ကာတာဝန်ကြီးချုပ်က ဇနီး ၂ ဦး ၊ ကလေး ၁၅ ဦး နှင့် လက်နက်ကိုင် အစောင့်များအတွက် ဓာတ်လှေကား မလုံလောက်သောကြောင့် နယူးယောက်ရှိ ဒေါ်လာ သန်း ၁၀၀ တန် Penthouse အခန်းတွင် မနေဘဲ ဒေါ်လာ ၄၇ သန်းတန် နေအိမ်ကိုသာ ဝယ်ယူ
ကာတာဝန်ကြီးချုပ်က ဇနီး ၂ ဦး ၊ ကလေး ၁၅ ဦး နှင့် လက်နက်ကိုင် အစောင့်များအတွက် ဓာတ်လှေကား မလုံလောက်သောကြောင့် နယူးယောက်ရှိ ဒေါ်လာ သန်း ၁၀၀ တန် Penthouse အခန်းတွင် မနေဘဲ ဒေါ်လာ ၄၇ သန်းတန် နေအိမ်ကိုသာ ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
20 Dec 2022 10:08 am တွင် တင်ခဲ့သည်
2353 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အလွန်တရာ ချမ်းသာကြွယ်ဝကြသော တော်ဝင်မိသားစုတို့အတွက် လိုလားတောင့်တသမျှ အရာရာပြည့်စုံသည်ချည်း ဖြစ်၏။
သို့သော် မည်မျှ ချမ်းသာကြွယ်ဝသည်ဖြစ်စေ လောကတွင် အရာခပ်သိမ်း ကောင်းမွန်ပြည့်စုံသူဟူ၍ မရှိ။
ကာတာဝန်ကြီးချုပ် ရှိတ် ဟာမက် ဘင် ဂျာဆင် ဘင် ဂျဘာ အယ်လ်- သနီ(Sheikh Hamad bin Jassim bin Jaber al-Thani) ၏ လိုအပ်ချက်ကား ဓာတ်လှေကားဖြစ်၏။
ရေအောက်ရှုခင်းကြည့် ခန်းမ ၊ အလှပြင်ခန်းမ နှင့် ကြီးမားသော SPA တစ်ခုတို့ ပါဝင်သော ဒေါ်လာ သန်း ၃၀၀ တန်ကြေးရှိ ရွက်လှေကြီး တစ်စီး ပိုင်ဆိုင်ထားသည့် ကာတာဝန်ကြီးချုပ်ကဲ့သို့ ပုဂ္ဂိုလ်မျိုးတွင် ကြုံတွေ့ရသည့် ဓာတ်လှေကား ပြဿနာမှာ မည်သို့သော ပြဿနာဖြစ်သနည်း။
လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုက ရှိတ်သည် မိသားစုအတွက် နေအိမ်ရှာဖွေရာ နယူးယောက်၏ အိမ်ခြံမြေဈေးကွက် လှုပ်ခတ်သွားခဲ့သည်။
နယူးယောက်မြို့လယ်ရှိ နာမည်ကြီး ကွန်ဒိုတစ်ခုဖြစ်သော One 57 ရှိ ဒေါ်လာ သန်း ၁၀၀ တန် Penthouse ခန်းကို ကာတာခေါင်းဆောင်တစ်ဦးက ဝယ်ယူရန် ချိန်ရွယ်နေကြောင်း ကောလဟလသတင်းများ ပျံ့နှံ့သွားခဲ့သည်။
ယင်းနောက်ပိုင်းတွင် သတင်းများမှာ ပြောင်းလဲသွားခဲ့ပြီး ကာတာတော်ဝင်ပုဂ္ဂိုလ်သည် မန်ဟက်တန်အရပ်အရှေ့ ၇၁ လမ်း ၊အမှတ် ၂၂ ရှိ စံအိမ်ကို မျက်စိကျနေကြောင်း သတင်းထွက်လာပြန်သည်။
(အိမ်ခြံမြေ လုပ်ငန်းရှင် Aby Rosen။ ဓာတ်ပုံ-Via Instagram / @abyrosen)
ကာတာဝန်ကြီးချုပ် မျက်စိကျနေသော စံအိမ်ကို ယခင်က ပိုင်ဆိုင်ခဲ့သူမှာ RFR Holdings ၏ ဥက္ကဌ အိမ်ခြံမြေလုပ်ငန်းရှင် Aby Rosen ဖြစ်သည်။ နောက်ထပ်ထွက်ပေါ်လာသော သတင်းမှာ မှန်ကန်ဖွယ်ရှိလာသည်။
ကာတာဝန်ကြီးချုပ်သည် အဆိုပါ အိမ်ကို မည်သူဝယ်ယူကြောင်း လျှို့ဝှက်ထားရန် အကျိုးဆောင်မရှိဘဲ အထူးလျှို့ဝှက်စွာ ဝယ်ယူခဲ့ခြင်းဖြစ်သည်။
(မှန်နံရံများ အပြည့်ကာရံထားသော ကျယ်ဝန်းလှသည့် ဧည့်ခန်းနေရာ)
(ခမ်းနားသော ဒေါ်လာ သန်း ၁၀၀ တန် Penthouse ခန်းကို ဘာကြောင့်မဝယ်ခဲ့သလဲ။)
