ဗုဒ္ဓက ဗျာဒိတ်ပေးခဲ့သည့် ပဒ္ဒမာသမ္ဘဝ တရားအားထုတ်ခဲ့သော ဘူတန်မှ လူသူပေါက်ရောက်ရန် ခက်ခဲသည့် ချောက်ကမ်းပါးနံရံမှ ကျားသိုက်ဂူ

ဗုဒ္ဓက ဗျာဒိတ်ပေးခဲ့သည့် ပဒ္ဒမာသမ္ဘဝ တရားအားထုတ်ခဲ့သော ဘူတန်မှ လူသူပေါက်ရောက်ရန် ခက်ခဲသည့် ချောက်ကမ်းပါးနံရံမှ ကျားသိုက်ဂူ - Property News in Myanmar from iMyanmarHouse.com
7 Dec 2022 10:56 am တွင် တင်ခဲ့သည်
980 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဂုရု Rinpoche ဟုလည်း လူသိများသော ပဒ္ဒမာသမ္ဘဝသည် ၈ ရာစုမှ ၉ ရာစုကြားပေါ်ပေါက်ခဲ့သော အိန္ဒိယ တန္တရ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး တိဗက်တွင် ဗုဒ္ဓဘာသာပျံ့ပွားစေခဲ့သူလည်း ဖြစ်သည်။

တိဗက်ဗုဒ္ဓဘာသာတွင် ပဒ္ဒမာသမ္ဘဝကို ဗုဒ္ဓက ဗျာဒိတ်ပေးခဲ့သည့် ဘုရားလောင်းဖြစ်သည်ဟု ယုံကြည်ကြသည်။

ပဒ္ဒမာသမ္ဘဝကို တိဗက်၊ နီပေါ၊ ဘူတန်နှင့် ဟိမဝန္တာတောင်တန်းကြီးဝန်းကျင်ရှိ အိန္ဒိယပြည်နယ်များမှ ဗုဒ္ဓဘာသာဝင်များက ကိုးကွယ်ကြသည်။

 

(ကျားသိုက်ကို ဘယ်လိုသွားမလဲ သိဖွယ်ရာများ)

 

ကျားသိုက်သည် အလွန်သာယာလှပပြီး ချောက်ကမ်းပါးနံရံတွင် ပြုတ်ကျလာမည်ထင်ရမတတ် အသဲယားဖွယ် ဆောက်လုပ်ထားသည့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းဖြစ်ကာ ခရီးသွားတိုင်း သွားလိုသော နေရာများတွင် ပါဝင်သည်။

ထိုကျောင်းတော်သို့ သွားရောက်လည်ပတ်ရန်အတွက် စီစဉ်မည်ဆိုလျှင် လိုအပ်မည့် အသေးစိတ် အချက်အလက် အားလုံးကို ဖော်ပြပေးသွားမည်ဖြစ်ရာ မည်သို့ သွားမည်၊ ခြေလျင်ခရီး မည်မျှကြာမြင့်မည်နှင့် လိုက်နာရမည့်ကျင့်ဝတ်တို့ပါဝင်မည် ဖြစ်သည်။

 

(ကျားသိုက် ဘာလဲ)

ကျားသိုက်သည် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းဖြစ်ပြီး ဘူတန်နိုင်ငံအနောက်ပိုင်းရှိ ချောက်ကမ်းပါးနံရံ တစ်ခုတွင် ကတ်သီးကတ်သတ်ဆောက်လုပ်ထားသော ကျောင်းဖြစ်သည်။

ဘုန်းတော်ကြီးကျောင်းဝန်းနေရာသည် Paro တောင်ကြားမှ မီတာ ၉၀၀ အမြင့်ရှိ ကျဉ်းမြောင်းသော အငူစွန်းများနှင့် ဂူများအတွင်းတွင် တည်ရှိခြင်း ဖြစ်သည်။

ကျားသိုက်ရှိရာသို့ ပေါက်သည့်လမ်းမရှိ။ မက်စောက်သော လမ်းတစ်ခုမှ တွယ်တက်ခြင်းဖြင့်သာ ရောက်ရှိနိုင်သည်။

ကျားသိုက်သို့သွားရန် ကြိုးပမ်းအားထုတ်မှုများစွာလိုအပ်သည်။ သို့သော် တောင်တက်လမ်းတစ်လျှောက်မှာ သာယာလှပပြီး Paro တောင်ကြား၏ ရှုမျှော်ခင်းများကို တိမ်းမူးဖွယ်ရာ တမျှော်တခေါ် တွေ့မြင်ရမည် ဖြစ်၏။

 

(ကျားသိုက်သို့ တောင်တက်ခရီးသွားနေကြသည့် Follow Alice အုပ်စု)

 

 

(ကျားသိုက်၏ အခြားအမည်များ)

နိုင်ငံခြားသားများအကြားတွင် ကျားသိုက် (သို့မဟုတ်) ကျားသိုက်ဘုန်းတော်ကြီးကျောင်းကို အောက်ပါအမည် များဖြင့်လည်း လူသိများသည်။

* Taktshang Goemba

* Paro Taktsang

* Taktsang Palphug Monastery

 

ကျားသိုက်သည် ကျားရဲဂူများဟု ခေါ်ကြသော ဂူ ၁၃ ခုအနက်တွင် တစ်ခုပါဝင်သည်။

တိဗက်ဒေသတွင် ဒုတိယဗုဒ္ဓဟု တင်စားကြသူ ပဒ္ဒမာ သမ္ဘဝသည် အဆိုပါဂူတွင် ၉ ရာစုနှစ်အစောပိုင်းက ထွက်ရပ်ပေါက်ကျင့်စဉ်များ ကျင့်ကြံအားထုတ်သွားခဲ့သည့်နေရာဖြစ်သည်။

