အိုးအိမ်ဝင်းခြံတည်ဆောက်ရန်နှင့် အိမ် (၃) မျိုး
အိုးအိမ်ဝင်းခြံတည်ဆောက်ရန်နှင့် အိမ် (၃) မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
24 Dec 2022 11:23 am တွင် တင်ခဲ့သည်
921 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
အိုးအိမ်ဝင်းခြံသည် ကောင်း/ဆိုးနှစ်တန် နမိတ်ပြလျှက်ရှိ၏။ အနေမသင့်က ပြုပြင်ခြင်းဖြင့်လည်းကောင်း၊ ယတြာပြုခြင်းဖြင့်လည်းကောင်း မှန်အောင် ပြုပြင်ရာ၏ နမိတ်မကောင်းလျှင် ကောင်းကျိုးထင်၍ ဆိုးလျှင် ပြုပြင်ရမည့်အချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(၁) အနောက်အရပ် ထောင့်အရပ်ကို မျက်နှာစာထား မဆောက်သင့်။တောင်အရပ်၊ မြောက်အရပ်၊ အရှေ့အရပ်တို့ကိုသာလျှင် မျက်နှာသာဥပစာပြု၍ ဆောက်အပ်၏။
(၂) ရေစီးကိုဆန်၍ အိမ်မဆောက်ကောင်း၊ ပင်ပန်းကြီးစွာရှိတတ်၏။
(၃) ကုန်းတစ်ပိုင်း၊ ကျင်းတစ်ပိုင်းရှိသော ဝန်းခြံ၌နေခြင်းငှာမသင့်။ အကျိုးမပေးတတ်။ အကျိုးပေးကလည်း အစအဆုံး မချောမွေ့တတ်ချေ။
(၄) မြို့ရွာကို ကျောပေး၍ အိမ်တည်ခြင်းဌာမသင့်။ ဝေးစွာရှောင်ကြဉ်အပ်၏။ မြို့ရွာ၏အကျိုးဓလေ့ကို မခံစားရတတ်ချေ။
(၅) အိမ်ဝန်းခြံပေါက်တံခါးကို အထောင့်အရပ်၌မထားအပ်။ ဆင်းရဲပင်ပန်းတတ်၏။
(၆) ဧည့်ခန်းကို အလယ်အလတ်နေရာ၌သာ ထားအပ်၏။ မြင့်မြတ်သောနေရာ ယုတ်နိမ့်သော နေရာ၌ မထားအပ်။ မြင့်ရာ၌ထားပါက ဧည့်သည်၏အကျိုးကို မခံစားရတတ်။ ယုတ်နိမ့်ရာ၌ထားပါက ဧည့်ကောင်းစောင်ကောင်း မရောက်လာတတ်ချေ။
(၇) အိမ်၌ဘုရားစင်၊ ဘုရားခန်း၊ မိဘတို့၏နေရာ ၊သားသမီးတို့၏နေရာများကိုမြတ်ရာ၊ ယုတ်ရာ၊ ဝေဖန်၍ ထားအပ်၏။ မိဘတို့မည်သည် ယုတ်နိမ့်ရာ၌မနေအပ်၊သားသမီးတို့မည်သည် မြင့်မြတ်ရာ၌ မနေအပ်။ သင့်လျော်အောင် နေထိုင်အပ်၏။
(၈) အိမ်၌အသုံးဆောင်ပစ္စည်းတို့ကို အယုတ်အမြတ်အလိုက်သင့်လျော်အောင် ထားအပ်၏။ အိုးနေရာအိုး၊ ခွက်နေရာခွက် ဟုဆိုရိုးစကားရှိ၏။
(၉) အိမ်ဝန်းခြံ၏ အရှေ့မြောက်ထောင့်အရပ်၌ ရေတွင်းမတူးကောင်းပေ။ ပျက်စီးပြုန်းတီးတတ်၏။
အိမ်(၃)မျိုးရှိပါတယ်။၎င်းတို့မှာ-
(၁) အိမ်၌ အောက်မြင့်ခြေတံရှည်မူ ဖားသင့်သည်မည်၏။ နေထိုင်သူ၌ ဥစ္စာပွား၏။
(၂) အောက်နိမ့်၍ ခါးတိုခြေတိုနေမှု ထိပ်သင့်သည်မည်၏။ နေထိုင်သူ၌ ရောဂါများ၏။
(၃) အထက်အောက်မျှမှု နွားသင့်သည်မည်၏။ နေထိုင်သူ၌ ချမ်းသာသုခပွား၏။
လူအပေါင်းတို့သည် ရေခံမြေခံကောင်းသော အရပ်အထူးသဖြင့်အောင်မြေ၏ ကြန်အင်လက္ခဏာနှင့်ပြည့်စုံ သောအရပ်တို့ကို ရွေးချယ်နေထိုင်ကြလျှက် အိုးအိမ်ခြံဝင်း တည်ဆောက်ရာ၌ ဆောင်ရန်၊ ရှောင်ရန် အချက်များ အား လိုက်နာဆောင်ရွက်ပါလျှင် လောက၌ အကျိုးစီးပွား၊ ပစ္စည်းဥစ္စာ၊ တိုးပွားကြပြီး ချမ်းသာသုခ အပြည့်အဝ ရရှိ ခံစားနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
အိမ်(၃)မျိုးရှိပါတယ်။၎င်းတို့မှာ-
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service