ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
အသက်ရှူရသည်တို့က ပင်ပန်းဘိခြင်း။ဝင်သက်တစ်ခါရှူဖို့ အားအင်ကိုများစွာ အသုံးပြုနေရ၏။ အနီးကလာ သလား။အဝေးကလာသလား။ပရိတ်ရွတ်ဆိုသံကို ခပ်တိုးတိုးကြားနေရ၏။
မည်သည့်အသံဗလံကိုသော်မှ စိတ်ကလက်မခံလိုသော်လည်း သိမ်သိမ်မွေ့မွေ့နူးနူးညံ့ညံ့ ပျော့ပျော့ ပျောင်းပျောင်း ရှူသွင်းလို့ရသည့် လေကိုတောင်မှ အားအင်တို့ဆုတ်ယုတ်စွာနှင့် ခေါ်သွင်းနေရသည်။ဒီတော့သူတစ်ပါးလုပ်သည့်ကိစ္စ ကြားချင်ချင် မကြားချင်ချင် ငြင်းဆန်နိုင်ဖို့၊တားမြစ်နိုင်ဖို့ပင် အသံတို့ကထွက်မလာတော့ပေ။မတားနိုင်မယ့်အတူတူ ကြားနေရသည့် တရားသံတို့ကို အာရုံသွင်း၍ စိတ်ကနေ လိုက်ဆိုကြည့်သည်။
အို…ငါ့မှာ တရားတွေကို အရွတ်အဖတ် အထုံလေ့ရှိထားတော့ ဒီလိုအချိန်မှာတောင် ငါသတိမပြတ် ရွတ်ဖတ်နေနိုင်သေးပါလားလို့ အားဖြစ်ရသည်။
“အို’’..စိမ့်ကနဲ အေးကနဲ ဖြစ်သွား၏။
ကိုင်တွယ်ကြတာကလည်း ကြမ်းတမ်းလိုက်ကြတာကွာ။မင်းတို့လက်အေးအေးကြီးတွေနဲ့ ဖြည်းဖြည်းသက်သာ လုပ်ကြမှပေါ့လို့ ပြောလိုက်ချင်သော်လည်း။ရှိစေတော့လေ..။ဒီအခြေအနေမှာ ဒါဘာပြောလို့ရပါ့မလဲ။
နှာခေါင်းတွင် အေးမြမြရှိလှသောလေတို့ တိုးတိုက်ဝင်ရောက်လာ၏။အငမ်းမရှူလိုက်မိ၏။ရေသောက်လျှင် သီးတတ်သလို…လေကို အငမ်းမရရှူလိုက်ပြန်တော့လည်း ချောင်းဆိုး ချွဲကျပ်ခြင်းတို့က နှောက်ပြန်၏။ တတ်နိုင်သလောက် သတိလေးထားပြီး လေကိုဖြည်းဖြည်းမှန်မှန်လေးရှူသည်။
သူတို့ မိမိအတွက်အောက်ဆီဂျင်ဘူး အသစ်တတ်ပေးရင်း ပြောဆိုနေကြသည့် အသံတွေကို နားကနေကြားနေရ၏။ ကိုယ့်ခန္ဓာကိုယ်ကို နေထားတကျဖြစ်အောင်ရွေ့ပေးကြသည်။ပြီးမှအနားက ဖယ်ခွာသွားကြသည်ထင်သည်။ သူတို့အသံကို မကြားရတော့။
စောစောက ကိုယ့်ကိုယ်လုပ်ကိုင်ဆောင်ရွက်ပေးနေကြသဖြင့် ပြုနေသောတရားအာရုံတို့က အခုမှ ပြန်ပေါ် လာသည်။ စိတ်ထဲကနေ ရွတ်ရသည်ကို အားမရသဖြင့် အသံထွက်ဖို့ကြိုးစားကြည့်၏။အသံမထွက်။ လေကိုဖြည်းရှူလိုက်ပြီး ပါးစပ်ကို ဟလိုက်၏။အာခေါင်သည် ခြောက်ကပ်ခြင်းတို့ဖြင့်နာကျင်လှ၏။ပါးစပ်သည် တုန်လှုပ်နေသော်လည်း ပွင့်ဟမသွားခဲ့ပေ။
