ခူးပြီးခပ်ပြီး စားပါအဆင်သင့်

ခူးပြီးခပ်ပြီး စားပါအဆင်သင့် - Property Knowledge in Myanmar from iMyanmarHouse.com
8 Dec 2022 3:29 pm တွင် တင်ခဲ့သည်
470 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ဆရာရေးဆရာဆိုတာ စာတစ်အုပ်ဖြစ်ဖို့ လုံ့ဝီရိယတွေ စိုက်ထုတ်ကာ အချိန်တွေအများကြီးပေးပြီး ဖန်တီးကြရပါတယ်။တစ်ခါတလေ နှစ်တွေအကြာကြီး တစ်စိုက်မတ်မတ်လေ့လာပြုစုမှ စာအုပ်တစ်အုပ် ဖြစ်လာတာပါ။

ကျမ်းစာအုပ်တွေဆိုရင် အချိန်တွေအများကြီးပေးပြီးပြုစုကြရပါတယ်။

ဒီလိုပါပဲ ရသဖန်တီးတဲ့ စာရေးဆရာတွေလည်း ဝတ္ထုကောင်းတစ်အုပ်ဖြစ်ဖို့ သူဖန်တီးမယ့် ကျောရိုးပြုရမယ့် နေရာတွေရဲ့ နေထိုင်မှု ဓလေ့စရိုက်တွေ အပြုအမူ၊အပြောအဆိုတွေကို သူရေးမယ့် ဝတ္ထုတွေထဲမှာ အံဝင်ခွင်ကျ ထည့်သွင်းနိုင်ဖို့ ကြိုးစားရသလိုပဲ ဇာတ်ကောင်တွေရဲ့ အမူအကျင့်ပုံစံတွေကိုလည်း ဇာတ်လမ်းတည်ရာ အချိန်ကာလနဲ့ ခေတ်အလိုက် သရုပ်ပီပြင်အောင်ဖန်တီးရပါတယ်။

 

ဆိုလိုချင်တာက ဟုတ်ဟုတ်ငြားငြားစာတစ်အုပ်ဖြစ်ဖို့ ခက်ခဲတယ်ပေါ့။အချိန်တွေပေးပြီးမှ ဖြစ်လာတာကို ပြောချင်တာပါ။အဲဒီလိုအချိန်တွေ နှစ်တွေအများကြီးပေးပြီး အဆင်သင့် အပြီးအစီးဖြစ်နေပြီဖြစ်တဲ့စာအုပ် ကိုယ့်စီရောက်လာတာ ခူးခပ်ပြီး အသင့်ကောက်စားရုံပဲမို့လား။တော်တော်တန်တန် စာမျက်နှာ သုံးလေးရာ လောက်ရှိတဲ့ စာအုပ်လေးကို တစ်ထိုင်တည်းဖတ်ရင် သုံးနာရီထက်မပိုလောက်ပါဘူး။

ဒါပေမဲ့ အတော်များများဟာ အဆင်သင့် ခူးခပ်ပြီးသားကိုတောင် အကြောင်းအမျိုးမျိုးပြလို့ တော်တော်နဲ့ ဖတ်လို့ မပြီးနိုင်ကြဘူး။ဖတ်ဖို့လည်းမကြိုးစားဘူး။ဝါသနာမပါတဲ့စာအုပ်မို့ မဖတ်တာထားပါ။ကိုယ်ဝါသနာပါတဲ့ စာအုပ်အမျိုးအစားကိုတောင် အားသွန်ခွန်စိုက်နဲ့ များများ ဖတ်နိုင်အောင် မကြိုးစားကြဘူးဆိုတာ တွေ့နေရပါတယ်။

ကျမ်းလေးတဲ့စာများဆို တို့ထိဖို့တောင်ခက်ကြလိမ့်မယ်ထင်ပါတယ်။စာဖတ်ရှုမှုအပေါ်မှာ အမြင်အမျိုးမျိုး ကွဲနိုင်ပါတယ်။

