ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
မြေစာရင်းဌာနမှာ (၁-က) စာရင်း (I.A) ဆိုတာ မြေပိုင်ဆိုင်မှု အချက်အလက် မှတ်တမ်းတွေကို မှတ်ပုံတင်စာရင်း တစ်ခုနဲ့ ထိန်းချုပ် ထားတာကို ခေါ်တာပါ။ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနနဲ့ မြို့တော်စည်ပင်မှာတော့ TLR (Town Land Roll) လို့ ခေါ်ပါတယ်။ မြို့မြေရာ စာရင်းလို့ မှတ်ယူနိုင်ပါတယ်။
မြို့ကွက်အတွင်းက မြေကွက် တစ်ကွက်ချင်း၊ ဦးပိုင် တစ်ခုချင်းရဲ့ မြေရာဇဝင် မှတ်တမ်း ဖြစ်ပါတယ်။ မြေကွက်ပိုင်ရှင်တွေကို ဦးပိုင်အမှတ်တွေနဲ့ ခွဲခြား မှတ်တမ်းတင်ရပါတယ်။ တစ်ဦး တစ်ယောက်တည်းရဲ့ ပိုင်ဆိုင်မှု တစ်ဆက် တစ်စပ်တည်း တည်ရှိပြီး လုပ်ကိုင်ခွင့် တစ်မျိုးတစ်စားတည်း ဖြစ်တဲ့ မြေတွေကို ဦးပိုင်တစ်ခုလို့ သတ်မှတ်တာ ဖြစ်တဲ့အတွက် ပိုင်ဆိုင်မှု မတူရင်ဘဲ ဖြစ်ဖြစ်၊ ပိုင်ဆိုင်မှု တူသော်လည်း လုပ်ကိုင်မှု၊ မြေအသုံးချမှု မတူရင် ဖြစ်ဖြစ် ဒါမှမဟုတ် တစ်ဆက်တစ်စပ်တည်း မဟုတ်ရင် ဖြစ်ဖြစ် ဦးပိုင် ကွဲသွားပါတယ်။
မြို့ကွက်တွေ အကွက်သစ် တိုင်းတဲ့အခါ ကွင်းတစ်ကွင်း ပြန်လည် တိုင်းတာပြီးရင် ဦးပိုင် ခွဲဖို့အတွက် ဦးပိုင် စုံစမ်းသတ်မှတ် ခွဲခြားခြင်း (tenure enquire) လုပ်ကြပါတယ်။ မြို့မြေမှာ တစ်ဦးတည်းက ပိုင်နေတဲ့ မြေကွက်တွေ ဖြစ်ပေမဲ့ အိမ်ရာမြေအဖြစ်သုံးနေတဲ့ အစိတ်အပိုင်းက ဦးပိုင် တစ်ခု၊ ဆွမ်းလောင်းရုံအဖြစ် သုံးနေတဲ့ မြေကွက်နဲ့ ဝပ်ရှော့ ဖွင့်ထားတဲ့ မြေကွက်တွေက ဦးပိုင် တစ်ခုစီနဲ့ ခွဲခြား သတ်မှတ်ပေးရ ပါတယ်။ အဲဒီလို ဦးပိုင် သတ်မှတ်ပြီးတဲ့ အခါမှာ ပိုင်ဆိုင်ခွင့်တွေ ခွဲခြားရတယ်။ ပိုင်ဆိုင်ခွင့်တွေ၊ လုပ်ကိုင်ခွင့်တွေ I.A မှာ မှတ်တမ်း တင်ရပါတယ်။
ပိုင်ဆိုင်ခွင့် (tenure) ဆိုတာကို ဘယ်လို သတ်မှတ် ထားသလဲ၊ လုပ်ကိုင်ခွင့် (status) အမျိုးအစားတွေက ဘာတွေ ရှိသလဲ၊ လုပ်ကိုင်တဲ့ အခြေအနေ (description) ဆိုတာ ဘာတွေလဲ ဆိုတာကို သိဖို့ လိုအပ်ပါတယ်။ အဲဒီ ပိုင်ဆိုင်ခွင့်၊ လုပ်ပိုင်ခွင့်၊ အခြေအနေ ဆိုတာတွေ သိမှသာ တစ်နည်းဆိုရရင် မြေစာရင်း ဌာနရဲ့ မြေကွက် ပိုင်ဆိုင်မှု စာရင်း (record of possession) ခေါ်တဲ့ ဦးပိုင် မှတ်ပုံတင်စာရင်း (1-A) ပုံစံတွေကို သဘောပေါက် နားလည်မှသာ (I-A) ပါ ပိုင်ဆိုင်မှု အမျိုးအစားကို မှန်မှန်ကန်ကန် အဓိပ္ပာယ် ဖွင့်ဆိုနိုင်မှာ ဖြစ်ပါတယ်။
ပိုင်ဆိုင်ခွင့် (tenure) ဆိုတာကို I-A မှာ အောက်ပါအတိုင်း အမျိုးအစား ခွဲထားပါတယ်။
(၁) အပိုင်ရထားမြေ၊ ဘိုးဘွားပိုင်မြေကို O၊ အချို့အရပ်မှာ B၊
(၂) မြေပိုင်အခြေအနေရရှိတဲ့ (လယ်ဝယ်ထားရှိပိုင်ခွင့်ရှိသော) မြေကို C
(၃) အပိုင်ဂရန်ရထားမြေကို G
(၄) အငှားဂရန်မြေကို L
(၅) လိုင်စင်မြေကို H
(၆) အခွင့်မရဘဲ ဝင်ရောက် ကျူးကျော် နေထိုင်တဲ့ squarter ကို A လို့ ဖော်ပြ သတ်မှတ်ပါတယ်။
လုပ်ကိုင်ခွင့် (status) အခြေအနေကို ခွဲခြားရာမှာ...
