အလုပ်ခွင်မှာ မအိပ်ချင်အောင် ကော်ဖီသောက်ကြတဲ့အခါ

အလုပ်ခွင်မှာ မအိပ်ချင်အောင် ကော်ဖီသောက်ကြတဲ့အခါ - Property Knowledge in Myanmar from iMyanmarHouse.com
10 Dec 2022 1:12 pm တွင် တင်ခဲ့သည်
502 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

 

နေ့စဉ်နဲ့အမျှမှာ မပါမဖြစ်ကတော့ ကော်ဖီနဲ့ လက်ဖက်ရည်ပါပဲ။ နံနက်ခင်းလေးတစ်ခုကို ကော်ဖီ ခါးခါးလေးတစ်ခွက်နဲ့ ဖြတ်ကျော်ချင်ကြတယ်မဟုတ်လား။ နိုးထလာတာနဲ့ ကော်ဖီလေးတစ်ခွက်များ သောက်လိုက်ရရင် တစ်နေကုန်လန်းဆန်းတက်ကြွနေတယ်လို့ ခံစားဖူးကြမှာပါ။

ဒါဟာ ကော်ဖီ တစ်ခွက်မှာပါဝင်တဲ့ ကဖင်းဓာတ်ကြောင့်ပါပဲ။ ကဖင်း (Caffeine)ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ်တွေကို လျင်လျင်မြန်မြန်ဖြစ်စေဖို့ စွမ်းအင်တွေပေးစွမ်းနိုင်တာကြောင့် ခန္ဓာကိုယ်ရော စိတ်အစဉ်ပါ ပေါ့ပါးနေရခြင်းပါ။

လေ့လာချက်များရဲ့ပြောဆိုချက်အရ ကော်ဖီကို ပမာဏအသင့်အတင့်သာ သောက်သုံးပါက ခန္ဓာကိုယ်အတွက် သင့်တော်လုံခြုံပါတယ်။ သို့သော်လည်း တန်ဆေးလွန်ဘေးဆိုတဲ့စကားအတိုင်း တစ်ခွက်ပြီးတစ်ခွက် မရပ်မနားတမ်း စွဲစွဲလမ်းလမ်းဖြစ်သွားပြီဆိုရင်တော့ ဘေးဥပါဒ်ဖြစ်စေဖို့ရန် ဦးတည်သွားမှာပါ။

တစ်ဦးနဲ့တစ်ဦးတော့ မတူပါဘူး။ တချို့ကတော့ ပမာဏအနည်းငယ်သောက်ရုံနဲ့ ဘေးထွက် ဆိုးကျိုးတွေခံစားရနိုင်ပြီး ပမာဏ အနည်းငယ်သောက်ရုံနဲ့ ဘာဥပါဒ်မှ မဖြစ်တဲ့သူတွေလည်း ရှိနိုင်ပါတယ်။

ဥပမာအားဖြင့် မိမိပတ်ဝန်းကျင်မှာ ကော်ဖီသောက်ပြီး ညအိပ်မပျော်တဲ့ သူတွေလည်း ရှိနိုင်သလို၊ အချို့သောသူတွေဟာတော့ ကော်ဖီသောက်ခြင်းကြောင့် ညအိပ်စက်ခြင်းမှာ ဘာအကျိုးသက်ရောက်မှုမှ မရှိနေပါဘူး။ ဒီတစ်ခေါက်တော့ အလုပ်ခွင်မှာ မအိပ်ချင်အောင် ကော်ဖီသောက်ကြတဲ့အခါ ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။

အလုပ်ခွင်မှာ မအိပ်ချင်အောင် ကော်ဖီသောက်ကြတဲ့အခါ ခံစားရနိုင်တဲ့ ကဖင်းဓာတ်ရဲ့ ဘေးထွက်ဆိုးကျိုးများကို အနည်းငယ်ရှင်းပြပါရစေ။

(၁) စိတ်ဖိစီးမှု

ကော်ဖီသောက်ခြင်းကြောင့် စိတ်ပင်ပန်းမှုတွေ လျော့ကျသွားပြီး စိတ်ကြည်လင်လန်းဆန်းစေနိုင်ပါတယ်။ ဒါဟာ ဦးနှောက်ထဲမှာရှိတဲ့ ပင်ပန်းခြင်းကိုဖြစ်စေတဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ (adenosine) ‘အက်ဒီနိုဆင်း’ ဆိုတဲ့ အရာကို ကဖင်းဓာတ်က သွားရောက်ပိတ်ဆို့ထားလို့ပါပဲ။