ဤနေရာသည် ရှေးယခင်က တိဗက်ပိုင်နက်တွင် ပါဝင်ခဲ့၏။

 

(Paro တောင်ကြားရှိ ချောက်ကမ်းပါးနံရံတွင် ဆောက်လုပ်ထားသော ကျားသိုက်)

 

(ကျားသိုက်ဘယ်မှာရှိလဲ)

ကျားသိုက် ကျောင်းတော်နေရာမှာ ဘူတန်နိုင်ငံ အနောက်ပိုင်းတွင် တည်ရှိသည်။

Paro မြို့၏ အနောက်မြောက်ဘက် ၁၀ ကီလိုမီတာခန့်အကွာတွင် တည်ရှိ၏။

ကျားသိုက်သို့ သွားမည့်သူများအတွက် Paro သည် အခြေစိုက်တည်းခ်ိုရန် အကောင်းဆုံးနေရာဖြစ်ပြီး ထိုမြို့မှ ကျားသိုက်သို့ တစ်နေ့ခရီးသာရှိသည်။

ဘူတန်သို့ Paro နိုင်ငံတကာလေဆိပ်မှ လာရောက်သူများအနေဖြင့် ကျားသိုက်သို့ လည်ပတ်ရန် များစွာ မသွားရချေ။

 

(လာရောက်လည်ပတ်သူတွေအတွက် ဘယ်အချိန်မှာ ဝင်ခွင့်ပေးလဲ)

 

ကျားသိုက်သို့ တစ်နှစ်ပတ်လုံး သွားရောက်လည်ပတ်နိုင်သည်။

အောက်တိုဘာလမှ မတ်လအထိ လာရောက်လည်ပတ်သူများအနေဖြင့် မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဝင်ရောက်နိုင်ပြီး ဧပြီလမှ စက်တင်ဘာအကြားတွင်မူ ညနေ ၅ နာရီအထိ ဝင်ခွင့်ပေးသည်။

 

(ဝင်ကြေး ဘယ်လောက်ပေးရလဲ)

နိုင်ငံခြားသားများအနေဖြင့် ကျားသိုက်သို့ ဝင်ကြေးပေးရန် မလိုချေ။ နေ့စဉ်ဗီဇာကြေးတွင် ပါဝင်ပြီး ဖြစ်သည်။

SAARC နိုင်ငံများမှ နိုင်ငံသားများအနေဖြင့်မူ ဝင်ကြေးပေးရန် လိုသည်။

(မှတ်ချက်။ SAARC မှာ တောင်အာရှနိုင်ငံများ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ဆိုလိုခြင်းဖြစ်ပြီး အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မော်လ်ဒိုက်၊ နီပေါ၊ ပါကစ္စတန်နှင့် သီရိလင်္ကာနိုင်ငံများ ပါဝင်သည်)

 

 

(လှပသော Paro မြို့လေး၏ ကောင်းကင်မြင်ကွင်း)

 

(တောင်တက်ခရီး ဘယ်လောက်ကြာလဲ၊ ဘယ်လောက်ခက်လဲ)

ကျားသိုက်သို့ သွားရာလမ်းမှာ ၃ ကီလိုမီတာ ( ၂ မိုင်) ခန့်ရှိရာ အသွားအပြန် ၆ ကီလိုမီတာ (၄ မိုင်) သွားရ မည် ဖြစ်သည်။ ကျားသိုက်ဘုန်းတော်ကြီးကျောင်းသို့ သွားရန် လမ်းတစ်ခုတည်းသာ ရှိသည်။

တောင်တက်လမ်းဖြစ်ရာ ကြာချိန်မှာ ၂ နာရီမှ ၃ နာရီကြားအထိ တက်ရသည်။

ကြာချိန်မှာ သင်၏ ခြေလှမ်းနှင့် လမ်းတွင်မည်မျှနားသည်ဟူသောအချက်များအပေါ် မူတည်သည်။

တောင်တက်လမ်းနေရာအများစုမှာ မတ်စောက်ပြီး တစ်နှစ်ပတ်လုံး ချော်ကျနိုင်သည့်လမ်းများ ဖြစ်သည်။

ခြေလှမ်းတိုင်းကို သတိထားဂရုစိုက်ရမည်ဖြစ်ပြီး သင့်အနေဖြင့် ခြေမမြဲပါက လမ်းလျှောက်တုတ် ဆောင်သွား သင့်သည်။

 

(ကျားသိုက်သို့ တက်သည့် လှပသော လမ်းပိုင်းတစ်နေရာ)

 

(လမ်းညွှန်လိုလား)

ကျားသိုက်သို့ တက်ရန် လမ်းညွှန်မလိုပါ။ အဆိုပါနေရာသည် လူသိများပြီး သွားလာသူ ပေါများလှသော လမ်းဖြစ်သည်။

သို့သော် သင်၏ ခရီးစဉ်အတွင်း ဘူတန်ခရီးသွားလမ်းညွှန်တစ်ဦးပါဝင်လိမ့်မည်ဖြစ်ပြီး အပိုကြေးပေးရန် မလိုပေ။

ဘူတန်သို့ လာရောက်သည့် ကမ္ဘာလှည့်ခရီးသည်တိုင်းကို ၎င်းတို့နေထိုင်စဉ်ကာလအတွင်း ဧည့်လမ်းညွှန် တစ်ဦး ပေးထားပါသည်။

 

(တောင်တက်လမ်းအကြောင်း)

ကျားသိုက်သို့ တောင်တက်ခရီးမှာ အလွန်သာယာလှပသည်။ လမ်းခရီးတစ်လျှောက် တစ်သက်တာမမေ့နိုင်ဖွယ်နေရာ များစွာရှိသည်။ တောင်တက်လမ်းမှာ ပင်လယ်ရေမျက်နှာပြင်အထက် ၂၆၀၀ မီတာအမြင့်တွင် စတင်သည်။

