အိန္ဒိယနိုင်ငံ ဗြဟ္ခပုတ္တရ မြစ်ကမ်းဘေးက အောက်လမ်းပညာရှင်များ၊ စုန်းများ စုဝေးနေထိုင်သော ကျေးရွာ

အိန္ဒိယနိုင်ငံ ဗြဟ္ခပုတ္တရ မြစ်ကမ်းဘေးက အောက်လမ်းပညာရှင်များ၊ စုန်းများ စုဝေးနေထိုင်သော ကျေးရွာ - Property News in Myanmar from iMyanmarHouse.com
13 Dec 2022 11:16 am တွင် တင်ခဲ့သည်
2417 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် အာသံပြည်နယ်၊ ဂူဝါဟတီ (Guwahati) မြို့အနီး ဗြဟ္ခပုတ္တရ မြစ်ကမ်းဘေးတွင် မာယုံအမည်ရှိ ကျေးရွာတစ်ခုတည်ရှိပြီး အောက်လမ်းပညာရှင်များဖြင့် ကမ္ဘာကျော်သည့်နေရာဖြစ်သည်။

မာယုံရွာတွင် အောက်လမ်းနှင့် စုန်းပညာသည်ပေါင်း ၁၀၀ ခန့်ရှိပြီး မည်သည့်အရာကိုမဆို ထိုပညာများပြင် ရရှိအောင် ပြုလုပ်နိုင်သည်ဟု ရွာသူရွာသားများက ယုံကြည်ကြသည်။

မာယုံရွာကို “အိန္ဒိယ၏ အောက်လမ်းမြို့တော်”ဟုလည်း ခေါ်ကြသည်။ ဟယ်ရီပေါ်တာစာအုပ်များနှင့် စိတ်ကူးယဉ်ဝတ္ထုများကို ဘေးချထားလိုက်ပါ။ အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်တွင် အောက်လမ်းနှင့် စုန်းပညာရှင်များ နေထိုင်လျက်ရှိသော မာယုံအမည်ရှိ ကျေးရွာတစ်ခု ပြင်ပလောကတွင် အမှန်တကယ်ရှိနေပါသည်။

 

သာယာလှပသော မိုရိဂေါင်ခရိုင် ၊ ဗြဟ္မပုတ္တရမြစ်ကမ်းဘေးတွင် တည်ရှိပြီး ခေတ်သစ်လူနေမှု ဟန်ပန်များ၏ ထိုးဖောက်ခြင်း မခံရသေးသော မာယုံကျေးရွာသည် အိန္ဒိယ၏ အောက်လမ်းနှင့် မှော်ပညာရှင်တို့၏ အချက်အခြာနေရာ အဖြစ် ရှိခဲ့သည်မှာ ရာစုနှစ်များစွာကတည်းက ဖြစ်သည်။

မာယုံရွာတွင် စုန်း ၊ မှော်နှင့်အောက်လမ်းပညာများကို လက်တွေ့ကျင့်သုံးရုံမျှမကဘဲ မျိုးဆက်များစွာ လက်ဆင့်ကမ်း အမွေပေးခဲ့ကြသည်။ မဟာဘာရတ ကဲ့သို့ ရှေးဒဏ္ဍာရီများတွင်ပင် မာယုံကျေးရွာ အကြောင်း ပါဝင်နေသည်။

မဟာဘာရတ ဇာတ်တော်တွင် အကြီးအကဲ ခါတိုကာချိ၏ မှော်စွမ်းအင်များမှာ မာယုံရွာလေးမှ ရရှိခဲ့ခြင်း ဖြစ်သည်ဟု ပါဝင်နေသည်။

ဤဒေသတွင် လူတို့ကို ယာဇ်ပူဇော်ခဲ့သော လက်နက်များနှင့်ချွန်ထက်သောအရာများကို ရှေးဟောင်း သုတေသန ဌာနမှ ရှာဖွေတွေ့ရှိခြင်းများ ရှိသည်။