(၁) သီးစားနှင့် ကိုယ်တိုင် ပိုင်ဆိုင် လုပ်ကိုင်သူကို O၊
(၂) လွှဲပြောင်းအပေါင်ခံ လက်ရောက် ရရှိသူများကို M လို့ ခွဲပါတယ်။
လုပ်ကိုင်မှု အခြေအနေ (description) ကို သုံးမျိုး ခွဲခြားထားပါတယ်...
(၁) စိုက်ပျိုးမှု မလုပ်ကိုင်ဘဲ မြေပေါ် နေသူ R
(၂) နေလည်း မနေ၊ လုပ်လည်း မလုပ်သူ N
(၃) စိုက်ပျိုး လုပ်ကိုင်သူ AG လို့ ခွဲခြားသတ်မှတ် ဖော်ပြထားပါတယ်။
အချို့နေရာတွေမှာ "န"တွေနဲ့ ပြတာလည်း ရှိပါတယ်။ အထက်က ဖော်ပြခဲ့သလို I.A မှာ ပိုင်ဆိုင်မှု၊ လုပ်ကိုင်မှုများ သတ်မှတ်ထားတဲ့ အင်္ဂလိပ် သင်္ကေတတွေအပြင် မြန်မာအက္ခရာနဲ့ သင်္ကေတတွေ ရှိသေးတာ ကိုလည်း တွေ့ရတတ်ပါတယ်။ မြို့ကွက်တွေမှာ သိပ်မတွေ့ရပေမဲ့ တောကွင်းတွေမှာ တွေ့ရလေ့ရှိပါတယ်။ O တွေ၊ B, M, G L, H တွေ ဖော်ပြထားတဲ့ I.A တွေ ရှိသလို ပိုင်ဆိုင်မှု (tenure) ကို (က)၊ (၀)၊ (ရ) တွေနဲ့ ဖော်ပြတဲ့ I.A တွေလည်း ရှိပါသေးတယ်။
အဲဒီလို မြန်မာသင်္ကေတ တွေကို I.A စာရင်းက ပိုင်ဆိုင်မှုပြ (tenure) ခေါင်းစဉ်အောက်မှာ တွေ့ရတဲ့အခါ I.A မှာ B, O, C, H, A, M စသဖြင့်သာ ရေးသွင်း အညွှန်းပြတာ တွေ့နေကျ ကြောင့်ပါ။ ဒီလိုမြန်မာ သင်္ကေတတွေ I.A မှာ ရှိလာရခြင်းဟာ ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေးလုပ်ငန်းကြောင့် ဖြစ်လာ ရတာပါ။ လယ်/နိုင်လုပ်ငန်းဆောင်ရွက် တဲ့အခါ တစ်ဦးတစ်ယောက်တည်းက ပိုင်နေတဲ့ ဧက ၅၀ အထက် လယ်မြေတွေ၊ ၂၅ ဧကအထက် ယာမြေတွေကို အစိုးရက သိမ်းယူပြီး မြေယာ ချို့တဲ့နဲ့ မြေမဲ့ယာမဲ့တွေကို တစ်တုံးထွန်စီ ပြန်ဝေပါတယ်။
ဒါပေမဲ့ ၁၉၅၃ ခုနှစ် လယ်/နိုင် ဥပဒေက လယ်ယာမြေဆိုတိုင်း သိမ်းယူခံရတာ မဟုတ်ဘဲ သိမ်းယူခြင်းကနေ ကင်းလွတ်ခွင့် ပြုခဲ့တဲ့ မြေတွေလည်း ရှိပါတယ်။ ဥပဒေ အာဏာတည်စဉ် ရွာဖြစ်နေတဲ့ နေရာတွေ၊ သာသနာ အဆောက်အအုံ အသုံးပြုနေတဲ့ မြေတွေ၊ ဧက ၅ဝ အောက် လယ်၊ ၂၅ ဧကအောက် ယာမြေ စသဖြင့်ပေါ့။ အဲဒီမြေတွေကို မသိမ်းပါဘူး။ သိမ်းတဲ့ လယ်ယာမြေတိုင်း ကိုလည်း ပေးခဲ့တာ မဟုတ်ပါဘူး။ အဲဒီရွာမှာ ဝေမရလို့၊ ဝေဖို့ မလိုအပ်လို့၊ လယ်ပိုင်ရှင်ကိုယ်တိုင်က