ဒါပေမဲ့ လူတစ်ယောက်ဟာ အမြဲတစေတက်ကြွနေရင်ရော အဆင်ပြေပါ့မလား။

ပမာဏများစွာသောက်မိလိုက်တဲ့အခါမှာတော့ စိတ်အလိုမကျမှုတွေ၊ စိတ်တိုမှုတွေ အဆက်မပြတ်ဖြစ်လာပြီး နောက်ဆုံးမှာတော့ စိတ်ဖိစီးမှုတွေနဲ့ ကြုံရတတ်ပါတယ်။ တစ်ထိုင်တည်းနဲ့များစွာ သောက်သုံးမိပါက အသက်ရှူမြန်ခြင်းနဲ့ ရင်တုန်ခြင်းတွေပါ ကြုံတွေ့ရတတ်ပါတယ်။

အကောင်းဆုံးကတော့ မိမိသောက်လေ့သောက်ထရှိတဲ့ ကော်ဖီအမျိုးအစားမှာပါဝင်တဲ့ ကဖင်းပမာဏကိုကြည့်ပါ။ မိမိရဲ့ တုန့်ပြန်မှုကို ဆန်းစစ်ပါ။ “ငါဘယ်လောက်သောက်ရင် ရင်တုန် တယ်၊ အိပ်မပျော်ဘူး” စသဖြင့်ပါ။ မိမိအဆင်ပြေလက်ခံနိုင်သလောက်သာ ကော်ဖီကို သောက်သုံးပါ။

(၂) အစာခြေစနစ်ပြဿနာ

လူတချို့ဟာ မနက်ခင်းမှာ ကော်ဖီတစ်ခွက်သောက်လိုက်ပါက ဝမ်းမှန်စေတယ်လို့ ထင်ကြပါတယ်။ မှန်ပါတယ်။ ကော်ဖီသောက်ခြင်းကြောင့် ထွက်လာတဲ့ ‘Gastrin ဂတ်စရင်’ ဆိုတဲ့ ဟော်မုန်း ဟာ အူတွေရဲ့လှုပ်ရှားမှုစနစ်ကို ကောင်းစေတာကြောင့် ဝမ်းမှန်စေနိုင်ပါတယ်။

ဒါဆို ကော်ဖီပမာဏ များစွာသောက်သုံးမိရင် ဝမ်းလျှောစေနိုင်တယ်၊ အရည်ဝမ်းသွားစေနိုင်တယ်ဆိုတာမဆန်းပါဘူးနော်။ ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်ဟာ အစာအိမ်ထဲက အက်စစ်တွေကို လည်ချောင်းဆီပြန်လည်တက်စေနိုင်တဲ့ GERD ဆိုတဲ့ ပြဿနာလည်းဖြစ်နိုင်ပါသေးတယ်။ ရင်ပူခြင်းနဲ့ ပျို့ခြင်း၊ အန်ခြင်းတွေ ခံစားရမှာပါ။

(၃) သွေးပေါင်ချိန်တက်ခြင်း

ကော်ဖီသောက်ခြင်းကြောင့် နှလုံးရောဂါတွေနဲ့ လေဖြတ်ရောဂါတွေ တိုက်ရိုက်ဖြစ်ပွားနိုင်ခြင်းတော့မရှိပါဘူး။ သို့သော်လည်း ကဖင်းဟာ ဦးနှောက်အာရုံကြောစနစ်ကို သွားရောက်လှုံ့ဆော်တာမို့ သွေးပေါင်ချိန်ကိုတော့ တက်စေနိုင်ပါတယ်။ ဒီလိုမြင့်တက်လာတဲ့ သွေးပေါင်ချိန်ကြောင့် နှလုံးသွေးကြောကျဉ်းရောဂါနဲ့ လေဖြတ်ခြင်းတွေ ဖြစ်ပွားစေနိုင်တယ်ဆိုတာကိုတော့ သတိချပ်စေချင်ပါတယ်။ ကံကောင်းတာတစ်ခုကတော့ ကော်ဖီပမာဏများလာခြင်းကြောင့် သွေးပေါင်ချိန်တက်ခြင်းဟာ ခေတ္တခဏပါပဲ။ နာတာရှည်တာမျိုးတော့ မဟုတ်ပါဘူး။ သို့ပေမယ့်လည်း ဆင်ဆင်ခြင်ခြင်လေး သောက်သုံးတတ်ဖို့တော့ လိုအပ်ပါတယ်။