စိုစွတ်အေးမြခြင်းက နှုတ်ခမ်းမှာလာထိ၏။ခြောက်သွေ့ ပူလောင်မှုကိုပြေစေဖို့ အားပါးတရစုပ်ယူလိုက်၏။ အရည်တချို့ အာခေါင်ထဲအထိ စီးဝင်ပြီး၊ တချို့ပါးပြင်ကနေ စီးကျသွား၏။
ခြောက်သွေ့နေသောအာခေါင်မှာ ရေကြောင့်စိုစွတ်သွားသဖြင့် လှုပ်ရှာလို့ရလာသည်။အသံပြုကြည့်၏။ အသံ ထွက်သွားသည်ဟုထင်သည်။နှုတ်ခမ်းတို့ လှုပ်ရှားလာနိုင်သဖြင့် ပရိတ်ကိုလိုက်ရွတ်ကြည့်သည်။ကိုယ့်အသံက ကိုယ့်မှာတော့ ကျယ်ကျယ်ကြားနေရသည်ဟုထင်သည်။
သူတို့ကလည်းတိတ်တိတ်နေကြရန် အချင်းချင်းပြောနေကြသည်။လိုက်ဆိုနေတယ်။ မှတ်အားရှိနေတယ်ဟု ပြောနေသံကိုကြားနေရသည်။
စာလောင်မွတ်သိပ်မှုကြောင့် ဝမ်းဗိုက်တွင်ပူလောင်သော ဝေဒနာကထင်လာ၏။ခေါ်လိုက်သံကိုကြား၏။ အဝေးကလား၊အနီးကလား။နားတွင် အေးစက်စက် အထိအတွေ့ကိုရမှ နားနားကပ်ပြောနေမှန်းသိသည်။
“ဖေဖေအာဟာရသောက်မယ်နော်”
ခေါင်းညိတ်လိုက်မိသည်ထင်၏
“ဖေဖေပါးစပ်ဟပေးနော်”ဟု ပြောသံကြောင့် ပါးစပ်ဟပေးလိုက်သည်။စိတ်ကတော့ ပါးစပ်ကိုဟပေးလိုက်သည်။ ပါးစပ်ပွင့်သွား မသွားမသေချာ။ဝင်လာသည့် အရည်တို့ကို အငမ်းမရစုပ်ယူသော်လည်း အင်မတန်ပျော့ပျောင်း ခဲ့သောလျှာသည် အရည်ဖြစ်သော အစာကိုပင် သိမ်းဆည်းမျိုချပေးဖို့ မလုပ်ပေးနိုင်တော့ပေ။ လည်ပင်း၏အားဖြင့် မျိုချကြည့်သည်။ခန္ဓာကိုယ်သည် နာကျင်တုန်ခါသွား၏။နာကျင်ခြင်းတွေနှင့် ရှင်သန်ဖို့မျှော်လင့်ခြင်းအတွက် ကြိတ်မှတ်ခံလိုက်၏။ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါမှန်းမသိ တက်နိုင်သလောက် ကြိုးစားပြီးသောက်သည်။တော်တော်လေးကြာမှ သူတို့ရပ်သွားသည်။
အရွေ့အပြောင်းမလုပ်နိုင်သဖြင့် တစ်သမတ်တည်းနေရသော ခန္ဓာကိုယ်မှ ကြမ်းပြင်နှင့်ထိတွေ့နေသော အပိုင်းသည် ပူလောင်ကျိန်းစပ်သော နာကျင်ခြင်းဝေဒနာကို ပြင်းပြင်းထန်ထန်ခံနေရသည်။ယင်းဝေဒနာတို့ သက်သာဖို့ကို ခန္ဓာကိုယ်ကိုယ် ရွှေ့ခိုင်းချင်သော်လည်း နှုတ်ခမ်းနှစ်လွှာ ပွင့်ဖို့ရန်ပင် အားအင်တို့ပျောက်ဆုံး နေခဲ့ပြီ။
