အာရှ၏ အသန့်ရှင်းဆုံးကျေးရွာ မောလင်နွန်

အာရှ၏ အသန့်ရှင်းဆုံးကျေးရွာ မောလင်နွန် - Property News in Myanmar from iMyanmarHouse.com
15 Dec 2022 12:20 pm တွင် တင်ခဲ့သည်
654 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိန္ဒိယနိုင်ငံ၏ အသန့်ရှင်းဆုံးကျေးရွာ မောလင်နွန် (Mawlynnong) ကို ဘုရားသခင်၏ ကိုယ်ပိုင်ဥယျာဉ်ဟုလည်း လူသိများသည်။

၂၀၀၃ ခုနှစ်တွင် မောလင်နွန်ရွာကို အာရှ၏ အသန့်ရှင်းဆုံးကျေးရွာအဖြစ် Discover India က သတ်မှတ်ခဲ့သည်။

သန့်ရှင်းမှုအပြင် မောလင်နွန်သည် စာတတ်မြောက်သူ ၁၀၀ ရာခိုင်နှုန်းရှိခြင်း၊ အမျိုးသမီးများ၏ လုပ်ပိုင်ခွင့်ရမှု အခြေအနေအစရှိသည်တို့မှာ ကမ္ဘာပေါ်ရှိ အခြားသောကျေးရွာများ အိပ်မက်သာမက်နိုင်မည့် အခြေအနေမျိုး ဖြစ်သည်။

(မောလင်နွန်သို့ လည်ပတ်ရန် အကောင်းဆုံးအချိန်)

မောလင်နွန်တွင် တစ်နှစ်ပတ်လုံး ရာသီဥတုကောင်းမွန်သာယာပါသည်။

သို့သော် မောလင်နွန်သို့ လည်ပတ်ရန်အကောင်းဆုံးမှာ မိုးဥတုဖြစ်၏။

မိုးရာသီတွင် ရွာကလေးနှင့် ဝန်းကျင်မှာ စိမ်းလန်းစိုပြေကာ သာယာလှပသောမြင်ကွင်းအဖြစ်သို့ လုံးဝ ပြောင်းလဲသွားသည်။

ပွဲတော်အခါသမယများတွင်လည်း မောလင်နွန်သို့ သွားရောက်လည်ပတ်သင့်ရာ ဇူလိုင်လတွင် ဘာဒိခီလမ်ပွဲတော် (Behdienkhlam) ၊ စက်တင်ဘာလမှ ဒီဇင်ဘာလအကြားကျင်းပသော ဝမ်ဂလာပွဲတော်၊ အောက်တိုဘာလတွင် ကျင်းပသော နောင်ခရမ် အကပွဲတော်၊

မှတ်ချက်။ ပွဲတော်များကျင်းပရသည့် အကြောင်းရင်းများကို ဖော်ပြပေးလိုက်ပါသည်

-ဘာဒိခီလမ်ပွဲတော်မှာ ဇူလိုင်လ ကောက်ပဲသီးနှံများ ပျိုးချအပြီးတွင် သီးနှံများသန်စွမ်းကောင်းမွန်စေရေး ဘုရားထံဆုတောင်းသည့် အကပွဲတော်ဖြစ်သည်။

- ဝမ်ဂလာ (Wangala) ပွဲတော်ကို စည် ၁၀၀ ပွဲတော်ဟုလည်းခေါ်ပြီး ဒိုးပတ်နှင့်သဏ္ဍာန်တူသော်လည်း များစွာပိုမိုရှည်လျားသည့် စည်ပေါင်း ၁၀၀ ဖြင့် တီးခတ်ကာ ပွဲတော်ဆင်နွှဲခြင်းဖြစ်ပြီး ကောက်ရိတ်သိမ်းပွဲတော် ဖြစ်သည်။ သီးနှံအောင်မှုဆိုင်ရာ နေနတ်ဘုရား Saljong အား ဂုဏ်ပြုသောပွဲတော် ဖြစ်သည်။

