နာမည်ကြီး အင်္ဂလန်စာရေးဆရာကြီး၏ နေအိမ်အရောင်းဈေးကွက်ဝင်လာ။ ထိုအိမ်တွင် တစ်နှစ်လျှင် အိမ်ငှားခ ပေါင် ၂၅၀ သာပေးနေသော အိမ်ငှားရှိနေပြီး ဝယ်လက်အား အိမ်ထဲဝင်ခွင့်ပြုမည်မဟုတ်

နာမည်ကြီး အင်္ဂလန်စာရေးဆရာကြီး၏ နေအိမ်အရောင်းဈေးကွက်ဝင်လာ။ ထိုအိမ်တွင် တစ်နှစ်လျှင် အိမ်ငှားခ ပေါင် ၂၅၀ သာပေးနေသော အိမ်ငှားရှိနေပြီး ဝယ်လက်အား အိမ်ထဲဝင်ခွင့်ပြုမည်မဟုတ် - Property News in Myanmar from iMyanmarHouse.com
19 Dec 2022 10:10 am တွင် တင်ခဲ့သည်
543 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အင်္ဂလန်စာရေးဆရာ အိဗလင်း ဝါး( Evelyn Waugh) (မွေး ၁၉၀၃- ကွယ်လွန် ၁၉၆၆)သည် ၂၀ ရာစု အင်္ဂလိပ်စာပေ၏ အခမ်းနားကြီးကျယ်ဆုံး စကားပြေစာရေးဆရာအဖြစ် သတ်မှတ်ခံရပြီး ဝတ္ထုများ၊ အတ္ထုပ္ပတ္တိများနှင့် ခရီးသွားစာပေများ ရေးသားခဲ့သည် ။

နာမည်ကြီး အင်္ဂလန်စာရေးဆရာ အိဗလင်း ဝါး( Evelyn Waugh) ၏ စံအိမ် ဒေါ်လာ ၃ သန်းဖြင့် အရောင်း ဈေးကွက်ဝင်လာသည်။

လက်ရှိ အဆိုပါအိမ်ကို ငှားရမ်းနေထိုင်သူများက နေအိမ်ဝယ်မည့်သူများကို နေအိမ်အတွင်း ဝင်ရောက်ကြည့်ရှု ခွင့်ပေးမည် မဟုတ်ဟု ဆိုသည်။

အိမ်ငှားခများ ခေါင်ခိုက်နေချိန်တွင် အဆိုပါ အိမ်ငှားတို့က အိမ်ငှားခ တစ်နှစ်လျှင် ပေါင် ၂၅၀ မျှသာ ပေးလျက် ရှိသည်မှာ အံ့အားသင့်ဖွယ်ကောင်းလှသည်။

ထိုအိမ်ငှားတို့က ပြောင်းရွှေ့ပေးရန်လည်း ငြင်းပယ်ထားသည်။ အိမ်ငှားတို့၏ အဆိုပါလုပ်ရပ်များကြောင့် နေအိမ်ကို ရောင်းထုတ်ရမည့် အခြေအနေဖြစ်လာသည်။

အဆိုပါ အိမ်ကို ကြမ်းခင်းဈေး ပေါင် ၄ သိန်းဖြင့် လေလံတင်ထားရာ လွန်ခဲ့သော ၄ နှစ်က အရောင်းအဝယ်ဖြစ် ခဲ့သော ဈေးနှုန်း ပေါင် ၂ ဒသမ ၉ သန်းအောက် များစွာနည်းပါးနေသည်။

အိမ်ငှားတို့က အိမ်ခြံမြေအကျိုးဆောင်များနှင့် နေအိမ်ဝယ်လက်များကို အိမ်အတွင်း ဝင်ခွင့်ပြုမည်မဟုတ်ဟု ဆိုသည်။

အိပ်ခန်း ၈ ခန်းပါသော နေအိမ် တည်ရှိသည့်နေရာမှာ အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်း Gloucestershire ခရိုင် Stinchcombe ကျေးရွာတွင် တည်ရှိသည်။

