မက်ဆီနှင့် ဇနီးဖြစ်သူ အန်တိုနယ်လာ ရိုကုဇိုတို့မိသားစု၏ ပဲရစ်မြို့မှ စံအိမ်

မက်ဆီနှင့် ဇနီးဖြစ်သူ အန်တိုနယ်လာ ရိုကုဇိုတို့မိသားစု၏ ပဲရစ်မြို့မှ စံအိမ် - Property News in Myanmar from iMyanmarHouse.com
15 Dec 2022 11:30 am တွင် တင်ခဲ့သည်
1731 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လီယိုနယ် မက်ဆီသည် ဘာစီလိုနာမှ ကြေကွဲဖွယ် ထွက်ခွာခဲ့ပြီးနောက် PSG အသင်းသို့ ရောက်လာသည်။

PSG သို့ ရောက်ရှိချိန်တွင် မက်ဆီအတွက် ဦးစားပေးအလုပ်တစ်ခုမှာ ဇနီးနှင့် မိသားစုအတွက် ပဲရစ်မြို့တွင် နေအိမ်ရှာဖွေရခြင်း ဖြစ်သည်။

အသက် ၃၅ နှစ်ရှိပြီဖြစ်သော မက်ဆီသည် ဘောလုံးကမ္ဘာတွင် အဓိက ဇာတ်ဆောင်သဖွယ်ဖြစ်နေသော ကြယ်ပွင့်တစ်ဦးဖြစ်သည်။

ယနေ့အချိန်တွင် မက်ဆီသည် ဇနီးဖြစ်သူ အန်တိုနယ်လာ ရိုကုဇို (Antonella Rocuzzo)၊ ကလေး ၃ ဦး၊ ခွေး ၂ ကောင်နှင့်အတူ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှ စံအိမ်တစ်လုံးတွင် အခြေချနေထိုင်လျက်ရှိသည်။

မက်ဆီတို့ ဇနီးမောင်နှံ၏ နေအိမ်မှာ ပဲရစ်မြို့၊ Neuilly-Sur-Seine အရပ်တွင် တည်ရှိသည်။

မက်ဆီသည် ပဲရစ်မှ ယခုအိမ်ကို ငှားရမ်းထားခြင်းဖြစ်ပြီး ဝယ်ယူပိုင်ဆိုင်ထားသော အခြားစံအိမ် အများအပြားမှာ အခြားနိုင်ငံများတွင် တည်ရှိသည်။

(ဓာတ်ပုံ- မက်ဆီနှင့် သူ၏မိသားစု)

မက်ဆီ၏ ပဲရစ်မှ စံအိမ်မှာ ၂ ထပ်အိမ်ဖြစ်ပြီး အိပ်ခန်း ၄ ခန်း၊ ပန်းဥယျာဉ်တစ်ခုလည်း ပါဝင်ကာ မီးခိုးရောင်၊ အမည်းရောင်များဖြင့် minimalist ဟန် မွမ်းမံထားသည်။

နေအိမ်အကျယ်အဝန်းမှာ စတုရန်းမီတာ ၃၀၀ ခန့်ရှိပြီး ငှားရမ်းခ တစ်လလျှင် ယူရို ၂၀၀၀၀ ပေးရသည်။

ထိုအကျယ်အဝန်းသည် ပဲရစ်မြို့တွင် ဇိမ်ခံစံအိမ်ဟု ဆိုနိုင်သည်။ 

မက်ဆီနှင့် သူ၏ မိသားစုလုံခြုံရေးအတွက် နေအိမ်ဝန်းကျင်တွင် လုံခြုံရေးဝန်ဆောင်မှုတစ်ခုမှ လုံခြုံရေး ရယူပေးထားသည်။

ယခုအိမ်၏ ပိုင်ရှင်က သူ၏နေအိမ်ကို ငှားရမ်းမည့်သူမှာ မက်ဆီဖြစ်ကြောင်းသိလိုက်ရချိန်တွင် မူလဈေးနှုန်းကို ယူရို ၁၀၀၀၀ ထပ်မံတိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။