ကျွန်တော်ကတော့ စာရေးဆရာတစ်ယောက်ရဲ့ စာတစ်အုပ်ကို ဖတ်မိပြီးကိုယ့်နှလုံးသားနဲ့ အဟပ်မိရင် သူရေးတဲ့ စာအုပ်တွေအကုန်လုံးကို ရနိုင်သမျှ အမြန်ရှာပြီးဖတ်တော့တာပါပဲ။ဝယ်မဖတ်နိုင်ခင်က အငှားဆိုင်တွေရှိရာ ခြေဦးလှည့်ရှာဖွေပြီးရအောင်ဖတ်ခဲ့တာပေါ့။အရှိန်ရဲ့တွန်းအားလေးနဲ့ပေါ့။

ရွှေဥဒေါင်း၊တက္ကသိုလ်ဘုန်းနိုင်၊ဂျာနယ်ကျော်မမလေး၊တက္ကသိုလ်နေဝင်း၊မောင်ထွန်းသူ၊မောင်ပေါ်ထွန်း စတဲ့ ကိုယ်တိုင်ရေးတွေရော ဘာသာပြန်တွေရော တစ်အုပ်ဖတ်ပြီးရင် နောက်ထပ်သူတို့ရေးသမျှ အကုန်ရှာပြီး ဖတ်တာပေါ့။

ဒီလိုပါပဲ အခြားစာရေးဆရာ၊ဆရာမတွေရဲ့စာအုပ်တွေကိုလည်းဖတ်ပါတယ်။

တစ်ခါတစ်ရံ စာကိုချစ်ပါရဲ့နဲ့ ဘာမှမဖတ်ချင်လောက်အောင်လည်း ဖြစ်တတ်ပါတယ်။ အဲဒီလိုအချိန်မျိုး ဖြစ်လာရင် ဒီလိုစာအုပ်တွေကို ရေးတဲ့ ဆရာကြီးတွေသာ စာရေးဖို့ပြင်းခဲ့ရင် ငါဟာအခုချိန်စာဖတ်ဖို့ စာအုပ်တောင် ရှာမရ ဖြစ်နေမှာပါလား၊အဆင်သင့် ခူးပြီးခပ်ပြီး လက်ရောက်ရနေတဲ့ စာအုပ်ကို ဖတ်ဖြစ်အောင်၊ဖတ်နိုင်အောင်ကြိုးစား ဖတ်မယ်ကွလို့ စိတ်ကိုတင်းပြီး ဖတ်ပါတော့တယ်။

 

စိတ်ထဲအဲဒီလိုထည့်ပြီး ကိုယ်အားသန်တဲ့စာပေကို ဦးစားပေးပြီးဖတ်သလို ဘဝမှာလိုအပ်လာနိုင်တဲ့ စာပေတွေကိုလည်း ကြိုးစားပြီးဖတ်ခဲ့ရပါတယ်။

အများကြီးမဖတ်နိုင်တောင် ခူးပြီးခပ်ပြီးသားလေး ကိုယ့်ရှေ့ အဆင်သင့်ရောက်လာရင် မငြင်းမဆန်ဘဲ ကောက်စားလိုက်ပါဖို့ပါပဲလို့ တိုက်တွန်းပါရစေဗျာ။ ။

တွေးမိတဲ့အတွေးလေးပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ခူးၿပီးခပ္ၿပီး စားပါအဆင္သင့္

 

 

ဆရာေရးဆရာဆိုတာ စာတစ္အုပ္ျဖစ္ဖို႔ လုံ႔ဝီရိယေတြ စိုက္ထုတ္ကာ အခ်ိန္ေတြအမ်ားႀကီးေပးၿပီး ဖန္တီးၾကရပါတယ္။တစ္ခါတေလ ႏွစ္ေတြအၾကာႀကီး တစ္စိုက္မတ္မတ္ေလ့လာျပဳစုမွ စာအုပ္တစ္အုပ္ ျဖစ္လာတာပါ။