အသံတို့ကြားလာရပြန်သည်။မျက်လုံးကို လာဖြဲကြ၏။မှုန်မွှားမွှား အလင်းရောင်ဝင်လာ၏ မျက်လုံးမခံနိုင်။ ခေါင်းကို စိတ်နှင့်ရမ်းခါလိုက်၏။ ခေါင်းမှာလှုပ်သွားမသွား မသေချာပေ။
ခန္ဓာကိုယ်အား ကိုင်တွယ်ကြပြန်သည်။လက်ဖျံထိပ်တွင် အောင့်ကနဲဖြစ်သွား၏။
“ဘိုးသာ” “ဘိုးသာ”
မိမိနာမည်ကို ခေါ်သံကြားရ၏။ဆရာဝန်လေး၏ခေါ်သံ။ထူးချင်မိသည်။ထူးလိုက်မိသည်။နှုတ်ခမ်းတို့ကမလှုပ်။ မျက်ခွံတို့ကိုဖွင့်သည်။ အလွန်အလျင်အမြန် အဖွင့်အပိတ်လုပ်နိုင်သော မျက်ခွံသည်ဘာကြောင့်ဒီလောက် လေးလံနေရသနည်း။
နွေးထွေးသော အရသာသည် လက်ဖျံထိပ်မှ စတင်ခံစားရသည်။ဆေးထိုးကြပြန်ပြီထင်သည်။လေရှူရသည်က အပင်ပန်းမရှိသလိုဖြစ်လာသည်။ဘာဆေးတွေ ဘယ်လောက်တောင် ထိုးနေကြသည်မသိ။မိမိမသိ။ နာကျင်ခြင်းတွေက သက်သာသလိုပင်။
အိပ်ချင်လိုက်တာ။မင်းတို့ ငါ့ဘေးက ထွက်သွားကြရင် ကောင်းမယ်ကွာ။သိပ်ကိုဆူညံနေတာပဲ။ ဘာလို့ထွက်မသွားကြသေးတာလဲ။အာရုံတွေ ရှုပ်ထွေးလိုက်တာကွာ။သွားကြပါ။သွားကြပါ။တရားသံတွေဟာ ဘယ်ရောက်သွားတာလဲ။ငြိမ်ကြ တိတ်ကြစမ်းပါ။
အခုအိပ်ပျော်ခြင်းက နောက်ဆုံးအိပ်ပျော်ခြင်းဖြစ်သွားမလား။
--------
ရင်ထဲမှာ အေးစက်မှုတို့က တိုးတိုးလာသလိုခံစားရသည်။ငါ့ကိုလာကိုင်တဲ့ မင်းတို့လက်တွေကလည်း အေးစက်စက်။ဒါပေမဲ့ မင်းတို့က…
ဖေ့ဖေ့ခန္ဓာကိုယ်ကြီးက တအားပူလိုက်တာ စောင်တွေသိပ်မခြုံနဲ့တဲ့လေ။မင်းတို့ကိုင်တဲ့ ငါ့ခန္ဓာကိုယ်ကြီးက ပူနေပေမယ့်၊ငါ့ရင်ထဲက ချမ်းအေးမှုတွေက တဖြည်းဖြည်းတိုးလာနေလိုက်တာကွာ။မခံနိုင်လောက်အောင်ပါဘဲ။
---
အသံတို့တိတ်ဆိတ်သွားသော် အသံတစ်ခုက မှန်မှန်လေးပြန်ပေါ်လာသည်။ပေါ်လာသော အသံနောက် လိုက်သွားမိသည်။ထိုအသံပေါ် အာရုံတင်မိသည်။တရားသံ။တရားသံပေါ် အာရုံတင်ထားတော့ ခံစားနေရသည့် ဝေဒနာတို့ မေ့ပျောက်သွားသည်။
ဘယ်နှစ်ကြိမ် ထပ်ကျော့နေသည်မသိ။မိမိလည်း တရားသံနောက်ကိုသာလိုက်နေမိသည် ။တရားသံနောက် လိုက်ရင်း ဆို့ကျပ်ကျပ် နှစ်ခါသုံးခါလောက်ဖြစ်သွားသည်။
---
ဘာတွေလုပ်နေကြတာလဲ။
အို…ငါ့ခန္ဓာကိုယ်ကြီးကို ဖက်ရပ်ပြီး ငိုနေကြတာပါလား။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