မက်ဆီ၏ ပထမဆုံးဝယ်ယူခဲ့သောနေအိမ်မှာ အာဂျင်တီးနားနိုင်ငံ၊ ရိုဆာရီယိုမြို့ရှိ Aqualina အမည်ရှိ အထပ် ၄၀ အဆောက်အအုံတွင်ဖြစ်သည်။

မက်ဆီက တစ်ခန်းတည်းဝယ်ယူထားခြင်းမဟုတ်ဘဲ တကိုယ်ရေတသီးတသန့် ဖြစ်မှုအတွက် အလွှာတစ်ခုလုံးကို ဝယ်ယူထားခြင်းလည်း ဖြစ်သည်။

မက်ဆီက အဆိုပါလူနေခန်းကို ၂၀၁၈ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဒေါ်လာ ၁ သန်းပေးခဲ့ရသည်။

သို့သော် ပြင်ဆင်မွမ်းမံမှု ကုန်ကျစရိတ်များပါ ထည့်သွင်းတွက်ချက်မည်ဆိုပါက ယခုထက် ပိုမိုများပြားမည် ဖြစ်သည်။

ထိုအဆောက်အအုံတွင် VIP အရက်ဘားနှင့် သီးသန့်ရေကူးကန်တို့ ပါဝင်သည်။ 

(အာဂျင်တီးနားနိုင်ငံ၊ ရိုဆာရီယိုမြို့မှ မက်ဆီအခန်းဝယ်ယူထားသော အဆောက်အအုံကို တွေ့ရပုံ။)

မက်ဆီသည် အီတလီနိုင်ငံတွင် နေအိမ် ၆ လုံးပိုင်ဆိုင်ထားရာ အထင်ရှားဆုံးမှာ Como Lombardy အရပ်ရှိ စံအိမ် ဖြစ်သည်။

စံအိမ်တည်နေရာမှာ အလွန်သာယာလှပရာ စံအိမ်အနီးဖြတ်သန်းသွားသူတိုင်း အားကျရသည့်အိမ်ကြီးလည်း ဖြစ်သည်။

(မက်ဆီ၏ Lombardy အရပ်ရှိ စံအိမ်)

ထိုဒေသတွင် ရိုနယ်ဒိုနှင့် ဒေးဗစ်ဘက်ခမ်းတို့ကဲ့သို့ အခြားသော ကမ္ဘာကျော်များစွာလည်း စံအိမ်များ ပိုင်ဆိုင်ထားသည်။

မက်ဆီသည် ဘဝတစ်လျှောက် ဘောလုံးပွဲစဉ်များကြား ခရီးထွက်သွားလာကာ ဟိုတယ်များတွင်သာ အချိန်ကုန်ခဲ့ရရာ သူ့ဘဝတွင် ဟိုတယ်ဆိုသည့်အသံ မကြားလိုတော့ဟု ယူဆဖွယ်ရှိသည်။

သို့သော် သူကိုယ်တိုင်တွင်လည်း ဟိုတယ်တစ်လုံး ပိုင်ဆိုင်ထားပါသည်။

သူ၏ ဟိုတယ်မှာ The MiM Stiges ဟု အမည်ရပြီး မြေထဲပင်လယ်ကမ်းခြေတွင် တည်ရှိကာ အခန်းပေါင်း ၇၇ ခန်းပါဝင်ကာ ပွဲလမ်းအမျိုးမျိုးကျင်းပရန်အတွက် စတုရန်းမီတာ ၃၀၀ ကျယ်သော ခန်းမများလည်း ပါဝင်သည်။

ဟိုတယ်တွင် ဒေသတွင်းနှင့် နိုင်ငံတကာ စားသောက်ဖွယ်များရသည့် စားသောက်ဆိုင်၊ ရေကုထုံးပေးသည့် spa တို့အပြင် အောက်ဆီဂျင်ပေးသည့်အခန်းငယ်ပင် ပါဝင်သည်။

(မက်ဆီပိုင်ဆိုင်သော ဟိုတယ်)