က်မ္းစာအုပ္ေတြဆိုရင္ အခ်ိန္ေတြအမ်ားႀကီးေပးၿပီးျပဳစုၾကရပါတယ္။

ဒီလိုပါပဲ ရသဖန္တီးတဲ့ စာေရးဆရာေတြလည္း ဝတၳဳေကာင္းတစ္အုပ္ျဖစ္ဖို႔ သူဖန္တီးမယ့္ ေက်ာရုိးျပဳရမယ့္ ေနရာေတြရဲ႕ ေနထိုင္မႈ ဓေလ႔စရိုက္ေတြ အျပဳအမူ၊အေျပာအဆိုေတြကို သူေရးမယ့္ ဝတၳဳေတြထဲမွာ အံဝင္ခြင္က် ထည့္သြင္းႏိုင္ဖို႔ ႀကိဳးစားရသလိုပဲ ဇာတ္ေကာင္ေတြရဲ႕ အမူအက်င့္ပုံစံေတြကိုလည္း ဇာတ္လမ္းတည္ရာ အခ်ိန္ကာလနဲ႔ ေခတ္အလိုက္ သရုပ္ပီျပင္ေအာင္ဖန္တီးရပါတယ္။

ဆိုလိုခ်င္တာက ဟုတ္ဟုတ္ျငားျငားစာတစ္အုပ္ျဖစ္ဖို႔ ခက္ခဲတယ္ေပါ့။အခ်ိန္ေတြေပးၿပီးမွ ျဖစ္လာတာကို ေျပာခ်င္တာပါ။အဲဒီလိုအခ်ိန္ေတြ ႏွစ္ေတြအမ်ားႀကီးေပးၿပီး အဆင္သင့္ အၿပီးအစီးျဖစ္ေနၿပီျဖစ္တဲ့စာအုပ္ ကိုယ့္စီေရာက္လာတာ ခူးခပ္ၿပီး အသင့္ေကာက္စားရုံပဲမို႔လား။ေတာ္ေတာ္တန္တန္ စာမ်က္ႏွာ သုံးေလးရာ ေလာက္ရွိတဲ့ စာအုပ္ေလးကို တစ္ထိုင္တည္းဖတ္ရင္ သုံးနာရီထက္မပိုေလာက္ပါဘူး။

ဒါေပမဲ့ အေတာ္မ်ားမ်ားဟာ အဆင္သင့္ ခူးခပ္ၿပီးသားကိုေတာင္ အေၾကာင္းအမ်ိဳးမ်ိဳးျပလို႔ ေတာ္ေတာ္နဲ႔ ဖတ္လို႔ မၿပီးႏိုင္ၾကဘူး။ဖတ္ဖို႔လည္းမႀကိဳးစားဘူး။ဝါသနာမပါတဲ့စာအုပ္မို႔ မဖတ္တာထားပါ။ကိုယ္ဝါသနာပါတဲ့ စာအုပ္အမ်ိဳးအစားကိုေတာင္ အားသြန္ခြန္စိုက္နဲ႔ မ်ားမ်ား ဖတ္ႏိုင္ေအာင္ မႀကိဳးစားၾကဘူးဆိုတာ ေတြ႔ေနရပါတယ္။

က်မ္းေလးတဲ့စာမ်ားဆို တို႔ထိဖို႔ေတာင္ခက္ၾကလိမ့္မယ္ထင္ပါတယ္။စာဖတ္ရႈမႈအေပၚမွာ အျမင္အမ်ိဳးမ်ိဳး ကြဲႏိုင္ပါတယ္။