နောင်ခရမ် အကပွဲတော်မှာ တန်ခိုးကြီး နတ်သမီးဖြစ်သော Ka Blei Synshar ကို ကောက်ပဲသီးနှံ ဖြစ်ထွန်းစွာဖြင့် ရိတ်သိမ်းနိုင်မှုအတွက် ဂါရဝပြုသည့် အကပွဲတော်ဖြစ်ပြီး အောက်တိုဘာလတွင် ကျင်းပသည်။

နိုဝင်ဘာလတွင် မောလင်နွန်ရွာတွင်သာမက အနီးဝန်ကျင်ဒေသများတွင် ပွဲလမ်းများ ကျင်းပကြသည့်ကာလ ဖြစ်သည်။

(မောလင်နွန်သို့ လည်ပတ်သင့်သည့်အကြောင်းရင်း ၅ ခု)

နေရာတစ်ခုသို့ သွားရောက်လည်ပတ်ရန် အကြောင်းပြချက်များ လိုအပ်၏။ အောက်တွင် ဖော်ပြထားသည့် အကြောင်းရင်းတို့မှာ လုံလောက်မှု နည်းသည်ဟု ထင်နိုင်သော်လည်း သင်၏အချစ်ရဆုံးများကို ခေါ်ဆောင်ကာ လည်ပတ်ရန်အတွက်မူ ထိုက်တန်ပါသည်။

-သန့်ရှင်းမှု၊ ဒေသခံတိုင်းရင်းသားများ၊ သက်ရှိ သစ်မြစ်တံတားများ၊ မောလင်နွန်မှ လည်ပတ်စရာနေရာများ၊ ဒေသဟင်းလျာများ

(၁) သန့်ရှင်းမှု

သန့်ရှင်းမှုသည် မောလင်နွန်၏ ဘဝနေထိုင်မှုနည်းလမ်းတစ်ခု ဖြစ်၏။

ဤရွာလေးတွင် ၂၀၀၇ ခုနှစ်ကတည်းက နေအိမ်အားလုံးတွင် အိမ်သာများရှိသည်။ တစ်ရွာလုံးအနှံ့ ဝါးဖြင့်ပြုလုပ်ထားသော အမှိုက်ပုံများရှိသည်။ သစ်ပင်မှ ကြွေကျလာသော သစ်ရွက်ခြောက်များသည်ပင်လျှင် အမှိုက်ပုံးထဲသို့ တည့်တည့်ကျ၏။ ရွာတွင် ပလတ်စတစ်အိတ်များ သုံးခွင့်မရှိ။ ဆေးလိပ်သောက်ခြင်းကိုလည်း တားမြစ်ထားသည်။ စည်းကမ်းများကို တင်းကျပ်စွာလိုက်နာကြရပြီး ဖောက်ဖျက်သူများမှာ ကြီးမားစွာအပြစ်ပေးခြင်းခံရသည်။

အမှိုက်များကို တွင်းထဲသို့ထည့်ခြင်းမှတဆင့် ရွာအတွက် မြေသြဇာကိုလည်း ရရှိစေသည်။ ရွာသူရွာသားတို့သည် နေအိမ်အတွင်း သန့်ရှင်းရေးလုပ်ရုံမျှမက လမ်းများပေါ်ထွက်၍လည်း တံမြက်လှည်းကြသည်။ ရွာအတွင်း အပင်များစိုက်ပျိုးကြခြင်းမှာ ၎င်းတို့၏ ဘဝနေထိုင်မှုဟန်ပန်တွင် ပါဝင်နေသည်။

(၂) ဒေသခံ မျိုးနွှယ်စုများ၏ ထူးခြားသောအလေ့အထ

အာရှ၏ အသန့်ရှင်းဆုံးရွာတွင် အဓိကအခြေချနေထိုင်သည်မှာ ခါစီမျိုးနွှယ်စုဖြစ်၏။ အဆိုပါလူမျိုးစုသည် ယောက်ျားကြီးစိုးသော လူ့အဖွဲ့အစည်း၏ စံနှုန်းများကို ကျောခိုင်းထားသည့် နာမည်ကျော်မျိုးနွှယ်စု ဖြစ်သည်။