ဟိုတယ်ရေကူးကန်ဘေးတွင် အရက်ဘား ၁ ခုနှင့် Live DJ တို့ရှိသည်။ ထိုဟိုတယ်ကို မက်ဆီက ယူရိုသန်း ၃၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

မက်ဆီသည် ဘာစီလိုနာတွင်လည်း ဘောလုံးပုံသဏ္ဍာန်ဆောက်လုပ်ထားသော နေအိမ် ၁ လုံး ပိုင်ဆိုင်ထားပြီး တန်ကြေးမှာ ယူရိုသန်း ၄၀ ကျော်ရှိသည်။

(မက်ဆီ၏ ဘောလုံးပုံနေအိမ်)

ဘောလုံးပုံ နေအိမ်ဝန်းအတွင်း ဘောလုံးကွင်း ၁ ကွင်း ၊အားကစားလေ့ကျင့်ခန်းမ ၊ရေကူးကန်နှင့် ရုပ်ရှင်ရုံတို့ ပါဝင်သည်။

မက်ဆီသည် စပိန်နိုင်ငံ၏ လူကုံထံများနေထိုင်ရာ ဒေသတစ်ခုဖြစ်သော Bellamar de Castelldefels တွင်လည်း စံအိမ် ၁ လုံးပိုင်ဆိုင်ထားသည်။

တန်ကြေးမှာ ယူရို ၆သန်းရှိပြီး ရေကူးကန် ၊ရေစိမ်ကန် ၊ ဘောလုံးကွင်း ၊ ကလေးများကစားကွင်းတို့ ပါဝင်ပြီး ၃ ထပ်အဆောက်အအုံ ဖြစ်သည်။ 

(မက်စီ၏ စပိန်နိုင်ငံမှ နေအိမ်) 

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည်။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

[Zawgyi]

မက္ဆီႏွင့္ ဇနီးျဖစ္သူ အန္တိုနယ္လာ ရိုကုဇုိတို႔မိသားစု၏ ပဲရစ္ျမိဳ႕မွ စံအိမ္

လီယိုနယ္ မက္ဆီသည္ ဘာစီလိုနာမွ ေၾကကြဲဖြယ္ ထြက္ခြာခဲ့ျပီးေနာက္ PSG အသင္းသို႔ ေရာက္လာသည္။

PSG သို႔ ေရာက္ရွိခ်ိန္တြင္ မက္ဆီအတြက္ ဦးစားေပးအလုပ္တစ္ခုမွာ ဇနီးႏွင့္ မိသားစုအတြက္ ပဲရစ္ျမိဳ႕တြင္ ေနအိမ္ရွာေဖြရျခင္း ျဖစ္သည္။

အသက္ ၃၅ ႏွစ္ရွိျပီျဖစ္ေသာ မက္ဆီသည္ ေဘာလံုးကမၻာတြင္ အဓိကဇာတ္ေဆာင္သဖြယ္ျဖစ္ေနေသာ ၾကယ္ပြင့္တစ္ဦးျဖစ္သည္။

ယေန႔အခ်ိန္တြင္ မက္ဆီသည္ ဇနီးျဖစ္သူ အန္တိုနယ္လာ ရိုကုဇုိ (Antonella Rocuzzo)၊ ကေလး ၃ ဦး၊ ေခြး ၂ ေကာင္ႏွင့္အတူ ျပင္သစ္ႏိုင္ငံ၊ ပဲရစ္ျမိဳ႕မွ စံအိမ္တစ္လံုးတြင္ အေျခခ်ေနထိုင္လ်က္ရွိသည္။

မက္ဆီတို႔ ဇနီးေမာင္ႏွံ၏ ေနအိမ္မွာ ပဲရစ္ျမိဳ႕၊ Neuilly-Sur-Seine အရပ္တြင္ တည္ရွိသည္။ မက္ဆီသည္ ပဲရစ္မွ ယခုအိမ္ကို ငွားရမ္းထားျခင္းျဖစ္ျပီး ဝယ္ယူပိုင္ဆိုင္ထားေသာ အျခားစံအိမ္ အမ်ားအျပားမွာ အျခားႏိုင္ငံမ်ားတြင္ တည္ရွိသည္။

