လေထုညစ်ညမ်းခြင်းကြောင့် သွေးတိုးဖြစ်လာနိုင်ခြေပိုများ....

လေထုညစ်ညမ်းခြင်းကြောင့် သွေးတိုးဖြစ်လာနိုင်ခြေပိုများ.... - Property Knowledge in Myanmar from iMyanmarHouse.com
3 Dec 2022 2:46 pm တွင် တင်ခဲ့သည်
873 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

 

ညစ်ညမ်းတဲ့လေထုကိုရှူရှိုက်ရတာများတဲ့ အမျိုးသမီးတွေဟာသွေးတိုးရောဂါဖြစ်လာနိုင်ခြေ အရမ်းများတယ်လို့ စပိန်သုတေသနအသစ်တစ်ခုအရ သိရပါတယ်။

လေ့လာမှုအရ အိန္ဒိယနိုင်ငံအတွင်းကလေထုညစ်ညမ်းမှုဒဏ်အများဆုံးထိတွေ့ခဲ့ရတဲ့ အမျိုးသမီးတွေဟာသွေးတိုးရောဂါအန္တရာယ်သိသိသာသာပိုများတာကိုတွေ့ရပါတယ်။

Epidemiology ဂျာနယ်မှာဖော်ပြခဲ့တဲ့ ဒီသုတေသနမှာ ဟိုင်ဒရာဘတ်မြို့အနီးကကျေးရွာ ၂၈ ခုဆီက လူဦးရေ ၅၅၃၁ ဦးကိုလေ့လာခဲ့တာဖြစ်ပါတယ်။

လေ့လာမှုမှာ ပါဝင်သူတွေရဲ့သွေးဖိအားကို တိုင်းတာခဲ့ပြီး သူတို့ရဲ့နေအိမ်တဝိုက်မှာလေထုတွင်းညစ်ညမ်းမှုန်ပါဝင်မှုညွှန်းကိန်းအဆင့်(PM2.5)နဲ့black carbon တို့နဲ့ နှစ်စဉ်ထိတွေ့မှုကို ခန့်မှန်းတွက်ချက်ခဲ့ပါတယ်။

ပါဝင်သူတွေဟာ အိမ်မှာ ဘယ်လိုလောင်စာမျိုးသုံးပြီးချက်ပြုတ်သလဲဆိုတာတွေပါ အပါအဝင် သူတို့ရဲ့လူမှုရေး-စီးပွားရေးအနေအထား၊ ဘဝနေထိုင်မှုပုံစံနဲ့နေအိမ်အခြေအနေကိုဖော်ပြနိုင်ဖို့ စစ်တမ်းတွေဖြေဆိုရပါတယ်။

သိသိသာသာပါပဲ။ ပါဝင်သူအားလုံးဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပြုထားတဲ့ ကျန်းမာရေးနဲ့ညီတဲ့ PM ညွှန်းကိန်းအတိုင်းအတာထက်10 µg/m³ကျော်လွန်ထိတွေ့ခဲ့တာဖြစ်ပါတယ်။လေ့လာမှုမှာ သတ်မှတ်ထားတဲ့ PM2.5 အဆင့်နဲ့ ထိတွေ့မှုပျမ်းမျှအဆင့်က33 µg/m3ဖြစ်ပါတယ်။

သွေးဖိအားတိုင်းတာမှုတွေအရ ပါဝင်သူတွေရဲ့ထက်ဝက်နီးပါး(၄၆ ရာခိုင်နှုန်း)ဟာ သွေးတိုးရှိနေတာတွေ့ရပြီး အတော်များများကရောဂါရှိတာမသိသေးသူတွေ၊သေချာမကုသသူတွေဖြစ်နေခဲ့ပါတယ်။

PM2.5 ထိတွေ့မှုမှာ 1µg/m3 ပိုများနေတာက အမျိုးသမီးတွေမှာ သွေးဖိအား ၄ ရာခိုင်နှုန်း မြင့်လာတာနဲ့ သိသိသာသာဆက်နွယ်နေတယ်လို့ တွေ့ရှိချက်တွေကဖော်ပြခဲ့ပါတယ်။ ဒီဆက်နွှယ်မှုမှာ အမျိုးသားတွေကတော့ ရာခိုင်နှုန်းပိုနည်းတာတွေ့ရပါတယ်။

သုတေသနအရဆိုရင် အိမ်မှာ ဘာလောင်စာနဲ့ပဲချက်ချက် အိမ်နားတဝိုက် လေထုညစ်ညမ်းမှုနဲ့ရေရှည်ထိတွေမယ်ဆို သွေးတိုးရောဂါဖြစ်နိုင်ခြေကို ပိုမြင့်စေတယ်လို့ ညွှန်ပြနေတာတွေ့ရပါတယ်။

 