ကၽြန္ေတာ္ကေတာ့ စာေရးဆရာတစ္ေယာက္ရဲ႕ စာတစ္အုပ္ကို ဖတ္မိၿပီးကိုယ့္ႏွလုံးသားနဲ႔ အဟပ္မိရင္ သူေရးတဲ့ စာအုပ္ေတြအကုန္လုံးကို ရႏိုင္သမွ် အျမန္ရွာၿပီးဖတ္ေတာ့တာပါပဲ။ဝယ္မဖတ္ႏိုင္ခင္က အငွားဆိုင္ေတြရွိရာ ေျခဦးလွည့္ရွာေဖြၿပီးရေအာင္ဖတ္ခဲ့တာေပါ့။အရွိန္ရဲ႕တြန္းအားေလးနဲ႔ေပါ့။

ေရႊဥေဒါင္း၊တကၠသိုလ္ဘုန္းႏိုင္၊ဂ်ာနယ္ေက်ာ္မမေလး၊တကၠသိုလ္ေနဝင္း၊ေမာင္ထြန္းသူ၊ေမာင္ေပၚထြန္း စတဲ့ ကိုယ္တိုင္ေရးေတြေရာ ဘာသာျပန္ေတြေရာ တစ္အုပ္ဖတ္ၿပီးရင္ ေနာက္ထပ္သူတို႔ေရးသမွ် အကုန္ရွာၿပီး ဖတ္တာေပါ့။

ဒီလိုပါပဲ အျခားစာေရးဆရာ၊ဆရာမေတြရဲ႕စာအုပ္ေတြကိုလည္းဖတ္ပါတယ္။

တစ္ခါတစ္ရံ စာကိုခ်စ္ပါရဲ႕နဲ႔ ဘာမွမဖတ္ခ်င္ေလာက္ေအာင္လည္း ျဖစ္တတ္ပါတယ္။ အဲဒီလိုအခ်ိန္မ်ိဳး ျဖစ္လာရင္ ဒီလိုစာအုပ္ေတြကို ေရးတဲ့ ဆရာႀကီးေတြသာ စာေရးဖို႔ျပင္းခဲ့ရင္ ငါဟာအခုခ်ိန္စာဖတ္ဖို႔ စာအုပ္ေတာင္ ရွာမရ ျဖစ္ေနမွာပါလား၊အဆင္သင့္ ခူးၿပီးခပ္ၿပီး လက္ေရာက္ရေနတဲ့ စာအုပ္ကို ဖတ္ျဖစ္ေအာင္၊ဖတ္ႏိုင္ေအာင္ႀကိဳးစား ဖတ္မယ္ကြလို႔ စိတ္ကိုတင္းၿပီး ဖတ္ပါေတာ့တယ္။

စိတ္ထဲအဲဒီလိုထည့္ၿပီး ကိုယ္အားသန္တဲ့စာေပကို ဦးစားေပးၿပီးဖတ္သလို ဘဝမွာလိုအပ္လာႏိုင္တဲ့ စာေပေတြကိုလည္း ႀကိဳးစားၿပီးဖတ္ခဲ့ရပါတယ္။

အမ်ားႀကီးမဖတ္ႏိုင္ေတာင္ ခူးၿပီးခပ္ၿပီးသားေလး ကိုယ့္ေရွ႕ အဆင္သင့္ေရာက္လာရင္ မျငင္းမဆန္ဘဲ ေကာက္စားလိုက္ပါဖို႔ပါပဲလို႔ တိုက္တြန္းပါရေစဗ်ာ။ ။

ေတြးမိတဲ့အေတြးေလးပါ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် လေပေါ် ပေ ၅၀၀၀ အမြင့်တွင် ရှိနေသည့် ကျောချမ်းဖွယ် ကောင်းကင်လှေကား စတင်ဖွင့်လှစ်...
တရုတ်ပြည်တွင် လေပေါ် ပေ ၅၀၀၀ အမြင့်တွင် ရှိနေသည့် ကျောချမ်းဖွယ် ကောင်းကင်လှေကား စတင်ဖွင့်လှစ်...
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြတ်သန်းခဲ့ရပုံ...
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြတ်သန်းခဲ့ရပုံ...
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ...
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
Shwe Wutt Hmone
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service