သစ္စာထား မှားသော်လည်း
သစ္စာထား မှားသော်လည်း - Property Knowledge in Myanmar from iMyanmarHouse.com
23 Dec 2022 1:43 pm တွင် တင်ခဲ့သည်
1589 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
 [Unicode]
စောင့်ထိန်းရခက်ခဲသည်ကိုမှ မြတ်နိုးစွာစောင့်ထိန်းချင်သည်က ကျွန်မရဲ့သစ္စာပါမောင်…။
ဟော့ဒီနေရလေးမှာ မောင်နှင့်အတူ ကြည်ဖြူမျှတ ထာဝရလို့ သစ္စာဆိုခဲ့ကြဖူးသည်…။
မမြင်နိုင်တဲ့ကံကြမ္မာ ဆိုတဲ့ အကြောင်းတရားတွေကြောင့် ချစ်ခြင်းမေတ္တာအပြည့်ရှိနေကြပေမယ့် မောင်နဲ့ ကျွန်မ ဝေးကွာဖို့များကြုံခဲ့ရင်…။..ပိုင်ဆိုင်မှုမရှိသေးတဲ့ ဘဝတွေအဖြစ်နဲ့လည်း..ရှိနေခဲ့သေးရင်…။ ဒီနေရာလေးမှာ တစ်နှစ်တစ်ခေါက် သစ္စာကိုပြန်တိုင်တည်ဖို့ ကတိပြုခဲ့ဖူးသည်။
မောင်ဘယ်ဆီရောက်နေခဲ့ပြီကို ကျွန်မ မသိနိုင်ခဲ့။စိမ်းရက်သူက သစ်စိမ်းချိုး ချိုးခဲ့လေပြီလား..။ ဒီလိုလည်း မဟုတ်တန်ကောင်းဖူးလို့ စိတ်မှာထင်မိသည်။
ဒါပေမဲ့..မောင့်အပေါ်ထားခဲ့တဲ့ ကျွန်မရဲ့သစ္စာအရရော..။မောင့်ကိုချစ်လျက်ပါဆိုတဲ့ သစ္စာအရရော..။ ငါးနှစ်သက်တမ်းအတွင်း သမုဒယ သစ္စာတိုင်တည်ရာ ဒီနေရာကို နှစ်တိုင်းကျွန်မရောက်ဖြစ်ခဲ့သည်…။
……………………………………
ယနေ့နံနက်စောစော အရှေ့ဘက်စောင်းတန်းမှ ကျွန်မတက်ခဲ့သည်။ဒီဇင်ဘာ၏ ပထမပတ်သည် အေးသင့်သလောက်အေးသော်လည်း လျှောက်လှမ်းတက်ရသည့် အကွာအဝေးသည် အခြားသောတက်လမ်းများထက် ရှည်သဖြင့် ချွေးစို့စို့ အနေအထားကို ခံစားရ၏။ ဘုရားကုန်းတော်ခါးလည်ရှိ ကားဖြတ်လမ်းကို ကျော်လိုက်ပြီး ဓာတ်လှေကားဖြင့်တက်ရန်အတွက် ဖိနပ်အပ်နှံရာဌာနတွင် ဖိနပ်ကိုအပ်ထားလိုက်သည်။