လေထုညစ်ညမ်းမှုကြောင့်သွေးတိုးစေနိုင်တဲ့ အကြောင်းရင်းအချက်တွေထဲမှာ သွေးကြောလုပ်ဆောင်ချက်တွေကိုပြောင်းလဲစေနိုင်တဲ့ရောင်ရမ်းမှုနဲ့ ဓါတ်တိုးဖြစ်စဉ်တွေကြောင့်လည်း ပါဝင်တယ်လို့ သုတေသီတွေကပြောပါတယ်။

လေထုညစ်ညမ်းမှုဟာ အဆုတ်နဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ဖြစ်စေရုံသာမက နာတာရှည်ဝေဒနာများခံစားရစေခြင်း ၊ အခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုပါ ရောဂါရစေခြင်း ၊ နှလုံးရောဂါ ၊ ပန်းနာရင်ကျပ်ရောဂါ အပြင် အဆုတ်ကင်ဆာရောဂါဖြစ်ပွားစေခြင်းတွေအထိဖြစ်စေနိုင်ပါတယ်။ ဒီလိုအမှုန်အမွှားတွေကို ထိတွေ့ရှူရှိုက်ရတာများလာရင် အရွယ်မတိုင်မီသေဆုံးခြင်းကိုပါဖြစ်စေနိုင်တာ သိထားပြီးဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့စာရင်းဇယားတွေအရ လေထုညစ်ညမ်းမှုကြောင့်ဖြစ်လာရတဲ့ရောဂါတွေနဲ့လူသေဆုံးမှုနှုန်းက တစ်နှစ်ကိုလူပေါင်း ၃ သန်းလောက်ရှိပါတယ်။၂၀၁၂ ခုနှစ်မှာဆိုရင် လေထုညစ်ညမ်းမှုကြောင့်သေဆုံးသူ ၆.၅ သန်းအထိမြင့်တက်ခဲ့ဖူးပါတယ်။ ဒီအရေအတွက်ဟာ ကမ္ဘာတစ်ဝန်းလူသေဆုံးမှုရဲ့ ၁၁.၆ ရာခိုင်နှုန်း လောက်ရှိနေတာဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

[Zawgyi]

 

ေလထုညစ္ညမ္းျခင္းေၾကာင့္ ေသြးတိုးျဖစ္လာႏိုင္ေျခပိုမ်ား....

 

ညစ္ညမ္းတဲ့ေလထုကို႐ွဴ႐ိႈက္ရတာမ်ားတဲ့ အမ်ိဳးသမီးေတြဟာေသြးတိုးေရာဂါျဖစ္လာႏိုင္ေျခ အရမ္းမ်ားတယ္လို႔ စပိန္သုေတသနအသစ္တစ္ခုအရ သိရပါတယ္။

ေလ့လာမႈအရ အိႏၵိယႏိုင္ငံအတြင္းကေလထုညစ္ညမ္းမႈဒဏ္အမ်ားဆုံးထိေတြ႕ခဲ့ရတဲ့ အမ်ိဳးသမီးေတြဟာေသြးတိုးေရာဂါအႏၲရာယ္သိသိသာသာပိုမ်ားတာကိုေတြ႕ရပါတယ္။

Epidemiology ဂ်ာနယ္မွာေဖာ္ျပခဲ့တဲ့ ဒီသုေတသနမွာ ဟိုင္ဒရာဘတ္ၿမိဳ႕အနီးကေက်း႐ြာ ၂၈ ခုဆီက လူဦးေရ ၅၅၃၁ ဦးကိုေလ့လာခဲ့တာျဖစ္ပါတယ္။

ေလ့လာမႈမွာ ပါဝင္သူေတြရဲ႕ေသြးဖိအားကို တိုင္းတာခဲ့ၿပီး သူတို႔ရဲ႕ေနအိမ္တဝိုက္မွာေလထုတြင္းညစ္ညမ္းမႈန္ပါဝင္မႈၫႊန္းကိန္းအဆင့္(PM2.5)နဲ႔black carbon တို႔နဲ႔ ႏွစ္စဥ္ထိေတြ႕မႈကို ခန္႔မွန္းတြက္ခ်က္ခဲ့ပါတယ္။

ပါဝင္သူေတြဟာ အိမ္မွာ ဘယ္လိုေလာင္စာမ်ိဳးသုံးၿပီးခ်က္ျပဳတ္သလဲဆိုတာေတြပါ အပါအဝင္ သူတို႔ရဲ႕လူမႈေရး-စီးပြားေရးအေနအထား၊ ဘဝေနထိုင္မႈပုံစံနဲ႔ေနအိမ္အေျခအေနကိုေဖာ္ျပႏိုင္ဖို႔ စစ္တမ္းေတြေျဖဆိုရပါတယ္။