(ဓာတ္ပံု- မက္ဆီႏွင့္ သူ၏မိသားစု)

မက္ဆီ၏ ပဲရစ္မွ စံအိမ္မွာ ၂ ထပ္အိမ္ျဖစ္ျပီး အိပ္ခန္း ၄ ခန္း၊ ပန္းဥယ်ာဥ္တစ္ခုလည္း ပါဝင္ကာ မီးခိုးေရာင္၊ အမည္းေရာင္မ်ားျဖင့္ minimalist ဟန္ မြမ္းမံထားသည္။

ေနအိမ္အက်ယ္အဝန္းမွာ စတုရန္းမီတာ ၃၀၀ ခန္႔ရွိျပီး ငွားရမ္းခ တစ္လလွ်င္ ယူရို ၂၀၀၀၀ ေပးရသည္။

ထိုအက်ယ္အဝန္းသည္ ပဲရစ္ျမိဳ႕တြင္ ဇိမ္ခံစံအိမ္ဟု ဆိုႏိုင္သည္။

မက္ဆီႏွင့္ သူ၏ မိသားစုလံုျခံဳေရးအတြက္ ေနအိမ္ဝန္းက်င္တြင္ လံုျခံဳေရးဝန္ေဆာင္မႈတစ္ခုမွ လံုျခံဳေရး ရယူေပးထားသည္။

ယခုအိမ္၏ ပိုင္ရွင္က သူ၏ေနအိမ္ကို ငွားရမ္းမည့္သူမွာ မက္ဆီျဖစ္ေၾကာင္းသိလိုက္ရခ်ိန္တြင္ မူလေစ်းႏႈန္းကို ယူရို ၁၀၀၀၀ ထပ္မံတိုးျမွင့္ခဲ့ျခင္း ျဖစ္သည္။

မက္ဆီ၏ ပထမဆံုးဝယ္ယူခဲ့ေသာေနအိမ္မွာ အာဂ်င္တီးနားႏိုင္ငံ၊ ရိုဆာရီယိုျမိဳ႕ရွိ Aqualina အမည္ရွိ အထပ္ ၄၀ အေဆာက္အအံုတြင္ျဖစ္သည္။

မက္ဆီက တစ္ခန္းတည္းဝယ္ယူထားျခင္းမဟုတ္ဘဲ တကိုယ္ေရတသီးတသန႔္ ျဖစ္မႈအတြက္ အလႊာတစ္ခုလံုးကို ဝယ္ယူထားျခင္းလည္း ျဖစ္သည္။

မက္ဆီက အဆိုပါလူေနခန္းကို ၂၀၁၈ ခုႏွစ္အတြင္း ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ေဒၚလာ ၁ သန္းေပးခဲ့ရသည္။

သို႔ေသာ္ ျပင္ဆင္မြမ္းမံမႈ ကုန္က်စရိတ္မ်ားပါ ထည့္သြင္းတြက္ခ်က္မည္ဆိုပါက ယခုထက္ ပိုမိုမ်ားျပားမည္ ျဖစ္သည္။

ထိုအေဆာက္အအံုတြင္ VIP အရက္ဘားႏွင့္ သီးသန္႔ေရကူးကန္တို႔ ပါဝင္သည္။

(အာဂ်င္တီးနားႏိုင္ငံ၊ ရိုဆာရီယိုျမိဳ႕မွ မက္ဆီအခန္းဝယ္ယူထားေသာ အေဆာက္အအံုကို ေတြ႔ရပံု။)

မက္ဆီသည္ အီတလီႏိုင္ငံတြင္ ေနအိမ္ ၆ လံုးပိုင္ဆိုင္ထားရာ အထင္ရွားဆံုးမွာ Como Lombardy အရပ္ရွိ စံအိမ္ ျဖစ္သည္။

စံအိမ္တည္ေနရာမွာ အလြန္သာယာလွပရာ စံအိမ္အနီးျဖတ္သန္းသြားသူတိုင္း အားက်ရသည့္အိမ္ၾကီးလည္း ျဖစ္သည္။