ဓာတ်လှေကားဖြင့်တက်လာပြီး ဘုရားရင်ပြင် ခြေချလိုက်ပြီဆိုသည်နှင့် ရင်၌အတန်ပင် ကြည်လင်အေးမြ သွား၏။ ဘယ်ဘက်အနည်းငယ်ချိုးကွေ့ပြီး သံသေပြဒါးသေဘုရားရှေ့၌ထိုင်၍ ရှိခိုးမှုကိုအရင်ဆုံး ပြုလိုက်သည်။
ဘုရားကို အာရုံပြုရှိခိုးလျက်နှင့်ပင် မောင့်အကြောင်း၊မောင့်ပုံရိပ်လွှာတို့က ရင်မှာ အသစ်တစ်ဖန် ဝင်ရောက်လာသေး၏။
သတိတရ အမှတ်ရစရာတို့တွင် ဤနေရာသည်လည်း တစ်ခုအပါအဝင်ပင်ဖြစ်သည်။ဂုဏ်တော်တွေကို ဘုရားကိုးဆူ တစ်ဆူကိုးပတ် ပုတီးစိပ်ရာတွင် တစ်ရက်တည်း အပြီးစိတ်ဖို့ အဓိဌာန်ပြုရာတစ်ခုအဖြစ် ယခုဘုရားသည်လည်း အပါအဝင်ဖြစ်ခဲ့သည်။
ထိုနေရာတွင် ဝတ်ပြုမှု ခဏလုပ်ပြီး ရွှေတိဂုံဘုရားကို လက်ယာရစ်ပတ်၏။ကျွန်မမွေးနေ့ထောင့် ဘုရားကို ချန်ထားခဲ့ပြီး မောင့်မွေးနေ့ တနင်္ဂနွေထောင့်ရှိဘုရားအား မောင့်အသက်နှင့်ထပ်တူ ရေစင်သွန်းဖြန်းကာ ပူဇော်လိုက်သည်။ဘုရား၊တရား၊သံဃာ ရတနာသုံးပါးကို ရည်ရွယ်၍ ဖယောင်းတိုင်သုံးတိုင်ကို မီးထွန်းညှိပူဇော်လိုက်၏။အမွှေးတိုင်နှစ်ထုပ်ယူလာရာ တစ်ထုပ်ဖောက်ပြီး အမွှေးနံ့သာထွန်းညှိပူဇော်လိုက်၏။ ပြီးမှ ဘုရားဝတ်ပြုဖို့ စင်္ကြန်ကြွေပြားရှိ သစ်သားအခင်းပေါ်တွင်ထိုင်ကာ မောင့်အတွက် ဆုတောင်းခြင်း၊ မေတ္တာပို့ခြင်းတွေကိုပြုလုပ်၏။
တိုင်တည်သစ္စာတို့ပြုပြီးကာမှ မောင်နဲ့ကျွန်မကို ဘယ်ကံကြမ္မာဆိုးက ကွေကွဲစေခဲ့လေသနည်း။မောင့်အနေနဲ့တော့မသိဘူး။
စောင့်ထိန်း ရခက်သည့် သစ္စာကို ကျွန်မကတော့ မြတ်မြတ်နိုးနိုးစောင့်ထိန်းခဲ့သည်။မောင်လည်း ကျွန်မနဲ့ တစ်သဘောတည်းရှိမည်ဟု ထင်ပါသည်။
……………………………………..