အချို့သော ခရီးသွားတို့မှာ တောင်ပေါ်လမ်းတစ်ဝက်အထိ မြင်းဖြင့် တက်လေ့ရှိသည်။

ခြေလျင်ခရီးတက်ကြမည့်သူများအနေဖြင့် လမ်းသွယ်လေးများမှတဆင့်သွားမည်ဆိုပါက ဖုန်လုံးများကို ရှောင်ရှားနိုင်မည် ဖြစ်သည်။

လမ်းအများစုမှာ လှပသော အပြာရောင် ထင်းရှူးတောထဲမှ ဖြတ်ရသည်။

တောအုပ်ထဲရှိ အပင်များအကြား ချစ်စရာ ရှုခင်းကြည့်နေရာများ ရှိသည်။

နေပြင်းပြင်းကို ရှောင်လိုပါက မနက်စောစော တောင်တက်ပါ။ သို့သော အခြားတစ်ဖက်မှကြည့်လျှင်လည်း မွန်းလွဲချိန်ကာလများမှာ ဓာတ်ပုံရိုက်ရန် အလင်းကောင်းကောင်းရလေ့ရှိသည်။

ထို့ကြောင့် မိမိနှစ်သက်ရာ ဆုံးဖြတ်ပါ။ သို့သော် မည်သည့်အချိန်တွင် သွားသည်ဖြစ်စေ ဦးထုတ်တစ်လုံးနှင့် သောက်ရေဆောင်သွားပါ။

 

(ကျားသိုက်သို့ တောင်တက်ခရီးတွင် တွေ့ရမည့် ထင်းရှူးပြာ တောအုပ်)

 

 

လမ်းခရီးတစ်လျှောက်တွင် ဘုရားရှိခ်ိုးဆုတောင်းရာနေရာ အများအပြား ဖြတ်ကျော်လာရမည် ဖြစ်သည်။

ထိုသို့ လမ်းတစ်လျှောက်တွေ့ရမည့်အရာများတွင် ဆုတောင်းဘီးများလည်း ပါဝင်သည်။

ဆုတောင်းဘီးများသည် တိဗက်ဗုဒ္ဓဘာသာ၏ ရိုးရာဓလေ့တစ်ခုဖြစ်ပြီး ဆုတောင်းဘီးတစ်ခုစီတိုင်းတွင် မန္တန်များ ရေးထိုးထားသည်။

အများအားဖြင့် ရေးထားလေ့ရှိသည့် မန္တန်မှာ ဥုံ မဏိပဒ်မေဟုမ် ဖြစ်သည်။

ထိုဆုတောင်းဘီးများကို လက်ဖြင့်လှည့်ခြင်းသည့် နှုတ်မှဂါထာရွတ်သည့်အတိုင်း ထပ်တူ အကျိုးခံစားရသည်ဟု တိဗက်တို့က ယုံကြည်သည်။

မီတာ ၃၁၄၀ အမြင့်သို့ရောက်လျှင် သစ်ပင်များအကြား ခေတ္တနားနေရန် နေရာတစ်ခု ရှိပြီးထိုမှတဆင့် ကျားသိုက် ကျောင်းတော်၏ မြင်ကွင်းကို အဝေးမှ လှမ်းမျှော်တွေ့ရမည် ဖြစ်သည်။

ထိုမြင်ကွင်းမှာ အင်တာနက်ဓာတ်ပုံပေါင်းများစွာတွင် သင်တွေ့ခဲ့ရသည့် မြင်ကွင်းအနေအထား ဖြစ်သည်။

ကျောင်းတော်ကို တွေ့ရပြီဆိုသော်လည်း တောင်ကြား၏ အခြားဘက်အခြမ်းတွင်ဖြစ်ရာ ထိုနေရာသို့ရောက်ရန် ရေတံခွန်ကို ဖြတ်သန်းသွားရောက်ရဦးမည် ဖြစ်၏။

 

(ကျားသိုက်ကျောင်းတော်၏ ဂန္ထဝင်မြောက်မြင်ကွင်း)

 

ကျားသိုက်ကျောင်းတော်မှာ အမြင့် ၃၁၂၀ မီတာတွင် တည်ရှိကာ အဆင့်ဆင့် အဆင်းအတက်များစွာ ပြုကာ တက်ရမည် ဖြစ်သည်။

ဘူတန်သို့ ရောက်ရှိပြီး နောက်တစ်နေ့တွင် ကျားသိုက်သို့ တက်ရန် ကြိုးစားသူများအနေဖြင့် ရနိုင်သည်။

ထို့ကြောင့် အမြင့်ဒေသနှင့် လုံလောက်စွာ သဟဇာတဖြစ်အောင် ဘူတန်တွင် ရက်အနည်းငယ်နေထိုင်ပြီးမှ ကျားသိုက်သို့ တက်ရန် စီစဉ်သင့်သအမြင့်ဝေဒနာ ခံစားရနိုင်သည်။

(ဘုန်းတော်ကြီးကျောင်း)

ဓာတ်ပုံများတွင် မြင်ရသည့်အတိုင်း ကျားသိုက်သည် အဆောက်အအုံတစ်ခုတည်း မဟုတ်။

အဆောက်အအုံများစွာပါဝင်သော ဝန်းတစ်ခုဖြစ်ပြီး အနိမ့်အမြင့်အဆင့်ဆင့် တည်ရှိနေကာ ၎င်းတို့ကို လျှောက်လမ်းများ၊ လှေကားထစ်များ၊ လှေကားများ၊ တံတားများဖြင့် ဆက်သွယ်ထားသည်။

