ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
ဇရာဆိုတာကြီးကို လက်မခံချင်သော်လည်း တဖြည်းဖြည်းရောက်လာသည်။ပြည့်တင်းခြင်းတွေက လျော့ရဲလာသည်။သန်မာခြင်းတွေက တုန်ချည့်လို့လာသည်။ကောင်းကင်မှာတိမ်ညိုတို့ ကြီးစိုးလာသည်။ မြေပြင်မှာ အမှောင်ရိပ်တို့ယှက်သိုင်းပေတော့မည်။ထို့နောက် မကြာခင်နေဝင်ပေတော့မည်။
နောက်ကိုပြန်ကြည့်တော့ လွမ်းလောက်ဖွယ်တို့က နည်းပါးလှသည်။နည်းပါးသော်လည်း ဖြတ်သန်းခဲ့သည့် ခရီးတွင် ကိုယ့်အလွမ်းနှင့်ကိုယ်…လွမ်းရသည်တို့ကို လွမ်းမိခြင်းသာဖြစ်သည်။ဂုဏ်ယူဖွယ်ကောင်းသော အလွမ်းတို့သာ ပြောပလောက်အောင် မရှိခြင်းဖြစ်သည်။ဘာမှမဟုတ်သည့်အရာလေးများကိုပင် လွမ်းနေမိ သည်။
ရှင်သန်ဖြတ်သန်းခဲ့သည့် အချိန်ကာလတလျှောက် သမိုင်းကပေးသည့် တာဝန်၊ ခေတ်ကပေးသည့် တာဝန်များကို ဘယ်လောက်ဝင်ပြီးထမ်းခဲ့ဘူးလဲမေးခဲ့လျှင်။ ပြောရရင်တော့ သိပ်ပြီးအားရဖွယ်တော့မရှိခဲ့ပေ။ မပွင့်လင်းသောခေတ်တွင် မသိခြင်းတွေကများသည်။မသိခြင်းတွေထဲ မမှန်တာတွေကို အမြဲကြားခဲ့ရပြီး ထိုမမှန်ခြင်းတွေကိုပင် အမှန်လို့ထင်ခဲ့ဘူးသည်။
ကိုယ်ကြိုက်တာကိုလုပ်ခဲ့သည်။ကိုယ်ယုံကြည်တာကို လက်ခံခဲ့သည်။ငယ်သူတွေနဲ့လည်းပေါင်းသည်။ ရွယ်တူတွေနှင့်လည်းပေါင်းသည်။မိမိထက်နှစ်ပြန် နှစ်ဆကြီးသူတွေနှင့် ပိုပြီးပေါင်းဖြစ် စကားပြောဖြစ်သည်။
နုငယ်စဉ်က လူပျိုကြီးသူတွေနဲ့ပေါင်းတော့ မဟုတ်တမ်းတရားနှင့် အယုတ်ညမ်းဆုံးစကားများကိုလည်း ကြားခဲ့ရသည်။ မိမိက သူတို့အရွယ်ရောက်လာတော့ သူတို့စကားတွေပြန်ဖောက်သည်ချသူအဖြစ် တဖန်ပြန်ဖြစ်လာခဲ့ ရသည်။ ဖရုဿဝါစာတွေကို မြိန်ရေရှက်ရေနှင့် ပြောခဲ့ဘူးသည်။ဒီလိုပြောရတာကို အဟုတ်ကြီးတွေ ထင်ခဲ့ဘူးသည်။
လူလတ်ပိုင်းရောက်လာတော့ လုပ်ငန်းခွင်မှာတွေ့သူတွေနှင့်ပေါင်းဖြစ်သည်။ လုပ်ငန်းခွင်အရေးနှင့် သမီးရည်းစားအရေးများကို ရောယှက်ကာပြောကြသည်။ဝင်ငွေရသည့် အလုပ်ကိုလုပ်ရင်း ကိုယ့်ဝါသနာတွေကို ပိုပြီးအလေးထားကာ အလုပ်တစ်ခုအဖြစ် လုပ်ဖြစ်သည်။ ငွေရသည့်အလုပ်နှင့် ဝါသနာက လွန်စွာခြားနားသည်။