မိသားစုတွင် ကလေးမွေးဖွားလျှင် မိခင်၏ မိသားစုအမည်ကို ဆက်ခံရသည်။ မိသားစုတစ်ခုတွင် အမွေပေးလျှင် မိခင်ထံမှ အငယ်ဆုံးသမီးထံ ဆင်းသက်၏။

ရွာသို့ အလည်အပတ်ရောက်လာသည့်ဧည့်သည်များကို နွေးထွေးပျူငှာစွာ ကြိုဆိုကြခြင်းမှာလည်း မောလင်နွန်၏ လူသိများသောအချက်တစ်ခု ဖြစ်သည်။

(၃) သက်ရှိ သစ်မြစ်တံတားများ

မောလင်နွန်ရွာမှ သက်ရှိ သစ်မြစ်တံတားများကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်တစ်ခုအဖြစ် ကြေညာထားသည်။

မြစ်တစ်စင်းကို ဖြတ်သန်းထားသော တံတားများသည် ကြီးမားသော ရာဘာပင်ကြီးများ၏ တွဲလဲဆွဲအမြစ်များကို အချင်းချင်း ချိတ်ဆက်ကာ တံတားအဖြစ် ဖန်တီးထားခြင်း ဖြစ်သည်။

(၄) မောလင်နွန်တွင် လည်ပတ်စရာများ

Sky View အမည်ရှိ မျှော်စင်မှာ မောလင်နွန်၏ အထင်ကရနေရာတစ်ခု ဖြစ်သည်။ မျှော်စင်အမြင့်မှာ ၈၅ ပေရှိပြီး ဝါးဖြင့်ဆောက်လုပ်ထားခြင်းဖြစ်သည်။

မျှော်စင်ထိပ်သို့ရောက်သွားလျှင် အသက်ရှုမှားဖွယ် ရှုခင်းများ၏ ဖမ်းစားမှုခံရမည် ဖြစ်သည်။

မောလင်နွန်ရွာမှာ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် တည်ရှိရာ ဘင်္ဂလားဒေ့ရှ်ဘက်မှ ရှုမျှော်ခင်းများကိုလည်း ကြည့်ရှုနိုင်မည် ဖြစ်သည်။

မျှော်စင်သို့ ဝင်ကြေးမှာ တစ်ဦးလျှင် ၁၀ ရူပီးဖြစ်သည်။

မောလင်နွန်ရွာဘေးမှ တောအုပ်အတွင်း ဝင်ရောက်သွားမည်ဆိုလျှင် တော၏တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သော မောလင်နွန်ရေတံခွန်မှ တဝုန်းဝုန်းရေသံများ ကြားရမည် ဖြစ်သည်။

ဤနေရာသည် သင်ချစ်ရသူတို့နှင့် ပျော်ပွဲစားထွက်ကာ အပန်းဖြေရန် ပြီးပြည့်စုံသည့်နေရာလေးတစ်ခု ဖြစ်သည်။

မောလင်နွန်တွင် အခြားအထင်ကရတစ်ခုမှာ Epiphany ဘုရားကျောင်းဖြစ်သည်။ နှစ်ပေါင်း ၁၀၀ သက်တမ်းရှိပြီဖြစ်သော ဘုရားကျောင်းသည် ခေတ်ဟောင်း၏ ဆွဲဆောင်မှုညှို့ဓာတ်ကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။

ဘုရားကျောင်း၏ ဥပစာမှာ စိမ်းလန်းသောရှုခင်းများကို ဖူးပွင့်ဝေဆာနေသော အနီ၊ လိမ္မော်ရောင် ပန်းကလေးများနှင့် ရောယှက်ထားရာ အေးမြချမ်းမြေ့သည့်ဓာတ်တစ်မျိုးကို ခံစားရစေသည်။

(၅) ဒေသ ဟင်းလျာများ

မောလင်နွန်တွင် စားသောက်ရမည့် အစားအစာများနှင့် စပ်လျဉ်း၍ အကောင်းဆုံးအချက်မှာ အစားအသောက်အားလုံးကို အော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များကိုသာ အသုံးပြုထားခြင်း ဖြစ်သည်။

