိုးဟာ ရှီဘူယဘူတာရုံအထိ လိုက်ပါလာလေ့ရှိပါတယ်။ သူ့သခင် ရုံးပြန်လာလေ့ရှိတဲ့ ညနေခင်းမှာလည်း မပျက်မကွက် ရှိဘူယဘူတာရုံရှေ့မှာ သွားရောက်စောင့်ကြို နေတတ်တယ်။

၁၉၂၅ ခုနှစ် မေ ၂၁ ရက်တွင် ပရော်ဖက်ဆာ အုအဲနော့ဟာ တက္ကသိုလ်မှာ စာသင်ကြားပေးနေရင်း ရုတ်တရက် ဦးနှောက်အာရုံကြောရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

သံယောဇဉ်ကြီးရှာတဲ့ ခွေးကလေးဟာချီကိုကတော့ သူ့သခင် ဆုံးပါးသွာတာကို မသိရှာပါဘူး။မသိရှာလို့လည်း သူ့သခင် အလုပ်ကပြန်လာမယ့် အချိန်ရောက်တိုင်း ရှိဘူယဘူတာရုံရှေ့မှာ အချိန်မှန်မှန်သွားလို့စောင့်နေခဲ့ ပါတယ်။

 

သစ္စာတရားနဲ့ သံယောဇဉ်ကြီးရှာတဲ့ ဟချီကိုဟာ သူ့သခင်ပြန်လာတတ်တဲ့ဘူတာရုံမှာ သူသေဆုံးချိန် ၁၉၃၅ ခုနှစ်အထိတောင် ဘယ်လိုပင် ရာသီဥတုတွေ ဆိုးရွားနေပါစေ နေ့စဉ်မပျက်သွားစောင့်နေခဲ့ရှာတာပါ။ တွက်ကြည့်ရင် ဆယ်နှစ်ဝန်းကျင်ခန့်တောင် အချိန်တွေကြာခဲ့ပါတယ်။

သခင်အပေါ် သံယောဇဉ်ကြီးရှာတဲ့ ဟာချီကိုရဲ့ အကြောင်းကို သူမသေခင် ၁၉၃၂ ခုနှစ်မှာ ဂျပန်သတင်းစာ တစ်စောင်က ဆုံးပါးသွားတဲ့ သခင်ကို နှစ်နှင့်ချီပြီး စောင့်မျှော်နေရှာတဲ့အကြောင်း သတင်းရေးသား ဖော်ပြခဲ့ကြတယ်။

 

အဲဒီသတင်းကြောင့် သူ့အကြောင်းကို လူသိများခဲ့ပါတယ်။ဟာချီကို သက်ရှိထင်ရှားရှိစဉ်မှာပဲ သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ရှီဘူယဘူတာရုံရှေ့မှာ သူ့ပုံကြေးရုပ်တုလေးစိုက်ထူပေးခဲ့ကြတယ်။အဲဒီဖွင့်ပွဲကို ခွေးလေးဟချီကိုကို တက်ရောက်စေခဲ့ပါတယ်။၁၉၃၅ ခုနှစ် မတ်လ ၈ ရက်မှာတော့ ရှီဘူယဘူတာရုံအနီး လမ်းတစ်လမ်းမှာ သံယောဇဉ်ကြီးစွာ သခင်ကိုပြန်လာနိုးနဲ့ စောင့်နေရင်း ကွယ်လွန်သွားခဲ့ပါတယ်။

 

သူကွယ်လွန်တဲ့ သတင်းဟာ အဲဒီတုန်းက ဂျပန်မှာ ထိပ်တန်းသတင်းတစ်ပုဒ်အဖြစ်နဲ့ ရှိခဲ့ပါတယ်။သခင်ကို သံယောဇဉ်ကြီးရှာတဲ့သူ့ကို သူသခင်မြှုပ်နှံရာ အုတ်ဂူအနီးမှာပဲ သူ့ကို မြှုပ်နှံပေးခဲ့ကြပြီး ဟချီကို ဂျပန်ရိုးရာနတ်ကွန်းတစ်ခုကိုလည်း အဲဒီနေရာမှာ ပြုလုပ်ပေးခဲ့ကြပါတယ်။