သိသိသာသာပါပဲ။ ပါဝင္သူအားလုံးဟာ ကမ႓ာ့က်န္းမာေရးအဖြဲ႕ႀကီးက အၾကံျပဳထားတဲ့ က်န္းမာေရးနဲ႔ညီတဲ့ PM ၫႊန္းကိန္းအတိုင္းအတာထက္10 µg/m³ေက်ာ္လြန္ထိေတြ႕ခဲ့တာျဖစ္ပါတယ္။ေလ့လာမႈမွာ သတ္မွတ္ထားတဲ့ PM2.5 အဆင့္နဲ႔ ထိေတြ႕မႈပ်မ္းမွ်အဆင့္က33 µg/m3ျဖစ္ပါတယ္။

ေသြးဖိအားတိုင္းတာမႈေတြအရ ပါဝင္သူေတြရဲ႕ထက္ဝက္နီးပါး(၄၆ ရာခိုင္ႏႈန္း)ဟာ ေသြးတိုး႐ွိေနတာေတြ႕ရၿပီး အေတာ္မ်ားမ်ားကေရာဂါ႐ွိတာမသိေသးသူေတြ၊ေသခ်ာမကုသသူေတြျဖစ္ေနခဲ့ပါတယ္။

PM2.5 ထိေတြ႕မႈမွာ 1µg/m3 ပိုမ်ားေနတာက အမ်ိဳးသမီးေတြမွာ ေသြးဖိအား ၄ ရာခိုင္ႏႈန္း ျမင့္လာတာနဲ႔ သိသိသာသာဆက္ႏြယ္ေနတယ္လို႔ ေတြ႕႐ွိခ်က္ေတြကေဖာ္ျပခဲ့ပါတယ္။ ဒီဆက္ႏႊယ္မႈမွာ အမ်ိဳးသားေတြကေတာ့ ရာခိုင္ႏႈန္းပိုနည္းတာေတြ႕ရပါတယ္။

သုေတသနအရဆိုရင္ အိမ္မွာ ဘာေလာင္စာနဲ႔ပဲခ်က္ခ်က္ အိမ္နားတဝိုက္ ေလထုညစ္ညမ္းမႈနဲ႔ေရ႐ွည္ထိေတြမယ္ဆို ေသြးတိုးေရာဂါျဖစ္ႏိုင္ေျခကို ပိုျမင့္ေစတယ္လို႔ ၫႊန္ျပေနတာေတြ႕ရပါတယ္။

ေလထုညစ္ညမ္းမႈေၾကာင့္ေသြးတိုးေစႏိုင္တဲ့ အေၾကာင္းရင္းအခ်က္ေတြထဲမွာ ေသြးေၾကာလုပ္ေဆာင္ခ်က္ေတြကိုေျပာင္းလဲေစႏိုင္တဲ့ေရာင္ရမ္းမႈနဲ႔ ဓါတ္တိုးျဖစ္စဥ္ေတြေၾကာင့္လည္း ပါဝင္တယ္လို႔ သုေတသီေတြကေျပာပါတယ္။

ေလထုညစ္ညမ္းမႈဟာ အဆုတ္နဲ႔ အသက္႐ွဴ လမ္းေၾကာင္းဆိုင္ရာ ေရာဂါေတြကို ျဖစ္ေစ႐ုံသာမက နာတာ႐ွည္ေဝဒနာမ်ားခံစားရေစျခင္း ၊ အျခားကိုယ္အဂၤါအစိတ္အပိုင္းေတြကိုပါ ေရာဂါရေစျခင္း ၊ ႏွလုံးေရာဂါ ၊ ပန္းနာရင္က်ပ္ေရာဂါ အျပင္ အဆုတ္ကင္ဆာေရာဂါျဖစ္ပြားေစျခင္းေတြအထိျဖစ္ေစႏိုင္ပါတယ္။ ဒီလိုအမႈန္အမႊားေတြကို ထိေတြ႕႐ွဴ႐ိႈက္ရတာမ်ားလာရင္ အ႐ြယ္မတိုင္မီေသဆုံးျခင္းကိုပါျဖစ္ေစႏိုင္တာ သိထားၿပီးျဖစ္ပါတယ္။

ကမ႓ာ့က်န္းမာေရးအဖြဲ႕ရဲ႕စာရင္းဇယားေတြအရ ေလထုညစ္ညမ္းမႈေၾကာင့္ျဖစ္လာရတဲ့ေရာဂါေတြနဲ႔လူေသဆုံးမႈႏႈန္းက တစ္ႏွစ္ကိုလူေပါင္း ၃ သန္းေလာက္႐ွိပါတယ္။၂၀၁၂ ခုႏွစ္မွာဆိုရင္ ေလထုညစ္ညမ္းမႈေၾကာင့္ေသဆုံးသူ ၆.၅ သန္းအထိျမင့္တက္ခဲ့ဖူးပါတယ္။ ဒီအေရအတြက္ဟာ ကမ႓ာတစ္ဝန္းလူေသဆုံးမႈရဲ႕ ၁၁.၆ ရာခိုင္ႏႈန္း ေလာက္႐ွိေနတာျဖစ္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလို
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလို
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service