မီးစာကုန္လို႔ ဆီလည္းခန္းၿပီ
အသက္ရွဴရသည္တို႔က ပင္ပန္းဘိျခင္း။ဝင္သက္တစ္ခါရွဴဖို႔ အားအင္ကိုမ်ားစြာ အသုံးျပဳေနရ၏။ အနီးကလာ သလား။အေဝးကလာသလား။ပရိတ္ရြတ္ဆိုသံကို ခပ္တိုးတိုးၾကားေနရ၏။
မည္သည့္အသံဗလံကိုေသာ္မွ စိတ္ကလက္မခံလိုေသာ္လည္း သိမ္သိမ္ေမြ႕ေမြ႔ႏူးႏူးညံ႔ညံ႔ ေပ်ာ့ေပ်ာ့ ေပ်ာင္းေပ်ာင္း ရွဴသြင္းလို႔ရသည့္ ေလကိုေတာင္မွ အားအင္တို႔ဆုတ္ယုတ္စြာႏွင့္ ေခၚသြင္းေနရသည္။ဒီေတာ့သူတစ္ပါးလုပ္သည့္ကိစၥ ၾကားခ်င္ခ်င္ မၾကားခ်င္ခ်င္ ျငင္းဆန္ႏိုင္ဖို႔၊တားျမစ္ႏိုင္ဖို႔ပင္ အသံတို႔ကထြက္မလာေတာ့ေပ။မတားႏိုင္မယ့္အတူတူ ၾကားေနရသည့္ တရားသံတို႔ကို အာ႐ုံသြင္း၍ စိတ္ကေန လိုက္ဆိုၾကည့္သည္။
အို…ငါ့မွာ တရားေတြကို အရြတ္အဖတ္ အထုံေလ့ရွိထားေတာ့ ဒီလိုအခ်ိန္မွာေတာင္ ငါသတိမျပတ္ ရြတ္ဖတ္ေနႏိုင္ေသးပါလားလို႔ အားျဖစ္ရသည္။
“အို’’..စိမ့္ကနဲ ေအးကနဲ ျဖစ္သြား၏။
ကိုင္တြယ္ၾကတာကလည္း ၾကမ္းတမ္းလိုက္ၾကတာကြာ။မင္းတို႔လက္ေအးေအးႀကီးေတြနဲ႕ ျဖည္းျဖည္းသက္သာ လုပ္ၾကမွေပါ့လို႔ ေျပာလိုက္ခ်င္ေသာ္လည္း။ရွိေစေတာ့ေလ..။ဒီအေျခအေနမွာ ဒါဘာေျပာလို႔ရပါ့မလဲ။
ႏွာေခါင္းတြင္ ေအးျမျမရွိလွေသာေလတို႔ တိုးတိုက္ဝင္ေရာက္လာ၏။အငမ္းမရွဴလိုက္မိ၏။ေရေသာက္လွ်င္ သီးတတ္သလို…ေလကို အငမ္းမရရွဴလိုက္ျပန္ေတာ့လည္း ေခ်ာင္းဆိုး ခၽြဲက်ပ္ျခင္းတို႔က ေႏွာက္ျပန္၏။ တတ္ႏိုင္သေလာက္ သတိေလးထားၿပီး ေလကိုျဖည္းျဖည္းမွန္မွန္ေလးရွဴသည္။
သူတို႔ မိမိအတြက္ေအာက္ဆီဂ်င္ဘူး အသစ္တတ္ေပးရင္း ေျပာဆိုေနၾကသည့္ အသံေတြကို နားကေနၾကားေနရ၏။ ကိုယ့္ခႏၶာကိုယ္ကို ေနထားတက်ျဖစ္ေအာင္ေရြ႕ေပးၾကသည္။ၿပီးမွအနားက ဖယ္ခြာသြားၾကသည္ထင္သည္။ သူတို႔အသံကို မၾကားရေတာ့။
ေစာေစာက ကိုယ့္ကိုယ္လုပ္ကိုင္ေဆာင္ရြက္ေပးေနၾကသျဖင့္ ျပဳေနေသာတရားအာ႐ုံတို႔က အခုမွ ျပန္ေပၚ လာသည္။ စိတ္ထဲကေန ရြတ္ရသည္ကို အားမရသျဖင့္ အသံထြက္ဖို႔ႀကိဳးစားၾကည့္၏။အသံမထြက္။ ေလကိုျဖည္းရွဴလိုက္ၿပီး ပါးစပ္ကို ဟလိုက္၏။အာေခါင္သည္ ေျခာက္ကပ္ျခင္းတို႔ျဖင့္နာက်င္လွ၏။ပါးစပ္သည္ တုန္လႈပ္ေနေသာ္လည္း ပြင့္ဟမသြားခဲ့ေပ။
