လူသိသိပ်မများလှတဲ့ သခွားသီးရဲ့ ဘေးထွက်ဆိုးကျိုးများ...

လူသိသိပ်မများလှတဲ့ သခွားသီးရဲ့ ဘေးထွက်ဆိုးကျိုးများ... - Property Knowledge in Myanmar from iMyanmarHouse.com
10 Dec 2022 12:15 pm တွင် တင်ခဲ့သည်
1104 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

သခွားသီး ချိုချိုအေးအေးလေးကို လူတိုင်းနီးပါး နှစ်သက်သဘောကျကြပါတယ်။ မြန်မာထမင်းဝိုင်းတွေမှာဆို အတို့အမြှုပ်အနေနဲ့ရော တခါတရံမှာ ဟင်းချိုလို၊ အသုပ်လို ဟင်းအမည်အနေနဲ့ပါ ပါဝင်နေတတ်တဲ့ အစားအစာတစ်မျိုးပေါ့။

ဒါတင်ပဲလားဆိုရင်တော့ မဟုတ်သေးပါဘူး။ သခွားသီးက ဆေးဖက်ဝင်လှသလို အလှအပကြိုက်တတ်တဲ့ ပျိုမေတွေအတွက်လည်း အသုံးတည့်လှတဲ့ ဆေးဝါးဓာတ်စာတစ်မျိုးပါ။ အသားအရေကို အေးမြစေပြီး ဘက်တီးရီးယားပိုးမွှားတွေကို သေစေလို့ အရေပြားအလှအပ ထိန်းသိမ်းတဲ့နေရာမှာလည်း သခွားသီးကို အသုံးများလာကြပါတယ်။ ဝက်ခြံနဲ့ အဖုအပိမ့်တွေ၊ ချွေးပေါက်ကျယ်တာကို သက်သာစေပြီး နေလောင်ဒဏ်ကြောင့် အသားအရေမပျက်စီးစေဖို့ကိုလည်း အစိုဓာတ်ထိန်းပြီး ကာကွယ်ပေးနိုင်ပါသေးတယ်။

နောက်ပြီး သခွားသီးမှာ ကစီဓာတ်၊ အသားဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင် စီ၊ ဗီတာမင် ကေ၊ မဂ္ဂနီဆီယမ်ဓာတ်၊ ပိုတက်စီယမ်ဓာတ်တွေ ပါဝင်နေပြီးတော့ ကယ်လိုရီနဲ့ အဆီဓာတ်အလွန်နည်းလို့ ကိုယ်အလေးချိန်ကို မတက်စေသလို ဝိတ်ချချင်သူတွေအတွက်လည်း အဆင်ပြေစေပါတယ်။ ရေဓာတ်ပမာဏက ၉၆ ရာခိုင်နှုန်းမို့ ရေဓာတ်ဖြည့်ပေးနိုင်စွမ်း အလွန်မြင့်မားတဲ့ အစားအစာတစ်ခုလည်း ဖြစ်ပါရဲ့။

ဒီလိုနေရာတကာ အသုံးတည့်လှတဲ့ သခွားသီးမှာလည်း ဘေးထွက်ဆိုးကျိုးလေးတွေ ရှိနေပါတယ်။ လူသိနည်းလှတဲ့ ဘေးထွက်ဆိုးကျိုးလေးတွေဆိုပေမယ့် သိထားရင်ဖြင့် အကျိုးရှိစေမှာမို့ ဗဟုသုတအနေနဲ့ ပြောပြပေးလိုက်ပါတယ်။

လူသိသိပ်မများလှတဲ့ သခွားသီးရဲ့ ဘေးထွက်ဆိုးကျိုးများ လူသိသိပ်မများလှတဲ့ သခွားသီးရဲ့ ဘေးထွက်ဆိုးကျိုးများ ကတော့...