ကျောင်းတော်နေရာမှ လှိုဏ်ဂူတွင် ခရစ်နှစ် ၈၀၀ ပြည့်လွန်ကာလများ၌ ပဒ္ဒမာ သမ္ဘဝ တရားအားထုတ် ကျင့်ကြံမှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း လူသိများကျော်ကြားလာခဲ့ကာ ယင်းနောက်ပိုင်း ရာစုနှစ်များတွင် ဘုရားဖူးရာနေရာတစ်ခု ဖြစ်လာသည်။

ကျားသိုက်ဘုန်းတော်ကြီးကျောင်းမှာမူ ၁၆၉၂ ခုနှစ်သို့ရောက်မှ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

 

 

(အနီးကပ်မြင်ကွင်း)

 

 

ကျောင်းတော်ဝန်းတွင် မုဒ်ဦးများ၊ ဘုရားကျောင်း၊ လှိုဏ်ဂူများ၊ ဗိမာန်များ၊ ဝတ်ပြုဆောင်များအပြင် အခြားအရာများစွာလည်းရှိသေးသည်။

ကျောင်းတော်ဝန်းတွင် နံရံဆေးရေးပန်းချီများ၊ ရုပ်တုများ၊ စမ်းချောင်းတစ်ခုနှင့် ခမ်းနားသော ရှုမျှော်ခင်းများ လည်း တွေ့ရမည် ဖြစ်သည်။

ဘူတန်ရိုးရာဓလေ့ဖြစ်သော အဝိဇ္ဇာနှင့် အမှောင်ခွင်းရန် ရည်ရွယ်ချက်ဖြင့် ထွန်းညှိကြသော ထောပတ်ဆီမီး ထွန်းခြင်းကိုလည်း ဆန္ဒရှိပါက ထွန်းညှိသွားနိုင်သည်။

(လည်ပတ်သူတို့၏ ကျင့်ဝတ်)

ကျောင်းတော်သို့ ဝင်ချိန်တွင် လုံလုံခြုံခြုံ ဝတ်ဆင်သွားသင့်သည်။ မည်သည့်ကျောင်းသို့ ဝင်သည်ဖြစ်စေ ဦးထုပ်နှင့် ဖိနပ်များ ချွတ်ရမည် ဖြစ်သည်။

အထွတ်အမြတ်နေရာများတွင် ဓာတ်ပုံရိုက်ခြင်း ဆင်ခြင်ရမည်ဖြစ်သည်။

 

 

(အကယ်၍ သင့်အနေဖြင့် တောင်တက်ဝတ်စုံဖြစ်သော ဘောင်းဘီရှည်နှင့် အင်္ကျီလက်ရှည်များ ဝတ်ဆင်ထား သည်ဆိုပါက ကျားသိုက်ကျောင်းတော်သို့ ဝင်ရန် သင့်လျှော်သည့် ဝတ်စားဆင်ယင်မှု ဖြစ်သည်။)

 

 

(ဘယ်အချိန် လည်ပတ်ဖို့အကောင်းဆုံးလဲ။)

 

အကယ်၍ သင့်အနေဖြင့် နှင်းများ၊ ရေခဲများ သည်းထန်စွာကျရောက်ကာ အလွန်အေးသော ရာသီဥတုကို ရှောင်ရှားလိုပါက ဒီဇင်ဘာမှ ဖေဖော်ဝါရီအထိ ဆောင်းကာလများတွင် မသွားပါနှင့်။

ဇူလိုင်မှစက်တင်ဘာအထိ ကာလသည်လည်း မုတ်သုန်ရာသီဖြစ်ရာ သွားရောက်ရန် မသင့်တော်သေးချေ။

မိုးရာသွန်းမှုကြောင့် နေရာများစွာတွင် ဗွက်များထကာ လမ်းချော်နိုင်ပါသည်။

ကျားသိုက်ကျောင်းတော်အပြင် ဘူတန်နိုင်ငံရှိ အခြားနေရာများသို့ သွားရောက်လည်ပတ်ရန် အကောင်းဆုံး အချိန်များမှာ နွေကာလဖြစ်သော မတ်လမှမေလလယ်နှင့် ဆောင်းဦးကာလဖြစ်သော စက်တင်ဘာလကုန်မှ နိုဝင်ဘာလအထိဖြစ်ပြီး ထိုကာလများသည် ခြောက်သွေ့ကာ ရာသီဥတုမအေးလွန်းချေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

ဗုဒၶက ဗ်ာဒိတ္ေပးခဲ့သည့္ ပဒၵမာသမၻဝ တရားအားထုတ္ခဲ့ေသာ ဘူတန္မွ လူသူေပါက္ေရာက္ရန္ ခက္ခဲသည့္ ေခ်ာက္ကမ္းပါးနံရံမွ က်ားသိုက္ဂူ

 

ဂုရု Rinpoche ဟုလည္း လူသိမ်ားေသာ ပဒၵမာသမၻဝသည္ ၈ ရာစုမွ ၉ ရာစုၾကားေပၚေပါက္ခဲ့ေသာ အိႏိၵယ တႏၱရ ဗုဒၶဘာသာဘုန္းေတာ္ၾကီးတစ္ပါးျဖစ္ျပီး တိဗက္တြင္ ဗုဒၶဘာသာပ်ံ႕ပြားေစခဲ့သူလည္း ျဖစ္သည္။

တိဗက္ဗုဒၶဘာသာတြင္ ပဒၵမာသမၻဝကို ဗုဒၶက ဗ်ာဒိတ္ေပးခဲ့သည့္ ဘုရားေလာင္းျဖစ္သည္ဟု ယံုၾကည္ၾကသည္။