စွန့်လွှတ်လို့ အစိုးရဆီ ပြန်အပ်မြေတွေ ရှိပါသေးတယ်။ အဲဒီ မြေမျိုးကို ပြန်လည် ဝေငှခြင်း မပြုဘဲ အစိုးရမြေလို့ သတ်မှတ်လိုက်တဲ့မြေလို့ ခေါ်ပါတယ်။ လယ်/နိုင် ဆောင်ရွက်တာက တစ်နိုင်ငံလုံး ဆောင်ရွက်မပြီးစီးခဲ့ပါဘူး။ အခက်အခဲတွေ၊ ပြဿနာတွေမျိုးစုံ တွေ့ရတာကြောင့် ၁၉၅၇ ခုနှစ်လောက်မှာ လယ်/နိုင် လုပ်ငန်း ဆက်မဆောင်ရွက်နိုင်ဘဲ ရပ်ဆိုင်းသွားရ ပါတယ်။
သို့ပေမဲ့ လယ်/နိုင် ဆောင်ရွက်ပြီးခဲ့တဲ့ ဒေသတွေမှာ (၁-က) စာရင်းပုံစံကို မြေစာရင်းပုံစံ-၂ နဲ့ ရေးသွင်းရမယ့်အစား မြေစာရင်း ပုံစံ ၂-က နဲ့ ပြောင်းလဲ ရေးသွင်းစေခဲ့ပါတယ်။ လယ်/နိုင် လုပ်ပြီးဒေသအတွက် I.A ပုံစံသစ် ဖြစ်ပြီး လယ်/နိုင် မလုပ်ရသေးတဲ့ ဒေသတွေအတွက် ကတော့ မူရင်း I.A ပုံစံကို ဆက်အသုံးပြု ရပါတယ်။ အဲဒီလို လယ်/နိုင် လုပ်ပြီး ဒေသက I.A ပုံစံသစ်မှာ မြန်မာလို ရေးသွင်းချက်တွေကို အောက်ပါအတိုင်း ရေးသွင်းဖို့ ညွှန်ကြားခဲ့တဲ့ အတွက် I.A တချို့မှာ မြန်မာသင်္ကေတတွေ တွေ့ရခြင်း ဖြစ်ပါတယ်။
* "ဝ" ဝေငှသည့် လယ်ယာမြေများ၊
* "ခ" နိုင်ငံတော် အလိုရှိသည့်အတိုင်း သုံးစွဲနိုင်သည့် မြေရိုင်းကို လယ်ယာ စိုက်ပျိုးလုပ်ငန်းလုပ်ခွင့် သို့တည်းမဟုတ် အခြားနည်းဖြင့် သုံးစွဲခွင့်ပြုထားသည့်မြေ၊
* "ရ" လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ ၅ အရ သိမ်းယူပြီး ဝေငှခြင်း မပြုနိုင်သဖြင့် ကျန်ရှိသည့် မြေနှင့် နိုင်ငံတော်အစိုးရထံ ပြန်အပ်မြေများ။
I.A မှာ အင်္ဂလိပ်စာလုံး သင်္ကေတတွေနဲ့ မျက်စိယဉ်နေရာက ခုလို မြန်မာ သင်္ကေတတွေ တွေ့တဲ့အခါ "ဝ" လုံးက ဘာလဲ၊ "ရ" ကောက်က ဘာလဲ။ "က" ကြီးကို ဘယ်လို ယူဆရမှာလဲ ဆိုပြီး ဇဝေဇဝါ ယောင်တောင်တောင် ဖြစ်တတ်ပါတယ်။ အမှန်ကတော့ လယ်/နိုင်လုပ်ငန်း ဆောင်ရွက်ခဲ့တဲ့ ကွင်းတွေ၊ ဧရိယာတွေ မှာသာ အဲဒီ မြန်မာသင်္ကေတတွေ ရှိခဲ့ပါတယ်။