ခွေကလေးဟာချီကိုရဲ့ အဆုံးစွန်သော ကြီးမားတဲ့ သစ္စာတရားနဲ့သံယောဇဉ်ရဲ့ စွမ်းအားကို ပြခဲ့တော့ လူတွေဟာမနေသာတော့ပါဘူး။ အမှတ်တရ ဂုဏ်ပြုပေးခဲ့ကြရတော့တာပါပဲ။

 

 

 

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

သံေယာဇဥ္ႀကီးသူရဲ႕ သစၥာ

သံေယာဇဥ္ဆိုတာခက္သားကလား။လူမွ မဟုတ္ပါဘူး။ကၽြန္ေတာ္တို႔လူေတြက နိမ့္ခ်ဆက္ဆံထားတတ္တဲ့ တိရစၧာန္ေတြေတာင္မွ သံေယာဇဥ္အလြန္ႀကီးမားတတ္တာကိုေတြရတယ္။

သံေယာဇဥ္ဆိုတဲ့ မျမင္ႏိုင္တဲ့ ႀကိဳးေတြနဲ႔ ရစ္ပတ္ဖြဲ႕ေႏွာင္ထားျခင္းရဲ႕ေနာက္မွာ သိပ္ကိုခ်စ္စရာေကာင္းတာ ေတြ၊ အမွတ္ရစရာ ေလးေတြစားစရာ ေကာင္းတာေတြ၊ရက္စက္ၾကမ္းၾကဳတ္တာေတြလဲ ျဖစ္လာတတ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ေလ သံေယာဇဥ္ဆိုတာ သတၱေလာကႀကီးမွာ ဘဝရဲ႕လြတ္ေျမာက္ရာလမ္းကို မေလွ်ာက္လွမ္းေသးရင္ေတာ့ ဒီလိုရစ္ပတ္ဖြဲ႔ေႏွာင္ထားျခင္းေတြနဲ႔ သြားေနၾကရမွာပါပဲ။မျမင္ႏိုင္တဲ့ ဒီသံေယာဇဥ္ ႀကိဳးေလးခိုင္ၿမဲေနမွ အသိုက္အျမဳံေလးေတြဟာ မပ်က္မစီးတည္ၿမဲေနၾကမယ္ ယူဆမိပါတယ္။

သံေယာဇဥ္ေၾကာင့္ ျဖစ္လာတဲ့ အမွတ္ရစရာေတြကလည္း ဒီကမ႓ာႀကီးမွာေျပာစရာေတြ တစ္ေထြးတစ္ပိုက္ႀကီးေတြ ရွိေနပါတယ္။ဒီထဲကမွ လူနဲ႔ေခြးေလးတစ္ေကာင္ရဲ႕ ရစ္ပတ္ဖြဲ႔ေႏွာင္ထားတဲ့ သံေယာဇဥ္ေလးကို စာအေနနဲ႔ ဖတ္ရေတာ့လည္း ၾကည္ႏူးလြမ္းဆြတ္ရသလို ႐ုပ္ရွင္အေနနဲ႕ၾကည့္ရေတာ့ လည္း ခံစားမႈရသေတြေပးစြမ္းတာကိုလည္း ရရွိခဲ့ရတဲ့ ေခြးကေလး ဟခ်ီကို အေၾကာင္းေလးေျပာခ်င္လာပါ တယ္။

သံေယာဇဥ္ကိုေပၚလြင္ေစတဲ့ ဒီျဖစ္ရပ္ဟာ လုပ္ၾကံဖန္တီးထားတဲ့ ဇာတ္လမ္းမဟုတ္ဘဲ တကယ့္ျဖစ္ရပ္ အမွန္ေလးဆိုေတာ့ ပိုၿပီးေတာ့ ရင္နင့္ရပါတယ္။ေခြးကေလးဟခ်ီကိုဇာတ္လမ္းက ဂ်ပန္မွာျဖစ္ခဲ့တာပါ။

