ကြက်ဟင်းခါးညွန့် စားပေးသင့်တဲ့ အကြောင်းအရင်း

ကြက်ဟင်းခါးညွန့် စားပေးသင့်တဲ့ အကြောင်းအရင်း - Property Knowledge in Myanmar from iMyanmarHouse.com
24 Dec 2022 10:36 am တွင် တင်ခဲ့သည်
747 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ကြက်ဟင်းခါးသီးကို ဆေးဖက်ဝင်တယ်လို့ သိထားပြီး ဖြစ်ပေမယ့် ကြက်ဟင်းခါးညွန့် ဘယ်လို ဆေးဖက်ဝင်လဲဆိုတာကိုတော့ သိသူက ခပ်ရှားရှားပါ။ ဒါပေမယ့် ကြက်ဟင်းခါးညွန့်ကို ဗိုင်းရပ်စ်တွေ တိုက်ဖျက်ဖို့၊ ငှက်ဖျား၊ ဝက်သက်လိုမျိုး ကျန်းမာရေး ပြဿနာတွေ သက်သာစေဖို့ အရင်ကတည်းက အသုံးပြုခဲ့ကြသလို ဆီးချို ကျစေဖို့ သွေးတိုးသက်သာစေဖို့နဲ့ ကလေးမွေးဖွားရလွယ်ကူစေဖို့ ရှေးယခင် ကာလတွေကတည်းက အသုံးပြုခဲ့ကြပါတယ်။

ဒီတစ်ခေါက်တော့ ကြက်ဟင်းခါးညွန့် ဘယ်လို ဆေးဖက်ဝင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ကြက်ဟင်းခါးညွန့် ဆိုတာ

ကြက်ဟင်းခါးညွန့် ဆိုတာ ကြက်ဟင်းခါးပင်ရဲ့ အရွက်နုလေးတွေပါ။ အစိမ်းနုရောင်လေး ရှိပြီး အရွက်လေးတွေက ရွက်မြှောင်း ၃ ခု ၄ ခုလောက် ရှိပါတယ်။ အနားလေးတွေက ခပ်တွန့်တွန့်လေးနဲ့ နွယ်တက်နေတဲ့ အပင်လေးတစ်မျိုးပါ။

အတို့အမြှုပ်အဖြစ် စားကြပြီး ဆေးဖြစ်ဝါးဖြစ်ရယ် ဆိုတာထက် ဟင်းလျာ တစ်ရပ်အနေနဲ့ စားကြတာများပါတယ်။ အာရှဒေသအတော်များများမှာ ပေါက်ရောက်ကြပါတယ်။'

ကြက်ဟင်းခါးညွန့်ရဲ့ အာဟာရတန်ဖိုး

ကြက်ဟင်းခါးညွန့်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

ကာဗိုဟိုက်ဒရိတ်

ပရိုတင်း

ဗီတာမင် K

ဗီတာမင် B6

ဗီတာမင် B9

ဗီတာမင် B2

ဗီတာမင် C နဲ့

သံဓာတ်

ကယ်လ်ဆီယမ်

ဖော့စဖရိတ်တို့ ပါဝင်နေပါတယ်။

 

ကြက်ဟင်းခါးညွန့် စားပေးသင့်တဲ့ အကြောင်းအရင်း

ကြက်ဟင်းခါးညွန့် စားပေးတာက အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

ဆီးချို သက်သာစေနိုင်တယ်

ကြက်ဟင်းခါးညွန့်ကို ပြုတ်တို့တာဖြစ်ဖြစ်၊ အရွက်ကို ကြိတ်ခြေပြီး ရလာတဲ့ သတ္တုရည်ကို သောက်ပေးတာဖြစ်ဖြစ်၊ ပြုတ်ရည်ကိုသောက်တာဖြစ်ဖြစ် သောက်ပေးမယ်ဆိုရင် အမျိုးအစား – ၂ ဆီးချိုရောဂါကို သက်သာစေနိုင်မှာဖြစ်သလို ကာကွယ်ရာလည်းရောက်ပါတယ်။ ကြက်ဟင်းခါးညွန့်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့်ပါ။

လိပ်ခေါင်း သက်သာစေနိုင်တယ်

လိပ်ခေါင်းရောဂါခံစားနေရသူတွေအနေနဲ့ ကြက်ဟင်းခါးညွန့်သတ္တုရည်ကို သောက်ပေးလို့ရပါတယ်။ မနက်ခင်းတိုင်း ကြက်ဟင်းခါးညွန့်ကြိတ်ရည်ကို သောက်သုံးပေးတာက လိပ်ခေါင်းသက်သာစေဖို့ အကောင်းဆုံး အထောက်အကူပြုပေးနိုင်မှာပါ။

 

ဝမ်းပျက်ဝမ်းလျှော သက်သာစေနိုင်တယ်

ဝမ်းပျက်ဝမ်းလျှောဖြစ်နေတာကို သက်သာချင်တယ်ဆိုရင် ဝမ်းပျက်ဝမ်းလျှောဖြစ်ဖြစ်ချင်းမှာ ကြက်ဟင်းခါးညွန့်ကြိတ်ရည်ကို သောက်ပေးလို့ရပါတယ်။

