ဘန်ကောက်-ချင်းမိုင် ညအိပ်ရထား

ဘန်ကောက်-ချင်းမိုင် ညအိပ်ရထား - Property News in Myanmar from iMyanmarHouse.com
12 Dec 2022 10:49 am တွင် တင်ခဲ့သည်
2742 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ထိုင်းနိုင်ငံတွင် ဘန်ုကောက်နှင့် ချင်းမိုင်အကြား ခရီးသွားမည်ဆိုလျှင် လူကြိုက်အများဆုံးလမ်းကြောင်းမှာ ဘန်ကောက်-ချင်းမိုင် ညအိမ်ရထား (သို့မဟုတ်) ချင်းမိုင်-ဘန်ကောက်ညအိပ်ရထားဖြင့်သွားခြင်းမှာ အကျော်ကြားဆုံး ဖြစ်သည်။

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလမှစတင်ပြီး ထိုင်းမီးရထားဌာန (SRT) က ဘန်ကောက်နှင့်ချင်းမိုင်အကြား အမြန်ရထားလမ်းတွင် ရထားတွဲသစ်များ စတင်အသုံးပြုခဲ့သည်။

ရထားအမှတ် ၉ နှင့် ရထားအမှတ် ၁၀ တို့မှာ ညအိပ်ရထားများ ဖြစ်သည်။

အဆိုပါ ရထားများသည် လျှပ်စစ်စနစ်ဖြင့်သွားသည့် ရထားများဖြစ်ရာ ခေတ်ဟောင်းရထားများနှင့်ယှဉ်လျှင် ပိုမိုဆိတ်ငြိမ်ကာ အေးချမ်းမှုရှိသည်။

သို့သော် သတိပြုရန်အချက်မှာ SRT အနေဖြင့် ရထားတွဲဟောင်းအားလုံးကို အစားထိုးထားခြင်းကား မဟုတ်။

Express Line နှင့် Rapid Line တို့တွင်ကား ရထားတွဲဟောင်းများ အသုံးပြုနေဆဲဖြစ်ရာ ခရီးသည်များ အနေဖြင့် ရထားလက်မှတ်ဝယ်ရာတွင် ဂရုတစိုက် ရွေးချယ်ရန် လိုသည်။ ဤဆောင်းပါးတွင် ဖော်ပြမည်မှာ ရထားတွဲသစ်များတွင် ပါဝင်သည့်အရာများအကြောင်း ဖြစ်သည်။

 

 

(ချင်းမိုင်နှင့် ဘန်ကောက်အကြား ရထားမှာ စံပြုသယ်ယူပို့ဆောင်ရေးဖြစ်သည်။ လမ်းတစ်လျှောက်တွင် သာယာလှပသော ရှုမျှော်ခင်းများ ရှိသည်)

 

(ရထားချိန်များ)

အကယ်၍ သင်သည် ဘန်ကောက်မှ ချင်းမိုင်သို့ ရထားဖြင့်သွားမည်ဆိုပါက ဘန်ကောက်ရထားဘူတာ (Hua Lamphung Station) မှ ည ၆း၁၀ အချိန်ထွက်သည့် အမှတ် ၉ ရထားကို စီးရမည်ဖြစ်ပြီး ချင်းမိုင်သို့ နောက်နေ့မနက် ၇း၁၅ အချိန်တွင် ရောက်ရှိမည်ဖြစ်သည်။

ချင်းမိုင်မှ ဘန်ကောက်သို့ သွားမည်ဆိုလျှင် ချင်းမိုင်ဘူတာမှ ည ၆း၀၀ အချိန်ထွက်သည့် အမှတ် ၁၀ ရထားကို စီးရမည်ဖြစ်ကာ ဘန်ကောက်သို့ နောက်နေ့မနက် ၆း၅၀ အချိန်တွင် ရောက်ရှိမည်ဖြစ်သည်။

အဆိုပါ ရထားများ နေ့စဉ်ထွက်ပါသည်။

ဘူတာသို့ ရထားထွက်ချိန်မတိုင်မီ မိနစ် ၃၀ ခန့် ကြိုတင်ကာ သွားရောက်ရန် လိုအပ်ပါသည်။

သို့မှသာ ရထားရပ်နားထားသည့် စင်္ကြန်ကို ရှာဖွေရန် အချိန်ရမည်ဖြစ်သည်။

အမှတ် ၉ နှင့် အမှတ် ၁၀ ရထားများအပြင် ဘန်ကောက်နှင့်ချင်းမိုင်အကြားပြေးဆွဲသော အခြားရထားများလည်း ရှိပါသည်။

သို့သော် အဆိုပါ ရထားများမှာ ရထားဟောင်းများဖြစ်ပြီး မြန်နှုန်းနှေးကာ ဈေးလည်း သက်သာသည်။ထို့ကြောင့် ရထားလက်မှတ်ဝယ်ရာတွင် ရထားနံပါတ်ကို မှန်ကန်စွာ ရွေးချယ်ရန် လိုအပ်သည်။

ဘန်ကောက်မှ ချင်းမိုင်သို့ သွားမည်ဆိုလျှင် အမှတ် ၉ ရထားအပြင် အမှတ် ၇ ၊ အမှတ် ၁၀၉ ၊ အမှတ် ၁၃ နှင့် အမှတ် ၅၁ ရထားများလည်း ပြေးဆွဲသည်။