ရန်ကုန် တောင်ပိုင်းခရိုင်တို့၊ ကျောက်ဆည်ခရိုင်တို့မှာ အများဆုံး တွေ့လေ့ရှိပါတယ်။ လယ်/နိုင် လုပ်ငန်းကလည်း ၁၉၅၇ လောက်မှာ ရပ်သွားတော့ “လန” မလုပ်ရသေးတဲ့ ကျန်ဒေသ နေရာတွေမှာ ရှေးက သတ်မှတ်ထားတဲ့ အင်္ဂလိပ်စာလုံး သင်္ကေတများသာ I.A မှာ ရှိပါတယ်။ ပြီးတော့ အထူးသိစေလိုတဲ့ အချက်ကတော့ လယ်/နိုင်လုပ်ငန်း ဆောင်ရွက်တယ် ဆိုကတည်းက လယ်ယာမြေကို သိမ်းယူခြင်း၊ ပြန်လည် ဝေငှခြင်း၊ ကင်းလွတ်ခွင့်ပေးခြင်း ဆောင်ရွက်တာ ဖြစ်လို့ လ/န ဆောင်ရွက်ခဲ့တဲ့ မြေဆိုတာ လယ်ယာမြေသာ ဖြစ်ပါတယ်။ မြို့မြေ မပါပါဘူး၊ တောမြေသာ ဖြစ်တယ်ဆိုတာ သိဖို့ပါ။
မြို့တွေ၊ ရွာတွေက ချဲ့ချဲ့လာတော့ကာ လက်ရှိ မြို့ကွက်တွေ ထဲက I.A မှာ ဒီလို “ဝ"တွေ၊ “က”တွေ၊ “ရ"တွေ၊ "ခ"တွေ တွေ့ပြီ ဆိုရင် ၁၉၅၃ ခုနှစ်က လယ်/နိုင် လုပ်ခဲ့တဲ့မြေ၊ တစ်နည်း ပြောရရင် အဲဒီမြေဟာ ၁၉၅၃ လယ်/နိုင် ကာလတုန်းက လယ်ယာ မြေသာ ဖြစ်ခဲ့တယ် ဆိုတာ အသိဝင်ဖို့ပါ။ ဒီမြေတွေကို ဂရန် တန်းပေးလို့ မရပါဘူး။ "ဝ"လုံးကို O (အို) လို့ သွားမထင်ပါနဲ့။ လယ်/နိုင်လုပ်ပြီး ဒေသတွေအတွက် I.A မှာ ရေးသွင်းရမယ့် ညွှန်ကြားချက်တွေကို ကြေး/မြေ မင်းကြီးရုံးက ညွှန်ကြား သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။
မြေပိုင်ဆိုင်မှု (၁-က) စာရင်း (I.A) အကြောင်း သိရှိနိုင်ရန် ဆရာဦးဇော်မင်း (နတ်မောက်)၏ မြေယာ စီမံခန့်ခွဲရေးနှင့် မြေအသုံးချရေး စာအုပ်မှ ထုတ်နှုတ်ကာ တင်ပြခြင်း ဖြစ်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ေျမပိုင္ဆိုင္မႈ (၁-က)စာရင္း (I.A) အေၾကာင္း။
ေျမစာရင္းဌာနမွာ (၁-က) စာရင္း (I.A) ဆိုတာ ေျမပိုင္ဆိုင္မႈ အခ်က္အလက္ မွတ္တမ္းေတြကို မွတ္ပုံတင္စာရင္း တစ္ခုနဲ႔ ထိန္းခ်ဳပ္ ထားတာကို ေခၚတာပါ။ ၿမိဳ႕႐ြာနဲ႔ အိုးအိမ္ဖြံ႕ၿဖိဳးေရး ဦးစီးဌာနနဲ႔ ၿမိဳ႕ေတာ္စည္ပင္မွာေတာ့ TLR (Town Land Roll) လို႔ ေခၚပါတယ္။ ၿမိဳ႕ေျမရာ စာရင္းလို႔ မွတ္ယူႏိုင္ပါတယ္။
ၿမိဳ႕ကြက္အတြင္းက ေျမကြက္ တစ္ကြက္ခ်င္း၊ ဦးပိုင္ တစ္ခုခ်င္းရဲ႕ ေျမရာဇဝင္ မွတ္တမ္း ျဖစ္ပါတယ္။ ေျမကြက္ပိုင္႐ွင္ေတြကို ဦးပိုင္အမွတ္ေတြနဲ႔ ခြဲျခား မွတ္တမ္းတင္ရပါတယ္။ တစ္ဦး တစ္ေယာက္တည္းရဲ႕ ပိုင္ဆိုင္မႈ တစ္ဆက္ တစ္စပ္တည္း တည္႐ွိၿပီး လုပ္ကိုင္ခြင့္ တစ္မ်ိဳးတစ္စားတည္း ျဖစ္တဲ့ ေျမေတြကို ဦးပိုင္တစ္ခုလို႔ သတ္မွတ္တာ ျဖစ္တဲ့အတြက္ ပိုင္ဆိုင္မႈ မတူရင္ဘဲ ျဖစ္ျဖစ္၊ ပိုင္ဆိုင္မႈ တူေသာ္လည္း လုပ္ကိုင္မႈ၊ ေျမအသုံးခ်မႈ မတူရင္ ျဖစ္ျဖစ္ ဒါမွမဟုတ္ တစ္ဆက္တစ္စပ္တည္း မဟုတ္ရင္ ျဖစ္ျဖစ္ ဦးပိုင္ ကြဲသြားပါတယ္။