သစၥာရွိျခင္း၊သံေယာဇဥ္အားႀကီးျခင္းေတြရဲ႕ ျပယုဂ္တစ္ခုအျဖစ္ ဂ်ပန္မွာေတာ့ ဟခ်ီကိုအတြက္ အမွတ္တရေနရာေလးကို ျပဳလုပ္ေပးထားခဲ့ပါတယ္။

ခရီးသြားျခင္းကို ဝါသနာပါသူေတြက ဂ်ပန္ကိုေရာက္ရင္ ဒီေနရာေလးကို လည္ပတ္စရာေနရာတစ္ခုအျဖစ္ ေရွ႕တန္းတင္ထားၾကပါတယ္။ဟာခ်ီကိုရဲ႕ ဇာတ္လမ္းေလးကို သံေယာဇဥ္ႀကီးသူေတြရဲ႕ မွတ္တရအျဖစ္ ေဖာ္ျပလိုက္ပါတယ္။

တိုက်ဳိဘုရင့္တကၠသိုလ္မွ စိုက္ပ်ိဳးေရးပါေမာကၡျဖစ္သူ ပေရာ္ဖက္ဆာ ဟိုက္ဇဘူ႐ိုအုအဲေနာ့က ၁၉၂၀ ျပည့္ႏွစ္ေလာက္မွာ ေခြးကေလး ဟခ်ီကိုကို ေမြးခဲ့ပါတယ္။

ပေရာ္ဖက္ဆာ အုအဲေနာ့ဟာ သူစာသင္ေပးရတဲ့ တကၠသိုလ္ကို ရွီဘူယဘူတာ႐ုံကေနတစ္ဆင့္ သြားရပါတယ္။

သူသြားတဲ့ နံနက္တိုင္း ေခြးကေလးဟခ်ီကိုးဟာ ရွီဘူယဘူတာ႐ုံအထိ လိုက္ပါလာေလ့ရွိပါတယ္။ သူ႔သခင္ ႐ုံးျပန္လာေလ့ရွိတဲ့ ညေနခင္းမွာလည္း မပ်က္မကြက္ ရွိဘူယဘူတာ႐ုံေရွ႕မွာ သြားေရာက္ေစာင့္ႀကိဳ ေနတတ္တယ္။

၁၉၂၅ ခုႏွစ္ ေမ ၂၁ ရက္တြင္ ပေရာ္ဖက္ဆာ အုအဲေနာ့ဟာ တကၠသိုလ္မွာ စာသင္ၾကားေပးေနရင္း ႐ုတ္တရက္ ဦးေႏွာက္အာ႐ုံေၾကာေရာဂါနဲ႔ ကြယ္လြန္သြားခဲ့ပါတယ္။

သံေယာဇဥ္ႀကီးရွာတဲ့ ေခြးကေလးဟာခ်ီကိုကေတာ့ သူ႔သခင္ ဆုံးပါးသြာတာကို မသိရွာပါဘူး။မသိရွာလို႔လည္း သူ႔သခင္ အလုပ္ကျပန္လာမယ့္ အခ်ိန္ေရာက္တိုင္း ရွိဘူယဘူတာရုံေရွ႕မွာ အခ်ိန္မွန္မွန္သြားလို႔ေစာင့္ေနခဲ့ ပါတယ္။

သစၥာတရားနဲ႔ သံေယာဇဥ္ႀကီးရွာတဲ့ ဟခ်ီကိုဟာ သူ႔သခင္ျပန္လာတတ္တဲ့ဘူတာ႐ုံမွာ သူေသဆုံးခ်ိန္ ၁၉၃၅ ခုႏွစ္အထိေတာင္ ဘယ္လိုပင္ ရာသီဥတုေတြ ဆိုးရြားေနပါေစ ေန႔စဥ္မပ်က္သြားေစာင့္ေနခဲ့ရွာတာပါ။ တြက္ၾကည့္ရင္ ဆယ္ႏွစ္ဝန္းက်င္ခန္႔ေတာင္ အခ်ိန္ေတြၾကာခဲ့ပါတယ္။

သခင္အေပၚ သံေယာဇဥ္ႀကီးရွာတဲ့ ဟာခ်ီကိုရဲ႕ အေၾကာင္းကို သူမေသခင္ ၁၉၃၂ ခုႏွစ္မွာ ဂ်ပန္သတင္းစာ တစ္ေစာင္က ဆုံးပါးသြားတဲ့ သခင္ကို ႏွစ္ႏွင့္ခ်ီၿပီး ေစာင့္ေမွ်ာ္ေနရွာတဲ့အေၾကာင္း သတင္းေရးသား ေဖာ္ျပခဲ့ၾကတယ္။

အဲဒီသတင္းေၾကာင့္ သူ႔အေၾကာင္းကို လူသိမ်ားခဲ့ပါတယ္။ဟာခ်ီကို သက္ရွိထင္ရွားရွိစဥ္မွာပဲ သူ႔ကိုဂုဏ္ျပဳတဲ့အေနနဲ႔ ရွီဘူယဘူတာ႐ုံေရွ႕မွာ သူ႔ပုံေၾကး႐ုပ္တုေလးစိုက္ထူေပးခဲ့ၾကတယ္။အဲဒီဖြင့္ပြဲကို ေခြးေလးဟခ်ီကိုကို တက္ေရာက္ေစခဲ့ပါတယ္။၁၉၃၅ ခုႏွစ္ မတ္လ ၈ ရက္မွာေတာ့ ရွီဘူယဘူတာ႐ုံအနီး လမ္းတစ္လမ္းမွာ သံေယာဇဥ္ႀကီးစြာ သခင္ကိုျပန္လာႏိုးနဲ႔ ေစာင့္ေနရင္း ကြယ္လြန္သြားခဲ့ပါတယ္။

သူကြယ္လြန္တဲ့ သတင္းဟာ အဲဒီတုန္းက ဂ်ပန္မွာ ထိပ္တန္းသတင္းတစ္ပုဒ္အျဖစ္နဲ႔ ရွိခဲ့ပါတယ္။သခင္ကို သံေယာဇဥ္ႀကီးရွာတဲ့သူ႔ကို သူသခင္ျမွဳပ္ႏွံရာ အုတ္ဂူအနီးမွာပဲ သူ႔ကို ျမွဳပ္ႏွံေပးခဲ့ၾကၿပီး ဟခ်ီကို ဂ်ပန္႐ိုးရာနတ္ကြန္းတစ္ခုကိုလည္း အဲဒီေနရာမွာ ျပဳလုပ္ေပးခဲ့ၾကပါတယ္။

ေခြကေလးဟာခ်ီကိုရဲ႕ အဆုံးစြန္ေသာ ႀကီးမားတဲ့ သစၥာတရားနဲ႔သံေယာဇဥ္ရဲ႕ စြမ္းအားကို ျပခဲ့ေတာ့ လူေတြဟာမေနသာေတာ့ပါဘူး။ အမွတ္တရ ဂုဏ္ျပဳေပးခဲ့ၾကရေတာ့တာပါပဲ။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် လေပေါ် ပေ ၅၀၀၀ အမြင့်တွင် ရှိနေသည့် ကျောချမ်းဖွယ် ကောင်းကင်လှေကား စတင်ဖွင့်လှစ်...
တရုတ်ပြည်တွင် လေပေါ် ပေ ၅၀၀၀ အမြင့်တွင် ရှိနေသည့် ကျောချမ်းဖွယ် ကောင်းကင်လှေကား စတင်ဖွင့်လှစ်...
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြတ်သန်းခဲ့ရပုံ...
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြတ်သန်းခဲ့ရပုံ...
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ...
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
Shwe Wutt Hmone
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service