ခရစ္စတီယာနို ရော်နယ်ဒို ကာတာတွင် တည်းခိုနေထိုင်သော ဟိုတယ်

ခရစ္စတီယာနို ရော်နယ်ဒို ကာတာတွင် တည်းခိုနေထိုင်သော ဟိုတယ် - Property News in Myanmar from iMyanmarHouse.com
30 Nov 2022 10:05 am တွင် တင်ခဲ့သည်
1373 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာ့ဖလားဘောလုံးပွဲကြီး အရှိန်ရလာသည်နှင့်အမျှ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းများ၏ ပရိသတ်များအကြား ဝေဖန်မှုများ၊ ပြိုင်ဆိုင်မှုများလည်း မြင့်တက်လာသည်။

ယခုရက်ပိုင်းအတွင်း ပေါ်တူဂီအသင်း တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို၏ ခေါင်းတိုက်ဂိုးသွင်းမှုနှင့် စပ်လျဉ်းပြီး ဝေဖန်ငြင်းခုံကြမှု ပြင်းထန်လျက်ရှိသည်။

ပေါ်တူဂီနှင့် ဥရုဂွေးတို့ ကစားခဲ့သော ပွဲစဉ်တွင် ဘရူနိုဖာနန်ဒက်ဇ် ဖြတ်တင်ပေးလိုက်သောဘောကို စီရော်နယ်ဒိုက ခေါင်းတိုက်ရန် ကြိုးစားခဲ့သော်လည်း မထိဘဲ တိုက်ရိုက်ဂိုးဝင်သွားခဲ့ခြင်းဖြစ်သည်။ အနီးကပ်ဓာတ်ပုံများအရ သူ၏ ဆံပင်ဖြင့်သာ ထိခဲ့သည်ကိုတွေ့ကြရသည်။

ပရိသတ်များက ဝေဖန်သည်မှာ မော်ရိုကိုနှင့် ဘယ်လ်ဂျီယံတို့ပွဲစဉ်တွင် မော်ရိုကိုမှ ဟာကင်ဇီယက်က ပထမပိုင်း အချိန်ပိုတွင်ရရှိသော ဖရီးကစ်ကို ကန်သွင်းရာ တိုက်ရိုက်ဂိုးဝင်ခဲ့သော်လည်း ဆံပင်ဖြင့်ထိ၍ဆိုကာ VAR က ဂိုးမပေးခဲ့ချေ။

စီရော်နယ်ဒို ဆံပင်ဖြင့် ထိခြင်းကိုမူ မသိကျိုးကျွံပြုသည်ဟု ဝေဖန်ကြခြင်းဖြစ်သည်။

အချို့ကလည်း အသင်းဂိုးရရှိရေးသာ အဓိကဖြစ်ကြောင်းပြောကြသည်။

စီ ရော်နယ်ဒိုသည် ဂါနာကို 3-2 ဂိုးဖြင့် အနိုင်ရရှိသည့် ပွဲတွင် ဂိုးသွင်းနိုင်ခဲ့ရာ ကမ္ဘာ့ဖလား ၅ ကြိမ်တွင် ဂိုးသွင်းနိုင်သည့် ပထမဆုံးကစားသမား ဖြစ်လာခဲ့သည်။

ပေါ်တူဂီသည် ဥရုဂွေးကို ၂ ဂိုးသွင်းပြီး အုပ်စုပထမဖြင့် ၁၆ သင်းရှုံးထွက်အဆင့်ကို တက်လှမ်းသွားခဲ့သည်။

ဤဆောင်းပါးတွင်မူ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား စီ ရော်နယ်ဒိုနှင့် ပေါ်တူဂီအသင်း ကာတာတွင် တည်းခိုလျှက်ရှိသော Al Samriya Autograph Collection ဟိုတယ်အကြောင်းကိုသာ တင်ပြသွားပါမည်။

 

(ဓာတ်ပုံ- Source: Booking)