 

ချင်းမိုင်မှ ဘန်ကောက်သို့ သွားမည်ဆိုလျှင် အမှတ် ၁၀ ရထားအပြင် အမှတ် ၁၀၂ ၊ အမှတ် ၈ ၊ အမှတ် ၅၂ နှင့် အမှတ် ၁၄ ရထားများလည်း ပြေးဆွဲသည်။

 

 

(ပထမတန်း ရထားတွဲ)

သင့်အနေဖြင့် ငွေပိုပေးရသည်ကို မမြင်ဘဲ တသီးတသန့်ရှိမှုကိုလည်း သဘောကြသည်ဆိုပါက ပထမတန်းတွဲမှ စီးနှင်းရန် စဉ်းစားရမည်ဖြစ်သည်။

အဆိုပါ အတွဲတွင် ခရီးသည် ၂ ဦး အိပ်စက်နိုင်သည့် သီးသန့်ခန်းများဖြင့် ဖွဲ့စည်းထားသည်။

တွဲတိုင်းတွင် သီးသန့် အိပ်စက်ခန်း ၁၂ ခန်းပါဝင်သည်။

ရေချိုးခန်းနှင့်အိမ်သာမှာ မျှဝေသုံးစွဲရခြင်းဖြစ်ပြီး ရေချိုးခန်းတွင် ရေပူစနစ်တပ်ဆင်ပေးထားသည်။

အကယ်၍ သင်သည် ၄ ဦးအတူခရီးသွားကာ (ဥပမာ- ဇနီးမောင်နှံ ၂ ဦးနှင့် ကလေး ၂ ဦး ) ညဘက်တွင် အတူတကွ ရှိလိုသည်ဆိုပါက အခန်း ၂ ခုအကြား ဆက်သွယ်ပေးထားသည့် တံခါးကို သော့ဖွင့်ထားနိုင်ပါသည်။

 

(ရထားတိုင်းတွင် ပထမတန်း သီးသန့်အိပ်စက်ခန်း ၁၂ ခန်းပါဝင်သည်။)

အခန်းတွင် ပါဝင်သည့် အရာများမှာ ဝိုင်ဖိုင် ၊ မီးပလပ်ပေါက် ၊ လက်ဆေးဘေစင် ၊ အိပ်ယာအဖြစ် ပြောင်းလဲနိုင်သည့် ခုံတန်း ၊ မှန်တစ်ချပ် ၊ ရထားလမ်းကြောင်းနှင့် သတင်းအချက်အလက်များကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်ပေးနေသော ၁၄ လက်မ အရွယ်ရှိ touch screen စနစ်သုံး LCD မှန်သားပြင်တစ်ခုတို့ ပါဝင်သည်။

အဆိုပါ LCD ကို ဖျော်ဖြေရေးအတွက် လည်းကောင်း ၊ နာရီ Alarm ပေးရန် အတွက်လည်းကောင်း ၊ အခန်းအတွင်းသို့ အစားအသောက်မှာရန်အတွက် လည်းကောင်း အမျိုးမျိုးအသုံးပြုနိုင်သည်။

 

(ထိန်းချုပ်နေရာနှင့် LCD အတွက် USB ပလပ်ပေါက် )

 

(သီးသန့် အိပ်စက်ခန်းအတွင်း မြင်ကွင်း)

 

(ရေချိုးခန်းအတွင်းမှ ရေပူရေပန်း)

ပထမတန်း ရထားတွဲ လက်မှတ်ခမှာ အပေါ်ထပ် ကုတင်အတွက် ၁၄၅၃ ဘတ် နှင့် အောက်ထပ်ကုတင်အတွက် ၁၆၅၃ ဘတ် ကျသင့်မည်ဖြစ်သည်။

သင်သည် တစ်ဦးတည်း ခရီးသွားသော်လည်း တစ်ခန်းလုံးကို ရယူလိုပါက ၂၄၅၃ ဘတ် ကျသင့်မည်ဖြစ်သည်။

 

 

(ဒုတိယတန်း ရထားတွဲ)

ဒုတိယတန်းမှာမူ ဈေးပိုသက်သာသည်။

သို့သော် တသီးတသန့် ဖြစ်မှုနည်းပါသည်။

ဒုတိယတန်း အိပ်စက်ခန်းများရှိ အပေါ်ထပ်နှင့်အောက်ထပ် အိပ်ယာကုတင်များမှာ ရထားနံရံ ၂ ဖက်လုံးတွင် မျက်နှာချင်းဆိုင် တည်ရှိသည်။

ရထားပြတင်းပေါက်ရှိသော အောက်ထပ်ထိုင်ခုံမှာ ခရီးသည်များအတွ

က် ပင်မထိုင်ခုံဖြစ်ပြီး အိပ်ချိန်တွင် ကုတင်အဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

 

 

(ဒုတိယတန်း ရထားတွဲတွင်း မြင်ကွင်း)