အိန္ဒိယ နန်းတွင်းသမိုင်းပညာရှင် Mirza Muhammad Kazim ၏ သမိုင်း မှတ်တမ်းအရ အာသံတွင် အလယ်ခေတ်နှောင်းပိုင်း (၁၂၂၈- ၁၈၂၆) အတွင်းပေါ်ပေါက်ခဲ့သည့် Ahom ဘုရင်နိုင်ငံ စစ်အောင်နိုင်ခဲ့ ချိန်က တစ်ဖက်ခေါင်းဆောင် Ram Singh သည် Ahom စစ်တပ်ကြီးထက် မာယုံကျေးရွာမှ အောက်လမ်းပညာ ကို ပိုမိုထိတ်လန့်ခဲ့သည်ဟု ဆိုသည်။

သင် ကြက်သီးထသွားပါသလား။

(အိန္ဒိယ၏ အောက်လမ်းမြို့တော်)

 

မာယုံရှိ ဆန်းကြယ်သော သမိုင်းကြောင်းများကြောင့် ယခုအခါ ကမ္ဘာလှည့်ခရီးသည်များအကြား နာမည်ကျော်နေပြီး စူးစမ်းလိုသူများ ၊ သမိုင်းလေ့လာသူများ ၊ စွန့်စားမှုဝါသနာပါသူများနှင့် အောက်လမ်းပညာစိတ်ဝင်စားသူများ လာရောက်လည်ပတ်ကြသည်။

အောက်လမ်းပညာရှင်များနှင့် စုန်းများ နေထိုင်ကြဆဲ ဖြစ်သည်ဟု ယူဆရသော မာယုံကျေးရွာသို့ ရောက်ရှိချိန်တွင် စိတ်ကူးယဉ် ရုပ်ရှင်ဇာတ်လမ်းတစ်ခုအတွင်း သင်ကိုယ်တိုင် ပါဝင်နေရသလို ခံစားရမည်ဖြစ်သည်။

မာယုံကျေးရွာတွင် လူပေါင်းများစွာ ဆန်းကြယ်စွာပျောက်ဆုံးသွားမှုများ၊ တိရ စ္ဆာန်ဘဝသို့ ပြောင်းလဲသွားသူများ၊ ဆန်းကြယ်စွာ ယဉ်ပါးသွားသည့် သားရဲတိရ စ္ဆာန်များ ၊ ဆေးဝါးမပါဘဲ ရောဂါများကုသခြင်း အစရှိသည့် ဆန်းကြယ်မှုများ ပြည့်နှက်နေသည်။

(စစ်သည် ၁၀၀၀၀၀ ကျော်ပျောက်ကွယ်သွားမှု)

ယနေ့တိုင် ပြောစမှတ်တွင်နေသည့် အဆန်းကြယ်ဆုံး လူပျောက်ကွယ်မှုမှာ ၁၃၃၀ ပြည့်လွန်ကာလများအတွင်း မူဟာမက်ရှား ဘုရင်၏ စစ်တပ်ကြီး ပျောက်ကွယ်သွားမှု ဖြစ်သည်။

စစ်သည်ပေါင်း ၁၀၀၀၀၀ ပါဝင်သော တပ်ကြီးတစ်ခုလုံး တောအုပ်အတွင်း ပျောက်ကွယ်သွားခဲ့ပြီး ၎င်းတို့၏ အလောင်း တစ်ခုတစ်လေမျှပင် ရှာမတွေ့ခဲ့။

(မာယုံရွာရောက်ရင် ဘာတွေလုပ်နိုင်လဲ။)

ဒေသခံများထံမှ အောက်လမ်းပညာ အစီအရင်များ ရယူခြင်း ၊ ရွာလေးတွင် ဖြစ်ပျက်ခဲ့သော ဆန်းကြယ်သည့် ဖြစ်ရပ်များအကြောင်း မေးမြန်းလေ့လာခြင်း ၊ ရောဂါဘယများအား ဆေးဝါးမပါဘဲ ကုသပေးနေပုံများကို ကြည့်ရှုလေ့လာခြင်းများ ပြုလုပ်နိုင်သည်။