ငယ်ပေါင်းတွေကို အမှတ်ထင်ထင်သတိရသည်။ထို့အတူ တက္ကသိုလ်တက်တုန်းက သူငယ်ချင်းများနှင့် အလုပ်စလုပ်သည့် လူငယ်တစ်ပိုင်း လူကြီးတစ်ပိုင်း အရွယ်တွင် ခင်မင်ခွင့်ရခဲ့ကြသော သူငယ်ချင်း မိတ်ဆွေများကိုလည်း သတိရသည်။
လူငယ်လည်းမက လူကြီးလည်းမဖြစ်သေးခင် ဆုံခဲ့ကြရသည့် သူငယ်ချင်းများနှင့် ပိုပြီးတွေ့ဖြစ်မှုမျာသည်။ သူတို့ကဆုံတွေ့ဖို့ချိန်းတိုင်း ပြောမနာဆိုမနာ စကားတို့ပြောဖြစ်သည်။နှစ်အတော်ကြာအောင်ပေါင်းဖြစ်တော့ ခင်မင်သံယောဇဉ်ကပိုခိုင်မြဲကြသည်။
တချို့က သူများဝန်ထမ်းအဖြစ်နှင့်ဆက်လုပ်နေသည်။တချို့ကနိုင်ငံခြားထွက်ကြသည်။တချို့လည်း ပိုပြီးလစာကောင်းသည်ဟု ယူဆသောနေရာများသို့ပြောင်းပြီး အလုပ်လုပ်ကြသည်။အိမ်ထောင်ကျသူတွေလည်း ကျကြသည်။
နိုင်ငံခြားကပြန်မလာဘဲ နှစ်ပေါင်းများစွာ လုပ်ကိုင်နေသည့် သူငယ်ချင်းတွေလည်းရှိသည်။ သင်္ဘောတက်သူ တွေလည်းရှိသည်။တချို့လည်း အရင်းအနှီးရအောင်ရှာပြီး ကိုယ်မြေမှာပြန်ပြီး လုပ်ငန်းတွေထူထောင် လုပ်ကိုင်ကြသည်။
ဒီလိုနှင့်တချို့က လုပ်ငန်းရှင်တွေ ဖြစ်လာကြသည်။ကြီးပွားသူတို့ကြီးပွားလို့ ၊ချို့တဲ့သူတွေကလည်း ချို့တဲ့နေကြသေးသည်။ကိုယ့်အိမ်ကိုယ့်ရာနှင့်တည်တည်တံ့တံ့ဖြစ်သူတွေလည်းဖြစ်ကုန်သည်။အခြေတကျ မရှိဘဲ ဟိုပြောင်းဒီရွေ့လုပ်နေရသူတွေလည်းရှိနေသေးသည်။ ဘဝတွေပြဋ္ဌာန်းချက်ခြင်းမတူကြချေ။ လုပ်ဆောင်ချက်တို့၏ ရလဒ်အတိုင်းသာ ဖြစ်ရမည်ကိုနားလည်သည်။
သင်္ဘောတက်သူရော၊နိုင်ငံခြားကပြန်လာသူရော ဒီမှာကျန်ခဲ့သူတွေနှင့် ပြန်လာလို့တွေ့ကြရင် ငါကဘာမို့လို့ မင်းကဘာမို့လို့ဆိုပြီး အထာမကိုင်ကြပါဘူး။ ချစ်ဖွယ်ရာကောင်းလောက်အောင် ငယ်နုစဉ်ကအတိုင်းပင် ခင်မင်လျက်ပင်ရှိကြသည်။