အိပ်စက် ကုတင်တိုင်းတွင် တသီးတသန့် ဖြစ်စေရေးအတွက် လိုက်ကာ တစ်ခု တပ်ဆင်ပေးထားသည်။

ထို့ထက် အရေးကြီးသည်မှာ ရထားတွဲ မျက်နှာကြက် မီးများမှာ တစ်ညလုံးဖွင့်ထားမည်ဖြစ်ရာ လိုက်ကာပိတ်ထားလျှင် မီးလင်းသောကြောင့် အိပ်မရခြင်းမျိုး မဖြစ်နိုင်တော့ချေ။ ကုတင်တိုင်းတွင် မီးပလပ်ပေါက်နှင့် စာကြည့်မီး ထားရှိပေးရာ ခရီးသည်များ အနေဖြင့် ဖုန်းနှင့်လက်တော့ပ်များ အားသွင်းနိုင်သည့်အပြင် ရထားစီးရင်း စာဖတ်သွားနိုင်မည်လည်း ဖြစ်သည်။

 

(အောက်ထပ်ကုတင်)

 

 

(အပေါ်ထပ်ကုတင်)

 

ဒုတိယတန်းရထားတွဲတွင် စီစီတီဗွီကင်မရာများ၊ LCD ဖန်သားပြင်များ တပ်ဆင်ပေးထားသည်။

LCD များတွင် ခရီးလမ်းကြောင်းဆိုင်ရာ သတင်းအချက်အလက်များ (ဥပမာ- GPS တည်နေရာ)၊ ခန့်မှန်း ရောက်ရှိချိန် အစရှိသည်တို့ကို ထိုင်း၊ အင်္ဂလိပ် ၂ ဘာသာဖြင့် ထုတ်လွှင့်ပေးသည်။

ရထားတွဲ အပေါ်အောက်တို့တွင် ခရီးဆောင်အိတ်များ ထားသိုနိုင်သည့် နေရာ ၂ ခုပါသည်။

စုပေါင်းသုံး သန့်စင်ခန်းအတွင်း အိမ်သာနှင့် မှန်ပါသော လက်ဆေးကန်တို့ရှိသည်။

 

(LC D နှင့် စီစီတီဗွီကင်မရာ)

 

 

(လက်ဆေး ဘေစင်)

ဒုတိယတန်း ရထားတွဲလက်မှတ်ခမှာ အပေါ်ထပ်ကုတင်အတွက် ၉၄၁ ဘတ်ပေးရပြီး အောက်ထပ်ကုတင်အတွက် ၁၀၄၁ ဘတ်ပေးရသည်။

(ရထားတွင် ပါဝင်သည့်အရာများ)

ရထားတွင် စားသောက်တွဲပါဝင်ကာ ခရီးသည်များအနေဖြင့် သွားရေစာမုန့်များ၊ အစားအစာနှင့် သောက်စရာများ ဝယ်ယူရရှိနိုင်သည်။

ရထားပေါ်မှ စားစရာများမှာ 7-11 စတိုးဆိုင်များတွင် ရောင်းချသကဲ့သို့ အအေးခန်းတွင် ထားရှိရောင်းချခြင်း ဖြစ်ကာ ဈေးနှုန်းမှာလည်း 7-11 မှ ဈေးနှုန်းနီးပါး ဖြစ်သည်။

စားသောက်တွဲမှာ chill out လုပ်ရန်နှင့် အခြားခရီးသည်များနှင့် တွေ့ဆုံနိုင်မည့် နေရာကောင်းတစ်ခု ဖြစ်သည်။

စားသောက်တွဲတွင် ဒုတိယတန်းလက်မှတ်ကိုင်ဆောင်သည့် ခရီးသည်များအတွက် ဝိုင်ဖိုင်အသုံးပြုခွင့် ပေးသည်။

သို့သော် မိမိဖုန်းမှာ 3G/ 4G ဖုန်းများဖြစ်သည့်တိုင် ဝိုင်ဖိုင်အင်တာနက်မြန်နှုန်းမှာ အလွန်အားနည်းသည်။

ပထမတန်းလက်မှတ်ကိုင်ဆောင်သည့်ခရီးသည်များမှာ မိမိတို့အခန်းတွင်းရှိ touch screen LCD များမှတဆင့် အခန်းသို့ အစားအသောက်များ မှာယူနိုင်သည်။

စားသောက်တွဲမှာ ည ၁၀ နာရီတွင် ပိတ်ပြီး မနက် ၅ နာရီတွင် ပြန်လည်ဖွင့်လှစ်ကာ မနက်စာ ဝန်ဆောင်မှု ပေးသည်။

 

(စားသောက်တွဲသို့သွားကာ ကော်ဖီတစ်ခွက် သောက်ကြည့်ပါ)

 

(စားသောက်တွဲမှ သွားရေစာ၊ အစားအစာနှင့် သောက်စရာများ)

 

(စားသောက်တွဲမှ အစားအသောက်စာရင်း)

ရထားစီးခရီးသည်များအတွက် ရေတစ်ဘူး၊ မွေ့ယာတစ်ခု၊ စောင်တစ်ထည်နှင့် ခေါင်းအုံးတစ်လုံးတို့ ပေးသည်။