စာရေးဆရာ အိဗလင်း ဝါးက ၁၉၃၇ ခုနှစ်တွင် ပေါင် ၃၆၀၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

 

 

(စာရေးဆရာ အိဗလင်း ဝါး ပိုင်ဆိုင်ခဲ့ဖူးသော Piers Court ဟု အမည်ပေးထားသော စံအိမ်ကို ကောင်းကင်မှ မြင်ရသည့် ဓာတ်ပုံ။နေအိမ်အတွင်း အိပ်ခန်း ၈ ခန်းပါသည်။ သို့သော် အိမ်အတွင်းပိုင်း လက်ရှိအနေအထားကို မူ မသိရချေ။အိမ်ငှားတို့က ဝင်ရောက်ကြည့်ရှုခွင့် မပေးသောကြောင့် ဖြစ်သည်။)

 

 

(ဤဓာတ်ပုံတွင် တွေ့ရသော စာရေးဆရာ အိဗလင်း ဝါးသည် Piers Court စံအိမ်တွင် ၁၉ နှစ်ကျော် နေထိုင်ခဲ့ပြီး Brideshead Revisited, Officers and Gentlemen နှင့် Men at Arms အစရှိသည့် ဝတ္ထုများအပါအဝင် သူ၏ စာအုပ်များစွာကို စံအိမ်ရှိ စာကြည့်တိုက်အတွင်း ရေးသားခဲ့သည်။ )

(စာရေးဆရာ အိဗလင်း ဝါးက ၁၉၃၇ တွင် ပေါင် ၃၆၀၀ ဖြင့် ဤနေအိမ်ကို ဝယ်ယူခဲ့သည်။၂၀၁၉ ခုနှစ်တွင် BBC သတင်းဌာန အမှုဆောင်အရာရှိ တစ်ဦးဖြစ်သူ Jason Blain ပိုင်ဆိုင်သော ကုမ္ပဏီတစ်ခုထံ ပေါင် ၂ ဒသမ ၉ သန်းဖြင့် ရောင်းချခဲ့သည်။)

နေအိမ်ကို ဒီဇင်ဘာ ၁၅ ရက်တွင် လေလံတင်ရောင်းချခဲ့သည်။

လေလံတင်ကုမ္ပဏီက လေလံဆွဲမည့် ဝယ်လက်များအား သတိပေးသည်မှာ ထိုနေအိမ်တွင် လက်ရှိအားဖြင့် အိမ်ငှားရှိကြောင်း တစ်နှစ်လျှင် အိမ်ငှားခ ပေါင် ၂၅၀ ဖြင့် ငှားရမ်းနေထိုင်ခြင်း ဖြစ်ကြောင်း သတိပေးခဲ့သည်။

“ပြောင်းရွှေ့ပေးဖို့ သတိပေးစာကို အိမ်ငှားများထံ ၂၀၂၂ သြဂုတ်လ ၁၉ ရက်က ပေးပို့ခဲ့ပြီးဖြစ်တဲ့အပြင် သတိပေးစာ မိတ္တူကို နေအိမ် ဂိတ်ဝမှာ ၂၀၂၂ သြဂုတ်လ ၂၂ ရက်မှာ ကပ်ထားခဲ့ပြီး ဖြစ်ပါတယ်။ ဝယ်လက်တွေ အနေနဲ့ ဒီအကြောင်းအရပ်နဲ့ ပက်သက်ပြီး မိမိတို့ဘာသာ ဥပဒေအကြံပြုချက်များ ရယူပြီး လေလံဆွဲဖို့ အကြံပြုလိုပါတယ်။”

 

(Piers Court စံအိမ်ကို အများပြည်သူပိုင် လူသွားလမ်းကလေးတစ်ခုမှ မြင်ရပုံ)

 

 

(နေအိမ်ဆီသို့ ပေါက်သော သစ်သား ဂိတ်တံခါး )

 

(ကြီးမာကျယ်ဝန်းသော စံအိမ်အပြင်ဘက် ဂိတ်ဝတွင် စံအိမ်အမည်ကို တွေ့ရပုံ)