ဒီလိုနှင့် အချိန်တွေကြာပြီးသည့်နောက်တွင် ဆုံတွေ့ကြဖို့ချိန်းဖြစ်သည်။ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်တော့ ငယ်ရွယ်နုပျိုခြင်းတွေ ယုတ်လျော့နေပြီဆိုတာကိုတွေ့ရသည်။ ဦးခေါင်းပိုင်းမှာ အသိသာဆုံးက ပါးစုန့်တွေထွက်ပြီး မေးစေ့အောက်က အရေပြားတို့က တင်းကပ်မနေဘဲ ဖောင်းတွဲလို့လာနေကြသည်။ ဂုတ်မှာပေါ်လာသည့် အရစ်အဖောင်းတို့က ဇရာထောင်းခြင်း၏ တစ်စိတ်တစ်ပိုင်းကို လှစ်ပြနေပါသည်။
ကျစ်လစ်ပါးလှပ်မှုတွေထက် ဖောသွပ်ဖောင်းပွခြင်းတွေက ပေါ်လွင်နေသည်။ပေါ့ပါးသွက်လက်ခြင်းတွေအစား သတိထားပြီးရွေ့လျားနေကြရသည်။
ဆံပင်မွေး၊နှာခေါင်းမွေး၊မုတ်ဆိပ်မွေးတို့တွင် အဖြူရောင်တို့ရောယှက်နေကြပါပြီ။အင်း..ပြောရရင်တော့ ဘယ်နေရာမှာပေါက်သည့် အမွေးဖြစ်ဖြစ် အဖြူတို့ရောစွက်နေပါပြီ။အောက်ငုံ့ကြည့်ကြည့်၊အပေါ်ကို မော့ကြည့်ကြည့် ခန္ဓာကတရားပြလာသည်။
ကိုယ့်ခန္ဓာကိုယ်က သဘာဝအလျောက် တရားပြလာသော်လည်း သံယောဇဉ်ဆိုသည့် အကာအရံကြိုးများက တရားကို ဖယ်ခွာနေစေသည်။သံယောဇဉ်တဏှာများအတွက် အပူတပြင်းရှိနေခြင်းကြောင့် နှလုံးသားတို့မှာ မဖွေးလက်နိုင်၊နှလုံးသားတို့ဖြူဖွေးတောက်ပြောင်ဖို့အတွင် အချိန်မရှိခဲ့။ လောဘနှင့်ရှာဖွေပူလောင်နေရခြင်း တို့ကြောင့် မဖြူလိုသော အမွေးအတောင်တို့သာဖွေးလက်ကုန်သည်။
တဖြည်းဖြည်းနှင့် နေလုံးကြီးက ငုပ်လျှိုးနေပေပြီ။တိမ်ထု၏နောက်မှ နေ၏အရောင်က ဆည်းဆာကို အထွန်းတောက်ဆုံးလင်းပြနေပေသည်။သို့သော်လည်း သင်္ခါရသဘောအရတော့ သူလည်းပျက်သုဉ်း ရပေဦးမည်။
ဘယ်သူတွေ ဘယ်လောက်ထွန်းလင်းခဲ့လဲ၊ဘယ်လောက်ကြွယ်ဝခဲ့လဲ၊ မာနတွေ၊အတ္တတွေ၊ မနာလိုခြင်းတွေ၊ ရယူခြင်းတွေ၊စာနာခြင်းတွေ၊ပေးဆပ်ခြင်းတွေ၊ကောင်းခြင်းဆိုးခြင်းတွေက ကိုယ့်ရဲ့သမိုင်းစာမျက်နှာမှာ ကိုယ်ကိုယ်တိုင် နေမဝင်ခင်ရေးထိုးကြရတာပါ။နေဝင်ပြီဆိုရင်တော့ ဖျက်လို့ပြင်လို့မရတော့ဘူးဆိုတာလေးကို တွေးရင်းနဲ့ အလင်းရောင်တို့ အားပျော့လာပါပြီ။သင့်အတွက်…အမှောင်တို့ …မကြာမီ….။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ေနမဝင္ခင္အေတြးမ်ား
