ကိုယ်ပိုင်ဆိုင်ရာ နေရာလေးမှာ အဆိုးအခိုက်အန္တရာယ်တွေကင်းပြီး ကြီးပွားချမ်းသာစေဖို့ရာ

ကိုယ်ပိုင်ဆိုင်ရာ နေရာလေးမှာ အဆိုးအခိုက်အန္တရာယ်တွေကင်းပြီး ကြီးပွားချမ်းသာစေဖို့ရာ - Property Knowledge in Myanmar from iMyanmarHouse.com
13 Dec 2022 2:02 pm တွင် တင်ခဲ့သည်
1241 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

လောကမှာ သိမှတ်ဖွယ် ရိုးရာအစဉ်အလာဆိုတာ တိုးတတ်နေတဲ့ခေတ်ကြီးထဲမှာ သိပ်အသုံးမဝင်သလို ဖြစ်လာတယ်။ဂရုမစိုက်မိကြဘူးလို့ပဲ ဆိုရလိမ့်မယ်ထင်ပါတယ်။

ရှေးကဝိအကျော်အမော်တွေက လူအများအကျိုးအတွက် ကောင်းကျိုးတွေသက်ရောက်စေဖို့ ပညာရပ်တွေကို ထားခဲ့ကြပါတယ်။ဒါတွေဟာမလုပ်သင့်ဘူး ဒီလိုမလုပ်သင့်တဲ့အရာတွေကိုလုပ်မိရင် ဒီလိုဆိုးပြစ်တွေကို ဖြစ်စေတယ်။

ကိုယ်က ကိုယ်ပိုင်ဆိုင်ရာနေရာတွေမှာ၊ကိုယ့်အရပ်ဒေသတွေမှာ ဘာတွေကို ဘယ်လိုလုပ်ချင်တယ်။ ဘယ်အရာတွေနဲ့ ဘယ်လိုပုံဖော်ချင်တယ်ဆိုပြီး စိတ်မှာဖြစ်လာခဲ့ရင် ကိုယ်လုပ်ချင်တဲ့ အရာတွေက ပညာရှိကဝိတွေရဲ့ ဆိုစကားတွေနဲ့ မဆန့်ကျင်ဘဲ ကိုက်ညီမှုရှိတယ်ဆိုရင် ကိုယ်နဲ့ ကိုယ့်မိသားစုအတွက် အဆိုးတရားတွေကနေ ကင်းမယ်ဆိုရင် မကောင်းပေဘူးလား။

တစ်ခါတစ်ရံ ကောင်းမယ်ထင်လို့လုပ်လိုက်ပေမယ့် အရပ်အနေမသင့်တဲ့ကိစ္စတွေဖြစ်ခဲ့ရင် အကောင်းလုပ်ကြ ပေမယ့် အခိုက်တွေကြုံရတတ်ပါတယ်။

ကိုယ့်ခြံကိုယ့်ဝင်းနဲ့ ရှိတဲ့သူတွေက ကိုယ့်အဝန်းအဝိုင်းထဲမှာ အရိပ်ရသစ်ပင်တွေ၊စားပင်သီးပင်တွေကို စိုက်တတ်ကြတာကိုတွေ့ရပါတယ်။တစ်ခါတလေကြတော့ မစိုက်သော်လည်း သဘာဝအလျောက် အလေ့ကျပေါက်ပြီး ရှင်သန်ကြီးထွားကြတာကိုလည်း တွေ့ရပါတယ်။

 

ကိုယ့်ခြံဝင်းထဲပေါက်လာတဲ့ အပင်တိုင်းကို ရှင်သန်ခွင့်ပေးဖို့ မဖြစ်သလို၊စိုက်ချင်တဲ့အပင်တိုင်းကို စိုက်ချင်တဲ့နေရာမှာ စိုက်လို့မရဘူးဆိုတာကိုလည်း သိထားဖို့တော့လိုပါတယ်။အမှတ်တမဲ့ မလုပ်ဘဲ အရပ်အနေသင့်အောင်လုပ်ပါမှ လာဘ်လာဘတွေတိုးပြီး ကြီးပွားချမ်းသာခြင်းတွေ၊အန္တရာယ်ကင်းခြင်းတွေ ဖြစ်စေမှာပါ။