 

(စံအိမ်ဆီသို့ ဦးတည်သည့် ယာဉ်မောင်းလမ်းကို အပေါ်စီးမှ တွေ့ရပုံ)

 

(နေအိမ်အဝင်ဝကို တွေ့ရပုံ)

 

(စံအိမ်နှင့် လှပခမ်းနားသော ခြံဝန်းကို အပေါ်စီးမှ တွေ့ရပုံ)

 

(ပိုင်ရှင်သစ်အနေဖြင့် အိမ်ငှားများကိုသာ ပြောင်းရွှေ့အောင်လုပ်ဆောင်နိုင်မည်ဆိုပါက အံ့ဖွယ်စံအိမ်တစ်လုံး ပိုင်ဆိုင်နိုင်မည် ဖြစ်သည်)

 

(စံအိမ် ယာဉ်မောင်းလမ်းနှင့် ခြံဝန်း၏ ကောင်းကင်မြင်ကွင်း)

 

(၂၀၁၉ ခုနှစ်အတွင်း ဤစံအိမ်သည် BBC သတင်းဌာနအမှုဆောင်ဟောင်း Jason Blain ပိုင်ဆိုင်သော ကုမ္ပဏီတစ်ခုထံ ပေါင် ၂ ဒသမ ၉ သန်းဖြင့် ရောက်ရှိခဲ့သည်။ ပုံတွင်တွေ့ရသည်မှာ Jason Blain နှင့် ထုတ်လုပ်သူ Deborah Schindler တို့နှစ်ဦး ဖြစ်သည်)

မစ္စတာ Jason Blain သည် ဤစံအိမ်ကို လန်ဒန်မှ ဘဏ်တစ်ခုဖြစ်သော C Hoare & Co ထံမှ ပေါင် ၂ ဒသမ ၁ သန်းချေးငွေရယူကာ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ဇန်နဝါရီလအတွင်း မစ္စတာ Blain ကို လန်ဒန်မြို့၊ ဟိုက်ပါ့ခ် ပန်းခြံအနီးရှိ Mandarin Oriental ဟိုတယ်က တည်းခိုခ မပေးချေမှုဖြင့် တရားစွဲခြင်းခံထားရသည်။

တရားရုံးချုပ်မှ စာရွက်စာတမ်းများအရ မစ္စတာ Blain သည် ဟိုတယ်မှ Penthouse ခန်းကို တစ်ညလျှင် ပေါင် ၄၂၇၅ ဖြင့် ၆ ရက်တည်းခိုရန် စာရင်းပေးသွင်းခဲ့သော်လည်း ၈ လကြာနေထိုင်ခဲ့သည်ဟု ဆိုသည်။

 

(ဂလော်ဆက်စတာရှိုင်းယားခရိုင်၊ Stinchcombe ကျေးရွာတွင် တည်ရှိပြီး စာရေးဆရာ ဝါးက ပေါင် ၃၆၀၀ ဖြင့် ၁၉၃၇ ခုနှစ်တွင် ဝယ်ယူခဲ့သည်)

 

(ဝယ်လက်တို့အနေဖြင့် Piers Court စံအိမ်တွင်းသို့ ဝင်ရောက်ကြည့်ရှုနိုင်မည် မဟုတ်ချေ။)

မစ္စတာ Blain သည် ဟိုတယ်တည်းခိုခ ပေါင် ၁ ဒသမ ၂၅ သန်းအပြင် ဝန်ဆောင်ခ ပေါင် ၅၅၀၀၀၊ ကားသန့်ရှင်းရေးပါသော ကားပါကင်အတွက် ပေါင် ၃၀၁၀၀ နှင့် အခန်းတွင်း ဝန်ဆောင်မှုအတွက် ပေါင် ၂၅၄၉၇ အစရှိသော အခကြေးငွေများ အကြွေးတင်နေသည့်အနက် ကြွေးမြီအချို့ ပြန်လည်ပေးဆပ်ခဲ့ သော်လည်း ပေါင် ၇၃၁၅၀၀ အကြွေးကျန်ရှိသေးသည်ဟု စွပ်စွဲခံထားရသည်။