ပဒၵမာသမၻဝကို တိဗက္၊ နီေပါ၊ ဘူတန္ႏွင့္ ဟိမဝႏၱာေတာင္တန္းၾကီးဝန္းက်င္ရွိ အိႏိၵယျပည္နယ္မ်ားမွ ဗုဒၶဘာသာဝင္မ်ားက ကိုးကြယ္ၾကသည္။

(က်ားသိုက္ကို ဘယ္လိုသြားမလဲ သိဖြယ္ရာမ်ား)

က်ားသိုက္သည္ အလြန္သာယာလွပျပီး ေခ်ာက္ကမ္းပါးနံရံတြင္ ျပဳတ္က်လာမည္ထင္ရမတတ္ အသဲယားဖြယ္ ေဆာက္လုပ္ထားသည့္ ဗုဒၶဘာသာဘုန္းေတာ္ၾကီးေက်ာင္းျဖစ္ကာ ခရီးသြားတိုင္း သြားလိုေသာ ေနရာမ်ားတြင္ ပါဝင္သည္။

ထိုေက်ာင္းေတာ္သို႔ သြားေရာက္လည္ပတ္ရန္အတြက္ စီစဥ္မည္ဆိုလွ်င္ လိုအပ္မည့္ အေသးစိတ္ အခ်က္အလက္ အားလံုးကို ေဖာ္ျပေပးသြားမည္ျဖစ္ရာ မည္သို႔ သြားမည္၊ ေျခလ်င္ခရီး မည္မွ်ၾကာျမင့္မည္ႏွင့္ လိုက္နာရမည့္က်င့္ဝတ္တို႔ပါဝင္မည္ ျဖစ္သည္။

(က်ားသိုက္ ဘာလဲ)

က်ားသိုက္သည္ ဗုဒၶဘာသာဘုန္းေတာ္ၾကီးေက်ာင္းျဖစ္ျပီး ဘူတန္ႏိုင္ငံအေနာက္ပိုင္းရွိ ေခ်ာက္ကမ္းပါးနံရံ တစ္ခုတြင္ ကတ္သီးကတ္သတ္ေဆာက္လုပ္ထားေသာ ေက်ာင္းျဖစ္သည္။

ဘုန္းေတာ္ၾကီးေက်ာင္းဝန္းေနရာသည္ Paro ေတာင္ၾကားမွ မီတာ ၉၀၀ အျမင့္ရွိ က်ဥ္းေျမာင္းေသာ အငူစြန္းမ်ားႏွင့္ ဂူမ်ားအတြင္းတြင္ တည္ရွိျခင္း ျဖစ္သည္။

က်ားသိုက္ရွိရာသို႔ ေပါက္သည့္လမ္းမရွိ။ မက္ေစာက္ေသာ လမ္းတစ္ခုမွ တြယ္တက္ျခင္းျဖင့္သာ ေရာက္ရွိႏိုင္သည္။

က်ားသိုက္သို႔သြားရန္ ၾကိဳးပမ္းအားထုတ္မႈမ်ားစြာလိုအပ္သည္။ သို႔ေသာ္ ေတာင္တက္လမ္းတစ္ေလွ်ာက္မွာ သာယာလွပျပီး Paro ေတာင္ၾကား၏ ရႈေမွ်ာ္ခင္းမ်ားကို တိမ္းမူးဖြယ္ရာ တေမွ်ာ္တေခၚ ေတြ႔ျမင္ရမည္ ျဖစ္၏။

(က်ားသိုက္သို႔ ေတာင္တက္ခရီးသြားေနၾကသည့္ Follow Alice အုပ္စု)

(က်ားသိုက္၏ အျခားအမည္မ်ား)

ႏိုင္ငံျခားသားမ်ားအၾကားတြင္ က်ားသိုက္ (သို႔မဟုတ္) က်ားသိုက္ဘုန္းေတာ္ၾကီးေက်ာင္းကို ေအာက္ပါအမည္ မ်ားျဖင့္လည္း လူသိမ်ားသည္။

* Taktshang Goemba

* Paro Taktsang

* Taktsang Palphug Monastery

က်ားသိုက္သည္ က်ားရဲဂူမ်ားဟု ေခၚၾကေသာ ဂူ ၁၃ ခုအနက္တြင္ တစ္ခုပါဝင္သည္။

တိဗက္ေဒသတြင္ ဒုတိယဗုဒၶဟု တင္စားၾကသူ ပဒၵမာ သမၻဝသည္ အဆိုပါဂူတြင္ ၉ ရာစုႏွစ္အေစာပိုင္းက ထြက္ရပ္ေပါက္က်င့္စဥ္မ်ား က်င့္ၾကံအားထုတ္သြားခဲ့သည့္ေနရာျဖစ္သည္။

ဤေနရာသည္ ေရွးယခင္က တိဗက္ပိုင္နက္တြင္ ပါဝင္ခဲ့၏။

(Paro ေတာင္ၾကားရွိ ေခ်ာက္ကမ္းပါးနံရံတြင္ ေဆာက္လုပ္ထားေသာ က်ားသိုက္)

(က်ားသိုက္ဘယ္မွာရွိလဲ)

က်ားသိုက္ ေက်ာင္းေတာ္ေနရာမွာ ဘူတန္ႏိုင္ငံ အေနာက္ပိုင္းတြင္ တည္ရွိသည္။

Paro ျမိဳ႕၏ အေနာက္ေျမာက္ဘက္ ၁၀ ကီလိုမီတာခန္႔အကြာတြင္ တည္ရွိ၏။

က်ားသိုက္သို႔ သြားမည့္သူမ်ားအတြက္ Paro သည္ အေျခစိုက္တည္းခို္ရန္ အေကာင္းဆံုးေနရာျဖစ္ျပီး ထိုျမိဳ႕မွ က်ားသိုက္သုိ႔ တစ္ေန႔ခရီးသာရွိသည္။