ကိုယ်က ကိုယ့်အိမ်အဝန်းအဝိုင်းထဲမှာ စားပင်သီးပင်အပါအဝင် အရိပ်ရအပင်တွေကို စိုက်ချင်ရင် ရှေးကဝိအမော်ပညာကျော်တွေက ကြီးပွားချမ်းသာခြင်းနဲ့ အန္တရာယ်ကင်းဖို့အတွက်ကို ဘယ်ရပ်မှာဘယ်လို အပင်တွေကိုစိုက်ပြီး ဘယ်အပင်တွေကိုတော့ မစိုက်အပ်ဘူးဆိုတာလေးတွေကို လိုချင်သိချင်သူတွေအတွက် မျှဝေပေးလိုက်ရပါတယ်။မလိုသေးသူအတွက်လည်း ဗဟုသုတလေးရကြပါစေပေါ့။

-အရှေ့အရပ်မှာဆိုရင် သဖန်းပင်၊ကြခတ်ဝါးပင်တို့စိုက်သင့်ပြီး၊ညောင်ပင်သပြေပင်တို့ကိုရှောင်သင့်ပါတယ်။

-တောင်အရပ်မှာ သရက်ပင်တို့စိုက်သင့်ပြီး၊ငှက်ပျောနဲ့သျှိသျှားပင်တို့ရှောင်သင့်ပါတယ်။

-အနောက်အရပ်မှာ အုန်း၊ဇီးဖြူ၊ကံ့ကော်ပင်တို့စိုက်သင့်ပြီး၊လက်ပံနဲ့ထိန်ပင်တို့ကိုတော့ရှောင်သင့်ပါတယ်။

-မြောက်အရပ်မှာ ဆတ်သွား၊ခံတက်ပင်တို့စိုက်သင့်ပြီး၊ သဖန်းနဲ့သျှိသျှားပင်တို့ကို ရှောင်သင့်ပါတယ်။

-အရှေ့တောင်အရပ်မှာ သရဖီပင်တို့စိုက်သင့်ပါတယ်။

-အရှေ့မြောက်အရပ်မှာ ဥသျှစ်ပင်ကိုစိုက်သင့်ပါတယ်။

-အနောက်တောင်အရပ်မှာ အုန်းပင်၊ကုက္ကိုပင်တို့ကိုစိုက်သင့်ပါတယ်။

-အနောက်မြောက်အရပ်မှာ ဇီးပင်၊ညောင်ကြတ်ပင်တို့ကို စိုက်သင့်ပါကြောင်း ရှေးပညာရှိကဝိတို့က ဆိုထားပါတယ်။

ကောင်းကျိုးဖြစ် ယတြာသစ်ပင်စိုက်ဖို့ကို မွေးနေ့အလိုက်စိုက်နိုင်ဖို့လည်းရှိပါသေးတယ်။

-တနင်္ဂနွေသားတွေက မြောက်အရပ်မှာ ဇီးပင်ကိုစိုက်ပါ။

-တနင်္လာသားသမီးတွေက အရှေ့မြောက်အရပ်မှာ ချရားပင်၊ခယာပင်တို့ကိုစိုက်ပါ။

-အင်္ဂါသားသမီးတွေက အရှေ့အရပ်မှာ သပြေ၊သဖန်းပင်တို့ကိုစိုက်ပါ။

-ဗုဒ္ဓဟူးသားသမီးတွေက အရှေ့တောင်အရပ်မှာ သီးပင်၊ကွမ်းသီးပင်တို့ကိုစိုက်ပါ။

-ကြာသပတေးသားသမီးတွေက အနောက်တောင်အရပ်မှာ ထန်းပင်ကိုစိုက်ပါ။

-သောကြာသားသမီးတွေက အနောက်မြောက်အရပ်မှာ အုန်းပင်ကိုစိုက်ပါ။

-စနေသားသမီးတွေအနေနဲ့တောင်အရပ်မှာ ကုက္ကိုပင်တို့ကိုစိုက်ပါ။

အိမ်စောင့်သစ်ပင်စိုက်ပျိုးမယ်ဆိုရင်တော့…

 