မစ္စတာ Blain သည် ပြီးခဲ့သောနှစ် ဇွန်လအတွင်း ဟိုတယ်ထံ email ပေးပို့ခဲ့ရာ “ဒီကျသင့်ငွေက ကျွန်တော့်ရဲ့ ကြွေးမြီတွေပါ။ ဒါကို အနာဂတ်တစ်ချိန်မှာ ပေးချေသွားမှာ ဖြစ်ပါတယ်”ဟု ရေးသားခဲ့သည်။

မစ္စတာ Blain သည် စကော့တလန်နိုင်ငံ၊ Perthshire တွင် နေထိုင်ပြီး ၎င်းအား Mandarin ဟိုတယ်မှ အထွေထွေမန်နေဂျာ Torsten van Dullemen က ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် တရားစွဲခဲ့ခြင်း ဖြစ်သည်။

ဟိုတယ်ဘက်က ပြောသည်မှာ မစ္စတာ Blain သည် တည်းခိုခကျသင့်ငွေများအနက် ပေါင် ၅၀၈၅၀၀ ကို ပြန်လည်ပေးဆပ်ထားပြီးဖြစ်ပြီး နောက်ဆုံး ပေးဆပ်ထားသည်မှာ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၉ ရက်က ပေါင် ၂၅၀၀၀ ပေးဆပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(Mandarin ဟိုတယ်ဘက်က ပေါင် ၇၄၀၈၃၂ ကို ပြန်လည်တောင်းခံလျက်ရှိသည်)

 

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: Author Evelyn Waugh's picturesque Cotswolds mansion goes on sale for $3million - but its current 'tenants from hell' won't let prospective buyers take a look! (dailymail)

 

[Zawgyi]

နာမည္ၾကီး အဂၤလန္စာေရးဆရာၾကီး၏ ေနအိမ္အေရာင္းေစ်းကြက္ဝင္လာ။ ထိုအိမ္တြင္ တစ္ႏွစ္လွ်င္ အိမ္ငွားခ ေပါင္ ၂၅၀ သာေပးေနေသာ အိမ္ငွားရွိေနျပီး ဝယ္လက္အား အိမ္ထဲဝင္ခြင့္ျပဳမည္မဟုတ္

 

 

အဂၤလန္စာေရးဆရာ အိဗလင္း ဝါး( Evelyn Waugh) (ေမြး ၁၉၀၃- ကြယ္လြန္ ၁၉၆၆)သည္ ၂၀ ရာစု အဂၤလိပ္စာေပ၏ အခမ္းနားႀကီးက်ယ္ဆုံး စကားေျပစာေရးဆရာအျဖစ္ သတ္မွတ္ခံရၿပီး ဝတၳဳမ်ား၊ အတၳဳပၸတၱိမ်ားႏွင့္ ခရီးသြားစာေပမ်ား ေရးသားခဲ့သည္ ။

လက္ရွိ အဆိုပါအိမ္ကို ငွားရမ္းေနထိုင္သူမ်ားက ေနအိမ္ဝယ္မည့္သူမ်ားကို ေနအိမ္အတြင္း ဝင္ေရာက္ၾကည့္ရႈ ခြင့္ေပးမည္ မဟုတ္ဟု ဆိုသည္။ အိမ္ငွားခမ်ား ေခါင္ခိုက္ေနခ်ိန္တြင္ အဆိုပါ အိမ္ငွားတို႔က အိမ္ငွားခ တစ္ႏွစ္လွ်င္ ေပါင္ ၂၅၀ မွ်သာ ေပးလ်က္ ရိွသည္မွာ အံ့အားသင့္ဖြယ္ေကာင္းလွသည္။

ထိုအိမ္ငွားတို႔က ေျပာင္းေရႊ႕ေပးရန္လည္း ျငင္းပယ္ထားသည္။ အိမ္ငွားတို႔၏ အဆိုပါလုပ္ရပ္မ်ားေၾကာင့္ ေနအိမ္ကို ေရာင္းထုတ္ရမည့္ အေျခအေနျဖစ္လာသည္။