ညဘက်ဆိုလျှင် လေအေးပေးစက်ဖွင့်ထားသောကြောင့် အတော်အေးပါသည်။ လေအေးပေးစက်၏ အပူချိန် ချိန်ညှိ၍ မရပါ။ ထို့ကြောင့် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်နှင့် ခြေအိတ်များဝတ်ထားသင့်သည်။

ရထားတွဲ၏ ကွေးခုံးမှုကြောင့် အောက်ထပ်အိပ်စင်မှာ အပေါ်ထပ်ထက် အနည်းငယ် ပိုကျယ်သည်။

အားနည်းချက် တစ်ခုမှာ ကုတင်များမှာ အတော်တိုနေခြင်းဖြစ်ပြီး ပထမတန်းရထားတွဲများတွင်ပင် အလားတူဖြစ်သည်။

အရပ် ၁၈၀ စင်တီမီတာ (၅ ပေ ၁၀ လက်မ ) ထက် ပိုမိုအရပ်ရှည်သူများ အနေဖြင့် ဒူးကွေးအိပ်ခြင်း သို့မဟုတ် အိပ်ယာပေါ်တွင် စွေစောင်းစောင်း အိပ်ခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။

(ရထားလက်မှတ် ဘယ်မှာဝယ်မလဲ။)

ရထားလက်မှတ် ဝယ်ရန် အလွယ်ကူဆုံးနှင့် ကုန်ကျစရိတ် အသက်သာဆုံးနည်းလမ်းမှာ SRT ၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ဝယ်ယူခြင်းဖြစ်သည်။

ခရီးမသွားမီ ရက်ပေါင်း ၆၀ ကြိုတင်ဝယ်ယူထားနိုင် သကဲ့သို့ ရထားမထွက်မီ ၂ နာရီ ကြိုတင်၍လည်း ဝယ်ယူနိုင်သည်။

ငွေပေးချေမှု စနစ်မှာ ခရက်ဒစ်ကတ်ဖြင့် ပေးချေရမည်ဖြစ်ပြီး သင့်အား e-ticket ကို pdf format ဖြင့် ပေးလိမ့်မည်ဖြစ်သည်။

အကယ်၍ ရထားလက်မှတ်ကို ငွေသားဖြင့်သာ ဝယ်ယူလိုပါက ဘူတာရုံတွင် ဝယ်ယူနိုင်သည်။

ဘန်ကောက်တွင် ဆိုလျှင် Hua Lamphong ဘူတာတွင် ဝယ်ယူရမည်ဖြစ်သည်။ ချင်းမိုင်တွင် ဆ်ိုလျှင် ချင်းမိုင်ဘူတာတွင် ဝယ်ယူရမည် ဖြစ်သည်။

ချင်းမိုင်ဘူတာမှာ မြို့လယ်မှ ၂ ကီလိုမီတာခန့်သာ ဝေးကွာပြီး songthaew ဟု ခေါ်ကြသော ခရီးသယ်တင် ပစ်ကပ်ကားဖြင့် ရောက်ရှိနိုင်သည်။

သို့မဟုတ်ပါကလည်း GRAB မှတစ်ဆင့် အငှားယာဉ် ငှားရမ်းသွားရောက်နိုင်သည်။ လက်မှတ်ဝယ်ချိန်တွင် အမှတ် ၉ (သို့မဟုတ်)အမှတ် ၁၀ ရထားလက်မှတ်ဝယ်လိုကြောင်း ပြောရန် မမေ့ပါနှင့်။

သင်ခရီးသွားမည့် ရက်အတွက် ရထားလက်မှတ် ကုန်နေပါသလား။ စိတ်မပူပါနှင့်။

ညအိပ် ဘတ်စ်ကားဖြင့်လည်း သွားနိုင်ပါသည်။

ဘတ်စ်ကားဖြင့် သွားခြင်းမှာ ရထားဖြင့် သွားခြင်းထက် ကုန်ကျစရိတ်ပိုမို သက်သာသည့်အပြင် မြန်မြန်ပိုရောက်သည်။

(ချင်းမိုင် ဘူတာရုံကို တွေ့ရပုံ)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The New Bangkok To Chiang Mai Overnight Sleeper Train (chiangmaitraveller)

 

 

[Zawgyi]

 

ဘန္ေကာက္-ခ်င္းမိုင္ ညအိပ္ရထား

 

ထိုင္းႏိုင္ငံတြင္ ဘနု္ေကာက္ႏွင့္ ခ်င္းမိုင္အၾကား ခရီးသြားမည္ဆိုလွ်င္ လူၾကိဳက္အမ်ားဆံုးလမ္းေၾကာင္းမွာ ဘန္ေကာက္-ခ်င္းမိုင္ ညအိမ္ရထား (သို႔မဟုတ္) ခ်င္းမိုင္-ဘန္ေကာက္ညအိပ္ရထားျဖင့္သြားျခင္းမွာ အေက်ာ္ၾကားဆံုး ျဖစ္သည္။

၂၀၁၆ ခုႏွစ္၊ ႏိုဝင္ဘာလမွစတင္ျပီး ထိုင္းမီးရထားဌာန (SRT) က ဘန္ေကာက္ႏွင့္ခ်င္းမိုင္အၾကား အျမန္ရထားလမ္းတြင္ ရထားတြဲသစ္မ်ား စတင္အသံုးျပဳခဲ့သည္။