ကာလအတိုင်းအတာကို သတိရခြင်းဆိုတဲ့ အလွမ်းတွေနဲ့ ကျွန်မဖြတ်သန်းခဲ့ရသည်။ ပြန်ဆုံချိန်ရောက်တိုင်း သစ္စာပြုရာဤဌာနသို့ ကျွန်မမှန်မှန်လာခဲ့သည်။ဤရက်ရောက်တိုင်း မောင့်ရဲ့မွေးနေ့ထောင့်မှာ သူ့ကိုတွေ့ခဲ့ရသည်။
တိုက်ဆိုင်မှုတွေက တစ်ကြိမ်တည်းမဟုတ်။မောင်နဲ့ သစ္စာထားခဲ့သည့်ရက်မှ မောင်ပျောက်ဆုံးသွားသည့် ငါးနှစ်တိုင်အောင် သူ့ကို ဒီအချိန်တိုင်း ဒီနေရာမှာ တိုက်ဆိုင်စွာ ဆုံဖြစ်နေခဲ့သည်။
မောင်ပျောက်ဆုံးသွားပြီး ပထမတစ်နှစ်ကပေါ့..။မောင့်မွေးနံထောင့် ဘုရားမှာ ရေသပ္ပါယ်ပြီး ရှိခိုးရာနေရာကနေ ရှိခိုးပြီး ဘာဖြစ်နေလည်းမသိတဲ့မောင့်အတွက် ဆုတောင်းအမျှဝေမှုတွေလုပ်အပြီး မွေးနေ့ထောင့်ဘုရားကို ပြန်မော့အဖူးမှာ ရင်ခုံမှုတွေနဲ့ ဆက်ဆက်တုန်သွားခဲ့ရသည်။
မောင်… မောင်မှမောင်ပါဟုစိတ်မှာထင်လိုက်မိသည်။ရေသပ္ပါယ်နေသည့် သူ့ကို နောက်ကျောဖက်က မြင်နေရသည်။မြင်ရသည့် ဟန်ပန်က မောင့်ကိုယ်ဟန် အနေအထား။ရင်ခုန်စွာနှင့် ထအရပ်လိုက်တွင် မိမိဘက် သူလှည့်လာသည်။
အို… အံ့ဩေခြင်းနှင့်အတူ စိတ်မကောင်းခြင်းတို့ ဝမ်းနည်းခြင်းတို့ကို တစ်ပြိုင်တည်းခံစားလိုက်ရသည်။ သူ့မျက်နှာက ဘယ်လိုအကြောင်းတွေကြောင့် ဒီလောက်တောင် ပျက်ဆီးနေရသနည်း။ချိုင်းတွင်လည်း ချိုင်းထောက်ပါသည်။ရွေလျားမှုကို တစ်ခုလုပ်တိုင်း ခက်ခဲပင်ပန်းစွာလုပ်နေရသည်ကိုတွေ့ရသည်။
သူ့ကိုကြည့်ပြီး စိတ်ထဲတွင် သံသယတို့လည်းဖြစ်ရသည်။မျက်ရည်တို့လည်း အလိုလိုဝေလာမိခဲ့သည်။ ရှိခိုးနေရာကနေ သူလုပ်သမျှကိုစောင့်ကြည့်နေခဲ့မိသည်။တစ်နှစ်မဟုတ် ခွဲခွာခြင်းအစပြုခဲ့သည်မှ ယခုထိတိုင်။
နှစ်တိုင်းနှစ်တိုင်း ဒီအချိန်ရောက်တိုင်း မောင်နဲ့ပြန်ဆုံတွေ့နိူးနှင့် သစ္စာကိုယ်စောင့်ထိန်းရင်း။သူသည်လည်း ဘယ်သူ့အတွက် ဘယ်အကြောင်းတွေကြောင့် ဒီနေရာ ဒီအချိန်တွေမှာ တိုက်ဆိုင်စွာလာဆုံနေခဲ့ပါသလဲ…။
ဒီလို ဘာမှန်းမသိနိုင်သည့် သစ္စာတရားအပေါ် မြတ်နိုးစွာထားခဲ့တာကို မှားတယ်လိုပြောရင်တောင် ကျွန်မလေ ဒီမှားတဲ့သစ္စာကို ကျွန်မဆက်ပြီးစောင့်ထိန်းနေဦးမှာပါပဲလေ…။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
……………………………………
……………………………………..
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် လေပေါ် ပေ ၅၀၀၀ အမြင့်တွင် ရှိနေသည့် ကျောချမ်းဖွယ် ကောင်းကင်လှေကား စတင်ဖွင့်လှစ်...
တရုတ်ပြည်တွင် လေပေါ် ပေ ၅၀၀၀ အမြင့်တွင် ရှိနေသည့် ကျောချမ်းဖွယ် ကောင်းကင်လှေကား စတင်ဖွင့်လှစ်...
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြတ်သန်းခဲ့ရပုံ...
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြတ်သန်းခဲ့ရပုံ...
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ...
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
42 Mini Condo
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service