ဘူတန္သို႔ Paro ႏိုင္ငံတကာေလဆိပ္မွ လာေရာက္သူမ်ားအေနျဖင့္ က်ားသိုက္သို႔ လည္ပတ္ရန္ မ်ားစြာ မသြားရေခ်။

(လာေရာက္လည္ပတ္သူေတြအတြက္ ဘယ္အခ်ိန္မွာ ဝင္ခြင့္ေပးလဲ)

က်ားသိုက္သို႔ တစ္ႏွစ္ပတ္လံုး သြားေရာက္လည္ပတ္ႏိုင္သည္။

ေအာက္တိုဘာလမွ မတ္လအထိ လာေရာက္လည္ပတ္သူမ်ားအေနျဖင့္ မနက္ ၉ နာရီမွ ညေန ၄ နာရီအထိ ဝင္ေရာက္ႏိုင္ျပီး ဧျပီလမွ စက္တင္ဘာအၾကားတြင္မူ ညေန ၅ နာရီအထိ ဝင္ခြင့္ေပးသည္။

(ဝင္ေၾကး ဘယ္ေလာက္ေပးရလဲ)

ႏိုင္ငံျခားသားမ်ားအေနျဖင့္ က်ားသိုက္သို႔ ဝင္ေၾကးေပးရန္ မလိုေခ်။ ေန႔စဥ္ဗီဇာေၾကးတြင္ ပါဝင္ျပီး ျဖစ္သည္။

SAARC ႏိုင္ငံမ်ားမွ ႏိုင္ငံသားမ်ားအေနျဖင့္မူ ဝင္ေၾကးေပးရန္ လိုသည္။

(မွတ္ခ်က္။ SAARC မွာ ေတာင္အာရွႏိုင္ငံမ်ား ေဒသတြင္း ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႔ကို ဆိုလိုျခင္းျဖစ္ျပီး အာဖဂန္နစၥတန္၊ ဘဂၤလားေဒ့ရွ္၊ ဘူတန္၊ အိႏိၵယ၊ ေမာ္လ္ဒိုက္၊ နီေပါ၊ ပါကစၥတန္ႏွင့္ သီရိလကၤာႏိုင္ငံမ်ား ပါဝင္သည္)

 

(လွပေသာ Paro ျမိဳ႕ေလး၏ ေကာင္းကင္ျမင္ကြင္း)

(ေတာင္တက္ခရီး ဘယ္ေလာက္ၾကာလဲ၊ ဘယ္ေလာက္ခက္လဲ)

က်ားသိုက္သို႔ သြားရာလမ္းမွာ ၃ ကီလိုမီတာ ( ၂ မိုင္) ခန္႔ရွိရာ အသြားအျပန္ ၆ ကီလိုမီတာ (၄ မိုင္) သြားရ မည္ ျဖစ္သည္။ က်ားသုိက္ဘုန္းေတာ္ၾကီးေက်ာင္းသို႔ သြားရန္ လမ္းတစ္ခုတည္းသာ ရွိသည္။

ေတာင္တက္လမ္းျဖစ္ရာ ၾကာခ်ိန္မွာ ၂ နာရီမွ ၃ နာရီၾကားအထိ တက္ရသည္။

ၾကာခ်ိန္မွာ သင္၏ ေျခလွမ္းႏွင့္ လမ္းတြင္မည္မွ်နားသည္ဟူေသာအခ်က္မ်ားအေပၚ မူတည္သည္။

ေတာင္တက္လမ္းေနရာအမ်ားစုမွာ မတ္ေစာက္ျပီး တစ္ႏွစ္ပတ္လံုး ေခ်ာ္က်ႏိုင္သည့္လမ္းမ်ား ျဖစ္သည္။

ေျခလွမ္းတိုင္းကို သတိထားဂရုစိုက္ရမည္ျဖစ္ျပီး သင့္အေနျဖင့္ ေျခမျမဲပါက လမ္းေလွ်ာက္တုတ္ ေဆာင္သြား သင့္သည္။

(က်ားသိုက္သို႔ တက္သည့္ လွပေသာ လမ္းပိုင္းတစ္ေနရာ)

(လမ္းညႊန္လိုလား)

က်ားသိုက္သို႔ တက္ရန္ လမ္းညႊန္မလိုပါ။ အဆိုပါေနရာသည္ လူသိမ်ားျပီး သြားလာသူ ေပါမ်ားလွေသာ လမ္းျဖစ္သည္။

သို႔ေသာ္ သင္၏ ခရီးစဥ္အတြင္း ဘူတန္ခရီးသြားလမ္းညႊန္တစ္ဦးပါဝင္လိမ့္မည္ျဖစ္ျပီး အပိုေၾကးေပးရန္ မလိုေပ။

ဘူတန္သို႔ လာေရာက္သည့္ ကမၻာလွည့္ခရီးသည္တုိင္းကို ၎တို႔ေနထုိင္စဥ္ကာလအတြင္း ဧည့္လမ္းညႊန္ တစ္ဦး ေပးထားပါသည္။

(ေတာင္တက္လမ္းအေၾကာင္း)

က်ားသိုက္သို႔ ေတာင္တက္ခရီးမွာ အလြန္သာယာလွပသည္။ လမ္းခရီးတစ္ေလွ်ာက္ တစ္သက္တာမေမ့ႏိုင္ဖြယ္ေနရာ မ်ားစြာရွိသည္။ ေတာင္တက္လမ္းမွာ ပင္လယ္ေရမ်က္ႏွာျပင္အထက္ ၂၆၀၀ မီတာအျမင့္တြင္ စတင္သည္။