၁-အိမ်လေးထောင့်တွင် ဗာဒံပင်၊ စိုက်လျှင် ဓားပြဝေး။

၂-၎င်းနည်းလျှင်၊ ကသစ်ပင်၊ စိုက်လျှင်သူခိုးဝေး။

၃-ဂမုန်းဧည့်လာ၊ အိမ်ဦးမှာ၊ စိုက်ပါခြွေရံပေး။

၄-အိမ်ဦးမြေတွင်၊ ကင်ပွန်းပင်၊ စိုက်လျှင် အသရေပေး။

၅-နားကွပ် ကွမ်းစား၊ ဂမုန်းကား၊ စိုက်ငြား အန္တရာယ်ဝေး။

လိုရာဣစ္ဆိ၊ စိတ်အရှိ၊ သဒ္ဓိအစုံပေး။

၆-ဧည့်လာကြီးမှာ၊ စီးပွားရှာ၊ လွန်စွာအကျိုးပေး။

၇-ဆိတ်ဖလူးပင်၊ ခြံဝင်းတွင်၊ စိုက်လျှင် မြွေကင်းဝေး။

၈-အိမ်ဦးသစ်ပင်၊ပန်းသဇင်၊ တည်လျှင် ကောင်းကျိုးပေး။

လူနတ်မြတ်နိုး၊ အသရေတိုး၊ ဘုန်းမျိုးကြွယ်ပေသေး။

မြေမှာမသန့်၊ ပင်မသန့်၊ မတံ့သဇင်ဝေး။

ရုက္ခေပင်ထူး၊ သဇင်မြူး၊ အထူးတည်တံ့လေး။

 

ကိုယ့်အိမ်၊ကိုယ့်ဝင်း၊ကိုယ့်ခြံ ကိုယ်ပိုင်ဆိုင်ရာ နေရာလေးမှာ အဆိုးအခိုက်အန္တရာယ်တွေကင်းပြီး ကြီးပွားချမ်းသာစေဖို့အတွက် သိကောင်းမှတ်ဖွယ် လိုက်နာဖွယ်တို့ကို  လောကသုတိ  ကဏ္ဍမှထုတ်နုတ် ဖော်ပြလိုက်ရပါတယ်။ဉာဏ်ချဲ့လို့သုံးနိုင်ကြပါစေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

ကိုယ္ပိုင္ဆိုင္ရာ ေနရာေလးမွာ အဆိုးအခိုက္အႏၱရာယ္ေတြကင္းၿပီး ႀကီးပြားခ်မ္းသာေစဖို႔ရာ

 

ေလာကမွာ သိမွတ္ဖြယ္ ရိုးရာအစဥ္အလာဆိုတာ တိုးတတ္ေနတဲ့ေခတ္ႀကီးထဲမွာ သိပ္အသုံးမဝင္သလို ျဖစ္လာတယ္။ဂရုမစိုက္မိၾကဘူးလို႔ပဲ ဆိုရလိမ့္မယ္ထင္ပါတယ္။

ေရွးကဝိအေက်ာ္အေမာ္ေတြက လူအမ်ားအက်ိဳးအတြက္ ေကာင္းက်ိဳးေတြသက္ေရာက္ေစဖို႔ ပညာရပ္ေတြကို ထားခဲ့ၾကပါတယ္။ဒါေတြဟာမလုပ္သင့္ဘူး ဒီလိုမလုပ္သင့္တဲ့အရာေတြကိုလုပ္မိရင္ ဒီလိုဆိုးျပစ္ေတြကို ျဖစ္ေစတယ္။

ကိုယ္က ကိုယ္ပိုင္ဆိုင္ရာေနရာေတြမွာ၊ကိုယ့္အရပ္ေဒသေတြမွာ ဘာေတြကို ဘယ္လိုလုပ္ခ်င္တယ္။ ဘယ္အရာေတြနဲ႔ ဘယ္လိုပုံေဖာ္ခ်င္တယ္ဆိုၿပီး စိတ္မွာျဖစ္လာခဲ့ရင္ ကိုယ္လုပ္ခ်င္တဲ့ အရာေတြက ပညာရွိကဝိေတြရဲ႕ ဆိုစကားေတြနဲ႔ မဆန္႔က်င္ဘဲ ကိုက္ညီမႈရွိတယ္ဆိုရင္ ကိုယ္နဲ႔ ကိုယ့္မိသားစုအတြက္ အဆိုးတရားေတြကေန ကင္းမယ္ဆိုရင္ မေကာင္းေပဘူးလား။