အဆိုပါ အိမ္ကို ၾကမ္းခင္းေစ်း ေပါင္ ၄ သိန္းျဖင့္ ေလလံတင္ထားရာ လြန္ခဲ့ေသာ ၄ ႏွစ္က အေရာင္းအဝယ္ျဖစ္ ခဲ့ေသာ ေစ်းႏႈန္း ေပါင္ ၂ ဒသမ ၉ သန္းေအာက္ မ်ားစြာနည္းပါးေနသည္။

အိမ္ငွားတို႔က အိမ္ျခံေျမအက်ိဳးေဆာင္မ်ားႏွင့္ ေနအိမ္ဝယ္လက္မ်ားကို အိမ္အတြင္း ဝင္ခြင့္ျပဳမည္မဟုတ္ဟု ဆိုသည္။

အိပ္ခန္း ၈ ခန္းပါေသာ ေနအိမ္ တည္ရွိသည့္ေနရာမွာ အဂၤလန္ႏိုင္ငံ အေနာက္ေတာင္ပိုင္း Gloucestershire ခရိုင္ Stinchcombe ေက်းရြာတြင္ တည္ရွိသည္။

စာေရးဆရာ အိဗလင္း ဝါးက ၁၉၃၇ ခုႏွစ္တြင္ ေပါင္ ၃၆၀၀ ျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

(စာေရးဆရာ အိဗလင္း ဝါး ပိုင္ဆုိင္ခဲ့ဖူးေသာ Piers Court ဟု အမည္ေပးထားေသာ စံအိမ္ကို ေကာင္းကင္မွ ျမင္ရသည့္ ဓာတ္ပံု။ေနအိမ္အတြင္း အိပ္ခန္း ၈ ခန္းပါသည္။ သို႔ေသာ္ အိမ္အတြင္းပုိင္း လက္ရွိအေနအထားကို မူ မသိရေခ်။အိမ္ငွားတို႔က ဝင္ေရာက္ၾကည့္ရႈခြင့္ မေပးေသာေၾကာင့္ ျဖစ္သည္။)

(ဤဓာတ္ပံုတြင္ ေတြ႔ရေသာ စာေရးဆရာ အိဗလင္း ဝါးသည္ Piers Court စံအိမ္တြင္ ၁၉ ႏွစ္ေက်ာ္ ေနထိုင္ခဲ့ျပီး Brideshead Revisited, Officers and Gentlemen ႏွင့္ Men at Arms အစရွိသည့္ ဝတၳဳမ်ားအပါအဝင္ သူ၏ စာအုပ္မ်ားစြာကို စံအိမ္ရွိ စာၾကည့္တိုက္အတြင္း ေရးသားခဲ့သည္။ )

(စာေရးဆရာ အိဗလင္း ဝါးက ၁၉၃၇ တြင္ ေပါင္ ၃၆၀၀ ျဖင့္ ဤေနအိမ္ကို ဝယ္ယူခဲ့သည္။၂၀၁၉ ခုႏွစ္တြင္ BBC သတင္းဌာန အမႈေဆာင္အရာရွိ တစ္ဦးျဖစ္သူ Jason Blain ပိုင္ဆိုင္ေသာ ကုမၸဏီတစ္ခုထံ ေပါင္ ၂ ဒသမ ၉ သန္းျဖင့္ ေရာင္းခ်ခဲ့သည္။)

ေနအိမ္ကို ဒီဇင္ဘာ ၁၅ ရက္တြင္ ေလလံတင္ေရာင္းခ်ခဲ့သည္။

ေလလံတင္ကုမၸဏီက ေလလံဆြဲမည့္ ဝယ္လက္မ်ားအား သတိေပးသည္မွာ ထိုေနအိမ္တြင္ လက္ရွိအားျဖင့္ အိမ္ငွားရွိေၾကာင္း တစ္ႏွစ္လွ်င္ အိမ္ငွားခ ေပါင္ ၂၅၀ ျဖင့္ ငွားရမ္းေနထိုင္ျခင္း ျဖစ္ေၾကာင္း သတိေပးခဲ့သည္။