ၿမိဳ႕ကြက္ေတြ အကြက္သစ္ တိုင္းတဲ့အခါ ကြင္းတစ္ကြင္း ျပန္လည္ တိုင္းတာၿပီးရင္ ဦးပိုင္ ခြဲဖို႔အတြက္ ဦးပိုင္ စုံစမ္းသတ္မွတ္ ခြဲျခားျခင္း (tenure enquire) လုပ္ၾကပါတယ္။ ၿမိဳ႕ေျမမွာ တစ္ဦးတည္းက ပိုင္ေနတဲ့ ေျမကြက္ေတြ ျဖစ္ေပမဲ့ အိမ္ရာေျမအျဖစ္သုံးေနတဲ့ အစိတ္အပိုင္းက ဦးပိုင္ တစ္ခု၊ ဆြမ္းေလာင္း႐ုံအျဖစ္ သုံးေနတဲ့ ေျမကြက္နဲ႔ ဝပ္ေ႐ွာ့ ဖြင့္ထားတဲ့ ေျမကြက္ေတြက ဦးပိုင္ တစ္ခုစီနဲ႔ ခြဲျခား သတ္မွတ္ေပးရ ပါတယ္။ အဲဒီလို ဦးပိုင္ သတ္မွတ္ၿပီးတဲ့ အခါမွာ ပိုင္ဆိုင္ခြင့္ေတြ ခြဲျခားရတယ္။ ပိုင္ဆိုင္ခြင့္ေတြ၊ လုပ္ကိုင္ခြင့္ေတြ I.A မွာ မွတ္တမ္း တင္ရပါတယ္။
ပိုင္ဆိုင္ခြင့္ (tenure) ဆိုတာကို ဘယ္လို သတ္မွတ္ ထားသလဲ၊ လုပ္ကိုင္ခြင့္ (status) အမ်ိဳးအစားေတြက ဘာေတြ ႐ွိသလဲ၊ လုပ္ကိုင္တဲ့ အေျခအေန (description) ဆိုတာ ဘာေတြလဲ ဆိုတာကို သိဖို႔ လိုအပ္ပါတယ္။ အဲဒီ ပိုင္ဆိုင္ခြင့္၊ လုပ္ပိုင္ခြင့္၊ အေျခအေန ဆိုတာေတြ သိမွသာ တစ္နည္းဆိုရရင္ ေျမစာရင္း ဌာနရဲ႕ ေျမကြက္ ပိုင္ဆိုင္မႈ စာရင္း (record of possession) ေခၚတဲ့ ဦးပိုင္ မွတ္ပုံတင္စာရင္း (1-A) ပုံစံေတြကို သေဘာေပါက္ နားလည္မွသာ (I-A) ပါ ပိုင္ဆိုင္မႈ အမ်ိဳးအစားကို မွန္မွန္ကန္ကန္ အဓိပၸာယ္ ဖြင့္ဆိုႏိုင္မွာ ျဖစ္ပါတယ္။
ပိုင္ဆိုင္ခြင့္ (tenure) ဆိုတာကို I-A မွာ ေအာက္ပါအတိုင္း အမ်ိဳးအစား ခြဲထားပါတယ္။
(၁) အပိုင္ရထားေျမ၊ ဘိုးဘြားပိုင္ေျမကို O၊ အခ်ိဳ႕အရပ္မွာ B၊
(၂) ေျမပိုင္အေျခအေနရ႐ွိတဲ့ (လယ္ဝယ္ထား႐ွိပိုင္ခြင့္႐ွိေသာ) ေျမကို C
(၃) အပိုင္ဂရန္ရထားေျမကို G
(၄) အငွားဂရန္ေျမကို L
(၅) လိုင္စင္ေျမကို H
(၆) အခြင့္မရဘဲ ဝင္ေရာက္ က်ဴးေက်ာ္ ေနထိုင္တဲ့ squarter ကို A လို႔ ေဖာ္ျပ သတ္မွတ္ပါတယ္။
လုပ္ကိုင္ခြင့္ (status) အေျခအေနကို ခြဲျခားရာမွာ...