၁။ အဆိပ်သင့်နိုင်တယ်

သခွားသီးမှာပါဝင်တဲ့ cucurbitacins နဲ့ tetracyclic triterpenoids တွေက အဆိပ်အတောက်တွေဖြစ်ပါတယ်။ သခွားသီးခါးနေရင် မြွေကျော်ထားတာမို့ မစားနဲ့လို့ လူကြီးတွေပြောတာကြားဖူးကြမှာပါ။ တကယ်တော့ သခွားသီးကို ခါးစေတာဟာ ဒီဓာတ် ၂ မျိုးပါ။ ဒီအဆိပ်အတောက်တွေဟာ ပြင်းထန်လွန်းရင် ဒါမှမဟုတ် အခန့်မသင့်ရင် အသက်အန္တရာယ်ရှိတဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။

၂။ ဆီးသွားရခက်စေတယ်

သခွားသီးဟာ ရေဓာတ်ကြွယ်ဝတဲ့ အစားအစာတစ်မျိုးပါ။ ဒါပေမယ့် သူ့ရဲ့ အစေ့မှာပါရှိနေတဲ့ cucurbitin ဆိုတဲ့ ပါဝင်ပစ္စည်းကတော့ အနုစားဆီးလမ်းကြောင်းပြဿနာတွေ ကြုံရစေနိုင်ပါတယ်။ ဆီးမမှန်တာမျိုးပေါ့။

 

၃။ ဗီတာမင် C လွန်ကဲစေတယ်

ဗီတာမင် C ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်ဆိုပေမယ့် လွန်ကဲလာရင် ပြဿနာရှိနိုင်ပါတယ်။ သခွားသီးဟာ ဗီတာမင် C ကြွယ်ဝတာမို့ ခန္ဓာကိုယ်က ပြည့်ပြည့်ဝဝ မချဖျက်နိုင်ရင် ဗီတာမင် C လွန်ကဲမှုဖြစ်တတ်ပါတယ်။

၄။ ကျောက်ကပ်ထိခိုက်စေတယ်

Hyperkalemia က အန္တရာယ်ရှိတဲ့ ကျန်းမာရေး အခြေအနေတစ်ရပ်ပါ။ ပိုတက်ဆီယမ် ကြွယ်ဝတဲ့ သခွားသီးကြောင့် ပိုတက်ဆီယမ်လွန်ကဲပြီး Hyperkalemia ဖြစ်စေနိုင်တာကိုလည်း သတိထားဖို့ လိုအပ်ပါတယ်။

၅။ နှလုံးကျန်းမာရေးကို အန္တရာယ်ပေးနိုင်တယ်

သခွားသီးက ရေဓာတ် ၉၆% အထိပါဝင်နေတာမို့ ရေအလွန်အမင်းသောက်တတ်သူတွေမှာ ရေဓာတ်လွန်ကဲတာမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ သွေးထဲမှာ ရေဓာတ်ပိုလျှံနေတာမျိုးတွေဖြစ်တတ်ပါတယ်။ သွေးထဲမှာ ရေဓာတ်ရှိသင့်တာထက်ပိုနေမယ်ဆိုရင် နှလုံးကိုပါ ထိခိုက်တတ်ပါတယ်။

၆။ နို့နဲ့ ဓာတ်မတည့်တာဖြစ်စေနိုင်တယ်

ဘာမှမဆိုင်သလို ထင်ရပေမယ့် အမှန်တရားဖြစ်ပါတယ်။ နို့နဲ့ ဓာတ်မတည့်သူတွေဟာ တခါတရံမှာ သခွားသီးနဲ့ပါ ဓာတ်မတည့်ဖြစ်တတ်တာက ထူးခြားချက်တစ်ခုဖြစ်ပါတယ်။

၇။ အော့အန်စေနိုင်တယ်

သခွားသီးမှာပါဝင်တဲ့ အဆိပ်အတောက်တစ်မျိုးဖြစ်တဲ့ cucurbitacin က အစာမကျေဖြစ်စေနိုင်ပြီး ယင်းကြောင့် အော့အန်တာမျိုးဖြစ်စေနိုင်ပါတယ်။

 

၈။ ခံတွင်းနဲ့ အရေပြား ဓာတ်မတည့်ဖြစ်နိုင်တယ်

American Academy of Allergy Asthma and Immunology ရဲ့ လေ့လာချက်အရဆိုရင် သခွားသီးဟာ တချို့လူတွေမှာ ဓာတ်မတည့်မှုဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။ သခွားသီးတင်မက ငှက်ပျောသီး၊ နေကြာစေ့နဲ့ သခွားမွှေးတွေလည်း ဒီအတိုင်းပါပဲ။ ဓာတ်မတည့်တဲ့အခါ အရေပြားနဲ့ ခံတွင်းမှာ ဝေဒနာအဓိက ခံစားရတတ်ပါတယ်။