“ေျပာင္းေရႊ႕ေပးဖုိ႔ သတိေပးစာကို အိမ္ငွားမ်ားထံ ၂၀၂၂ ၾသဂုတ္လ ၁၉ ရက္က ေပးပို႔ခဲ့ျပီးျဖစ္တဲ့အျပင္ သတိေပးစာ မိတၱဴကို ေနအိမ္ ဂိတ္ဝမွာ ၂၀၂၂ ၾသဂုတ္လ ၂၂ ရက္မွာ ကပ္ထားခဲ့ျပီး ျဖစ္ပါတယ္။ ဝယ္လက္ေတြ အေနနဲ႔ ဒီအေၾကာင္းအရပ္နဲ႔ ပက္သက္ျပီး မိမိတို႔ဘာသာ ဥပေဒအၾကံျပဳခ်က္မ်ား ရယူျပီး ေလလံဆြဲဖို႔ အၾကံျပဳလိုပါတယ္။”

(Piers Court စံအိမ္ကုိ အမ်ားျပည္သူပုိင္ လူသြားလမ္းကေလးတစ္ခုမွ ျမင္ရပံု)

(ေနအိမ္ဆီသို႔ ေပါက္ေသာ သစ္သား ဂိတ္တံခါး )

(ၾကီးမာက်ယ္ဝန္းေသာ စံအိမ္အျပင္ဘက္ ဂိတ္ဝတြင္ စံအိမ္အမည္ကို ေတြ႕ရပံု)

(စံအိမ္ဆီသို႔ ဦးတည္သည့္ ယာဥ္ေမာင္းလမ္းကို အေပၚစီးမွ ေတြ႔ရပံု)

(ေနအိမ္အဝင္ဝကုိ ေတြ႔ရပံု)

(စံအိမ္ႏွင့္ လွပခမ္းနားေသာ ျခံဝန္းကို အေပၚစီးမွ ေတြ႔ရပံု)

(ပိုင္ရွင္သစ္အေနျဖင့္ အိမ္ငွားမ်ားကိုသာ ေျပာင္းေရႊ႕ေအာင္လုပ္ေဆာင္ႏိုင္မည္ဆိုပါက အံ့ဖြယ္စံအိမ္တစ္လံုး ပိုင္ဆိုင္ႏိုင္မည္ ျဖစ္သည္)

(စံအိမ္ ယာဥ္ေမာင္းလမ္းႏွင့္ ျခံဝန္း၏ ေကာင္းကင္ျမင္ကြင္း)

(၂၀၁၉ ခုႏွစ္အတြင္း ဤစံအိမ္သည္ BBC သတင္းဌာနအမႈေဆာင္ေဟာင္း Jason Blain ပိုင္ဆိုင္ေသာ ကုမၸဏီတစ္ခုထံ ေပါင္ ၂ ဒသမ ၉ သန္းျဖင့္ ေရာက္ရွိခဲ့သည္။ ပံုတြင္ေတြ႔ရသည္မွာ Jason Blain ႏွင့္ ထုတ္လုပ္သူ Deborah Schindler တို႔ႏွစ္ဦး ျဖစ္သည္)

မစၥတာ Jason Blain သည္ ဤစံအိမ္ကို လန္ဒန္မွ ဘဏ္တစ္ခုျဖစ္ေသာ C Hoare & Co ထံမွ ေပါင္ ၂ ဒသမ ၁ သန္းေခ်းေငြရယူကာ ဝယ္ယူခဲ့ျခင္းျဖစ္သည္။

ယခုႏွစ္ ဇန္နဝါရီလအတြင္း မစၥတာ Blain ကို လန္ဒန္ျမိဳ႕၊ ဟိုက္ပါ့ခ္ ပန္းျခံအနီးရွိ Mandarin Oriental ဟိုတယ္က တည္းခိုခ မေပးေခ်မႈျဖင့္ တရားစြဲျခင္းခံထားရသည္။