မာယုံတွင် ရောဂါကုသူများကို ဘက်ဇ်( သို့မဟုတ် ) အိုဂျား ဟု ခေါ်ကြသည်။

၎င်းတို့သည် ဆေးဝါးမသုံးဘဲ တေ စ္ဆသရဲတို့၏ အကူအညီဖြင့် ဆေးကုသခြင်းဖြစ်သည်ဟု ဆိုသည်။

 

ထိခိုက်ဒဏ်ရာများနှင့် ဝေဒနာများ ဖယ်ရှားပေးရန် ကြေးနီးပန်းကန်းပြားများကို အသုံးပြုကာ ကုသလေ့ရှိသည်။

(ဓာတ်ပုံ-Assam Times)

မာယုံတွင် အောက်လမ်းပညာသာမက အာယုဗ္ဗေဒ ၊ လက္ခဏာနှင့် အနာဂတ်ကြိုတင်ဟောကြားခြင်းများလည်း တတ်ကျွမ်းကြပြီး ဂါထာမန္တာန်များ အသုံးပြုလေ့ရှိကြသည်။

ရှေးရာစုများစွာကတည်းက တည်ရှိခဲ့သော မာယုံရွာလေးသည် တောရိုင်းမြေနှင့်လည်း ထိစပ်လျှက်ရှိသည်။

မာယုံသို့ရောက်လျှင် အနီးရှိ ပရီဘီတိုရာ ဘေးမဲ့တောသို့ သွားရောက်လည်ပတ်နိုင်သည်။

အဆိုပါ ဘေးမဲ့တောသည် ကမ္ဘာပေါ်တွင် ဦးချိုတစ်ချောင်းကြံ့များ အများဆုံးကျက်စားရာ နေရာဖြစ်သည်။

မာယုံရွာလေးတွင် ပြတိုက်တစ်ခုလည်းရှိရာ ပြတိုက်အတွင်း ရှေးဟောင်းပစ္စည်းများ ၊ ရှေးခေတ်လူ့အသုံးအဆောင်များ ၊ အောက်လမ်းစုန်း အာယုဗ္ဗေဒ တို့နှင့် စပ်လျဉ်းသော ရှေးဟောင်း စာအုပ်စာတမ်းများကို ကြည့်ရှုလေ့လာနိုင်သည်။

(ဘယ်အချိန်သွားသင့်လဲ )

 

မာယုံရွာကလေးသို့ သွားရောက်လည်ပတ်ရန် အကောင်းဆုံးအချိန်မှာ ရာသီဥတုသာယာကာ အအေးဓာတ်ရှိသည့် ဆောင်းတွင်းတွင် လည်ပတ်ရန် အကောင်းဆုံးဖြစ်သည်။

(ဘယ်လို သွားမလဲ)

အနီးဆုံးဘူတာ - Jagi Road ဘူတာ

အနီးဆုံးလေဆိပ်- Guwahati လေဆိပ်

မာယုံရွာသို့ Guwahati မှ မော်တော်ကားဖြင့်လည်း သွားနိုင်ပြီး ၄၀ ကီလိုမီတာခန့် သွားရသည်။

Guwahati မှ အိန္ဒိယရှိ မြို့ကြီးပြကြီးများသို့ လေကြောင်းလိုင်းများ ၊ ရထားခရီးစဉ်များစွာ ရှိသည်။

 

(ဓာတ်ပုံ - Wander Wisdom)

ရွာကလေးတွင် အောက်လမ်းပညာတတ်ကျွမ်းသူ တစထက်တစ နည်းပါးလာနိုင်သော်လည်း အောက်လမ်းပညာကို ယုံကြည်သူများမှာမူ ထုနှင့်ထည်နှင့် ဆက်လက်ရှိနေဆဲ ဖြစ်သည်။