အသားသည်ပင်လျှင် မွေးမြူထားသော ငှက်များ၊ တိရ စ္ဆာန်များမှ ရရှိသည့်အသားများ ဖြစ်သည်။

အသီးအရွက်သာစားသူ၊ အသားစားသူ လူတိုင်းအတွက် ရွေးချယ်စရာများရှိသည်။

ဝက်သားနှင့် ငရုတ်ပွကြော်၊ လတ်လတ်ဆတ်ဆတ်ခူးကာ ကင်ထားသော ငှက်ပျောဖူး၊ ဂျာဒိုးဟု ခေါ်သော အသားနှင့် ရောချက်သော ထမင်း (ခါစီမျိုးနွှယ်စုတို့၏ ဘာသာစကားတွင် ဂျာမှာ ထမင်းဖြစ်ပြီး ဒိုးမှာ အသားဖြစ်သည်) အစရှိသဖြင့် စားဖွယ်မျိုးစုံရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Here’s Why The Cleanest Village In Asia, Mawlynnong Deserves More Tourists In 2022 (traveltriangle)

[Zawgyi]

အာရွ၏ အသန္႔ရွင္းဆံုးေက်းရြာ ေမာလင္ႏြန္

အိႏိၵယႏိုင္ငံ၏ အသန္႔ရွင္းဆံုးေက်းရြာ ေမာလင္ႏြန္ (Mawlynnong) ကို ဘုရားသခင္၏ ကိုယ္ပိုင္ဥယ်ာဥ္ဟုလည္း လူသိမ်ားသည္။

၂၀၀၃ ခုႏွစ္တြင္ ေမာလင္ႏြန္ရြာကို အာရွ၏ အသန္႔ရွင္းဆံုးေက်းရြာအျဖစ္ Discover India က သတ္မွတ္ခဲ့သည္။

သန္႔ရွင္းမႈအျပင္ ေမာလင္ႏြန္သည္ စာတတ္ေျမာက္သူ ၁၀၀ ရာခိုင္ႏႈန္းရွိျခင္း၊ အမ်ဳိးသမီးမ်ား၏ လုပ္ပိုင္ခြင့္ရမႈ အေျခအေနအစရွိသည္တို႔မွာ ကမၻာေပၚရွိ အျခားေသာေက်းရြာမ်ား အိပ္မက္သာမက္ႏိုင္မည့္ အေျခအေနမ်ဳိး ျဖစ္သည္။

(ေမာလင္ႏြန္သို႔ လည္ပတ္ရန္ အေကာင္းဆံုးအခ်ိန္)

ေမာလင္ႏြန္တြင္ တစ္ႏွစ္ပတ္လံုး ရာသီဥတုေကာင္းမြန္သာယာပါသည္။

သို႔ေသာ္ ေမာလင္ႏြန္သို႔ လည္ပတ္ရန္အေကာင္းဆံုးမွာ မိုးဥတုျဖစ္၏။

မိုးရာသီတြင္ ရြာကေလးႏွင့္ ဝန္းက်င္မွာ စိမ္းလန္းစိုေျပကာ သာယာလွပေသာျမင္ကြင္းအျဖစ္သို႔ လံုးဝ ေျပာင္းလဲသြားသည္။

ပြဲေတာ္အခါသမယမ်ားတြင္လည္း ေမာလင္ႏြန္သို႔ သြားေရာက္လည္ပတ္သင့္ရာ ဇူလိုင္လတြင္ ဘာဒိခီလမ္ပြဲေတာ္ (Behdienkhlam) ၊ စက္တင္ဘာလမွ ဒီဇင္ဘာလအၾကားက်င္းပေသာ ဝမ္ဂလာပြဲေတာ္၊ ေအာက္တိုဘာလတြင္ က်င္းပေသာ ေနာင္ခရမ္ အကပြဲေတာ္၊

(မွတ္ခ်က္။ ပြဲေတာ္မ်ားက်င္းပရသည့္ အေၾကာင္းရင္းမ်ားကို ေဖာ္ျပေပးလိုက္ပါသည္)။

-ဘာဒိခီလမ္ပြဲေတာ္မွာ ဇူလိုင္လ ေကာက္ပဲသီးႏွံမ်ား ပ်ဳိးခ်အျပီးတြင္ သီးႏွံမ်ားသန္စြမ္းေကာင္းမြန္ေစေရး ဘုရားထံဆုေတာင္းသည့္ အကပြဲေတာ္ျဖစ္သည္။