အခ်ဳိ႕ေသာ ခရီးသြားတို႔မွာ ေတာင္ေပၚလမ္းတစ္ဝက္အထိ ျမင္းျဖင့္ တက္ေလ့ရွိသည္။

ေျခလ်င္ခရီးတက္ၾကမည့္သူမ်ားအေနျဖင့္ လမ္းသြယ္ေလးမ်ားမွတဆင့္သြားမည္ဆိုပါက ဖုန္လံုးမ်ားကို ေရွာင္ရွားႏိုင္မည္ ျဖစ္သည္။

လမ္းအမ်ားစုမွာ လွပေသာ အျပာေရာင္ ထင္းရွဴးေတာထဲမွ ျဖတ္ရသည္။

ေတာအုပ္ထဲရွိ အပင္မ်ားအၾကား ခ်စ္စရာ ရႈခင္းၾကည့္ေနရာမ်ား ရွိသည္။

ေနျပင္းျပင္းကို ေရွာင္လိုပါက မနက္ေစာေစာ ေတာင္တက္ပါ။ သုိ႔ေသာ အျခားတစ္ဖက္မွၾကည့္လွ်င္လည္း မြန္းလြဲခ်ိန္ကာလမ်ားမွာ ဓာတ္ပံုရိုက္ရန္ အလင္းေကာင္းေကာင္းရေလ့ရွိသည္။

ထို႔ေၾကာင့္ မိမိႏွစ္သက္ရာ ဆံုးျဖတ္ပါ။ သို႔ေသာ္ မည္သည့္အခ်ိန္တြင္ သြားသည္ျဖစ္ေစ ဦးထုတ္တစ္လံုးႏွင့္ ေသာက္ေရေဆာင္သြားပါ။

 

(က်ားသိုက္သို႔ ေတာင္တက္ခရီးတြင္ ေတြ႔ရမည့္ ထင္းရွဴးျပာ ေတာအုပ္)

လမ္းခရီးတစ္ေလွ်ာက္တြင္ ဘုရားရွိခို္းဆုေတာင္းရာေနရာ အမ်ားအျပား ျဖတ္ေက်ာ္လာရမည္ ျဖစ္သည္။

ထိုသို႔ လမ္းတစ္ေလွ်ာက္ေတြ႔ရမည့္အရာမ်ားတြင္ ဆုေတာင္းဘီးမ်ားလည္း ပါဝင္သည္။

ဆုေတာင္းဘီးမ်ားသည္ တိဗက္ဗုဒၶဘာသာ၏ ရိုးရာဓေလ့တစ္ခုျဖစ္ျပီး ဆုေတာင္းဘီးတစ္ခုစီတိုင္းတြင္ မႏၱန္မ်ား ေရးထိုးထားသည္။

အမ်ားအားျဖင့္ ေရးထားေလ့ရွိသည့္ မႏၱန္မွာ ဥံဳ မဏိပဒ္ေမဟုမ္ ျဖစ္သည္။

ထိုဆုေတာင္းဘီးမ်ားကို လက္ျဖင့္လွည့္ျခင္းသည့္ ႏႈတ္မွဂါထာရြတ္သည့္အတိုင္း ထပ္တူ အက်ဳိးခံစားရသည္ဟု တိဗက္တို႔က ယံုၾကည္သည္။

မီတာ ၃၁၄၀ အျမင့္သို႔ေရာက္လွ်င္ သစ္ပင္မ်ားအၾကား ေခတၱနားေနရန္ ေနရာတစ္ခု ရွိျပီးထိုုမွတဆင့္ က်ားသိုက္ ေက်ာင္းေတာ္၏ ျမင္ကြင္းကို အေဝးမွ လွမ္းေမွ်ာ္ေတြ႔ရမည္ ျဖစ္သည္။

ထိုျမင္ကြင္းမွာ အင္တာနက္ဓာတ္ပံုေပါင္းမ်ားစြာတြင္ သင္ေတြ႔ခဲ့ရသည့္ ျမင္ကြင္းအေနအထား ျဖစ္သည္။

ေက်ာင္းေတာ္ကို ေတြ႔ရျပီဆိုေသာ္လည္း ေတာင္ၾကား၏ အျခားဘက္အျခမ္းတြင္ျဖစ္ရာ ထိုေနရာသို႔ေရာက္ရန္ ေရတံခြန္ကို ျဖတ္သန္းသြားေရာက္ရဦးမည္ ျဖစ္၏။

 

(က်ားသိုက္ေက်ာင္းေတာ္၏ ဂႏၳဝင္ေျမာက္ျမင္ကြင္း)

က်ားသိုက္ေက်ာင္းေတာ္မွာ အျမင့္ ၃၁၂၀ မီတာတြင္ တည္ရွိကာ အဆင့္ဆင့္ အဆင္းအတက္မ်ားစြာ ျပဳကာ တက္ရမည္ ျဖစ္သည္။

ဘူတန္သို႔ ေရာက္ရွိျပီး ေနာက္တစ္ေန႔တြင္ က်ားသုိက္သို႔ တက္ရန္ ၾကိဳးစားသူမ်ားအေနျဖင့္ ရႏိုင္သည္။

ထို႔ေၾကာင့္ အျမင့္ေဒသႏွင့္ လံုေလာက္စြာ သဟဇာတျဖစ္ေအာင္ ဘူတန္တြင္ ရက္အနည္းငယ္ေနထိုင္ျပီးမွ က်ားသိုက္သို႔ တက္ရန္ စီစဥ္သင့္သအျမင့္ေဝဒနာ ခံစားရႏိုင္သည္။

(ဘုန္းေတာ္ၾကီးေက်ာင္း)