ရထားအမွတ္ ၉ ႏွင့္ ရထားအမွတ္ ၁၀ တို႔မွာ ညအိပ္ရထားမ်ား ျဖစ္သည္။

အဆိုပါ ရထားမ်ားသည္ လွ်ပ္စစ္စနစ္ျဖင့္သြားသည့္ ရထားမ်ားျဖစ္ရာ ေခတ္ေဟာင္းရထားမ်ားႏွင့္ယွဥ္လွ်င္ ပိုမိုဆိတ္ျငိမ္ကာ ေအးခ်မ္းမႈရွိသည္။

သို႔ေသာ္ သတိျပဳရန္အခ်က္မွာ SRT အေနျဖင့္ ရထားတြဲေဟာင္းအားလံုးကို အစားထိုးထားျခင္းကား မဟုတ္။

Express Line ႏွင့္ Rapid Line တို႔တြင္ကား ရထားတြဲေဟာင္းမ်ား အသံုးျပဳေနဆဲျဖစ္ရာ ခရီးသည္မ်ား အေနျဖင့္ ရထားလက္မွတ္ဝယ္ရာတြင္ ဂရုတစိုက္ ေရြးခ်ယ္ရန္ လိုသည္။ ဤေဆာင္းပါးတြင္ ေဖာ္ျပမည္မွာ ရထားတြဲသစ္မ်ားတြင္ ပါဝင္သည့္အရာမ်ားအေၾကာင္း ျဖစ္သည္။

(ခ်င္းမိုင္ႏွင့္ ဘန္ေကာက္အၾကား ရထားမွာ စံျပဳသယ္ယူပို႔ေဆာင္ေရးျဖစ္သည္။ လမ္းတစ္ေလွ်ာက္တြင္ သာယာလွပေသာ ရႈေမွ်ာ္ခင္းမ်ား ရွိသည္)

(ရထားခ်ိန္မ်ား)

အကယ္၍ သင္သည္ ဘန္ေကာက္မွ ခ်င္းမိုင္သို႔ ရထားျဖင့္သြားမည္ဆိုပါက ဘန္ေကာက္ရထားဘူတာ (Hua Lamphung Station) မွ ည ၆း၁၀ အခ်ိန္ထြက္သည့္ အမွတ္ ၉ ရထားကို စီးရမည္ျဖစ္ျပီး ခ်င္းမိုင္သို႔ ေနာက္ေန႔မနက္ ၇း၁၅ အခ်ိန္တြင္ ေရာက္ရွိမည္ျဖစ္သည္။

ခ်င္းမုိင္မွ ဘန္ေကာက္သို႔ သြားမည္ဆိုလွ်င္ ခ်င္းမိုင္ဘူတာမွ ည ၆း၀၀ အခိ်န္ထြက္သည့္ အမွတ္ ၁၀ ရထားကို စီးရမည္ျဖစ္ကာ ဘန္ေကာက္သို႔ ေနာက္ေန႔မနက္ ၆း၅၀ အခ်ိန္တြင္ ေရာက္ရွိမည္ျဖစ္သည္။

အဆိုပါ ရထားမ်ား ေန႔စဥ္ထြက္ပါသည္။

ဘူတာသို႔ ရထားထြက္ခ်ိန္မတိုင္မီ မိနစ္ ၃၀ ခန္႔ ၾကိဳတင္ကာ သြားေရာက္ရန္ လုိအပ္ပါသည္။

သို႔မွသာ ရထားရပ္နားထားသည့္ စၾကၤန္ကို ရွာေဖြရန္ အခ်ိန္ရမည္ျဖစ္သည္။

အမွတ္ ၉ ႏွင့္ အမွတ္ ၁၀ ရထားမ်ားအျပင္ ဘန္ေကာက္ႏွင့္ခ်င္းမိုင္အၾကားေျပးဆြဲေသာ အျခားရထားမ်ားလည္း ရွိပါသည္။

သို႔ေသာ္ အဆိုပါ ရထားမ်ားမွာ ရထားေဟာင္းမ်ားျဖစ္ျပီး ျမန္ႏႈန္းေႏွးကာ ေစ်းလည္း သက္သာသည္။ထို႔ေၾကာင့္ ရထားလက္မွတ္ဝယ္ရာတြင္ ရထားနံပါတ္ကို မွန္ကန္စြာ ေရြးခ်ယ္ရန္ လုိအပ္သည္။

ဘန္ေကာက္မွ ခ်င္းမိုင္သုိ႔ သြားမည္ဆိုလွ်င္ အမွတ္ ၉ ရထားအျပင္ အမွတ္ ၇ ၊ အမွတ္ ၁၀၉ ၊ အမွတ္ ၁၃ ႏွင့္ အမွတ္ ၅၁ ရထားမ်ားလည္း ေျပးဆြဲသည္။

ခ်င္းမုိင္မွ ဘန္ေကာက္သို႔ သြားမည္ဆိုလွ်င္ အမွတ္ ၁၀ ရထားအျပင္ အမွတ္ ၁၀၂ ၊ အမွတ္ ၈ ၊ အမွတ္ ၅၂ ႏွင့္ အမွတ္ ၁၄ ရထားမ်ားလည္း ေျပးဆြဲသည္။