- ဝမ္ဂလာ (Wangala) ပြဲေတာ္ကို စည္ ၁၀၀ ပြဲေတာ္ဟုလည္းေခၚျပီး ဒိုးပတ္ႏွင့္သ႑ာန္တူေသာ္လည္း မ်ားစြာပိုမိုရွည္လ်ားသည့္ စည္ေပါင္း ၁၀၀ ျဖင့္ တီးခတ္ကာ ပြဲေတာ္ဆင္ႏႊဲျခင္းျဖစ္ျပီး ေကာက္ရိတ္သိမ္းပြဲေတာ္ ျဖစ္သည္။ သီးႏွံေအာင္မႈဆိုင္ရာ ေနနတ္ဘုရား Saljong အား ဂုဏ္ျပဳေသာပြဲေတာ္ ျဖစ္သည္။

ေနာင္ခရမ္ အကပြဲေတာ္မွာ တန္ခိုးၾကီး နတ္သမီးျဖစ္ေသာ Ka Blei Synshar ကို ေကာက္ပဲသီးႏွံ ျဖစ္ထြန္းစြာျဖင့္ ရိတ္သိမ္းႏိုင္မႈအတြက္ ဂါရဝျပဳသည့္ အကပြဲေတာ္ျဖစ္ျပီး ေအာက္တိုဘာလတြင္ က်င္းပသည္။

ႏိုဝင္ဘာလတြင္ ေမာလင္ႏြန္ရြာတြင္သာမက အနီးဝန္က်င္ေဒသမ်ားတြင္ ပြဲလမ္းမ်ား က်င္းပၾကသည့္ကာလ ျဖစ္သည္။

(ေမာလင္ႏြန္သို႔ လည္ပတ္သင့္သည့္အေၾကာင္းရင္း ၅ ခု)

ေနရာတစ္ခုသို႔ သြားေရာက္လည္ပတ္ရန္ အေၾကာင္းျပခ်က္မ်ား လိုအပ္၏။ ေအာက္တြင္ ေဖာ္ျပထားသည့္ အေၾကာင္းရင္းတု႔ိမွာ လံုေလာက္မႈ နည္းသည္ဟု ထင္ႏိုင္ေသာ္လည္း သင္၏အခ်စ္ရဆံုးမ်ားကို ေခၚေဆာင္ကာ လည္ပတ္ရန္အတြက္မူ ထိုက္တန္ပါသည္။

-သန္႔ရွင္းမႈ၊ ေဒသခံတိုင္းရင္းသားမ်ား၊ သက္ရွိ သစ္ျမစ္တံတားမ်ား၊ ေမာလင္ႏြန္မွ လည္ပတ္စရာေနရာမ်ား၊ ေဒသဟင္းလ်ာမ်ား

(၁) သန္႔ရွင္းမႈ

သန္႔ရွင္းမႈသည္ ေမာလင္ႏြန္၏ ဘဝေနထိုင္မႈနည္းလမ္းတစ္ခု ျဖစ္၏။

ဤရြာေလးတြင္ ၂၀၀၇ ခုႏွစ္ကတည္းက ေနအိမ္အားလံုးတြင္ အိမ္သာမ်ားရွိသည္။ တစ္ရြာလံုးအႏွံ႔ ဝါးျဖင့္ျပဳလုပ္ထားေသာ အမႈိက္ပံုမ်ားရွိသည္။ သစ္ပင္မွ ေၾကြက်လာေသာ သစ္ရြက္ေျခာက္မ်ားသည္ပင္လွ်င္ အမႈိက္ပံုးထဲသို႔ တည့္တည့္က်၏။ ရြာတြင္ ပလတ္စတစ္အိတ္မ်ား သံုးခြင့္မရွိ။ ေဆးလိပ္ေသာက္ျခင္းကိုလည္း တားျမစ္ထားသည္။ စည္းကမ္းမ်ားကို တင္းက်ပ္စြာလိုက္နာၾကရျပီး ေဖာက္ဖ်က္သူမ်ားမွာ ၾကီးမားစြာအျပစ္ေပးျခင္းခံရသည္။