Al Samriya Autograph Collections ဟိုတယ်သည် ဒိုဟာမြို့ပြင် the Shahaniya အရပ်ရှိ ဖန်လုံအိမ်များဖြင့် သခွားသီး ၊ ပဲတီစိမ်း ၊ ငရုပ်ကောင်း အစရှိသည်တို့ကို စိုက်ပျိုးသည့် စိုက်ခင်းအလယ်တွင် တည်ရှိသည်။

ဟိုတယ်အနီးတွင် The Sheikh Faisal Bin Qassim Al Thani အမည်ရှိ ပြတိုက်တစ်ခုရှိပြီး လူတို့၏ ခေတ်အမျိုးမျိုးနှင့် သမိုင်းကြောင်းများကို ထင်ဟပ်သော ပစ္စည်းပေါင်းများစွာ ပြသထားကာ အခန်းပေါင်း၆၀ ၊ အဆောက်အအုံ ၂၇ လုံး ၊ Spa ၁ ခုနှင့် စားသောက်ဆိုင် ၁ ခု တို့ရှိသည်။

 

(ဓာတ်ပုံ- Source: Booking)

ဤဟိုတယ်သည် Mariott Bonvoy ကုမ္ပဏီ၏ ဟိုတယ်အမှတ်တံဆိပ်အမျိုးမျိုးမှ တစ်ခုဖြစ်ပြီး ကာတာ၏ ဝိဉာဉ် ၊ ယဉ်ကျေးမှုနှင့် သရုပ်သကန် တို့ကို ဖော်ညွှန်းထားသည်။

ဒေသတွင်းမှ ရရှိသော ဆောက်လုပ်ရေးပစ္စည်းများ ၊ ပန်းရံလက်ရာများဖြင့် ဒေသတွင်းယဉ်ကျေးမှုနှင့် အမွေအနှစ်တို့ကို မီးမောင်းထိုးပြသထားသည်။

 

(ဓာတ်ပုံ - Source: Booking။ ခမ်းနားထည်ဝါသော အဝင်ခန်းမတွင် သစ်သားမျက်နှာကျက် နောက်ခံဖြင့် ခန့်ညားသော မီးပန်းဆိုင်းကြီးများကို တွေ့ရသည်မှာ ဇိမ်ကျမှုနှင့် သက်တောင့်သက်သာရှိမှုတို့ကို ခံစားရစေသည်။)

ဤဟိုတယ်သည် ဒေသတွင်းယဉ်ကျေးမှုကို အဆင့်မြင့်ဒီဇိုင်း ၊ သမိုင်းဝင်ခမ်းနားမှု အရောင်အဝါ ၊ နောက်ဆုံးပေါ် Facility တို့ဖြင့် ပေါင်းစပ်ထားခြင်းဖြစ်ရာ တမူထူးသော အပန်းဖြေမှုအရသာကို တွေ့ကြုံရမည်ဖြစ်သည်။

ဟိုတယ်ကို ပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်သော Al Rayyan Tourism Investment Company (ARTIC) ကုမ္ပဏီက ဒီဇိုင်း ၊ တည်နေရာနှင့် ပတ်ဝန်းကျင်တို့ တမူထူးသည့် ဟိုတယ်တစ်ခု တည်ထောင်ရန် ၊ လာရောက်လည်ပတ်သူတို့အနေဖြင့် ကာတာ၏ အစစ်အမှန်ပြယုဂ်တစ်ခုကို ခံစားနိုင်ရန် ၊ မြို့ပြ၏ ရှုပ်ထွေးပွက်လောရိုက်နေသော နေရာများမှ ဝေးကွားသည့်နေရာတွင် ဆိတ်ငြိမ်အေးချမ်းစွာ အနားယူနိုင်ရန် ရည်ရွယ်ကာ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

 