ဇရာဆိုတာႀကီးကို လက္မခံခ်င္ေသာ္လည္း တျဖည္းျဖည္းေရာက္လာသည္။ျပည့္တင္းျခင္းေတြက ေလ်ာ့ရဲလာသည္။သန္မာျခင္းေတြက တုန္ခ်ည့္လို႔လာသည္။ေကာင္းကင္မွာတိမ္ညိဳတို႔ ႀကီးစိုးလာသည္။ ေျမျပင္မွာ အေမွာင္ရိပ္တို႔ယွက္သိုင္းေပေတာ့မည္။ထို႔ေနာက္ မၾကာခင္ေနဝင္ေပေတာ့မည္။
ေနာက္ကိုျပန္ၾကည့္ေတာ့ လြမ္းေလာက္ဖြယ္တို႔က နည္းပါးလွသည္။နည္းပါးေသာ္လည္း ျဖတ္သန္းခဲ့သည့္ ခရီးတြင္ ကိုယ့္အလြမ္းႏွင့္ကိုယ္…လြမ္းရသည္တို႔ကို လြမ္းမိျခင္းသာျဖစ္္သည္။ဂုဏ္ယူဖြယ္ေကာင္းေသာ အလြမ္းတို႔သာ ေျပာပေလာက္ေအာင္ မရွိျခင္းျဖစ္သည္။ဘာမွမဟုတ္သည့္အရာေလးမ်ားကိုပင္ လြမ္းေနမိ သည္။
ရွင္သန္ျဖတ္သန္းခဲ့သည့္ အခ်ိန္ကာလတေလွ်ာက္ သမိုင္းကေပးသည့္ တာဝန္၊ ေခတ္ကေပးသည့္ တာဝန္မ်ားကို ဘယ္ေလာက္ဝင္ၿပီးထမ္းခဲ့ဘူးလဲေမးခဲ့လွ်င္။ ေျပာရရင္ေတာ့ သိပ္ၿပီးအားရဖြယ္ေတာ့မရွိခဲ့ေပ။ မပြင့္လင္းေသာေခတ္တြင္ မသိျခင္းေတြကမ်ားသည္။မသိျခင္းေတြထဲ မမွန္တာေတြကို အျမဲၾကားခဲ့ရၿပီး ထိုမမွန္ျခင္းေတြကိုပင္ အမွန္လို႔ထင္ခဲ့ဘူးသည္။
ကိုယ္ႀကိဳက္တာကိုလုပ္ခဲ့သည္။ကိုယ္ယုံၾကည္တာကို လက္ခံခဲ့သည္။ငယ္သူေတြနဲ႔လည္းေပါင္းသည္။ ရြယ္တူေတြႏွင့္လည္းေပါင္းသည္။မိမိထက္ႏွစ္ျပန္ ႏွစ္ဆႀကီးသူေတြႏွင့္ ပိုၿပီးေပါင္းျဖစ္ စကားေျပာျဖစ္သည္။
ႏုငယ္စဥ္က လူပ်ိဳႀကီးသူေတြနဲ႔ေပါင္းေတာ့ မဟုတ္တမ္းတရားႏွင့္ အယုတ္ညမ္းဆုံးစကားမ်ားကိုလည္း ၾကားခဲ့ရသည္။ မိမိက သူတို႔အရြယ္ေရာက္လာေတာ့ သူတို႔စကားေတြျပန္ေဖာက္သည္ခ်သူအျဖစ္ တဖန္ျပန္ျဖစ္လာခဲ့ ရသည္။ ဖရုႆဝါစာေတြကို ျမိန္ေရရွက္ေရႏွင့္ ေျပာခဲ့ဘူးသည္။ဒီလိုေျပာရတာကို အဟုတ္ႀကီးေတြ ထင္ခဲ့ဘူးသည္။
လူလတ္ပိုင္းေရာက္လာေတာ့ လုပ္ငန္းခြင္မွာေတြ႔သူေတြႏွင့္ေပါင္းျဖစ္သည္။ လုပ္ငန္းခြင္အေရးႏွင့္ သမီးရည္းစားအေရးမ်ားကို ေရာယွက္ကာေျပာၾကသည္။ဝင္ေငြရသည့္ အလုပ္ကိုလုပ္ရင္း ကိုယ့္ဝါသနာေတြကို ပိုၿပီးအေလးထားကာ အလုပ္တစ္ခုအျဖစ္ လုပ္ျဖစ္သည္။ ေငြရသည့္အလုပ္ႏွင့္ ဝါသနာက လြန္စြာျခားနားသည္။