၉။ တခါတရံ နှာခေါင်းပိတ်စေတယ်

သခွားသီးဟာ အအေးစာလို့ မြန်မာအယူအဆရှိပါတယ်။ အမှန်ပါပဲ။ ဒါကြောင့် အသက်ရှူလမ်းကြောင်းပြဿနာတွေ ကြုံရစေနိုင်ပါတယ်။ အထူးသဖြင့်တော့ နှာခေါင်းပိတ်တာနဲ့ သာမန် အအေးမိသလိုမျိုးလောက်ပါပဲ။

၁၀။ ကိုယ်ဝန်ဆောင်ချိန်မှာ များများမစားသင့်ဘူး

သခွားသီးဟာ ကိုယ်ဝန်ဆောင်ချိန်မှာ မစားသင့်တဲ့အစားအစာလို့ လေ့လာချက်တွေက ဆိုပါတယ်။ သခွားသီးကို အလွန်အမင်းစားမိရင် ကိုယ်ဝန်ဆောင်မိခင် မအီမသာနဲ့ နေထိုင်မကောင်းဖြစ်စေပါတယ်။

ဒါ့အပြင် သခွားသီးဟာ ဆီးသွားတာနဲ့ ပတ်သက်တဲ့ ဝေဒနာတွေ၊ နာကျင်ကိုက်ခဲတာမျိုးတွေ၊ နေထိုင်မကောင်းဖြစ်တာတွေလည်း ဖြစ်စေနိုင်တာမို့ ချင့်ချိန် မှီဝဲစားသောက်ဖို့ တိုက်တွန်းပါရစေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

[Zawgyi]

လူသိသိပ္မမ်ားလွတဲ့ သခြားသီးရဲ႕ ေဘးထြက္ဆိုးက်ိဳးမ်ား...

 

သခြားသီး ခ်ိဳခ်ိဳေအးေအးေလးကို လူတိုင္းနီးပါး ႏွစ္သက္သေဘာက်ၾကပါတယ္။ ျမန္မာထမင္းဝိုင္းေတြမွာဆို အတို႔အျမႇဳပ္အေနနဲ႔ေရာ တခါတရံမွာ ဟင္းခ်ိဳလို၊ အသုပ္လို ဟင္းအမည္အေနနဲ႔ပါ ပါဝင္ေနတတ္တဲ့ အစားအစာတစ္မ်ိဳးေပါ့။

ဒါတင္ပဲလားဆိုရင္ေတာ့ မဟုတ္ေသးပါဘူး။ သခြားသီးက ေဆးဖက္ဝင္လွသလို အလွအပႀကိဳက္တတ္တဲ့ ပ်ိဳေမေတြအတြက္လည္း အသုံးတည့္လွတဲ့ ေဆးဝါးဓာတ္စာတစ္မ်ိဳးပါ။ အသားအေရကို ေအးျမေစၿပီး ဘက္တီးရီးယားပိုးမႊားေတြကို ေသေစလို႔ အေရျပားအလွအပ ထိန္းသိမ္းတဲ့ေနရာမွာလည္း သခြားသီးကို အသုံးမ်ားလာၾကပါတယ္။ ဝက္ျခံနဲ႔ အဖုအပိမ့္ေတြ၊ ေခြၽးေပါက္က်ယ္တာကို သက္သာေစၿပီး ေနေလာင္ဒဏ္ေၾကာင့္ အသားအေရမပ်က္စီးေစဖို႔ကိုလည္း အစိုဓာတ္ထိန္းၿပီး ကာကြယ္ေပးႏိုင္ပါေသးတယ္။

ေနာက္ၿပီး သခြားသီးမွာ ကစီဓာတ္၊ အသားဓာတ္၊ အမွ်င္ဓာတ္၊ ဗီတာမင္ စီ၊ ဗီတာမင္ ေက၊ မဂၢနီဆီယမ္ဓာတ္၊ ပိုတက္စီယမ္ဓာတ္ေတြ ပါဝင္ေနၿပီးေတာ့ ကယ္လိုရီနဲ႔ အဆီဓာတ္အလြန္နည္းလို႔ ကိုယ္အေလးခ်ိန္ကို မတက္ေစသလို ဝိတ္ခ်ခ်င္သူေတြအတြက္လည္း အဆင္ေျပေစပါတယ္။ ေရဓာတ္ပမာဏက ၉၆ ရာခိုင္ႏႈန္းမို႔ ေရဓာတ္ျဖည့္ေပးႏိုင္စြမ္း အလြန္ျမင့္မားတဲ့ အစားအစာတစ္ခုလည္း ျဖစ္ပါရဲ႕။