အမႈိက္မ်ားကို တြင္းထဲသို႔ထည့္ျခင္းမွတဆင့္ ရြာအတြက္ ေျမၾသဇာကိုလည္း ရရွိေစသည္။ ရြာသူရြာသားတို႔သည္ ေနအိမ္အတြင္း သန္႔ရွင္းေရးလုပ္ရံုမွ်မက လမ္းမ်ားေပၚထြက္၍လည္း တံျမက္လွည္းၾကသည္။ ရြာအတြင္း အပင္မ်ားစိုက္ပ်ဳိးၾကျခင္းမွာ ၎တို႔၏ ဘဝေနထိုင္မႈဟန္ပန္တြင္ ပါဝင္ေနသည္။

(၂) ေဒသခံ မ်ဳိးႏႊယ္စုမ်ား၏ ထူးျခားေသာအေလ့အထ

အာရွ၏ အသန္႔ရွင္းဆံုးရြာတြင္ အဓိကအေျခခ်ေနထုိင္သည္မွာ ခါစီမ်ဳိးႏႊယ္စုျဖစ္၏။ အဆိုပါလူမ်ဳိးစုသည္ ေယာက်္ားၾကီးစိုးေသာ လူ႔အဖြဲ႔အစည္း၏ စံႏႈန္းမ်ားကို ေက်ာခိုင္းထားသည့္ နာမည္ေက်ာ္မ်ဳိးႏႊယ္စု ျဖစ္သည္။

မိသားစုတြင္ ကေလးေမြးဖြားလွ်င္ မိခင္၏ မိသားစုအမည္ကို ဆက္ခံရသည္။ မိသားစုတစ္ခုတြင္ အေမြေပးလွ်င္ မိခင္ထံမွ အငယ္ဆံုးသမီးထံ ဆင္းသက္၏။

ရြာသို႔ အလည္အပတ္ေရာက္လာသည့္ဧည့္သည္မ်ားကို ေႏြးေထြးပ်ဴငွာစြာ ၾကိဳဆိုၾကျခင္းမွာလည္း ေမာလင္ႏြန္၏ လူသိမ်ားေသာအခ်က္တစ္ခု ျဖစ္သည္။

(၃) သက္ရွိ သစ္ျမစ္တံတားမ်ား

ေမာလင္ႏြန္ရြာမွ သက္ရွိ သစ္ျမစ္တံတားမ်ားကို ယူနက္စကိုက ကမၻာ့အေမြအႏွစ္တစ္ခုအျဖစ္ ေၾကညာထားသည္။

ျမစ္တစ္စင္းကို ျဖတ္သန္းထားေသာ တံတားမ်ားသည္ ၾကီးမားေသာ ရာဘာပင္ၾကီးမ်ား၏ တြဲလဲဆြဲအျမစ္မ်ားကို အခ်င္းခ်င္း ခ်ိတ္ဆက္ကာ တံတားအျဖစ္ ဖန္တီးထားျခင္း ျဖစ္သည္။

(၄) ေမာလင္ႏြန္တြင္ လည္ပတ္စရာမ်ား

Sky View အမည္ရွိ ေမွ်ာ္စင္မွာ ေမာလင္ႏြန္၏ အထင္ကရေနရာတစ္ခု ျဖစ္သည္။ ေမွ်ာ္စင္အျမင့္မွာ ၈၅ ေပရွိျပီး ဝါးျဖင့္ေဆာက္လုပ္ထားျခင္းျဖစ္သည္။

ေမွ်ာ္စင္ထိပ္သို႔ေရာက္သြားလွ်င္ အသက္ရႈမွားဖြယ္ ရႈခင္းမ်ား၏ ဖမ္းစားမႈခံရမည္ ျဖစ္သည္။ ေမာလင္ႏြန္ရြာမွာ အိႏိၵယ-ဘဂၤလားေဒ့ရွ္ နယ္စပ္တြင္ တည္ရွိရာ ဘဂၤလားေဒ့ရွ္ဘက္မွ ရႈေမွ်ာ္ခင္းမ်ားကိုလည္း ၾကည့္ရႈႏိုင္မည္ ျဖစ္သည္။