(မက္ဆီ၏ Lombardy အရပ္ရွိ စံအိမ္)

ထိုေဒသတြင္ ရိုနယ္ဒိုႏွင့္ ေဒးဗစ္ဘက္ခမ္းတို႔ကဲ့သို႔ အျခားေသာ ကမၻာေက်ာ္မ်ားစြာလည္း စံအိမ္မ်ား ပိုင္ဆိုင္ထားသည္။

မက္ဆီသည္ ဘဝတစ္ေလွ်ာက္ ေဘာလံုးပြဲစဥ္မ်ားၾကား ခရီးထြက္သြားလာကာ ဟိုတယ္မ်ားတြင္သာ အခ်ိန္ကုန္ခဲ့ရရာ သူ႔ဘဝတြင္ ဟိုတယ္ဆိုသည့္အသံ မၾကားလိုေတာ့ဟု ယူဆဖြယ္ရွိသည္။ သို႔ေသာ္ သူကိုယ္တိုင္တြင္လည္း ဟိုတယ္တစ္လံုး ပိုင္ဆိုင္ထားပါသည္။

သူ၏ ဟိုတယ္မွာ The MiM Stiges ဟု အမည္ရျပီး ေျမထဲပင္လယ္ကမ္းေျခတြင္ တည္ရွိကာ အခန္းေပါင္း ၇၇ ခန္းပါဝင္ကာ ပြဲလမ္းအမ်ဳိးမ်ဳိးက်င္းပရန္အတြက္ စတုရန္းမီတာ ၃၀၀ က်ယ္ေသာ ခန္းမမ်ားလည္း ပါဝင္သည္။

ဟိုတယ္တြင္ ေဒသတြင္းႏွင့္ ႏိုင္ငံတကာ စားေသာက္ဖြယ္မ်ားရသည့္ စားေသာက္ဆုိင္၊ ေရကုထံုးေပးသည့္ spa တို႔အျပင္ ေအာက္ဆီဂ်င္ေပးသည့္အခန္းငယ္ပင္ ပါဝင္သည္။

(မက္ဆီပိုင္ဆိုင္ေသာ ဟိုတယ္)

ဟိုတယ္ေရကူးကန္ေဘးတြင္ အရက္ဘား ၁ ခုႏွင့္ Live DJ တို႔ရွိသည္။ ထိုဟိုတယ္ကို မက္ဆီက ယူရိုသန္း ၃၀ ျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္သည္။ မက္ဆီသည္ ဘာစီလိုနာတြင္လည္း ေဘာလံုးပံုသ႑ာန္ေဆာက္လုပ္ထားေသာ ေနအိမ္ ၁ လံုး ပိုင္ဆိုင္ထားျပီး တန္ေၾကးမွာ ယူရိုသန္း ၄၀ ေက်ာ္ရွိသည္။

(မက္ဆီ၏ ေဘာလံုးပံုေနအိမ္)

ေဘာလံုးပံု ေနအိမ္ဝန္းအတြင္း ေဘာလံုးကြင္း ၁ ကြင္း ၊အားကစားေလ့က်င့္ခန္းမ ၊ေရကူးကန္ႏွင့္ ရုပ္ရွင္ရံုတို႔ ပါဝင္သည္။

မက္ဆီသည္ စပိန္ႏိုင္ငံ၏ လူကုံထံမ်ားေနထိုင္ရာ ေဒသတစ္ခုျဖစ္ေသာ Bellamar de Castelldefels တြင္လည္း စံအိမ္ ၁ လံုးပိုင္ဆိုင္ထားသည္။ တန္ေၾကးမွာ ယူရို ၆သန္းရွိျပီး ေရကူးကန္ ၊ေရစိမ္ကန္ ၊ ေဘာလံုးကြင္း ၊ ကေလးမ်ားကစားကြင္းတို႔ ပါဝင္ျပီး ၃ ထပ္အေဆာက္အအံု ျဖစ္သည္။

(မက္စီ၏ စပိန္ႏိုင္ငံမွ ေနအိမ္)

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Innwa Pyae Sone
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service