ကျောချမ်းဖွယ် အတတ်များအပေါ် စိတ်ဝင်စားသူ များပြားလာလျက်ရှိရာ မာယုံရွာလေးသို့ လာရောက် လည်ပတ်မှုမှာလည်း မြင့်တက်လာခဲ့သည်။

အကယ်၍ သင်သည် သဘာဝလွန်အကြောင်းရပ်များနှင့် ခြောက်ခြားဖွယ်ဒဏ္ဍာရီများကို စိတ်ဝင်စားသူဆိုပါက မာယုံရွာလေးမှာ သင်၏ မဖြစ်မနေလည်ပတ်ရမည့် စာရင်းတွင် ပါဝင်သင့်သည်။

မာယုံရွာလေးသို့ သွားရောက်လည်ပတ်မည်ဆိုလျှင် ခြောက်ခြားဖွယ်ရာများအပြင် အာသံ၏ အလှ၊ အစားအစာနှင့် နွေးထွေးကြင်နာတတ်သော ဒေသခံတို့က သင့်ကို ကြိုဆိုနေပါသည်။

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Mayong—India’s Own Hogwarts. And it’s Not Even Fictional! (makemytrip, homegrown)

 

 

[Zawgyi]

အိႏိၵယႏိုင္ငံ ျဗဟၡပုတၱရ ျမစ္ကမ္းေဘးက ေအာက္လမ္းပညာရွင္မ်ား၊ စုန္းမ်ား စုေဝးေနထုိင္ေသာ ေက်းရြာ

 

အိႏိၵယႏိုင္ငံ အေရွ႕ေျမာက္ဘက္ အာသံျပည္နယ္၊ ဂူဝါဟတီ (Guwahati) ျမိဳ႕အနီး ျဗဟၡပုတၱရ ျမစ္ကမ္းေဘးတြင္ မာယံုအမည္ရွိ ေက်းရြာတစ္ခုတည္ရွိျပီး ေအာက္လမ္းပညာရွင္မ်ားျဖင့္ ကမၻာေက်ာ္သည့္ေနရာျဖစ္သည္။

မာယံုရြာတြင္ ေအာက္လမ္းႏွင့္ စုန္းပညာသည္ေပါင္း ၁၀၀ ခန္႔ရွိျပီး မည္သည့္အရာကိုမဆို ထိုပညာမ်ားျပင္ ရရွိေအာင္ ျပဳလုပ္ႏိုင္သည္ဟု ရြာသူရြာသားမ်ားက ယံုၾကည္ၾကသည္။

မာယံုရြာကို “အိႏိၵယ၏ ေအာက္လမ္းျမိဳ႕ေတာ္”ဟုလည္း ေခၚၾကသည္။ ဟယ္ရီေပၚတာစာအုပ္မ်ားႏွင့္ စိတ္ကူးယဥ္ဝတၳဳမ်ားကို ေဘးခ်ထားလိုက္ပါ။ အိႏိၵယႏိုင္ငံ၊ အာသံျပည္နယ္တြင္ ေအာက္လမ္းႏွင့္ စုန္းပညာရွင္မ်ား ေနထုိင္လ်က္ရွိေသာ မာယံုအမည္ရွိ ေက်းရြာတစ္ခု ျပင္ပေလာကတြင္ အမွန္တကယ္ရွိေနပါသည္။

သာယာလွပေသာ မိုရိေဂါင္ခရိုင္ ၊ ျဗဟၼပုတၱရျမစ္ကမ္းေဘးတြင္ တည္ရွိျပီး ေခတ္သစ္လူေနမႈ ဟန္ပန္မ်ား၏ ထိုးေဖာက္ျခင္း မခံရေသးေသာ မာယံုေက်းရြာသည္ အိႏိၵယ၏ ေအာက္လမ္းနွင့္ ေမွာ္ပညာရွင္တို႔၏ အခ်က္အျခာေနရာ အျဖစ္ ရွိခဲ့သည္မွာ ရာစုႏွစ္မ်ားစြာကတည္းက ျဖစ္သည္။