(၁) သီးစားႏွင့္ ကိုယ္တိုင္ ပိုင္ဆိုင္ လုပ္ကိုင္သူကို O၊
(၂) လႊဲေျပာင္းအေပါင္ခံ လက္ေရာက္ ရ႐ွိသူမ်ားကို M လို႔ ခြဲပါတယ္။
လုပ္ကိုင္မႈ အေျခအေန (description) ကို သုံးမ်ိဳး ခြဲျခားထားပါတယ္...
(၁) စိုက္ပ်ိဳးမႈ မလုပ္ကိုင္ဘဲ ေျမေပၚ ေနသူ R
(၂) ေနလည္း မေန၊ လုပ္လည္း မလုပ္သူ N
(၃) စိုက္ပ်ိဳး လုပ္ကိုင္သူ AG လို႔ ခြဲျခားသတ္မွတ္ ေဖာ္ျပထားပါတယ္။
အခ်ိဳ႕ေနရာေတြမွာ "န"ေတြနဲ႔ ျပတာလည္း ႐ွိပါတယ္။ အထက္က ေဖာ္ျပခဲ့သလို I.A မွာ ပိုင္ဆိုင္မႈ၊ လုပ္ကိုင္မႈမ်ား သတ္မွတ္ထားတဲ့ အဂၤလိပ္ သေကၤတေတြအျပင္ ျမန္မာအကၡရာနဲ႔ သေကၤတေတြ ႐ွိေသးတာ ကိုလည္း ေတြ႕ရတတ္ပါတယ္။ ၿမိဳ႕ကြက္ေတြမွာ သိပ္မေတြ႕ရေပမဲ့ ေတာကြင္းေတြမွာ ေတြ႕ရေလ့႐ွိပါတယ္။ O ေတြ၊ B, M, G L, H ေတြ ေဖာ္ျပထားတဲ့ I.A ေတြ ႐ွိသလို ပိုင္ဆိုင္မႈ (tenure) ကို (က)၊ (၀)၊ (ရ) ေတြနဲ႔ ေဖာ္ျပတဲ့ I.A ေတြလည္း ႐ွိပါေသးတယ္။
အဲဒီလို ျမန္မာသေကၤတ ေတြကို I.A စာရင္းက ပိုင္ဆိုင္မႈျပ (tenure) ေခါင္းစဥ္ေအာက္မွာ ေတြ႕ရတဲ့အခါ I.A မွာ B, O, C, H, A, M စသျဖင့္သာ ေရးသြင္း အၫႊန္းျပတာ ေတြ႕ေနက် ေၾကာင့္ပါ။ ဒီလိုျမန္မာ သေကၤတေတြ I.A မွာ ႐ွိလာရျခင္းဟာ ၁၉၅၃ ခုႏွစ္ လယ္ယာေျမ ႏိုင္ငံပိုင္ ျပဳလုပ္ေရးလုပ္ငန္းေၾကာင့္ ျဖစ္လာ ရတာပါ။ လယ္/ႏိုင္လုပ္ငန္းေဆာင္႐ြက္ တဲ့အခါ တစ္ဦးတစ္ေယာက္တည္းက ပိုင္ေနတဲ့ ဧက ၅၀ အထက္ လယ္ေျမေတြ၊ ၂၅ ဧကအထက္ ယာေျမေတြကို အစိုးရက သိမ္းယူၿပီး ေျမယာ ခ်ိဳ႕တဲ့နဲ႔ ေျမမဲ့ယာမဲ့ေတြကို တစ္တုံးထြန္စီ ျပန္ေဝပါတယ္။
ဒါေပမဲ့ ၁၉၅၃ ခုႏွစ္ လယ္/ႏိုင္ ဥပေဒက လယ္ယာေျမဆိုတိုင္း သိမ္းယူခံရတာ မဟုတ္ဘဲ သိမ္းယူျခင္းကေန ကင္းလြတ္ခြင့္ ျပဳခဲ့တဲ့ ေျမေတြလည္း ႐ွိပါတယ္။ ဥပေဒ အာဏာတည္စဥ္ ႐ြာျဖစ္ေနတဲ့ ေနရာေတြ၊ သာသနာ အေဆာက္အအုံ အသုံးျပဳေနတဲ့ ေျမေတြ၊ ဧက ၅ဝ ေအာက္ လယ္၊ ၂၅ ဧကေအာက္ ယာေျမ စသျဖင့္ေပါ့။ အဲဒီေျမေတြကို မသိမ္းပါဘူး။ သိမ္းတဲ့ လယ္ယာေျမတိုင္း ကိုလည္း ေပးခဲ့တာ မဟုတ္ပါဘူး။ အဲဒီ႐ြာမွာ ေဝမရလို႔၊ ေဝဖို႔ မလိုအပ္လို႔၊ လယ္ပိုင္႐ွင္ကိုယ္တိုင္က စြန္႔လႊတ္လို႔ အစိုးရဆီ ျပန္အပ္ေျမေတြ ႐ွိပါေသးတယ္။ အဲဒီ ေျမမ်ိဳးကို ျပန္လည္ ေဝငွျခင္း မျပဳဘဲ အစိုးရေျမလို႔ သတ္မွတ္လိုက္တဲ့ေျမလို႔ ေခၚပါတယ္။ လယ္/ႏိုင္ ေဆာင္႐ြက္တာက တစ္ႏိုင္ငံလုံး ေဆာင္႐ြက္မၿပီးစီးခဲ့ပါဘူး။ အခက္အခဲေတြ၊ ျပႆနာေတြမ်ိဳးစုံ ေတြ႕ရတာေၾကာင့္ ၁၉၅၇ ခုႏွစ္ေလာက္မွာ လယ္/ႏိုင္ လုပ္ငန္း ဆက္မေဆာင္႐ြက္ႏိုင္ဘဲ ရပ္ဆိုင္းသြားရ ပါတယ္။
သို႔ေပမဲ့ လယ္/ႏိုင္ ေဆာင္႐ြက္ၿပီးခဲ့တဲ့ ေဒသေတြမွာ (၁-က) စာရင္းပုံစံကို ေျမစာရင္းပုံစံ-၂ နဲ႔ ေရးသြင္းရမယ့္အစား ေျမစာရင္း ပုံစံ ၂-က နဲ႔ ေျပာင္းလဲ ေရးသြင္းေစခဲ့ပါတယ္။ လယ္/ႏိုင္ လုပ္ၿပီးေဒသအတြက္ I.A ပုံစံသစ္ ျဖစ္ၿပီး လယ္/ႏိုင္ မလုပ္ရေသးတဲ့ ေဒသေတြအတြက္ ကေတာ့ မူရင္း I.A ပုံစံကို ဆက္အသုံးျပဳ ရပါတယ္။ အဲဒီလို လယ္/ႏိုင္ လုပ္ၿပီး ေဒသက I.A ပုံစံသစ္မွာ ျမန္မာလို ေရးသြင္းခ်က္ေတြကို ေအာက္ပါအတိုင္း ေရးသြင္းဖို႔ ၫႊန္ၾကားခဲ့တဲ့ အတြက္ I.A တခ်ိဳ႕မွာ ျမန္မာသေကၤတေတြ ေတြ႕ရျခင္း ျဖစ္ပါတယ္။
* "က" ကင္းလြတ္ခြင့္ျပဳသည့္ လယ္ယာေျမမ်ား၊
* "ဝ" ေဝငွသည့္ လယ္ယာေျမမ်ား၊
* "ခ" ႏိုင္ငံေတာ္ အလို႐ွိသည့္အတိုင္း သုံးစြဲႏိုင္သည့္ ေျမ႐ိုင္းကို လယ္ယာ စိုက္ပ်ိဳးလုပ္ငန္းလုပ္ခြင့္ သို႔တည္းမဟုတ္ အျခားနည္းျဖင့္ သုံးစြဲခြင့္ျပဳထားသည့္ေျမ၊
* "ရ" လယ္ယာေျမ ႏိုင္ငံပိုင္ ျပဳလုပ္ေရး အက္ဥပေဒ ပုဒ္မ ၅ အရ သိမ္းယူၿပီး ေဝငွျခင္း မျပဳႏိုင္သျဖင့္ က်န္႐ွိသည့္ ေျမႏွင့္ ႏိုင္ငံေတာ္အစိုးရထံ ျပန္အပ္ေျမမ်ား။