ဒီလိုေနရာတကာ အသုံးတည့္လွတဲ့ သခြားသီးမွာလည္း ေဘးထြက္ဆိုးက်ိဳးေလးေတြ ႐ွိေနပါတယ္။ လူသိနည္းလွတဲ့ ေဘးထြက္ဆိုးက်ိဳးေလးေတြဆိုေပမယ့္ သိထားရင္ျဖင့္ အက်ိဳး႐ွိေစမွာမို႔ ဗဟုသုတအေနနဲ႔ ေျပာျပေပးလိုက္ပါတယ္။

လူသိသိပ္မမ်ားလွတဲ့ သခြားသီးရဲ႕ ေဘးထြက္ဆိုးက်ိဳးမ်ား လူသိသိပ္မမ်ားလွတဲ့ သခြားသီးရဲ႕ ေဘးထြက္ဆိုးက်ိဳးမ်ား ကေတာ့

၁။ အဆိပ္သင့္ႏိုင္တယ္

သခြားသီးမွာပါဝင္တဲ့ cucurbitacins နဲ႔ tetracyclic triterpenoids ေတြက အဆိပ္အေတာက္ေတြျဖစ္ပါတယ္။ သခြားသီးခါးေနရင္ ေႁမြေက်ာ္ထားတာမို႔ မစားနဲ႔လို႔ လူႀကီးေတြေျပာတာၾကားဖူးၾကမွာပါ။ တကယ္ေတာ့ သခြားသီးကို ခါးေစတာဟာ ဒီဓာတ္ ၂ မ်ိဳးပါ။ ဒီအဆိပ္အေတာက္ေတြဟာ ျပင္းထန္လြန္းရင္ ဒါမွမဟုတ္ အခန္႔မသင့္ရင္ အသက္အႏၲရာယ္႐ွိတဲ့အထိ ဒုကၡေပးႏိုင္ပါတယ္။

၂။ ဆီးသြားရခက္ေစတယ္

သခြားသီးဟာ ေရဓာတ္ႂကြယ္ဝတဲ့ အစားအစာတစ္မ်ိဳးပါ။ ဒါေပမယ့္ သူ႕ရဲ႕ အေစ့မွာပါ႐ွိေနတဲ့ cucurbitin ဆိုတဲ့ ပါဝင္ပစၥည္းကေတာ့ အႏုစားဆီးလမ္းေၾကာင္းျပႆနာေတြ ၾကဳံရေစႏိုင္ပါတယ္။ ဆီးမမွန္တာမ်ိဳးေပါ့။

၃။ ဗီတာမင္ C လြန္ကဲေစတယ္

ဗီတာမင္ C ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစတယ္ဆိုေပမယ့္ လြန္ကဲလာရင္ ျပႆနာ႐ွိႏိုင္ပါတယ္။ သခြားသီးဟာ ဗီတာမင္ C ႂကြယ္ဝတာမို႔ ခႏၶာကိုယ္က ျပည့္ျပည့္ဝဝ မခ်ဖ်က္ႏိုင္ရင္ ဗီတာမင္ C လြန္ကဲမႈျဖစ္တတ္ပါတယ္။

၄။ ေက်ာက္ကပ္ထိခိုက္ေစတယ္

Hyperkalemia က အႏၲရာယ္႐ွိတဲ့ က်န္းမာေရး အေျခအေနတစ္ရပ္ပါ။ ပိုတက္ဆီယမ္ ႂကြယ္ဝတဲ့ သခြားသီးေၾကာင့္ ပိုတက္ဆီယမ္လြန္ကဲၿပီး Hyperkalemia ျဖစ္ေစႏိုင္တာကိုလည္း သတိထားဖို႔ လိုအပ္ပါတယ္။