မာယံုရြာတြင္ စုန္း ၊ ေမွာ္ႏွင့္ေအာက္လမ္းပညာမ်ားကို လက္ေတြ႔က်င့္သံုးရံုမွ်မကဘဲ မ်ိဳးဆက္မ်ားစြာ လက္ဆင့္ကမ္း အေမြေပးခဲ့ၾကသည္။ မဟာဘာရတ ကဲ့သို႔ ေရွးဒ႑ာရီမ်ားတြင္ပင္ မာယံုေက်းရြာ အေၾကာင္း ပါဝင္ေနသည္။

မဟာဘာရတ ဇာတ္ေတာ္တြင္ အႀကီးအကဲ ခါတိုကာခ်ိ၏ ေမွာ္စြမ္းအင္မ်ားမွာ မာယုံ႐ြာေလးမွ ရ႐ွိိခဲ့ျခင္း ျဖစ္သည္ဟု ပါဝင္ေနသည္။

ဤေဒသတြင္ လူတို႔ကို ယာဇ္ပူေဇာ္ခဲ့ေသာ လက္နက္မ်ားနွင့္ခၽြန္ထက္ေသာအရာမ်ားကို ေရွးေဟာင္း သုေတသန ဌာနမွ ရွာေဖြေတြ႔ရွိျခင္းမ်ား ရွိသည္။

အိႏၵိယ နန္းတြင္းသမိုင္းပညာ႐ွင္ Mirza Muhammad Kazim ၏ သမိုင္း မွတ္တမ္းအရ အာသံတြင္ အလယ္ေခတ္ေႏွာင္းပိုင္း (၁၂၂၈- ၁၈၂၆) အတြင္းေပၚေပါက္ခဲ့သည့္ Ahom ဘုရင္ႏိုင္ငံ စစ္ေအာင္ႏိုင္ခဲ့ ခ်ိန္က တစ္ဖက္ေခါင္းေဆာင္ Ram Singh သည္ Ahom စစ္တပ္ႀကီးထက္ မာယုံေက်း႐ြာမွ ေအာက္လမ္းပညာ ကို ပိုမိုထိတ္လန္႔ခဲ့သည္ဟု ဆိုသည္။

သင္ ၾကက္သီးထသြားပါသလား။

(အိႏိၵယ၏ ေအာက္လမ္းျမိဳ႕ေတာ္)

မာယံုရွိ ဆန္းၾကယ္ေသာ သမိုင္းေၾကာင္းမ်ားေၾကာင့္ ယခုအခါ ကမၻာလွည့္ခရီးသည္မ်ားအၾကား နာမည္ေက်ာ္ေနျပီး စူးစမ္းလိုသူမ်ား ၊ သမိုင္းေလ့လာသူမ်ား ၊ စြန္႔စားမႈဝါသနာပါသူမ်ားႏွင့္ ေအာက္လမ္းပညာစိတ္ဝင္စားသူမ်ား လာေရာက္လည္ပတ္ၾကသည္။

ေအာက္လမ္းပညာရွင္မ်ားႏွင့္ စုန္းမ်ား ေနထိုင္ၾကဆဲ ျဖစ္သည္ဟု ယူဆရေသာ မာယံုေက်းရြာသို႔ ေရာက္ရွိခ်ိန္တြင္ စိတ္ကူးယဥ္ ရုပ္ရွင္ဇာတ္လမ္းတစ္ခုအတြင္း သင္ကိုယ္တုိင္ ပါဝင္ေနရသလုိ ခံစားရမည္ျဖစ္သည္။