တစ္ခါတစ္ရံ ေကာင္းမယ္ထင္လို႔လုပ္လိုက္ေပမယ့္ အရပ္အေနမသင့္တဲ့ကိစၥေတြျဖစ္ခဲ့ရင္ အေကာင္းလုပ္ၾက ေပမယ့္ အခိုက္ေတြႀကဳံရတတ္ပါတယ္။

ကိုယ့္ျခံကိုယ့္ဝင္းနဲ႔ ႐ွိတဲ့သူေတြက ကိုယ့္အဝန္းအဝိုင္းထဲမွာ အရိပ္ရသစ္ပင္ေတြ၊စားပင္သီးပင္ေတြကို စိုက္တတ္ၾကတာကိုေတြ႕ရပါတယ္။တစ္ခါတေလၾကေတာ့ မစိုက္ေသာ္လည္း သဘာဝအေလ်ာက္ အေလ့က်ေပါက္ၿပီး ႐ွင္သန္ႀကီးထြားၾကတာကိုလည္း ေတြ႕ရပါတယ္။

 

ကိုယ့္ျခံဝင္းထဲေပါက္လာတဲ့ အပင္တိုင္းကို ရွင္သန္ခြင့္ေပးဖို႔ မျဖစ္သလို၊စိုက္ခ်င္တဲ့အပင္တိုင္းကို စိုက္ခ်င္တဲ့ေနရာမွာ စိုက္လို႔မရဘူးဆိုတာကိုလည္း သိထားဖို႔ေတာ့လိုပါတယ္။အမွတ္တမဲ့ မလုပ္ဘဲ အရပ္အေနသင့္ေအာင္လုပ္ပါမွ လာဘ္လာဘေတြတိုးၿပီး ႀကီးပြားခ်မ္းသာျခင္းေတြ၊အႏၱရာယ္ကင္းျခင္းေတြ ျဖစ္ေစမွာပါ။

 

ကိုယ္က ကိုယ့္အိမ္အဝန္းအဝိုင္းထဲမွာ စားပင္သီးပင္အပါအဝင္ အရိပ္ရအပင္ေတြကို စိုက္ခ်င္ရင္ ေရွးကဝိအေမာ္ပညာေက်ာ္ေတြက ႀကီးပြားခ်မ္းသာျခင္းနဲ႔ အႏၱရာယ္ကင္းဖို႔အတြက္ကို ဘယ္ရပ္မွာဘယ္လို အပင္ေတြကိုစိုက္ၿပီး ဘယ္အပင္ေတြကိုေတာ့ မစိုက္အပ္ဘူးဆိုတာေလးေတြကို လိုခ်င္သိခ်င္သူေတြအတြက္ မွ်ေဝေပးလိုက္ရပါတယ္။မလိုေသးသူအတြက္လည္း ဗဟုသုတေလးရၾကပါေစေပါ့။

-အေရွ႕အရပ္မွာဆိုရင္ သဖန္းပင္၊ၾကခတ္ဝါးပင္တို႔စိုက္သင့္ၿပီး၊ေညာင္ပင္သေျပပင္တို႔ကိုေရွာင္သင့္ပါတယ္။

-ေတာင္အရပ္မွာ သရက္ပင္တို႔စိုက္သင့္ၿပီး၊ငွက္ေပ်ာနဲ႔သွ်ိသွ်ားပင္တို႔ေရွာင္သင့္ပါတယ္။

-အေနာက္အရပ္မွာ အုန္း၊ဇီးျဖဴ၊ကံ႔ေကာ္ပင္တို႔စိုက္သင့္ၿပီး၊လက္ပံနဲ႔ထိန္ပင္တို႔ကိုေတာ့ေရွာင္သင့္ပါတယ္။

-ေျမာက္အရပ္မွာ ဆတ္သြား၊ခံတက္ပင္တို႔စိုက္သင့္ၿပီး၊ သဖန္းနဲ႔သွ်ိသွ်ားပင္တို႔ကို ေရွာင္သင့္ပါတယ္။

-အေရွ႕ေတာင္အရပ္မွာ သရဖီပင္တို႔စိုက္သင့္ပါတယ္။

-အေရွ႕ေျမာက္အရပ္မွာ ဥသွ်စ္ပင္ကိုစိုက္သင့္ပါတယ္။

-အေနာက္ေတာင္အရပ္မွာ အုန္းပင္၊ကုကၠဳိပင္တို႔ကိုစိုက္သင့္ပါတယ္။

-အေနာက္ေျမာက္အရပ္မွာ ဇီးပင္၊ေညာင္ၾကတ္ပင္တို႔ကို စိုက္သင့္ပါေၾကာင္း ေရွးပညာရွိကဝိတို႔က ဆိုထားပါတယ္။