၅။ ႏွလုံးက်န္းမာေရးကို အႏၲရာယ္ေပးႏိုင္တယ္

သခြားသီးက ေရဓာတ္ ၉၆% အထိပါဝင္ေနတာမို႔ ေရအလြန္အမင္းေသာက္တတ္သူေတြမွာ ေရဓာတ္လြန္ကဲတာမ်ိဳး ခႏၶာကိုယ္အစိတ္အပိုင္းေတြနဲ႔ ေသြးထဲမွာ ေရဓာတ္ပိုလွ်ံေနတာမ်ိဳးေတြျဖစ္တတ္ပါတယ္။ ေသြးထဲမွာ ေရဓာတ္႐ွိသင့္တာထက္ပိုေနမယ္ဆိုရင္ ႏွလုံးကိုပါ ထိခိုက္တတ္ပါတယ္။

၆။ ႏို႔နဲ႔ ဓာတ္မတည့္တာျဖစ္ေစႏိုင္တယ္

ဘာမွမဆိုင္သလို ထင္ရေပမယ့္ အမွန္တရားျဖစ္ပါတယ္။ ႏို႔နဲ႔ ဓာတ္မတည့္သူေတြဟာ တခါတရံမွာ သခြားသီးနဲ႔ပါ ဓာတ္မတည့္ျဖစ္တတ္တာက ထူးျခားခ်က္တစ္ခုျဖစ္ပါတယ္။

၇။ ေအာ့အန္ေစႏိုင္တယ္

သခြားသီးမွာပါဝင္တဲ့ အဆိပ္အေတာက္တစ္မ်ိဳးျဖစ္တဲ့ cucurbitacin က အစာမေက်ျဖစ္ေစႏိုင္ၿပီး ယင္းေၾကာင့္ ေအာ့အန္တာမ်ိဳးျဖစ္ေစႏိုင္ပါတယ္။

၈။ ခံတြင္းနဲ႔ အေရျပား ဓာတ္မတည့္ျဖစ္ႏိုင္တယ္

American Academy of Allergy Asthma and Immunology ရဲ႕ ေလ့လာခ်က္အရဆိုရင္ သခြားသီးဟာ တခ်ိဳ႕လူေတြမွာ ဓာတ္မတည့္မႈျဖစ္ႏိုင္တယ္လို႔ ဆိုထားပါတယ္။ သခြားသီးတင္မက ငွက္ေပ်ာသီး၊ ေနၾကာေစ့နဲ႔ သခြားေမႊးေတြလည္း ဒီအတိုင္းပါပဲ။ ဓာတ္မတည့္တဲ့အခါ အေရျပားနဲ႔ ခံတြင္းမွာ ေဝဒနာအဓိက ခံစားရတတ္ပါတယ္။

၉။ တခါတရံ ႏွာေခါင္းပိတ္ေစတယ္

သခြားသီးဟာ အေအးစာလို႔ ျမန္မာအယူအဆ႐ွိပါတယ္။ အမွန္ပါပဲ။ ဒါေၾကာင့္ အသက္႐ွဴလမ္းေၾကာင္းျပႆနာေတြ ၾကဳံရေစႏိုင္ပါတယ္။ အထူးသျဖင့္ေတာ့ ႏွာေခါင္းပိတ္တာနဲ႔ သာမန္ အေအးမိသလိုမ်ိဳးေလာက္ပါပဲ။

၁၀။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ မ်ားမ်ားမစားသင့္ဘူး

သခြားသီးဟာ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ မစားသင့္တဲ့အစားအစာလို႔ ေလ့လာခ်က္ေတြက ဆိုပါတယ္။ သခြားသီးကို အလြန္အမင္းစားမိရင္ ကိုယ္ဝန္ေဆာင္မိခင္ မအီမသာနဲ႔ ေနထိုင္မေကာင္းျဖစ္ေစပါတယ္။

ဒါ့အျပင္ သခြားသီးဟာ ဆီးသြားတာနဲ႔ ပတ္သက္တဲ့ ေဝဒနာေတြ၊ နာက်င္ကိုက္ခဲတာမ်ိဳးေတြ၊ ေနထိုင္မေကာင္းျဖစ္တာေတြလည္း ျဖစ္ေစႏိုင္တာမို႔ ခ်င့္ခ်ိန္ မွီဝဲစားေသာက္ဖို႔ တိုက္တြန္းပါရေစ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service