ပန်းနာရင်ကျပ်ရောဂါ သက်သာစေနိုင်တယ်

ပန်းနာရင်ကျပ်ရောဂါကို သက်သာစေဖို့ဆိုရင် ကြက်ဟင်းခါးညွန့်နဲ့ ပင်စိမ်းရွက်တို့ကို ဆတူရောလို့ ကြိတ်ပြီး ရလာတဲ့အနှစ်ကို ပျားရည်နဲ့ ရောပြီး လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ မနက်ခင်းမှာ စားသုံးပေးပါ။ ကာကွယ်ဖို့ရော ကုသဖို့ပါ အသုံးပြုလို့ရပါတယ်။

လည်ချောင်းနာတာ သက်သာစေနိုင်တယ်

လည်ချောင်းနာတာကို သက်သာစေဖို့အတွက်လည်း ရေနွေးဆူဆူထဲကို ကြက်ဟင်းခါးညွန့်နဲ့ ပင်စိမ်းရွက်တို့ကို ထည့်လို့ ၁၅ မိနစ်လောက်ထားပြီး ပျားရည်အနည်းငယ်ထည့်လို့ သောက်ပေးလို့ရပါတယ်။ အဖျားရှိခဲ့ရင်လည်း ဒီနည်းက အသုံးဝင်ပါတယ်။

အဆစ်ရောင်နာ သက်သာစေနိုင်တယ်

အဆစ်တွေရောင်ရမ်းနာကျင်နေတာကို သက်သာစေဖို့ဆိုရင် ကြက်ဟင်းခါးညွန့်ကို ကြိတ်လို့ရလာတဲ့ အရည်ထဲကို ပျားရည်နည်းနည်းထည့်လို့ သောက်ပေးလို့ရပါတယ်။

အသည်းရောင် အသားဝါ သက်သာစေနိုင်တယ်

အသည်းရောင်အသားဝါရှိသူတွေ အနေနဲ့လည်း သက်သာစေဖို့ ကြက်ဟင်းခါးညွန့်ကို စားသုံးပေးလို့ရပါတယ်။

အရေပြားပြဿနာ သက်သာစေနိုင်တယ်

အရေပြားပြဿနာအမျိုးမျိုးအတွက်လည်း ကြက်ဟင်းခါးညွန့်ကို ကြိတ်ခြေပြီး လိမ်းပေးလို့ရပါတယ်။ အပူလောင်တာကနေစလို့ အနာတွေဖြစ်တာအထိ အရေပြားပြဿနာ အမျိုးမျိုး အတွက် ကြက်ဟင်းခါးညွန့်ကို အသုံးပြုပေးလို့ရပါတယ်။

 

လက်ဖျားခြေဖျားတွေပူတာ သက်သာစေနိုင်တယ်

လက်ဖျားခြေဖျားတွေမှာ ပူသလိုလို စပ်ဖျဉ်းဖျဉ်းဖြစ်တာမျိုးတွေကို သက်သာစေဖို့လည်း ကြက်ဟင်းခါးညွန့်ကြိတ်ရည်ကို လိမ်းပေးလို့ရပါတယ်။

သွေးတိုးကျစေနိုင်တယ်

သွေးတိုးရှိသူတွေအနေနဲ့ သွေးပေါင်ချိန်ကို ထိန်းညှိနိုင်ဖို့ဆိုရင် ကြက်ဟင်းခါးညွန့်ကို စားပေးလို့ ရပါတယ်။ ရေနွေးကြမ်းအနေနဲ့ သောက်ပေးလို့လည်း ရပါတယ်။

ကဲ ….. ဒါကြောင့် ကြက်ဟင်းခါးညွန့်စားပေးသင့်တယ်လို့ ပြောရတာပါ။

ဘယ်သူတွေ မစားသုံးသင့်ဘူးလဲ။

ကြက်ဟင်းခါးညွန့်က ကျန်းမာရေးအတွက် အကျိုးများတာ မှန်ပေမယ့်

အရမ်းငယ်သေးတဲ့ ကလေးငယ်တွေ

နို့တိုက်မိခင်တွေ

ရောဂါအခံရှိသူတွေ

ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေက ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသုံးသင့်ပါတယ်။

အလွန်အကျွံစားသုံးတာကိုလည်း ရှောင်သင့်ပါတယ်။ ကြက်ဟင်းခါးညွန့်က ဆေးဖက်ဝင်တတယ်ဆိုပေမယ့် ကောင်းကျိုးဆိုးကျိုးတွေကို တိတိကျကျ လေ့လာဖို့ လိုသေးတာကြောင့် ရောဂါတစ်ခုခုခံစားရတဲ့အခါ တတ်ကျွမ်းနားလည်သူနဲ့သာ ကုသသင့်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

[Zawgyi]


 








ကာဗိုဟိုက်ဒရိတ်

ပရိုတင်း

ဗီတာမင် K

ဗီတာမင် B6

ဗီတာမင် B9

ဗီတာမင် B2

ဗီတာမင် C နဲ့

သံဓာတ်

ကယ်လ်ဆီယမ်


 



























နို့တိုက်မိခင်တွေ

ရောဂါအခံရှိသူတွေ






 

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် လေပေါ် ပေ ၅၀၀၀ အမြင့်တွင် ရှိနေသည့် ကျောချမ်းဖွယ် ကောင်းကင်လှေကား စတင်ဖွင့်လှစ်...
တရုတ်ပြည်တွင် လေပေါ် ပေ ၅၀၀၀ အမြင့်တွင် ရှိနေသည့် ကျောချမ်းဖွယ် ကောင်းကင်လှေကား စတင်ဖွင့်လှစ်...
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြတ်သန်းခဲ့ရပုံ...
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြတ်သန်းခဲ့ရပုံ...
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ...
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
CarsDB
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service