စိုစြတ္ေအးျမျခင္းက ႏႈတ္ခမ္းမွာလာထိ၏။ေျခာက္ေသြ႕ ပူေလာင္မႈကိုေျပေစဖို႔ အားပါးတရစုပ္ယူလိုက္၏။ အရည္တခ်ိဳ႕ အာေခါင္ထဲအထိ စီးဝင္ၿပီး၊ တခ်ိဳ႕ပါးျပင္ကေန စီးက်သြား၏။
ေျခာက္ေသြ႕ေနေသာအာေခါင္မွာ ေရေၾကာင့္စိုစြတ္သြားသျဖင့္ လႈပ္ရွာလို႔ရလာသည္။အသံျပဳၾကည့္၏။ အသံ ထြက္သြားသည္ဟုထင္သည္။ႏႈတ္ခမ္းတို႔ လႈပ္ရွားလာႏိုင္သျဖင့္ ပရိတ္ကိုလိုက္ရြတ္ၾကည့္သည္။ကိုယ့္အသံက ကိုယ့္မွာေတာ့ က်ယ္က်ယ္ၾကားေနရသည္ဟုထင္သည္။
သူတို႔ကလည္းတိတ္တိတ္ေနၾကရန္ အခ်င္းခ်င္းေျပာေနၾကသည္။လိုက္ဆိုေနတယ္။ မွတ္အားရွိေနတယ္ဟု ေျပာေနသံကိုၾကားေနရသည္။
စာေလာင္မြတ္သိပ္မႈေၾကာင့္ ဝမ္းဗိုက္တြင္ပူေလာင္ေသာ ေဝဒနာကထင္လာ၏။ေခၚလိုက္သံကိုၾကား၏။ အေဝးကလား၊အနီးကလား။နားတြင္ ေအးစက္စက္ အထိအေတြ႕ကိုရမွ နားနားကပ္ေျပာေနမွန္းသိသည္။
“ေဖေဖအာဟာရေသာက္မယ္ေနာ္”
ေခါင္းညိတ္လိုက္မိသည္ထင္၏
“ေဖေဖပါးစပ္ဟေပးေနာ္”ဟု ေျပာသံေၾကာင့္ ပါးစပ္ဟေပးလိုက္သည္။စိတ္ကေတာ့ ပါးစပ္ကိုဟေပးလိုက္သည္။ ပါးစပ္ပြင့္သြား မသြားမေသခ်ာ။ဝင္လာသည့္ အရည္တို႔ကို အငမ္းမရစုပ္ယူေသာ္လည္း အင္မတန္ေပ်ာ့ေပ်ာင္း ခဲ့ေသာလွ်ာသည္ အရည္ျဖစ္ေသာ အစာကိုပင္ သိမ္းဆည္းမ်ိဳခ်ေပးဖို႔ မလုပ္ေပးႏိုင္ေတာ့ေပ။ လည္ပင္း၏အားျဖင့္ မ်ိဳခ်ၾကည့္သည္။ခႏၶာကိုယ္သည္ နာက်င္တုန္ခါသြား၏။နာက်င္ျခင္းေတြႏွင့္ ရွင္သန္ဖို႔ေမွ်ာ္လင့္ျခင္းအတြက္ ႀကိတ္မွတ္ခံလိုက္၏။ဘယ္ႏွစ္ႀကိမ္ ဘယ္ႏွစ္ခါမွန္းမသိ တက္ႏိုင္သေလာက္ ႀကိဳးစားၿပီးေသာက္သည္။ေတာ္ေတာ္ေလးၾကာမွ သူတို႔ရပ္သြားသည္။
အေရြ႕အေျပာင္းမလုပ္ႏိုင္သျဖင့္ တစ္သမတ္တည္းေနရေသာ ခႏၶာကိုယ္မွ ၾကမ္းျပင္ႏွင့္ထိေတြ႔ေနေသာ အပိုင္းသည္ ပူေလာင္က်ိန္းစပ္ေသာ နာက်င္ျခင္းေဝဒနာကို ျပင္းျပင္းထန္ထန္ခံေနရသည္။ယင္းေဝဒနာတို႔ သက္သာဖို႔ကို ခႏၶာကိုယ္ကိုယ္ ေရႊ႕ခိုင္းခ်င္ေသာ္လည္း ႏႈတ္ခမ္းႏွစ္လႊာ ပြင့္ဖို႔ရန္ပင္ အားအင္တို႔ေပ်ာက္ဆုံး ေနခဲ့ၿပီ။
