“လောဘရှိနေသေးသမျှ အလိမ်ခံနေရပါလိမ့်ဦးမည်”
“လောဘရှိနေသေးသမျှ အလိမ်ခံနေရပါလိမ့်ဦးမည်” - Property Knowledge in Myanmar from iMyanmarHouse.com
30 Nov 2022 2:30 pm တွင် တင်ခဲ့သည်
887 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
အဆောက်အအုံဆောက်ဖို့ အတွက် သဲတွေပုံထားသည်။
သဲပုံအနီးအနားမှာလည်း လူအချို့ထိုင်နေကြသည်။
ဒီသဲပုံက သူတို့အတွက် ဘာမှမဟုတ်။တိုက်တစ်လုံး ရုပ်လုံးပေါ်လာတာနဲ့အမျှ ဒီသဲပုံက ပါးလျပျောက်ပျက် သွားမည်။ သဲပုံအနီးထိုင်နေသူတွေအတွက် ဒီသဲပုံအပေါ်ထူးပြီး စိတ်မဝင်စားပါ။
ဒါကပုံမှန်ဖြစ်သည်။သွားမည်လာမည်။စားမည် ၊သောက်မည်။စိတ်ဝင်စားရာလုပ်ကြမည်။ပြောချင်ရာ ပြောနေကြမည်။ကြည့်ချင်ရာ ကြည့်နေမည်။သဲပုံအပေါ်သူတို့စိတ်မဝင်စား။
တစ်ခါတစ်ရံ သဲပုံကရှေ့က ခံနေ၍ မြင်ကွင်းပိတ်နေတတ်သည့်အပေါ် စိတ်အနှောင့်အယှက်တောင် ဖြစ်ကြရသေးသည်။
သဲပုံအနီးမှာ ဒီတိုင်းအချိန်ဖြုန်းနေသည့်သူများလည်းရှိသည်။ဆိုင်ဖွင့်ပြီး ဈေးရောင်းကာ ငွေရှာနေကြသူတွေ လည်းရှိသည်။သဲပုံနား ရပ်ထားတဲ့ကားပေါ်မှာလည်း လူတွေရှိနေသည်။ဒီသဲပုံကို ဘယ်သူက အရေးတယူ ရှိလို့လဲ။
သဲပုံကို ခွေးတွေသာ တပျော်တစ်ပါး ယက်လိုက်၊ စော့လိုက်၊ သေးနဲ့ပန်းလိုက်၊ ချေးယိုလိုက် လုပ်ဖို့သာ စိတ်ဝင်စားသည်။
သူတို့ ဥပေက္ခာပြုထားသည့် သဲပုံကို လူတစ်ယောက်ရောက်လာသည်။ဒီအတိုင်းရောက်လာလျှင် ဘယ်သူမှ စိတ်မဝင်စား။ထိုသူ၏ ပုံပန်းကလည်း လူကောင်းတစ်ယောက် အသွင်မဟုတ်။
စိတ်မနှံ့သူ၏သွင်ပြင်မျိုးဖြစ်နေသည်။လူမြင်ကွင်းကိုဖြတ်ပြီး ပြေးလွှားခုန်ပေါက်၍လာသည်။
ထို့နောက် အခြားသူတို့ အရေးတယူစိတ်ဝင်စားခြင်းမရှိသော သဲပုံကို လက်ဖြင့်ယက်ပါတော့သည်။
ထိုလူ၏အပြုအမူကို စိတ်ဝင်တစား လှည့်ကြည့်လာကြသည်။လှည့်ကြည့်လာသူတို့ကို ပိုပြီးဖမ်းစားသည်က သူ့လက်ထဲက အရာဝတ္ထုပင်ဖြစ်သည်။သူလက်ထဲမှာ လူတိုင်း၏ သည်းခြေကြိုက် ပိုက်ဆံတစ်ရွက်ဖြစ်သည်။
သူက သဲပုံထဲမှ သူရှာလို့ရသည့်ပိုက်ဆံကို နေရောင်တွင်ထောင်ကြည့်ပြီး လူတွေ၏ စိတ်ဝင်စားမှု အထွတ်အထိတ်ကို ရယူလိုက်ပြီး ထွက်သွားသည်။လူတွေက မယုံမရဲ သံသယဖြင့်ကြည့်နေဆဲ။အိန္ဒြေကြီးနှင့် လုပ်နေကြဆဲ။
နောက်တစ်ခေါက် ထိုနေရာသို့ သူပြန်လာသည်။ပထမတစ်ကြိမ်က ကဲ့သို့ပင် သဲပုံထံသူပြန်လာသည်။ သဲပုံမှာ ယက်ရှာပြန်သည်။ဘေးကကြည့်နေသူများ ဖင်တကြွကြွဖြစ်လာသည်။ဟော…သူ့ရှာဖွေမှုက ပြီးဆုံးလို့ သူ့လက်ထဲ ပိုက်ဆံတစ်ရွက် ရလာပြန်သည်။နေရောင်မှာထောင်ကြည့်လိုက်သည်။
ထိုအချိန် သူ့ကိုကြည့်နေသည့် လူအုပ်မှာ သူရှာနေသည့် သဲပုံထံ အလုအယက်ပြေးလာကြသည်။ ဒီအတိုင်း ပြေးလာသူနှင့် တစ်ချို့က ဂေါ်ပြားတွေပါယူပြီး ပြေးလာသည်။ရူးနမ်းနမ်းပုံစံရှိသည့်သူက ထိုနေရာက အပြေးထွက်ခွာသွားတော့သည်။
တကယ်တော့ ထိုသူမှာ စလာကတည်းက လက်ထဲတွင် မိမိပိုက်ဆံတစ်ရွက်ကို ကိုင်ထားပြီးမှ သဲပုံကို ယက်ရှာခဲ့ခြင်းဖြစ်လေသည်။
ကျန်ခဲ့ကြသည့် လောဘသားကောင်တို့မှာမူ ရူးနမ်းနမ်းပုံစံရှိသူ၏ လှည့်စားခြင်းကိုခံလိုက်ကြရပြီး သဲပုံတွင် ပိုက်ဆံရှိလိမ့်နိုးနှင့် ယက်ရှာနေကြလေတော့သတည်း။
လောဘကြောင့် အလိမ်ခံရသူတို့အတွက် ဒီလင့် https://www.facebook.com/watch/?v=1253036261902066 မှာ ဝင်ကြည့်လိုက်ရင် တရားရစရာပါပဲ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service