မိမိကဲ့သို့ အလုပ်ကြိုးစားရန် ဝန်ထမ်းများအား စိတ်ဓာတ်လှုံ့ဆော်ရန်အတွက် ရုံးတွင် အထူးခန်းမတစ်ခုအတွင်း သူ၏ McLaren နှင့် Lamborghinis မော်တော်ကားများ ပြသထားသည့် သန်းကြွယ်သူဌေး
မိမိကဲ့သို့ အလုပ်ကြိုးစားရန် ဝန်ထမ်းများအား စိတ်ဓာတ်လှုံ့ဆော်ရန်အတွက် ရုံးတွင် အထူးခန်းမတစ်ခုအတွင်း သူ၏ McLaren နှင့် Lamborghinis မော်တော်ကားများ ပြသထားသည့် သန်းကြွယ်သူဌေး - Property News in Myanmar from iMyanmarHouse.com
16 Dec 2022 11:20 am တွင် တင်ခဲ့သည်
417 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဒါရိုက်တာ မာတင် စကော့စီစီ ရိုက်ကူးခဲ့သော ‘Wolf of Wall Street’ ရုပ်ရှင်ကားတွင် အထင်ကရ ပြကွက် တစ်ခု ရှိသည်။
Donnie Azoff အဖြစ် သရုပ်ဆောင်ထားသော Jonah Hill က Jordan Belfort အဖြစ်သရုပ်ဆောင်ထားသော Leonardo Di Caprio ပထမဆုံးအကြိမ် တွေ့ဆုံခန်းကို ရိုက်ကူးထားခြင်းဖြစ်သည်။
ညစာစားပွဲတွင် ဖြစ်ပြီး ဒွန်နီက အပြင်တွင်ရပ်ထားသော တောက်ပသည့် Jaguar ကားမှာ ခင်ဗျားကားလားဟု မေး၏။
ဂျော်ဒန်က သူ့ကားဖြစ်ကြောင်းပြောရာ ဒွန်နီက ဝင်ငွေဘယ်လောက်ရလဲဟု မေး၏။
ထိုအခါ ဂျော်ဒန်က ဒေါ်လာ ၇၀၀၀၀ ချက်လတ်မှတ်ကို ထုတ်ပြပြီး နောက်ပြကွက်တစ်ခုသို့ ပြောင်းသွားသည်။
စိတ်ဓာတ်တက်ကြွ လှုံ့ဆော်မှုရသွားသော ဒွန်နီသည် သူ၏ လက်ရှိအလုပ်ရှင်ထံမှ အလုပ်ထွက်ခဲ့ကာ ဂျော်ဒန်၏ထံတွင် ဝင်ရောက်လုပ်က်ိုင်လေသည်။ သန်းကြွယ်သူဌေးကြီး James Donatossian ၏ ယခုလုပ်ဆောင်မှုမှာလည်း လီယိုနာဒို ဒီကာပရီယို၏ ရုပ်ရှင်ဇာတ်ကားထဲကအတိုင်း ဖြစ်နေသည်။
James Donatossian သည် ဒေါ်လာ သန်းပေါင်းများစွာ ချမ်းသာသည့် သန်းကြွယ်သူဌေးတစ်ဦးဖြစ်ပြီး သြစတေးလျတွင် အောင်မြင်နေသော ပုံနှိပ်ကုမ္ပဏီတစ်ခု ပိုင်ဆိုင်ထားသည်။
သန်းကြွယ်သူဌေး ဂျိမ်းစ်က သူ၏ ရုံးတွင် စိတ်ဓာတ်လှုံ့ဆော်ရေးခန်းမတစ်ခု ဆောက်လုပ်ထားပြီး သူ၏ စူပါကားများ အမြဲရပ်ထားလေ့ရှိသည်။
သူ၏ ဝန်ထမ်းများက မော်တော်ကားများကို ကြည့်ကာ အားကျလာပြီးနောက် ကြိုးကြိုးစားစားနှင့်တစိုက်မတ်မတ်လုပ်ဆောင်လျှင် မည်သည့်အရာမဆို ဖြစ်နိုင်ကြောင်းသိလာစေရန် ရည်ရွယ်သည်ဟု ဆိုသည်။
ဂျိမ်းစ်သည် အသက် ၁၆ နှစ်အရွယ်က စစ်၏ ထုထောင်းမှုကြောင့် အရာရာပျက်စီးနေသည့် အီရတ်နိုင်ငံမှ သြစတေးလျသို့ ထွက်လာချိန်တွင် အိတ်ထဲ၌ ဒေါ်လာ ၉၀၀၀ မျှသာပါသည်။