ေမွ်ာ္စင္သို႔ ဝင္ေၾကးမွာ တစ္ဦးလွ်င္ ၁၀ ရူပီးျဖစ္သည္။

ေမာလင္ႏြန္ရြာေဘးမွ ေတာအုပ္အတြင္း ဝင္ေရာက္သြားမည္ဆိုလွ်င္ ေတာ၏တိတ္ဆိတ္မႈကို ျဖိဳခြင္းလိုက္ေသာ ေမာလင္ႏြန္ေရတံခြန္မွ တဝုန္းဝုန္းေရသံမ်ား ၾကားရမည္ ျဖစ္သည္။

ဤေနရာသည္ သင္ခ်စ္ရသူတို႔ႏွင့္ ေပ်ာ္ပြဲစားထြက္ကာ အပန္းေျဖရန္ ျပီးျပည့္စံုသည့္ေနရာေလးတစ္ခု ျဖစ္သည္။

ေမာလင္ႏြန္တြင္ အျခားအထင္ကရတစ္ခုမွာ Epiphany ဘုရားေက်ာင္းျဖစ္သည္။ ႏွစ္ေပါင္း ၁၀၀ သက္တမ္းရွိျပီျဖစ္ေသာ ဘုရားေက်ာင္းသည္ ေခတ္ေဟာင္း၏ ဆြဲေဆာင္မႈညွိဳ႕ဓာတ္ကို ထိန္းသိမ္းထားႏိုင္ဆဲ ျဖစ္သည္။

ဘုရားေက်ာင္း၏ ဥပစာမွာ စိမ္းလန္းေသာရႈခင္းမ်ားကို ဖူးပြင့္ေဝဆာေနေသာ အနီ၊ လိေမၼာ္ေရာင္ ပန္းကေလးမ်ားႏွင့္ ေရာယွက္ထားရာ ေအးျမခ်မ္းေျမ႕သည့္ဓာတ္တစ္မ်ဳိးကို ခံစားရေစသည္။

(၅) ေဒသ ဟင္းလ်ာမ်ား

ေမာလင္ႏြန္တြင္ စားေသာက္ရမည့္ အစားအစာမ်ားႏွင့္ စပ္လ်ဥ္း၍ အေကာင္းဆံုးအခ်က္မွာ အစားအေသာက္အားလံုးကို ေအာ္ဂဲနစ္စနစ္ျဖင့္ စိုက္ပ်ဳိးထားေသာ ဟင္းသီးဟင္းရြက္မ်ားကိုသာ အသံုးျပဳထားျခင္း ျဖစ္သည္။

အသားသည္ပင္လွ်င္ ေမြးျမဴထားေသာ ငွက္မ်ား၊ တိရ စၦာန္မ်ားမွ ရရွိသည့္အသားမ်ား ျဖစ္သည္။ အသီးအရြက္သာစားသူ၊ အသားစားသူ လူတိုင္းအတြက္ ေရြးခ်ယ္စရာမ်ားရွိသည္။

ဝက္သားႏွင့္ ငရုတ္ပြေၾကာ္၊ လတ္လတ္ဆတ္ဆတ္ခူးကာ ကင္ထားေသာ ငွက္ေပ်ာဖူး၊ ဂ်ာဒိုးဟု ေခၚေသာ အသားႏွင့္ ေရာခ်က္ေသာ ထမင္း (ခါစီမ်ိဳးႏြႊယ္စုတို႔၏ ဘာသာစကားတြင္ ဂ်ာမွာ ထမင္းျဖစ္ျပီး ဒိုးမွာ အသားျဖစ္သည္) အစရွိသျဖင့္ စားဖြယ္မ်ဳိးစံုရသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Here’s Why The Cleanest Village In Asia, Mawlynnong Deserves More Tourists In 2022 (traveltriangle)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service