မာယံုေက်းရြာတြင္ လူေပါင္းမ်ားစြာ ဆန္းၾကယ္စြာေပ်ာက္ဆံုးသြားမႈမ်ား၊ တိရ စၦာန္ဘဝသို႔ ေျပာင္းလဲသြားသူမ်ား၊ ဆန္းၾကယ္စြာ ယဥ္ပါးသြားသည့္ သားရဲတိရ စၦာန္မ်ား ၊ ေဆးဝါးမပါဘဲ ေရာဂါမ်ားကုသျခင္း အစရွိသည့္ ဆန္းၾကယ္မႈမ်ား ျပည့္ႏွက္ေနသည္။

(စစ္သည္ ၁၀၀၀၀၀ ေက်ာ္ေပ်ာက္ကြယ္သြားမႈ)

ယေန႔တိုင္ ေျပာစမွတ္တြင္ေနသည့္ အဆန္းၾကယ္ဆံုး လူေပ်ာက္ကြယ္မႈမွာ ၁၃၃၀ ျပည့္လြန္ကာလမ်ားအတြင္း မူဟာမက္ရွား ဘုရင္၏ စစ္တပ္ၾကီး ေပ်ာက္ကြယ္သြားမႈ ျဖစ္သည္။

စစ္သည္ေပါင္း ၁၀၀၀၀၀ ပါဝင္ေသာ တပ္ၾကီးတစ္ခုလံုး ေတာအုပ္အတြင္း ေပ်ာက္ကြယ္သြားခဲ့ျပီး ၎တို႔၏ အေလာင္း တစ္ခုတစ္ေလမွ်ပင္ ရွာမေတြ႔ခဲ့။

(မာယံုရြာေရာက္ရင္ ဘာေတြလုပ္ႏိုင္လဲ။)

ေဒသခံမ်ားထံမွ ေအာက္လမ္းပညာ အစီအရင္မ်ား ရယူျခင္း ၊ ရြာေလးတြင္ ျဖစ္ပ်က္ခဲ့ေသာ ဆန္းၾကယ္သည့္ ျဖစ္ရပ္မ်ားအေၾကာင္း ေမးျမန္းေလ့လာျခင္း ၊ ေရာဂါဘယမ်ားအား ေဆးဝါးမပါဘဲ ကုသေပးေနပံုမ်ားကို ၾကည့္ရႈေလ့လာျခင္းမ်ား ျပဳလုပ္ႏိုင္သည္။

မာယံုတြင္ ေရာဂါကုသူမ်ားကို ဘက္ဇ္( သို႔မဟုတ္ ) အိုဂ်ား ဟု ေခၚၾကသည္။

၎တို႔သည္ ေဆးဝါးမသံုးဘဲ တေ စၦသရဲတို႔၏ အကူအညီျဖင့္ ေဆးကုသျခင္းျဖစ္သည္ဟု ဆုိသည္။

ထိခိုက္ဒဏ္ရာမ်ားႏွင့္ ေဝဒနာမ်ား ဖယ္ရွားေပးရန္ ေၾကးနီးပန္းကန္းျပားမ်ားကို အသံုးျပဳကာ ကုသေလ့ရွိသည္။

(ဓာတ္ပံု-Assam Times)

မာယံုတြင္ ေအာက္လမ္းပညာသာမက အာယုေဗၺဒ ၊ လကၡဏာႏွင့္ အနာဂတ္ၾကိဳတင္ေဟာၾကားျခင္းမ်ားလည္း တတ္ကၽြမ္းၾကျပီး ဂါထာမႏၱာန္မ်ား အသံုးျပဳေလ့ရွိၾကသည္။

ေရွးရာစုမ်ားစြာကတည္းက တည္ရွိခဲ့ေသာ မာယုံရြာေလးသည္ ေတာရိုင္းေျမႏွင့္လည္း ထိစပ္လွ်က္ရွိသည္။