တရားရံုးခ်ဳပ္မွ စာရြက္စာတမ္းမ်ားအရ မစၥတာ Blain သည္ ဟိုတယ္မွ Penthouse ခန္းကို တစ္ညလွ်င္ ေပါင္ ၄၂၇၅ ျဖင့္ ၆ ရက္တည္းခိုရန္ စာရင္းေပးသြင္းခဲ့ေသာ္လည္း ၈ လၾကာေနထိုင္ခဲ့သည္ဟု ဆိုသည္။

(ဂေလာ္ဆက္စတာရိႈင္းယားခရိုင္၊ Stinchcombe ေက်းရြာတြင္ တည္ရွိျပီး စာေရးဆရာ ဝါးက ေပါင္ ၃၆၀၀ ျဖင့္ ၁၉၃၇ ခုႏွစ္တြင္ ဝယ္ယူခဲ့သည္)

(ဝယ္လက္တို႔အေနျဖင့္ Piers Court စံအိမ္တြင္းသို႔ ဝင္ေရာက္ၾကည့္ရႈႏိုင္မည္ မဟုတ္ေခ်။)

မစၥတာ Blain သည္ ဟိုတယ္တည္းခိုခ ေပါင္ ၁ ဒသမ ၂၅ သန္းအျပင္ ဝန္ေဆာင္ခ ေပါင္ ၅၅၀၀၀၊ ကားသန္႔ရွင္းေရးပါေသာ ကားပါကင္အတြက္ ေပါင္ ၃၀၁၀၀ ႏွင့္ အခန္းတြင္း ဝန္ေဆာင္မႈအတြက္ ေပါင္ ၂၅၄၉၇ အစရွိေသာ အခေၾကးေငြမ်ား အေၾကြးတင္ေနသည့္အနက္ ေၾကြးျမီအခ်ဳိ႕ ျပန္လည္ေပးဆပ္ခဲ့ ေသာ္လည္း ေပါင္ ၇၃၁၅၀၀ အေၾကြးက်န္ရွိေသးသည္ဟု စြပ္စြဲခံထားရသည္။

မစၥတာ Blain သည္ ျပီးခဲ့ေသာႏွစ္ ဇြန္လအတြင္း ဟိုတယ္ထံ email ေပးပို႔ခဲ့ရာ “ဒီက်သင့္ေငြက ကၽြန္ေတာ့္ရဲ႕ ေၾကြးျမီေတြပါ။ ဒါကို အနာဂတ္တစ္ခ်ိန္မွာ ေပးေခ်သြားမွာ ျဖစ္ပါတယ္”ဟု ေရးသားခဲ့သည္။

မစၥတာ Blain သည္ စေကာ့တလန္ႏိုင္ငံ၊ Perthshire တြင္ ေနထိုင္ျပီး ၎အား Mandarin ဟိုတယ္မွ အေထြေထြမန္ေနဂ်ာ Torsten van Dullemen က ၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလတြင္ တရားစြဲခဲ့ျခင္း ျဖစ္သည္။

ဟိုတယ္ဘက္က ေျပာသည္မွာ မစၥတာ Blain သည္ တည္းခိုခက်သင့္ေငြမ်ားအနက္ ေပါင္ ၅၀၈၅၀၀ ကို ျပန္လည္ေပးဆပ္ထားျပီးျဖစ္ျပီး ေနာက္ဆံုး ေပးဆပ္ထားသည္မွာ ၂၀၂၁ ခုႏွစ္၊ ဇြန္လ ၉ ရက္က ေပါင္ ၂၅၀၀၀ ေပးဆပ္ခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

(Mandarin ဟိုတယ္ဘက္က ေပါင္ ၇၄၀၈၃၂ ကို ျပန္လည္ေတာင္းခံလ်က္ရွိသည္)

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစရွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္ရွိသည့္ အိမ္ၿခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: Author Evelyn Waugh's picturesque Cotswolds mansion goes on sale for $3million - but its current 'tenants from hell' won't let prospective buyers take a look! (dailymail)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service