ငယ္ေပါင္းေတြကို အမွတ္ထင္ထင္သတိရသည္။ထို႔အတူ တကၠသိုလ္တက္တုန္းက သူငယ္ခ်င္းမ်ားႏွင့္ အလုပ္စလုပ္သည့္ လူငယ္တစ္ပိုင္း လူႀကီးတစ္ပိုင္း အရြယ္တြင္ ခင္မင္ခြင့္ရခဲ့ၾကေသာ သူငယ္ခ်င္း မိတ္ေဆြမ်ားကိုလည္း သတိရသည္။
လူငယ္လည္းမက လူႀကီးလည္းမျဖစ္ေသးခင္ ဆုံခဲ့ၾကရသည့္ သူငယ္ခ်င္းမ်ားႏွင့္ ပိုၿပီးေတြ႔ျဖစ္မႈမ်ာသည္။ သူတို႔ကဆုံေတြ႔ဖို႔ခ်ိန္းတိုင္း ေျပာမနာဆိုမနာ စကားတို႔ေျပာျဖစ္သည္။ႏွစ္အေတာ္ၾကာေအာင္ေပါင္းျဖစ္ေတာ့ ခင္မင္သံေယာဇဥ္ကပိုခိုင္ျမဲၾကသည္။
တခ်ိဳ႕က သူမ်ားဝန္ထမ္းအျဖစ္ႏွင့္ဆက္လုပ္ေနသည္။တခ်ိဳ႕ကႏိုင္ငံျခားထြက္ၾကသည္။တခ်ိဳ႕လည္း ပိုၿပီးလစာေကာင္းသည္ဟု ယူဆေသာေနရာမ်ားသို႔ေျပာင္းၿပီး အလုပ္လုပ္ၾကသည္။အိမ္ေထာင္က်သူေတြလည္း က်ၾကသည္။
ႏိုင္ငံျခားကျပန္မလာဘဲ ႏွစ္ေပါင္းမ်ားစြာ လုပ္ကိုင္ေနသည့္ သူငယ္ခ်င္းေတြလည္းရွိသည္။ သေဘၤာတက္သူ ေတြလည္းရွိသည္။တခ်ိဳ႕လည္း အရင္းအႏွီးရေအာင္ရွာၿပီး ကိုယ္ေျမမွာျပန္ၿပီး လုပ္ငန္းေတြထူေထာင္ လုပ္ကိုင္ၾကသည္။
ဒီလိုႏွင့္တခ်ိဳ႕က လုပ္ငန္းရွင္ေတြ ျဖစ္လာၾကသည္။ႀကီးပြားသူတို႔ႀကီးပြားလို႔ ၊ခ်ိဳ႕တဲ့သူေတြကလည္း ခ်ိဳ႕တဲ့ေနၾကေသးသည္။ကိုယ့္အိမ္ကိုယ့္ရာႏွင့္တည္တည္တံ႔တံ႔ျဖစ္သူေတြလည္းျဖစ္ကုန္သည္။အေျခတက် မရွိဘဲ ဟိုေျပာင္းဒီေရြ႕လုပ္ေနရသူေတြလည္းရွိေနေသးသည္။ ဘဝေတြျပ႒ာန္းခ်က္ျခင္းမတူၾကေခ်။ လုပ္ေဆာင္ခ်က္တို႔၏ ရလဒ္အတိုင္းသာ ျဖစ္ရမည္ကိုနားလည္သည္။
သေဘၤာတက္သူေရာ၊ႏိုင္ငံျခားကျပန္လာသူေရာ ဒီမွာက်န္ခဲ့သူေတြႏွင့္ ျပန္လာလို႔ေတြ႔ၾကရင္ ငါကဘာမို႕လို႕ မင္းကဘာမို႕လို႔ဆိုၿပီး အထာမကိုင္ၾကပါဘူး။ ခ်စ္ဖြယ္ရာေကာင္းေလာက္ေအာင္ ငယ္ႏုစဥ္ကအတိုင္းပင္ ခင္မင္လ်က္ပင္ရွိၾကသည္။