ဟိုတယ်တွင် စားသောက်ဆိုင် တစ်ခုသာရှိသော်လည်း လာရောက်တည်းခိုသူများ အားလုံးအတွက် နေရာအလုံအလောက်ရှိသည်။

ဟိုတယ်၏ ထူးခြားသော ကျောက်တုံးနံရံများမှာ ရင်သပ်ရှုမောဖွယ် အလှဗေဒကို ပေးစွမ်းသည်။

 

ဟိုတယ်ခန်းများတွင် ခေတ်မီပရိဘောဂများနှင့် နောက်ဆုံးပေါ် အဆင့်မြင့် Facility များ တွေ့ရမည်ဖြစ်သည်။

စားသောက်ဆိုင်အပြင်ဖက် ကပ်လျှက်တည်ရှိသော ရေကူးကန်၏ သလင်းသဖွယ်ကြည်လင်သည့် ရေထဲတွင် ကူးခတ်ကြည့်ပါ။

 

ဟိုတယ်တွင် ရှိသော Spa သို့သွားရောက်၍လည်း အားသစ်တဖန်လောင်းနိုင်ပါသည်။

ရေကူးကန်ဘေးမှ သီးသန့်နားနေဆောင်မှာ မိတ်ဆွေသူငယ်ချင်းများ (သို့မဟုတ်) မိသားစုဝင်များ စုရုံးရန် ပြီးပြည့်စုံသည့် နေရာကလေးတစ်ခုဖြစ်သည်။

ကာတာကမ္ဘာ့ဖလားသည် ကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံ ရရှိမည်ဟု ခန့်မှန်းထားသည်။

ယင်းပမာဏမှာ ယခင်ပြိုင်ပွဲအားလုံးထက် များပြားသည့် ပမာဏဖြစ်ပြီး တောင်ကိုရီးယားနှင့် ဂျပန်တို့တွင် ၂၀၂၂ ခုနှစ်က ကျင်းပခဲ့သော ကမ္ဘာ့ဖလားထက် ၄ ဆ ပိုမိုများပြားသည်။

 

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Discover The Hotel Where Cristiano Ronaldo Is Staying (luxxu.net)

 

 

[Zawgyi]

ခရစၥတီယာႏို ေရာ္နယ္ဒို ကာတာတြင္ တည္းခိုေနထိုင္ေသာ ဟိုတယ္

 

ကမၻာ့ဖလားေဘာလံုးပြဲၾကီး အရွိန္ရလာသည္ႏွင့္အမွ် ကမၻာ့ဖလားျပိဳင္ပြဲဝင္အသင္းမ်ား၏ ပရိသတ္မ်ားအၾကား ေဝဖန္မႈမ်ား၊ ျပိဳင္ဆိုင္မႈမ်ားလည္း ျမင့္တက္လာသည္။

ယခုရက္ပိုင္းအတြင္း ေပၚတူဂီအသင္း တိုက္စစ္မွွဴး ခရစၥတီယာႏို ေရာ္နယ္ဒို၏ ေခါင္းတိုက္ဂိုးသြင္းမႈႏွင့္ စပ္လ်ဥ္းျပီး ေဝဖန္ျငင္းခံုၾကမႈ ျပင္းထန္လ်က္ရွိသည္။

ေပၚတူဂီႏွင့္ ဥရုေဂြးတို႔ ကစားခဲ့ေသာ ပြဲစဥ္တြင္ ဘရူႏိုဖာနန္ဒက္ဇ္ ျဖတ္တင္ေပးလိုက္ေသာေဘာကို စီေရာ္နယ္ဒိုက ေခါင္းတိုက္ရန္ ၾကိဳးစားခဲ့ေသာ္လည္း မထိဘဲ တိုက္ရိုက္ဂိုးဝင္သြားခဲ့ျခင္းျဖစ္သည္။ အနီးကပ္ဓာတ္ပံုမ်ားအရ သူ၏ ဆံပင္ျဖင့္သာ ထိခဲ့သည္ကိုေတြ႔ၾကရသည္။