(၄) မောပန်းလွယ်ခြင်း

ကော်ဖီ၊ လက်ဖက်ရည်နဲ့ အခြားသောခွန်အားတိုးအချိုရည်တွေ (Energy Drink) တွေဟာ တက်ကြွစေတယ်ဆိုတာတော့ အမှန်ပါပဲ။ သို့ပေမဲ့လည်း နံရံကိုထိပြီးပြန်ထွက်လာတဲ့ ဘောလုံးလေးတစ်လုံးနည်းတူ သောက်ပြီး အချိန်အကန့်အသတ်တစ်ခုထိပဲ လန်းဆန်းတက်ကြွနေမှာပါ။

ထိုအချိန်ကနေ ကျော်လွန်ပြီးချိန်မှာတော့ မောပန်းမှုတွေနဲ့ ကျန်ရစ်ခဲ့မှာပါ။ ပုံမှန်လူတစ်ယောက်ထက်ကို ပိုမိုပြီး မောပန်းလွယ်တယ်လို့ဆိုကြပါတယ်။ ဒါအပြင် အိပ်စက်ခြင်းမှာလည်း ပြဿနာရှိနိုင်တာမို့ အိပ်ရေးမဝခြင်းကိုပါ ခံစားရမှာပါ။ ဒါကြောင့် ကော်ဖီကို တော်ရုံပမာဏနဲ့တင် ကျေနပ်တင်းတိမ်သင့်ပြီး လောဘမကြီးမိဖို့ သတိထားရမှာပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

 

[Zawgyi]

 

အလုပ္ခြင္မွာ မအိပ္ခ်င္ေအာင္ ေကာ္ဖီေသာက္ၾကတဲ့အခါ

 

ေန႔စဥ္နဲ႔အမွ်မွာ မပါမျဖစ္ကေတာ့ ေကာ္ဖီနဲ႔ လက္ဖက္ရည္ပါပဲ။ နံနက္ခင္းေလးတစ္ခုကို ေကာ္ဖီ ခါးခါးေလးတစ္ခြက္နဲ႔ ျဖတ္ေက်ာ္ခ်င္ၾကတယ္မဟုတ္လား။ ႏိုးထလာတာနဲ႔ ေကာ္ဖီေလးတစ္ခြက္မ်ား ေသာက္လိုက္ရရင္ တစ္ေနကုန္လန္းဆန္းတက္ႂကြေနတယ္လို႔ ခံစားဖူးၾကမွာပါ။

ဒါဟာ ေကာ္ဖီ တစ္ခြက္မွာပါဝင္တဲ့ ကဖင္းဓာတ္ေၾကာင့္ပါပဲ။ ကဖင္း (Caffeine)ဟာ ခႏၶာကိုယ္ရဲ႕ ဇီဝကမၼ ျဖစ္စဥ္ေတြကို လ်င္လ်င္ျမန္ျမန္ျဖစ္ေစဖို႔ စြမ္းအင္ေတြေပးစြမ္းႏိုင္တာေၾကာင့္ ခႏၶာကိုယ္ေရာ စိတ္အစဥ္ပါ ေပါ့ပါးေနရျခင္းပါ။

ေလ့လာခ်က္မ်ားရဲ႕ေျပာဆိုခ်က္အရ ေကာ္ဖီကို ပမာဏအသင့္အတင့္သာ ေသာက္သုံးပါက ခႏၶာကိုယ္အတြက္ သင့္ေတာ္လုံျခဳံပါတယ္။ သို႔ေသာ္လည္း တန္ေဆးလြန္ေဘးဆိုတဲ့စကားအတိုင္း တစ္ခြက္ၿပီးတစ္ခြက္ မရပ္မနားတမ္း စြဲစြဲလမ္းလမ္းျဖစ္သြားၿပီဆိုရင္ေတာ့ ေဘးဥပါဒ္ျဖစ္ေစဖို႔ရန္ ဦးတည္သြားမွာပါ။

တစ္ဦးနဲ႔တစ္ဦးေတာ့ မတူပါဘူး။ တခ်ိဳ႕ကေတာ့ ပမာဏအနည္းငယ္ေသာက္႐ုံနဲ႔ ေဘးထြက္ ဆိုးက်ိဳးေတြခံစားရႏိုင္ၿပီး ပမာဏ အနည္းငယ္ေသာက္႐ုံနဲ႔ ဘာဥပါဒ္မွ မျဖစ္တဲ့သူေတြလည္း ႐ွိႏိုင္ပါတယ္။