သူက တစ်အိမ်ဝင်တစ်အိမ်ထွက် ခရက်ဒစ်ကတ်များ လိုက်ရောင်း၏။ ယင်းနောက် ဓာတ်ပုံကူးကုမ္ပဏီတွင် အရောင်းသမား အလုပ်တစ်ခု ရခဲ့သည်။
ထိုကုမ္ပဏီတွင် အလုပ်ကို ထူးချွန်စွာ လုပ်နိုင်ခဲ့ပြီး ငွေစုဆောင်းကာ ၂၀၁၂ ခုနှစ်တွင် Printech အမည်ဖြင့် ကိုယ်ပိုင်ကုမ္ပဏီ စတင်တည်ထောင်ခဲ့သည်။
(ဓာတ်ပုံ - Via Facebook / @James Allan Donatossian)
နောင် ဆယ်စုနှစ်တစ်ခုအကြာ ယနေ့အခါတွင် သူ၏ ကုမ္ပဏီတွင် ဝန်ထမ်း ၂၇ ဦး ရှိနေပြီဖြစ်ပြီး ကုမ္ပဏီတန်ကြေး ဒေါ်လာ သန်း၂၀ ရှိနေပြီဖြစ်သည်။ ထိုမျှမကသေး ။
တယ်လီကွန်ဆယ်သွယ်ရေးကုမ္ပဏီနှင့် ဘဏ္ဍာရေးချေးငွေ ကုမ္ပဏီတစ်ခုလည်း ပ်ိုင်ဆိုင်ထားသည်။
(ဓာတ်ပုံ - Via Facebook / @James Allan Donatossian)
ဆင်းဆင်းရဲရဲဘဝမှ လာခဲ့သော ဂျိမ်းစ်တွင် ယခုအခါ တန်ဖိုးကြီးမော်တော်ကားများ ဒေါ်လာ ၃ ဒသမ ၅ သန်းဖိုး ပိုင်ဆိုင်ထားရာ Lamborghini, Bentley, McLaren, Mercedes ကားများအပါအဝင် ဖြစ်သည်။
ဂျိမ်းစ်သည် သြစတေးလျနိုင်ငံ ၊ ဆစ်ဒနီမြို့တွင် ဇနီး ၊ ကလေး ၂ ဦးနှင့်အတူ ချမ်းမြေ့စွာ နေထိုင်လျှက်ရှိသည်။
(ဓာတ်ပုံ - Via Facebook / @James Allan Donatossian)
Daily Mail သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဂျိမ်းစ်က “ကလေးဘဝကတည်းက ကျွန်တော့်အခန်းထဲမှာ Lamborghini ကားတစ်စီးရဲ့ ဓာတ်ပုံကပ်ထားခဲ့တယ်။အဲဒီကားကို ကျွန်တော်အမြဲ လိုချင်နေခဲ့တယ်။အခုဆိုရင် ကျွန်တော်ဝယ်နိုင်ခဲ့ပြီ။အခြားလူတွေအနေနဲ့လည်း ဒါမျိုးဖြစ်နိုင်တယ်ဆိုတာ ပြောပြချင်တယ်။ကျွန်တော်ရဲ့ ဝန်ထမ်းတွေကို စိတ်ဓာတ်လှုံ့ဆော်မှုပေးချင်တယ်။ အလုပ်ကြိုးကြိုးစားစား လုပ်ရင် သူတို့လည်း ရလာလိမ့်မယ်ဆိုတာ ပြသချင်ပါတယ်”ဟု ပြောခဲ့သည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည်။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
  (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Not in the garage but this millionaire parks his McLaren and Lamborghinis in a special room inside his office so his employees are motivated to work as hard as him. (luxurylaunches)
[Zawgyi]
တယ်လီကွန်ဆယ်သွယ်ရေးကုမ္ပဏီနှင့် ဘဏ္ဍာရေးချေးငွေ ကုမ္ပဏီတစ်ခုလည်း ပိုင်ဆိုင်ထားသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service