(ပထမတန္း ရထားတြဲ)

သင့္အေနျဖင့္ ေငြပိုေပးရသည္ကို မျမင္ဘဲ တသီးတသန္႔ရွိမႈကိုလည္း သေဘာၾကသည္ဆုိပါက ပထမတန္းတြဲမွ စီးႏွင္းရန္ စဥ္းစားရမည္ျဖစ္သည္။

အဆိုပါ အတြဲတြင္ ခရီးသည္ ၂ ဦး အိပ္စက္ႏိုင္သည့္ သီးသန္႔ခန္းမ်ားျဖင့္ ဖြဲ႔စည္းထားသည္။

တြဲတိုင္းတြင္ သီးသန္႔ အိပ္စက္ခန္း ၁၂ ခန္းပါဝင္သည္။

ေရခ်ိဳးခန္းႏွင့္အိမ္သာမွာ မွ်ေဝသံုးစြဲရျခင္းျဖစ္ျပီး ေရခ်ိဳးခန္းတြင္ ေရပူစနစ္တပ္ဆင္ေပးထားသည္။

အကယ္၍ သင္သည္ ၄ ဦးအတူခရီးသြားကာ (ဥပမာ- ဇနီးေမာင္ႏွံ ၂ ဦးႏွင့္ ကေလး ၂ ဦး ) ညဘက္တြင္ အတူတကြ ရွိလုိသည္ဆိုပါက အခန္း ၂ ခုအၾကား ဆက္သြယ္ေပးထားသည့္ တံခါးကို ေသာ့ဖြင့္ထားႏိုင္ပါသည္။

(ရထားတိုင္းတြင္ ပထမတန္း သီးသန္႔အိပ္စက္ခန္း ၁၂ ခန္းပါဝင္သည္။)

အခန္းတြင္ ပါဝင္သည့္ အရာမ်ားမွာ ဝိုင္ဖိုင္ ၊ မီးပလပ္ေပါက္ ၊ လက္ေဆးေဘစင္ ၊ အိပ္ယာအျဖစ္ ေျပာင္းလဲႏိုင္သည့္ ခံုတန္း ၊ မွန္တစ္ခ်ပ္ ၊ ရထားလမ္းေၾကာင္းႏွင့္ သတင္းအခ်က္အလက္မ်ားကို အဂၤလိပ္ဘာသာျဖင့္ ထုတ္လႊင့္ေပးေနေသာ ၁၄ လက္မ အရြယ္ရွိ touch screen စနစ္သံုး LCD မွန္သားျပင္တစ္ခုတို႔ ပါဝင္သည္။

အဆိုပါ LCD ကို ေဖ်ာ္ေျဖေရးအတြက္ လည္းေကာင္း ၊ နာရီ Alarm ေပးရန္ အတြက္လည္းေကာင္း ၊ အခန္းအတြင္းသို႔ အစားအေသာက္မွာရန္အတြက္ လည္းေကာင္း အမ်ိဳးမ်ိဳးအသံုုးျပဳႏုိင္သည္။

(ထိန္းခ်ဳပ္ေနရာႏွင့္ LCD အတြက္ USB ပလပ္ေပါက္ )

(သီးသန္႔ အိပ္စက္ခန္းအတြင္း ျမင္ကြင္း)

(ေရခ်ိဳးခန္းအတြင္းမွ ေရပူေရပန္း)

ပထမတန္း ရထားတြဲ လက္မွတ္ခမွာ အေပၚထပ္ ကုတင္အတြက္ ၁၄၅၃ ဘတ္ ႏွင့္ ေအာက္ထပ္ကုတင္အတြက္ ၁၆၅၃ ဘတ္ က်သင့္မည္ျဖစ္သည္။

သင္သည္ တစ္ဦးတည္း ခရီးသြားေသာ္လည္း တစ္ခန္းလံုးကို ရယူလိုပါက ၂၄၅၃ ဘတ္ က်သင့္မည္ျဖစ္သည္။

(ဒုတိယတန္း ရထားတြဲ)

ဒုတိယတန္းမွာမူ ေစ်းပိုသက္သာသည္။

သို႔ေသာ္ တသီးတသန္႔ ျဖစ္မႈနည္းပါသည္။

ဒုတိယတန္း အိပ္စက္ခန္းမ်ားရွိ အေပၚထပ္ႏွင့္ေအာက္ထပ္ အိပ္ယာကုတင္မ်ားမွာ ရထားနံရံ ၂ ဖက္လံုးတြင္ မ်က္ႏွာခ်င္းဆိုင္ တည္ရွိသည္။

ရထားျပတင္းေပါက္ရွိေသာ ေအာက္ထပ္ထုိင္ခံုမွာ ခရီးသည္မ်ားအတြက္ ပင္မထိုင္ခံုျဖစ္ျပီး အိပ္ခ်ိန္တြင္ ကုတင္အျဖစ္ ေျပာင္းလဲလိုက္ျခင္း ျဖစ္သည္။

(ဒုတိယတန္း ရထားတြဲတြင္း ျမင္ကြင္း)