ဥပမာအားျဖင့္ မိမိပတ္ဝန္းက်င္မွာ ေကာ္ဖီေသာက္ၿပီး ညအိပ္မေပ်ာ္တဲ့ သူေတြလည္း ႐ွိႏိုင္သလို၊ အခ်ိဳ႕ေသာသူေတြဟာေတာ့ ေကာ္ဖီေသာက္ျခင္းေၾကာင့္ ညအိပ္စက္ျခင္းမွာ ဘာအက်ိဳးသက္ေရာက္မႈမွ မ႐ွိေနပါဘူး။ ဒီတစ္ေခါက္ေတာ့ အလုပ္ခြင္မွာ မအိပ္ခ်င္ေအာင္ ေကာ္ဖီေသာက္ၾကတဲ့အခါ ဘယ္လို ေဘးထြက္ဆိုးက်ိဳးေတြ ခံစားရႏိုင္လဲဆိုတာကို ေျပာျပေပးခ်င္ပါတယ္။

အလုပ္ခြင္မွာ မအိပ္ခ်င္ေအာင္ ေကာ္ဖီေသာက္ၾကတဲ့အခါ ခံစားရႏိုင္တဲ့ ကဖင္းဓာတ္ရဲ႕ ေဘးထြက္ဆိုးက်ိဳးမ်ားကို အနည္းငယ္႐ွင္းျပပါရေစ။

(၁) စိတ္ဖိစီးမႈ

ေကာ္ဖီေသာက္ျခင္းေၾကာင့္ စိတ္ပင္ပန္းမႈေတြ ေလ်ာ့က်သြားၿပီး စိတ္ၾကည္လင္လန္းဆန္းေစႏိုင္ပါတယ္။ ဒါဟာ ဦးေႏွာက္ထဲမွာ႐ွိတဲ့ ပင္ပန္းျခင္းကိုျဖစ္ေစတဲ့ ဓာတုပစၥည္းတစ္မ်ိဳးျဖစ္တဲ့ (adenosine) ‘အက္ဒီႏိုဆင္း’ ဆိုတဲ့ အရာကို ကဖင္းဓာတ္က သြားေရာက္ပိတ္ဆို႔ထားလို႔ပါပဲ။

ဒါေပမဲ့ လူတစ္ေယာက္ဟာ အၿမဲတေစတက္ႂကြေနရင္ေရာ အဆင္ေျပပါ့မလား။

ပမာဏမ်ားစြာေသာက္မိလိုက္တဲ့အခါမွာေတာ့ စိတ္အလိုမက်မႈေတြ၊ စိတ္တိုမႈေတြ အဆက္မျပတ္ျဖစ္လာၿပီး ေနာက္ဆုံးမွာေတာ့ စိတ္ဖိစီးမႈေတြနဲ႔ ၾကဳံရတတ္ပါတယ္။ တစ္ထိုင္တည္းနဲ႔မ်ားစြာ ေသာက္သုံးမိပါက အသက္႐ွဴျမန္ျခင္းနဲ႔ ရင္တုန္ျခင္းေတြပါ ၾကဳံေတြ႕ရတတ္ပါတယ္။

အေကာင္းဆုံးကေတာ့ မိမိေသာက္ေလ့ေသာက္ထ႐ွိတဲ့ ေကာ္ဖီအမ်ိဳးအစားမွာပါဝင္တဲ့ ကဖင္းပမာဏကိုၾကည့္ပါ။ မိမိရဲ႕ တုန္႔ျပန္မႈကို ဆန္းစစ္ပါ။ “ငါဘယ္ေလာက္ေသာက္ရင္ ရင္တုန္ တယ္၊ အိပ္မေပ်ာ္ဘူး” စသျဖင့္ပါ။ မိမိအဆင္ေျပလက္ခံႏိုင္သေလာက္သာ ေကာ္ဖီကို ေသာက္သုံးပါ။

(၂) အစာေျခစနစ္ျပႆနာ

လူတခ်ိဳ႕ဟာ မနက္ခင္းမွာ ေကာ္ဖီတစ္ခြက္ေသာက္လိုက္ပါက ဝမ္းမွန္ေစတယ္လို႔ ထင္ၾကပါတယ္။ မွန္ပါတယ္။ ေကာ္ဖီေသာက္ျခင္းေၾကာင့္ ထြက္လာတဲ့ ‘Gastrin ဂတ္စရင္’ ဆိုတဲ့ ေဟာ္မုန္း ဟာ အူေတြရဲ႕လႈပ္႐ွားမႈစနစ္ကို ေကာင္းေစတာေၾကာင့္ ဝမ္းမွန္ေစႏိုင္ပါတယ္။