ဓာတ်လှေကားများ မလုံလောက်ခြင်းမှာ အလွန်ချမ်းသာကြွယ်ဝသော ရှိတ်အား စိတ်ပြောင်းလဲစေခဲ့ခြင်း ဖြစ်သည်။
One57 အဆောက်အအုံသည် ဇိမ်ခံဖွယ်ရာများ ပြီးပြည့်စုံသော်လည်း ဓာတ်လှေကား ၂ စင်း သာရှိသည်။
ထို့ကြောင့် ရှိတ်၏ ဇနီး ၂ ဦး ၊ ကလေး ၁၅ ဦး ၊ မန်နေဂျာများနှင့် လက်နက်ကိုင်အဖွဲ့ဝင်များ အပါအဝင် သူ၏ များပြားလှသော နောက်လိုက်နောက်ပါ အဖွဲ့အတွက် မလုံလောက်ချေ။
သို့သော် အဆိုပါ အဆောက်အအုံသည် နယူးယောက်မြို့လယ် မန်ဟက်တန်အရပ်တွင် တည်ရှိပြီး Central Park ပန်းခြံ၏ ပြိုင်ဘက်ကင်း ရှုခင်းများ ပိုင်ဆိုင်ထားသည်။
၇၃ ထပ်မြင့်မားသော ထိုမိုးမျှော်တိုက်သည် နယူးယောက်မြို့တွင် ဈေးအကြီးဆုံး လူနေအဆောက်အအုံဖြစ်ပြီး ပျမ်းမျှ ဈေးနှုန်းမှာ တစ်စတုရန်းပေလျှင် ၆၀၁၀ ဒေါ်လာဖြစ်သည်။
(One57 မှ ရေကူးကန် )
One57 တွင် ၂၄ ပေရှည်လျားသော ငါးပြတိုက် ၊ ခမ်းနားသော ညစာစားခန်း ၊ သီးသန့်ဓာတ်လှေကား ဝင်ရောက်ခွင့်ပါဝင်သော ရေကူးကန် စိတ်ကြိုက်ပုံဖော်ထားသော ရေစိမ်ကန် နှင့် တိရ စ္ဆာန်ရေချိုးသန့်စင်ခန်းတို့ ပါဝင်သည်။ သို့သော် မင်းသားရှိတ်ကဲ့သို့ တော်ဝင်ပုဂ္ဂိုလ်တစ်ဦးကို အထက်တွင် ဖော်ပြထားသော Facilities များဖြင့် ဖြားယောင်း၍ မရနိုင်ချေ။
(Central Park ၏ မြင်ကွင်းများကို တွေ့မြင်ရနိုင်သော အားကစားလေ့ကျင့်ခန်းမ)
အဆိုပါ အဆောက်အအုံတွင် မိမိတို့ နေအိမ်ခန်းများသို့ သွားရောက်ရန်အတွက် ဓာတ်လှေကား တန်းစီ စောင့်ဆိုင်းနေသူများကို မြင်ရခြင်းမှာ အံ့အားသင့်ဖွယ်မရှိချေ။
အရှေ့ ၇၁ လမ်းမှ နေအိမ်မှာမူ အထက်ပါ ပြဿနာများ မရှိချေ။
(စံအိမ်မှ စိမ်းလန်းသော နားနေရာနေရာ)
ကာတာဝန်ကြီးချုပ်သည် နောက်ဆုံးတွင် စတုရန်းပေ ၂၁၀၀၀ ကျယ်ဝန်းသော စံအိမ်ကိုဝယ်ယူခဲ့သည်။
စံအိမ်မှာ ၅ ထပ်အဆောက်အအုံဖြစ်ပြီး သူ၏မိသားစုဝင် ၁၇ ဦးအတွက် လုံလောက်သော ဧည့်ခန်းမ ရှိသည်။
ရှိတ်က အဆိုပါ စံအိမ်ကို ဒေါ်လာ ၄၇ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
(စံအိမ်မှ ကြီးမားသော မီးဖိုဆောင် )
(ကာတာ ဝန်ကြီးချုပ် ရှိတ်ခ်)
(ယခု စံအိမ်နေရာတွင် ရိုဆန်က ခမ်းနားကြီးကျယ်သော ပါတီပွဲများ ကျင်းပလေ့ရှိခဲ့ပြီး ၎င်းကိုယ်တိုင်မူ မနေထိုင်ဖူးချေ)
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Member of the Qatari royal family rejected an ultra-luxe $100 million NYC penthouse and bought a modest $47 million row house because the sheik felt the skyscraper’s two high-speed elevators were insufficient for his two wives, 15 children, and armed guards. (luxurylaunches)
[Zawgyi]
(One57 မှ ရေကူးကန် )
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service