အိပ္စက္ ကုတင္တိုင္းတြင္ တသီးတသန္႔ ျဖစ္ေစေရးအတြက္ လုိက္ကာ တစ္ခု တပ္ဆင္ေပးထားသည္။

ထို႔ထက္ အေရးၾကီးသည္မွာ ရထားတြဲ မ်က္ႏွာၾကက္ မီးမ်ားမွာ တစ္ညလံုးဖြင့္ထားမည္ျဖစ္ရာ လုိက္ကာပိတ္ထားလွ်င္ မီးလင္းေသာေၾကာင့္ အိပ္မရျခင္းမ်ိဳး မျဖစ္ႏိုင္ေတာ့ေခ်။ ကုတင္တိုင္းတြင္ မီးပလပ္ေပါက္ႏွင့္ စာၾကည့္မီး ထားရွိေပးရာ ခရီးသည္မ်ား အေနျဖင့္ ဖုန္းႏွင့္လက္ေတာ့ပ္မ်ား အားသြင္းႏိုင္သည့္အျပင္ ရထားစီးရင္း စာဖတ္သြားႏုိင္မည္လည္း ျဖစ္သည္။

(ေအာက္ထပ္ကုတင္)

(အေပၚထပ္ကုတင္)

ဒုတိယတန္းရထားတြဲတြင္ စီစီတီဗြီကင္မရာမ်ား၊ LCD ဖန္သားျပင္မ်ား တပ္ဆင္ေပးထားသည္။

LCD မ်ားတြင္ ခရီးလမ္းေၾကာင္းဆိုင္ရာ သတင္းအခ်က္အလက္မ်ား (ဥပမာ- GPS တည္ေနရာ)၊ ခန္႔မွန္း ေရာက္ရွိခ်ိန္ အစရွိသည္တို႔ကို ထိုင္း၊ အဂၤလိပ္ ၂ ဘာသာျဖင့္ ထုတ္လႊင့္ေပးသည္။

ရထားတြဲ အေပၚေအာက္တို႔တြင္ ခရီးေဆာင္အိတ္မ်ား ထားသိုႏိုင္သည့္ ေနရာ ၂ ခုပါသည္။

စုေပါင္းသံုး သန္႔စင္ခန္းအတြင္း အိမ္သာႏွင့္ မွန္ပါေသာ လက္ေဆးကန္တို႔ရွိသည္။

(LC D ႏွင့္ စီစီတီဗြီကင္မရာ)

(လက္ေဆး ေဘစင္)

ဒုတိယတန္း ရထားတြဲလက္မွတ္ခမွာ အေပၚထပ္ကုတင္အတြက္ ၉၄၁ ဘတ္ေပးရျပီး ေအာက္ထပ္ကုတင္အတြက္ ၁၀၄၁ ဘတ္ေပးရသည္။

(ရထားတြင္ ပါဝင္သည့္အရာမ်ား)

ရထားတြင္ စားေသာက္တြဲပါဝင္ကာ ခရီးသည္မ်ားအေနျဖင့္ သြားေရစာမုန္႔မ်ား၊ အစားအစာႏွင့္ ေသာက္စရာမ်ား ဝယ္ယူရရွိႏိုင္သည္။

ရထားေပၚမွ စားစရာမ်ားမွာ 7-11 စတုိးဆိုင္မ်ားတြင္ ေရာင္းခ်သကဲ့သို႔ အေအးခန္းတြင္ ထားရွိေရာင္းခ်ျခင္း ျဖစ္ကာ ေစ်းႏႈန္းမွာလည္း 7-11 မွ ေစ်းႏႈန္းနီးပါး ျဖစ္သည္။

စားေသာက္တြဲမွာ chill out လုပ္ရန္ႏွင့္ အျခားခရီးသည္မ်ားႏွင့္ ေတြ႔ဆံုႏိုင္မည့္ ေနရာေကာင္းတစ္ခု ျဖစ္သည္။

စားေသာက္တြဲတြင္ ဒုတိယတန္းလက္မွတ္ကိုင္ေဆာင္သည့္ ခရီးသည္မ်ားအတြက္ ဝိုင္ဖိုင္အသံုးျပဳခြင့္ ေပးသည္။

သို႔ေသာ္ မိမိဖုန္းမွာ 3G/ 4G ဖုန္းမ်ားျဖစ္သည့္တိုင္ ဝိုင္ဖိုင္အင္တာနက္ျမန္ႏႈန္းမွာ အလြန္အားနည္းသည္။

ပထမတန္းလက္မွတ္ကိုင္ေဆာင္သည့္ခရီးသည္မ်ားမွာ မိမိတို႔အခန္းတြင္းရွိ touch screen LCD မ်ားမွတဆင့္ အခန္းသို႔ အစားအေသာက္မ်ား မွာယူႏိုင္သည္။

စားေသာက္တြဲမွာ ည ၁၀ နာရီတြင္ ပိတ္ျပီး မနက္ ၅ နာရီတြင္ ျပန္လည္ဖြင့္လွစ္ကာ မနက္စာ ဝန္ေဆာင္မႈ ေပးသည္။

(စားေသာက္တြဲသို႔သြားကာ ေကာ္ဖီတစ္ခြက္ ေသာက္ၾကည့္ပါ)

(စားေသာက္တြဲမွ သြားေရစာ၊ အစားအစာႏွင့္ ေသာက္စရာမ်ား)