အသံတို႔ၾကားလာရျပန္သည္။မ်က္လုံးကို လာၿဖဲၾက၏။မႈန္မႊားမႊား အလင္းေရာင္ဝင္လာ၏ မ်က္လုံးမခံႏိုင္။ ေခါင္းကို စိတ္ႏွင့္ရမ္းခါလိုက္၏။ ေခါင္းမွာလႈပ္သြားမသြား မေသခ်ာေပ။
ခႏၶာကိုယ္အား ကိုင္တြယ္ၾကျပန္သည္။လက္ဖ်ံထိပ္တြင္ ေအာင့္ကနဲျဖစ္သြား၏။
“ဘိုးသာ” “ဘိုးသာ”
မိမိနာမည္ကို ေခၚသံၾကားရ၏။ဆရာဝန္ေလး၏ေခၚသံ။ထူးခ်င္မိသည္။ထူးလိုက္မိသည္။ႏႈတ္ခမ္းတို႔ကမလႈပ္။ မ်က္ခြံတို႔ကိုဖြင့္သည္။ အလြန္အလ်င္အျမန္ အဖြင့္အပိတ္လုပ္ႏိုင္ေသာ မ်က္ခြံသည္ဘာေၾကာင့္ဒီေလာက္ ေလးလံေနရသနည္း။
ေႏြးေထြးေသာ အရသာသည္ လက္ဖ်ံထိပ္မွ စတင္ခံစားရသည္။ေဆးထိုးၾကျပန္ၿပီထင္သည္။ေလရွဴရသည္က အပင္ပန္းမရွိသလိုျဖစ္လာသည္။ဘာေဆးေတြ ဘယ္ေလာက္ေတာင္ ထိုးေနၾကသည္မသိ။မိမိမသိ။ နာက်င္ျခင္းေတြက သက္သာသလိုပင္။
အိပ္ခ်င္လိုက္တာ။မင္းတို႔ ငါ့ေဘးက ထြက္သြားၾကရင္ ေကာင္းမယ္ကြာ။သိပ္ကိုဆူညံေနတာပဲ။ ဘာလို႔ထြက္မသြားၾကေသးတာလဲ။အာ႐ုံေတြ ရႈပ္ေထြးလိုက္တာကြာ။သြားၾကပါ။သြားၾကပါ။တရားသံေတြဟာ ဘယ္ေရာက္သြားတာလဲ။ၿငိမ္ၾက တိတ္ၾကစမ္းပါ။
အခုအိပ္ေပ်ာ္ျခင္းက ေနာက္ဆုံးအိပ္ေပ်ာ္ျခင္းျဖစ္သြားမလား။
--------
ရင္ထဲမွာ ေအးစက္မႈတို႔က တိုးတိုးလာသလိုခံစားရသည္။ငါ့ကိုလာကိုင္တဲ့ မင္းတို႔လက္ေတြကလည္း ေအးစက္စက္။ဒါေပမဲ့ မင္းတို႔က…
ေဖ့ေဖ့ခႏၶာကိုယ္ႀကီးက တအားပူလိုက္တာ ေစာင္ေတြသိပ္မျခဳံနဲ႔တဲ့ေလ။မင္းတို႔ကိုင္တဲ့ ငါ့ခႏၶာကိုယ္ႀကီးက ပူေနေပမယ့္၊ငါ့ရင္ထဲက ခ်မ္းေအးမႈေတြက တျဖည္းျဖည္းတိုးလာေနလိုက္တာကြာ။မခံႏိုင္ေလာက္ေအာင္ပါဘဲ။
---
အသံတို႔တိတ္ဆိတ္သြားေသာ္ အသံတစ္ခုက မွန္မွန္ေလးျပန္ေပၚလာသည္။ေပၚလာေသာ အသံေနာက္ လိုက္သြားမိသည္။ထိုအသံေပၚ အာ႐ုံတင္မိသည္။တရားသံ။တရားသံေပၚ အာ႐ုံတင္ထားေတာ့ ခံစားေနရသည့္ ေဝဒနာတို႔ ေမ့ေပ်ာက္သြားသည္။
ဘယ္ႏွစ္ႀကိမ္ ထပ္ေက်ာ့ေနသည္မသိ။မိမိလည္း တရားသံေနာက္ကိုသာလိုက္ေနမိသည္ ။တရားသံေနာက္ လိုက္ရင္း ဆို႔က်ပ္က်ပ္ ႏွစ္ခါသုံးခါေလာက္ျဖစ္သြားသည္။
---
ဘာေတြလုပ္ေနၾကတာလဲ။
အို…ငါ့ခႏၶာကိုယ္ႀကီးကို ဖက္ရပ္ၿပီး ငိုေနၾကတာပါလား။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com