ပရိသတ္မ်ားက ေဝဖန္သည္မွာ ေမာ္ရိုကိုႏွင့္ ဘယ္လ္ဂ်ီယံတို႔ပြဲစဥ္တြင္ ေမာ္ရိုကိုမွ ဟာကင္ဇီယက္က ပထမပိုင္း အခ်ိန္ပိုတြင္ရရွိေသာ ဖရီးကစ္ကို ကန္သြင္းရာ တိုက္ရိုက္ဂိုးဝင္ခဲ့ေသာ္လည္း ဆံပင္ျဖင့္ထိ၍ဆိုကာ VAR က ဂိုးမေပးခဲ့ေခ်။

စီေရာ္နယ္ဒို ဆံပင္ျဖင့္ ထိျခင္းကိုမူ မသိက်ဳိးကၽြံျပဳသည္ဟု ေဝဖန္ၾကျခင္းျဖစ္သည္။

အခ်ဳိ႕ကလည္း အသင္းဂိုးရရွိေရးသာ အဓိကျဖစ္ေၾကာင္းေျပာၾကသည္။

စီ ေရာ္နယ္ဒိုသည္ ဂါနာကို 3-2 ဂိုးျဖင့္ အႏုိင္ရရွိသည့္ ပြဲတြင္ ဂိုးသြင္းႏိုင္ခဲ့ရာ ကမၻာ့ဖလား ၅ ၾကိမ္တြင္ ဂိုးသြင္းနိုင္သည့္ ပထမဆံုးကစားသမား ျဖစ္လာခဲ့သည္။

ေပၚတူဂီသည္ ဥရုေဂြးကို ၂ ဂိုးသြင္းျပီး အုပ္စုပထမျဖင့္ ၁၆ သင္းရံႈးထြက္အဆင့္ကို တက္လွမ္းသြားခဲ့သည္။

ဤေဆာင္းပါးတြင္မူ ကမၻာ့အေကာင္းဆံုး ေဘာလံုးသမား စီ ေရာ္နယ္ဒိုႏွင့္ ေပၚတူဂီအသင္း ကာတာတြင္ တည္းခိုလွ်က္ရွိေသာ Al Samriya Autograph Collection ဟိုတယ္အေၾကာင္းကိုသာ တင္ျပသြားပါမည္။

(ဓာတ္ပံု- Source: Booking)

Al Samriya Autograph Collections ဟိုတယ္သည္ ဒိုဟာျမဳိ႕ျပင္ the Shahaniya အရပ္ရွိ ဖန္လံုအိမ္မ်ားျဖင့္ သခြားသီး ၊ ပဲတီစိမ္း ၊ ငရုပ္ေကာင္း အစရွိသည္တို႔ကို စိုက္ပ်ဳိးသည့္ စိုက္ခင္းအလယ္တြင္ တည္ရွိသည္။

ဟိုတယ္အနီးတြင္ The Sheikh Faisal Bin Qassim Al Thani အမည္ရွိ ျပတုိက္တစ္ခုရွိျပီး လူတု႔ိ၏ ေခတ္အမ်ဳိးမ်ဳိးႏွင့္ သမိုင္းေၾကာင္းမ်ားကို ထင္ဟပ္ေသာ ပစၥည္းေပါင္းမ်ားစြာ ျပသထားကာ အခန္းေပါင္း၆၀ ၊ အေဆာက္အအံု ၂၇ လံုး ၊ Spa ၁ ခုႏွင့္ စားေသာက္ဆိုင္ ၁ ခု တို႔ရွိသည္။

(ဓာတ္ပံု- Source: Booking)

ဤဟိုတယ္သည္ Mariott Bonvoy ကုမၸဏီ၏ ဟိုတယ္အမွတ္တံဆိပ္အမ်ဳိးမ်ဳိးမွ တစ္ခုျဖစ္ျပီး ကာတာ၏ ဝိဥာဥ္ ၊ ယဥ္ေက်းမႈႏွင့္ သရုပ္သကန္ တို႔ကို ေဖာ္ညႊန္းထားသည္။