ဓာတ္ပံုမ်ားတြင္ ျမင္ရသည့္အတိုင္း က်ားသိုက္သည္ အေဆာက္အအံုတစ္ခုတည္း မဟုတ္။

အေဆာက္အအံုမ်ားစြာပါဝင္ေသာ ဝန္းတစ္ခုျဖစ္ျပီး အနိမ့္အျမင့္အဆင့္ဆင့္ တည္ရွိေနကာ ၎တု႔ိကို ေလွ်ာက္လမ္းမ်ား၊ ေလွကားထစ္မ်ား၊ ေလွကားမ်ား၊ တံတားမ်ားျဖင့္ ဆက္သြယ္ထားသည္။

ေက်ာင္းေတာ္ေနရာမွ လႈိဏ္ဂူတြင္ ခရစ္ႏွစ္ ၈၀၀ ျပည့္လြန္ကာလမ်ား၌ ပဒၵမာ သမၻဝ တရားအားထုတ္ က်င့္ၾကံမႈမ်ား ျပဳလုပ္ခဲ့ျပီးေနာက္ပိုင္း လူသိမ်ားေက်ာ္ၾကားလာခဲ့ကာ ယင္းေနာက္ပိုင္း ရာစုႏွစ္မ်ားတြင္ ဘုရားဖူးရာေနရာတစ္ခု ျဖစ္လာသည္။

က်ားသိုက္ဘုန္းေတာ္ၾကီးေက်ာင္းမွာမူ ၁၆၉၂ ခုႏွစ္သို႔ေရာက္မွ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

(အနီးကပ္ျမင္ကြင္း)

ေက်ာင္းေတာ္ဝန္းတြင္ မုဒ္ဦးမ်ား၊ ဘုရားေက်ာင္း၊ လႈိဏ္ဂူမ်ား၊ ဗိမာန္မ်ား၊ ဝတ္ျပဳေဆာင္မ်ားအျပင္ အျခားအရာမ်ားစြာလည္းရွိေသးသည္။

ေက်ာင္းေတာ္ဝန္းတြင္ နံရံေဆးေရးပန္းခ်ီမ်ား၊ ရုပ္တုမ်ား၊ စမ္းေခ်ာင္းတစ္ခုႏွင့္ ခမ္းနားေသာ ရႈေမွ်ာ္ခင္းမ်ား လည္း ေတြ႔ရမည္ ျဖစ္သည္။

ဘူတန္ရိုးရာဓေလ့ျဖစ္ေသာ အဝိဇၨာႏွင့္ အေမွာင္ခြင္းရန္ ရည္ရြယ္ခ်က္ျဖင့္ ထြန္းညွိၾကေသာ ေထာပတ္ဆီမီး ထြန္းျခင္းကိုလည္း ဆႏၵရွိပါက ထြန္းညွိသြားႏိုင္သည္။

(လည္ပတ္သူတို႔၏ က်င့္ဝတ္)

ေက်ာင္းေတာ္သို႔ ဝင္ခ်ိန္တြင္ လံုလံုျခံဳျခံဳ ဝတ္ဆင္သြားသင့္သည္။ မည္သည့္ေက်ာင္းသို႔ ဝင္သည္ျဖစ္ေစ ဦးထုပ္ႏွင့္ ဖိနပ္မ်ား ခၽြတ္ရမည္ ျဖစ္သည္။

အထြတ္အျမတ္ေနရာမ်ားတြင္ ဓာတ္ပံုရိုက္ျခင္း ဆင္ျခင္ရမည္ျဖစ္သည္။

(အကယ္၍ သင့္အေနျဖင့္ ေတာင္တက္ဝတ္စံုျဖစ္ေသာ ေဘာင္းဘီရွည္ႏွင့္ အက်ီ ၤလက္ရွည္မ်ား ဝတ္ဆင္ထား သည္ဆိုပါက က်ားသိုက္ေက်ာင္းေတာ္သို႔ ဝင္ရန္ သင့္ေလွ်ာ္သည့္ ဝတ္စားဆင္ယင္မႈ ျဖစ္သည္။)

(ဘယ္အခ်ိန္ လည္ပတ္ဖို႔အေကာင္းဆံုးလဲ။)

အကယ္၍ သင့္အေနျဖင့္ ႏွင္းမ်ား၊ ေရခဲမ်ား သည္းထန္စြာက်ေရာက္ကာ အလြန္ေအးေသာ ရာသီဥတုကို ေရွာင္ရွားလုိပါက ဒီဇင္ဘာမွ ေဖေဖာ္ဝါရီအထိ ေဆာင္းကာလမ်ားတြင္ မသြားပါႏွင့္။

ဇူလိုင္မွစက္တင္ဘာအထိ ကာလသည္လည္း မုတ္သုန္ရာသီျဖစ္ရာ သြားေရာက္ရန္ မသင့္ေတာ္ေသးေခ်။

မိုးရာသြန္းမႈေၾကာင့္ ေနရာမ်ားစြာတြင္ ဗြက္မ်ားထကာ လမ္းေခ်ာ္ႏိုင္ပါသည္။

က်ားသိုက္ေက်ာင္းေတာ္အျပင္ ဘူတန္ႏုိင္ငံရွိ အျခားေနရာမ်ားသုိ႔ သြားေရာက္လည္ပတ္ရန္ အေကာင္းဆံုး အခ်ိန္မ်ားမွာ ေႏြကာလျဖစ္ေသာ မတ္လမွေမလလယ္ႏွင့္ ေဆာင္းဦးကာလျဖစ္ေသာ စက္တင္ဘာလကုန္မွ ႏိုဝင္ဘာလအထိျဖစ္ျပီး ထိုကာလမ်ားသည္ ေျခာက္ေသြ႔ကာ ရာသီဥတုမေအးလြန္းေခ်။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref:   All you need to know to hike to Tiger's Nest  (followalice)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service