မာယံုသုိ႔ေရာက္လွ်င္ အနီးရွိ ပရီဘီတိုရာ ေဘးမဲ့ေတာသို႔ သြားေရာက္လည္ပတ္ႏိုင္သည္။

အဆိုပါ ေဘးမဲ့ေတာသည္ ကမၻာေပၚတြင္ ဦးခ်ိဳတစ္ေခ်ာင္းၾကံ႕မ်ား အမ်ားဆံုးက်က္စားရာ ေနရာျဖစ္သည္။

မာယုံ႐ြာေလးတြင္ ျပတိုက္တစ္ခုလည္း႐ွိရာ ျပတိုက္အတြင္း ေ႐ွးေဟာင္းပစၥည္းမ်ား ၊ ေ႐ွးေခတ္လူ႕အသုံးအေဆာင္မ်ား ၊ ေအာက္လမ္းစုန္း အာယုေဗၺဒ တို႔ႏွင့္ စပ္လ်ဥ္းေသာ ေ႐ွးေဟာင္း စာအုပ္စာတမ္းမ်ားကို ၾကည့္႐ႈေလ့လာႏိုင္သည္။

(ဘယ္အခ်ိန္သြားသင့္လဲ )

မာယံုရြာကေလးသို႔ သြားေရာက္လည္ပတ္ရန္ အေကာင္းဆံုးအခ်ိန္မွာ ရာသီဥတုသာယာကာ အေအးဓာတ္ရွိသည့္ ေဆာင္းတြင္းတြင္ လည္ပတ္ရန္ အေကာင္းဆံုးျဖစ္သည္။

(ဘယ္လို သြားမလဲ)

အနီးဆံုးဘူတာ - Jagi Road ဘူတာ

အနီးဆံုးေလဆိပ္- Guwahati ေလဆိပ္

မာယံုရြာသို႔ Guwahati မွ ေမာ္ေတာ္ကားျဖင့္လည္း သြားႏိုင္ျပီး ၄၀ ကီလိုမီတာခန္႔ သြားရသည္။

Guwahati မွ အိႏိၵယရွိ ျမိဳ႕ၾကီးျပၾကီးမ်ားသို႔ ေလေၾကာင္းလိုင္းမ်ား ၊ ရထားခရီးစဥ္မ်ားစြာ ရွိသည္။

(ဓာတ္ပံု - Wander Wisdom)

ရြာကေလးတြင္ ေအာက္လမ္းပညာတတ္ကၽြမ္းသူ တစထက္တစ နည္းပါးလာႏိုင္ေသာ္လည္း ေအာက္လမ္းပညာကို ယံုၾကည္သူမ်ားမွာမူ ထုႏွင့္ထည္ႏွင့္ ဆက္လက္ရွိေနဆဲ ျဖစ္သည္။

ေက်ာခ်မ္းဖြယ္ အတတ္မ်ားအေပၚ စိတ္ဝင္စားသူ မ်ားျပားလာလ်က္ရွိရာ မာယံုရြာေလးသို႔ လာေရာက္ လည္ပတ္မႈမွာလည္း ျမင့္တက္လာခဲ့သည္။

အကယ္၍ သင္သည္ သဘာဝလြန္အေၾကာင္းရပ္မ်ားႏွင့္ ေျခာက္ျခားဖြယ္ဒ႑ာရီမ်ားကို စိတ္ဝင္စားသူဆိုပါက မာယံုရြာေလးမွာ သင္၏ မျဖစ္မေနလည္ပတ္ရမည့္ စာရင္းတြင္ ပါဝင္သင့္သည္။

မာယံုရြာေလးသို႔ သြားေရာက္လည္ပတ္မည္ဆိုလွ်င္ ေျခာက္ျခားဖြယ္ရာမ်ားအျပင္ အာသံ၏ အလွ၊ အစားအစာႏွင့္ ေႏြးေထြးၾကင္နာတတ္ေသာ ေဒသခံတို႔က သင့္ကို ၾကိဳဆိုေနပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Mayong—India’s Own Hogwarts. And it’s Not Even Fictional! (makemytrip, homegrown)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
Aung Theikdi Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service