I.A မွာ အဂၤလိပ္စာလုံး သေကၤတေတြနဲ႔ မ်က္စိယဥ္ေနရာက ခုလို ျမန္မာ သေကၤတေတြ ေတြ႕တဲ့အခါ "ဝ" လုံးက ဘာလဲ၊ "ရ" ေကာက္က ဘာလဲ။ "က" ႀကီးကို ဘယ္လို ယူဆရမွာလဲ ဆိုၿပီး ဇေဝဇဝါ ေယာင္ေတာင္ေတာင္ ျဖစ္တတ္ပါတယ္။ အမွန္ကေတာ့ လယ္/ႏိုင္လုပ္ငန္း ေဆာင္႐ြက္ခဲ့တဲ့ ကြင္းေတြ၊ ဧရိယာေတြ မွာသာ အဲဒီ ျမန္မာသေကၤတေတြ ႐ွိခဲ့ပါတယ္။
ရန္ကုန္ ေတာင္ပိုင္းခ႐ိုင္တို႔၊ ေက်ာက္ဆည္ခ႐ိုင္တို႔မွာ အမ်ားဆုံး ေတြ႕ေလ့႐ွိပါတယ္။ လယ္/ႏိုင္ လုပ္ငန္းကလည္း ၁၉၅၇ ေလာက္မွာ ရပ္သြားေတာ့ “လန” မလုပ္ရေသးတဲ့ က်န္ေဒသ ေနရာေတြမွာ ေ႐ွးက သတ္မွတ္ထားတဲ့ အဂၤလိပ္စာလုံး သေကၤတမ်ားသာ I.A မွာ ႐ွိပါတယ္။ ၿပီးေတာ့ အထူးသိေစလိုတဲ့ အခ်က္ကေတာ့ လယ္/ႏိုင္လုပ္ငန္း ေဆာင္႐ြက္တယ္ ဆိုကတည္းက လယ္ယာေျမကို သိမ္းယူျခင္း၊ ျပန္လည္ ေဝငွျခင္း၊ ကင္းလြတ္ခြင့္ေပးျခင္း ေဆာင္႐ြက္တာ ျဖစ္လို႔ လ/န ေဆာင္႐ြက္ခဲ့တဲ့ ေျမဆိုတာ လယ္ယာေျမသာ ျဖစ္ပါတယ္။ ၿမိဳ႕ေျမ မပါပါဘူး၊ ေတာေျမသာ ျဖစ္တယ္ဆိုတာ သိဖို႔ပါ။
ၿမိဳ႕ေတြ၊ ႐ြာေတြက ခ်ဲ႕ခ်ဲ႕လာေတာ့ကာ လက္႐ွိ ၿမိဳ႕ကြက္ေတြ ထဲက I.A မွာ ဒီလို “ဝ"ေတြ၊ “က”ေတြ၊ “ရ"ေတြ၊ "ခ"ေတြ ေတြ႕ၿပီ ဆိုရင္ ၁၉၅၃ ခုႏွစ္က လယ္/ႏိုင္ လုပ္ခဲ့တဲ့ေျမ၊ တစ္နည္း ေျပာရရင္ အဲဒီေျမဟာ ၁၉၅၃ လယ္/ႏိုင္ ကာလတုန္းက လယ္ယာ ေျမသာ ျဖစ္ခဲ့တယ္ ဆိုတာ အသိဝင္ဖို႔ပါ။ ဒီေျမေတြကို ဂရန္ တန္းေပးလို႔ မရပါဘူး။ "ဝ"လုံးကို O (အို) လို႔ သြားမထင္ပါနဲ႔။ လယ္/ႏိုင္လုပ္ၿပီး ေဒသေတြအတြက္ I.A မွာ ေရးသြင္းရမယ့္ ၫႊန္ၾကားခ်က္ေတြကို ေၾကး/ေျမ မင္းႀကီး႐ုံးက ၫႊန္ၾကား သတ္မွတ္ေပးခဲ့ျခင္း ျဖစ္ပါတယ္။ ေျမပိုင္ဆိုင္မႈ (၁-က) စာရင္း (I.A) အေၾကာင္း သိ႐ွိႏိုင္ရန္ ဆရာဦးေဇာ္မင္း (နတ္ေမာက္)၏ ေျမယာ စီမံခန္႔ခြဲေရးႏွင့္ ေျမအသုံးခ်ေရး စာအုပ္မွ ထုတ္ႏႈတ္ကာ တင္ျပျခင္း ျဖစ္ပါတယ္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
iMyanmarHouse.com ၏ ဥပေဒအၾကံေပး ပညာ႐ွင္အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com