(စားေသာက္တြဲမွ အစားအေသာက္စာရင္း)

ရထားစီးခရီးသည္မ်ားအတြက္ ေရတစ္ဘူး၊ ေမြ႔ယာတစ္ခု၊ ေစာင္တစ္ထည္ႏွင့္ ေခါင္းအံုးတစ္လံုးတို႔ ေပးသည္။

ညဘက္ဆိုလွ်င္ ေလေအးေပးစက္ဖြင့္ထားေသာေၾကာင့္ အေတာ္ေအးပါသည္။ ေလေအးေပးစက္၏ အပူခ်ိန္ ခ်ိန္ညွိ၍ မရပါ။ ထို႔ေၾကာင့္ အကၤ်ီလက္ရွည္၊ ေဘာင္းဘီရွည္ႏွင့္ ေျခအိတ္မ်ားဝတ္ထားသင့္သည္။

ရထားတြဲ၏ ေကြးခုံးမႈေၾကာင့္ ေအာက္ထပ္အိပ္စင္မွာ အေပၚထပ္ထက္ အနည္းငယ္ ပိုက်ယ္သည္။

အားနည္းခ်က္ တစ္ခုမွာ ကုတင္မ်ားမွာ အေတာ္တိုေနျခင္းျဖစ္ျပီး ပထမတန္းရထားတြဲမ်ားတြင္ပင္ အလားတူျဖစ္သည္။

အရပ္ ၁၈၀ စင္တီမီတာ (၅ ေပ ၁၀ လက္မ ) ထက္ ပိုမိုအရပ္ရွည္သူမ်ား အေနျဖင့္ ဒူးေကြးအိပ္ျခင္း သို႔မဟုတ္ အိပ္ယာေပၚတြင္ ေစြေစာင္းေစာင္း အိပ္ျခင္းမ်ား ျပဳလုပ္ရမည္ျဖစ္သည္။

(ရထားလက္မွတ္ ဘယ္မွာဝယ္မလဲ။)

ရထားလက္မွတ္ ဝယ္ရန္ အလြယ္ကူဆံုးႏွင့္ ကုန္က်စရိတ္ အသက္သာဆံုးနည္းလမ္းမွာ SRT ၏ တရားဝင္ ဝက္ဘ္ဆိုက္တြင္ ဝယ္ယူျခင္းျဖစ္သည္။

ခရီးမသြားမီ ရက္ေပါင္း ၆၀ ၾကိဳတင္ဝယ္ယူထားႏိုင္ သကဲ့သုိ႔ ရထားမထြက္မီ ၂ နာရီ ၾကိဳတင္၍လည္း ဝယ္ယူႏိုင္သည္။

ေငြေပးေခ်မႈ စနစ္မွာ ခရက္ဒစ္ကတ္ျဖင့္ ေပးေခ်ရမည္ျဖစ္ျပီး သင့္အား e-ticket ကို pdf format ျဖင့္ ေပးလိမ့္မည္ျဖစ္သည္။

အကယ္၍ ရထားလက္မွတ္ကို ေငြသားျဖင့္သာ ဝယ္ယူလိုပါက ဘူတာရံုတြင္ ဝယ္ယူႏုိင္သည္။

ဘန္ေကာက္တြင္ ဆိုလွ်င္ Hua Lamphong ဘူတာတြင္ ဝယ္ယူရမည္ျဖစ္သည္။ ခ်င္းမိုင္တြင္ ဆိ္ုလွ်င္ ခ်င္းမိုင္ဘူတာတြင္ ဝယ္ယူရမည္ ျဖစ္သည္။

ခ်င္းမိုင္ဘူတာမွာ ျမိဳ႕လယ္မွ ၂ ကီလုိမီတာခန႔္သာ ေဝးကြာျပီး songthaew ဟု ေခၚၾကေသာ ခရီးသယ္တင္ ပစ္ကပ္ကားျဖင့္ ေရာက္ရွိႏိုင္သည္။

သို႔မဟုတ္ပါကလည္း GRAB မွတစ္ဆင့္ အငွားယာဥ္ ငွားရမ္းသြားေရာက္ႏိုင္သည္။ လက္မွတ္ဝယ္ခ်ိန္တြင္ အမွတ္ ၉ (သို႔မဟုတ္)အမွတ္ ၁၀ ရထားလက္မွတ္ဝယ္လုိေၾကာင္း ေျပာရန္ မေမ႔ပါႏွင့္။

သင္ခရီးသြားမည့္ ရက္အတြက္ ရထားလက္မွတ္ ကုန္ေနပါသလား။ စိတ္မပူပါႏွင့္။

ညအိပ္ ဘတ္စ္ကားျဖင့္လည္း သြားႏိုင္ပါသည္။

ဘတ္စ္ကားျဖင့္ သြားျခင္းမွာ ရထားျဖင့္ သြားျခင္းထက္ ကုန္က်စရိတ္ပိုမို သက္သာသည့္အျပင္ ျမန္ျမန္ပိုေရာက္သည္။

(ခ်င္းမိုင္ ဘူတာရံုကို ေတြ႔ရပံု)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The New Bangkok To Chiang Mai Overnight Sleeper Train (chiangmaitraveller)

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service