ဒီလိုႏွင့္ အခ်ိန္ေတြၾကာၿပီးသည့္ေနာက္တြင္ ဆုံေတြ႔ၾကဖို႔ခ်ိန္းျဖစ္သည္။ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ ၾကည့္ေတာ့ ငယ္ရြယ္ႏုပ်ိဳျခင္းေတြ ယုတ္ေလ်ာ့ေနၿပီဆိုတာကိုေတြ႔ရသည္။ ဦးေခါင္းပိုင္းမွာ အသိသာဆုံးက ပါးစုန္႔ေတြထြက္ၿပီး ေမးေစ့ေအာက္က အေရျပားတို႔က တင္းကပ္မေနဘဲ ေဖာင္းတြဲလို႔လာေနၾကသည္။ ဂုတ္မွာေပၚလာသည့္ အရစ္အေဖာင္းတို႔က ဇရာေထာင္းျခင္း၏ တစ္စိတ္တစ္ပိုင္းကို လွစ္ျပေနပါသည္။
က်စ္လစ္ပါးလွပ္မႈေတြထက္ ေဖာသြပ္ေဖာင္းပြျခင္းေတြက ေပၚလြင္ေနသည္။ေပါ့ပါးသြက္လက္ျခင္းေတြအစား သတိထားၿပီးေရြ႔လ်ားေနၾကရသည္။
ဆံပင္ေမြး၊ႏွာေခါင္းေမြး၊မုတ္ဆိပ္ေမြးတို႔တြင္ အျဖဴေရာင္တို႔ေရာယွက္ေနၾကပါၿပီ။အင္း..ေျပာရရင္ေတာ့ ဘယ္ေနရာမွာေပါက္သည့္ အေမြးျဖစ္ျဖစ္ အျဖဴတို႔ေရာစြက္ေနပါၿပီ။ေအာက္ငုံ႔ၾကည့္ၾကည့္၊အေပၚကို ေမာ့ၾကည့္ၾကည့္ ခႏၶာကတရားျပလာသည္။
ကိုယ့္ခႏၶာကိုယ္က သဘာဝအေလ်ာက္ တရားျပလာေသာ္လည္း သံေယာဇဥ္ဆိုသည့္ အကာအရံႀကိဳးမ်ားက တရားကို ဖယ္ခြာေနေစသည္။သံေယာဇဥ္တဏွာမ်ားအတြက္ အပူတျပင္းရွိေနျခင္းေၾကာင့္ ႏွလုံးသားတို႔မွာ မေဖြးလက္ႏိုင္၊ႏွလုံးသားတို႔ျဖဴေဖြးေတာက္ေျပာင္ဖို႔အတြင္ အခ်ိန္မရွိခဲ့။ ေလာဘႏွင့္ရွာေဖြပူေလာင္ေနရျခင္း တို႔ေၾကာင့္ မျဖဴလိုေသာ အေမြးအေတာင္တို႔သာေဖြးလက္ကုန္သည္။
တျဖည္းျဖည္းႏွင့္ ေနလုံးႀကီးက ငုပ္လွ်ိဳးေနေပၿပီ။တိမ္ထု၏ေနာက္မွ ေန၏အေရာင္က ဆည္းဆာကို အထြန္းေတာက္ဆုံးလင္းျပေနေပသည္။သို႔ေသာ္လည္း သခၤါရသေဘာအရေတာ့ သူလည္းပ်က္သုဥ္း ရေပဦးမည္။
ဘယ္သူေတြ ဘယ္ေလာက္ထြန္းလင္းခဲ့လဲ၊ဘယ္ေလာက္ၾကြယ္ဝခဲ့လဲ၊ မာနေတြ၊အတၱေတြ၊ မနာလိုျခင္းေတြ၊ ရယူျခင္းေတြ၊စာနာျခင္းေတြ၊ေပးဆပ္ျခင္းေတြ၊ေကာင္းျခင္းဆိုးျခင္းေတြက ကိုယ့္ရဲ႕သမိုင္းစာမ်က္ႏွာမွာ ကိုယ္ကိုယ္တိုင္ ေနမဝင္ခင္ေရးထိုးၾကရတာပါ။ေနဝင္ၿပီဆိုရင္ေတာ့ ဖ်က္လို႔ျပင္လို႔မရေတာ့ဘူးဆိုတာေလးကို ေတြးရင္းနဲ႔ အလင္းေရာင္တို႔ အားေပ်ာ့လာပါၿပီ။သင့္အတြက္…အေမွာင္တို႔ …မၾကာမီ….။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com