ေကာင္းက်ိဳးျဖစ္ ယၾတာသစ္ပင္စိုက္ဖို႔ကို ေမြးေန႔အလိုက္စိုက္ႏိုင္ဖို႔လည္းရွိပါေသးတယ္။

-တနဂၤေႏြသားေတြက ေျမာက္အရပ္မွာ ဇီးပင္ကိုစိုက္ပါ။

-တနလၤာသားသမီးေတြက အေရွ႕ေျမာက္အရပ္မွာ ခ်ရားပင္၊ခယာပင္တို႔ကိုစိုက္ပါ။

-အဂၤါသားသမီးေတြက အေရွ႕အရပ္မွာ သေျပ၊သဖန္းပင္တို႔ကိုစိုက္ပါ။

-ဗုဒၶဟူးသားသမီးေတြက အေရွ႕ေတာင္အရပ္မွာ သီးပင္၊ကြမ္းသီးပင္တို႔ကိုစိုက္ပါ။

-ၾကာသပေတးသားသမီးေတြက အေနာက္ေတာင္အရပ္မွာ ထန္းပင္ကိုစိုက္ပါ။

-ေသာၾကာသားသမီးေတြက အေနာက္ေျမာက္အရပ္မွာ အုန္းပင္ကိုစိုက္ပါ။

-စေနသားသမီးေတြအေနနဲ႔ေတာင္အရပ္မွာ ကုကၠိဳပင္တို႔ကိုစိုက္ပါ။

အိမ္ေစာင့္သစ္ပင္စိုက္ပ်ိဳးမယ္ဆိုရင္ေတာ့…

၁-အိမ္ေလးေထာင့္တြင္ ဗာဒံပင္၊ စိုက္လွ်င္ ဓားျပေဝး။

၂-၎နည္းလွ်င္၊ ကသစ္ပင္၊ စိုက္လွ်င္သူခိုးေဝး။

၃-ဂမုန္းဧည့္လာ၊ အိမ္ဦးမွာ၊ စိုက္ပါေျခြရံေပး။

၄-အိမ္ဦးေျမတြင္၊ ကင္ပြန္းပင္၊ စိုက္လွ်င္ အသေရေပး။

၅-နားကြပ္ ကြမ္းစား၊ ဂမုန္းကား၊ စိုက္ျငား အႏၱရာယ္ေဝး။

လိုရာဣစၦိ၊ စိတ္အရွိ၊ သဒၶိအစုံေပး။

၆-ဧည့္လာႀကီးမွာ၊ စီးပြားရွာ၊ လြန္စြာအက်ိဳးေပး။

၇-ဆိတ္ဖလူးပင္၊ ျခံဝင္းတြင္၊ စိုက္လွ်င္ ေျမြကင္းေဝး။

၈-အိမ္ဦးသစ္ပင္၊ပန္းသဇင္၊ တည္လွ်င္ ေကာင္းက်ိဳးေပး။

လူနတ္ျမတ္ႏိုး၊ အသေရတိုး၊ ဘုန္းမ်ိဳးၾကြယ္ေပေသး။

ေျမမွာမသန္႔၊ ပင္မသန္႔၊ မတံ႔သဇင္ေဝး။

ရုေကၡပင္ထူး၊ သဇင္ျမဴး၊ အထူးတည္တံ႔ေလး။

ကိုယ့္အိမ္၊ကိုယ့္ဝင္း၊ကိုယ့္ျခံ ကိုယ္ပိုင္ဆိုင္ရာ ေနရာေလးမွာ အဆိုးအခိုက္အႏၱရာယ္ေတြကင္းၿပီး ႀကီးပြားခ်မ္းသာေစဖို႔အတြက္ သိေကာင္းမွတ္ဖြယ္ လိုက္နာဖြယ္တို႔ကို  ေလာကသုတိ က႑မွထုတ္ႏုတ္ ေဖာ္ျပလိုက္ရပါတယ္။ဉာဏ္ခ်ဲ႕လို႔သုံးႏိုင္ၾကပါေစ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service