ဒါဆို ေကာ္ဖီပမာဏ မ်ားစြာေသာက္သုံးမိရင္ ဝမ္းေလွ်ာေစႏိုင္တယ္၊ အရည္ဝမ္းသြားေစႏိုင္တယ္ဆိုတာမဆန္းပါဘူးေနာ္။ ေကာ္ဖီမွာပါဝင္တဲ့ ကဖင္းဓာတ္ဟာ အစာအိမ္ထဲက အက္စစ္ေတြကို လည္ေခ်ာင္းဆီျပန္လည္တက္ေစႏိုင္တဲ့ GERD ဆိုတဲ့ ျပႆနာလည္းျဖစ္ႏိုင္ပါေသးတယ္။ ရင္ပူျခင္းနဲ႔ ပ်ိဳ႕ျခင္း၊ အန္ျခင္းေတြ ခံစားရမွာပါ။

(၃) ေသြးေပါင္ခ်ိန္တက္ျခင္း

ေကာ္ဖီေသာက္ျခင္းေၾကာင့္ ႏွလုံးေရာဂါေတြနဲ႔ ေလျဖတ္ေရာဂါေတြ တိုက္႐ိုက္ျဖစ္ပြားႏိုင္ျခင္းေတာ့မ႐ွိပါဘူး။ သို႔ေသာ္လည္း ကဖင္းဟာ ဦးေႏွာက္အာ႐ုံေၾကာစနစ္ကို သြားေရာက္လႈံ႕ေဆာ္တာမို႔ ေသြးေပါင္ခ်ိန္ကိုေတာ့ တက္ေစႏိုင္ပါတယ္။ ဒီလိုျမင့္တက္လာတဲ့ ေသြးေပါင္ခ်ိန္ေၾကာင့္ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါနဲ႔ ေလျဖတ္ျခင္းေတြ ျဖစ္ပြားေစႏိုင္တယ္ဆိုတာကိုေတာ့ သတိခ်ပ္ေစခ်င္ပါတယ္။ ကံေကာင္းတာတစ္ခုကေတာ့ ေကာ္ဖီပမာဏမ်ားလာျခင္းေၾကာင့္ ေသြးေပါင္ခ်ိန္တက္ျခင္းဟာ ေခတၱခဏပါပဲ။ နာတာ႐ွည္တာမ်ိဳးေတာ့ မဟုတ္ပါဘူး။ သို႔ေပမယ့္လည္း ဆင္ဆင္ျခင္ျခင္ေလး ေသာက္သုံးတတ္ဖို႔ေတာ့ လိုအပ္ပါတယ္။

(၄) ေမာပန္းလြယ္ျခင္း

ေကာ္ဖီ၊ လက္ဖက္ရည္နဲ႔ အျခားေသာခြန္အားတိုးအခ်ိဳရည္ေတြ (Energy Drink) ေတြဟာ တက္ႂကြေစတယ္ဆိုတာေတာ့ အမွန္ပါပဲ။ သို႔ေပမဲ့လည္း နံရံကိုထိၿပီးျပန္ထြက္လာတဲ့ ေဘာလုံးေလးတစ္လုံးနည္းတူ ေသာက္ၿပီး အခ်ိန္အကန္႔အသတ္တစ္ခုထိပဲ လန္းဆန္းတက္ႂကြေနမွာပါ။

ထိုအခ်ိန္ကေန ေက်ာ္လြန္ၿပီးခ်ိန္မွာေတာ့ ေမာပန္းမႈေတြနဲ႔ က်န္ရစ္ခဲ့မွာပါ။ ပုံမွန္လူတစ္ေယာက္ထက္ကို ပိုမိုၿပီး ေမာပန္းလြယ္တယ္လို႔ဆိုၾကပါတယ္။ ဒါအျပင္ အိပ္စက္ျခင္းမွာလည္း ျပႆနာ႐ွိႏိုင္တာမို႔ အိပ္ေရးမဝျခင္းကိုပါ ခံစားရမွာပါ။ ဒါေၾကာင့္ ေကာ္ဖီကို ေတာ္႐ုံပမာဏနဲ႔တင္ ေက်နပ္တင္းတိမ္သင့္ၿပီး ေလာဘမႀကီးမိဖို႔ သတိထားရမွာပါ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် လေပေါ် ပေ ၅၀၀၀ အမြင့်တွင် ရှိနေသည့် ကျောချမ်းဖွယ် ကောင်းကင်လှေကား စတင်ဖွင့်လှစ်...
တရုတ်ပြည်တွင် လေပေါ် ပေ ၅၀၀၀ အမြင့်တွင် ရှိနေသည့် ကျောချမ်းဖွယ် ကောင်းကင်လှေကား စတင်ဖွင့်လှစ်...
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြတ်သန်းခဲ့ရပုံ...
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြတ်သန်းခဲ့ရပုံ...
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ...
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
imyanmarmarket
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service