ေဒသတြင္းမွ ရရွိေသာ ေဆာက္လုပ္ေရးပစၥည္းမ်ား ၊ ပန္းရံလက္ရာမ်ားျဖင့္ ေဒသတြင္းယဥ္ေက်းမႈႏွင့္ အေမြအႏွစ္တုိ႔ကုိ မီးေမာင္းထိုးျပသထားသည္။

(ဓာတ္ပံု - Source: Booking။ ခမ္းနားထည္ဝါေသာ အဝင္ခန္းမတြင္ သစ္သားမ်က္ႏွာက်က္ ေနာက္ခံျဖင့္ ခန္႔ညားေသာ မီးပန္းဆိုင္းၾကီးမ်ားကို ေတြ႔ရသည္မွာ ဇိမ္က်မႈႏွင့္ သက္ေတာင့္သက္သာရွိမႈတို႔ကို ခံစားရေစသည္။)

ဤဟိုတယ္သည္ ေဒသတြင္းယဥ္ေက်းမႈကို အဆင့္ျမင့္ဒီဇိုင္း ၊ သမိုင္းဝင္ခမ္းနားမႈ အေရာင္အဝါ ၊ ေနာက္ဆံုးေပၚ Facility တို႔ျဖင့္ ေပါင္းစပ္ထားျခင္းျဖစ္ရာ တမူထူးေသာ အပန္းေျဖမႈအရသာကို ေတြ႔ၾကံဳရမည္ျဖစ္သည္။

ဟိုတယ္ကို ပိုင္ဆိုင္သည့္ ကုမၸဏီျဖစ္ေသာ Al Rayyan Tourism Investment Company (ARTIC) ကုမၸဏီက ဒီဇိုင္း ၊ တည္ေနရာႏွင့္ ပတ္ဝန္းက်င္တုိ႔ တမူထူးသည့္ ဟိုတယ္တစ္ခု တည္ေထာင္ရန္ ၊ လာေရာက္လည္ပတ္သူတို႔အေနျဖင့္ ကာတာ၏ အစစ္အမွန္ျပယုဂ္တစ္ခုကို ခံစားႏိုင္ရန္ ၊ ျမဳိ႕ျပ၏ ရႈပ္ေထြးပြက္ေလာရိုက္ေနေသာ ေနရာမ်ားမွ ေဝးကြားသည့္ေနရာတြင္ ဆိတ္ျငိမ္ေအးခ်မ္းစြာ အနားယူႏိုင္ရန္ ရည္ရြယ္ကာ ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္။ ဟိုတယ္တြင္ စားေသာက္ဆိုင္ တစ္ခုသာရွိေသာ္လည္း လာေရာက္တည္းခုိသူမ်ား အားလံုးအတြက္ ေနရာအလံုအေလာက္ရွိသည္။ ဟိုတယ္၏ ထူးျခားေသာ ေက်ာက္တံုးနံရံမ်ားမွာ ရင္သပ္ရႈေမာဖြယ္ အလွေဗဒကို ေပးစြမ္းသည္။

ဟိုတယ္ခန္းမ်ားတြင္ ေခတ္မီပရိေဘာဂမ်ားႏွင့္ ေနာက္ဆံုးေပၚ အဆင့္ျမင့္ Facility မ်ား ေတြ႔ရမည္ျဖစ္သည္။

စားေသာက္ဆိုင္အျပင္ဖက္ ကပ္လွ်က္တည္ရွိေသာ ေရကူးကန္၏ သလင္းသဖြယ္ၾကည္လင္သည့္ ေရထဲတြင္ ကူးခတ္ၾကည့္ပါ။

ဟိုတယ္တြင္ ရွိေသာ Spa သို႔သြားေရာက္၍လည္း အားသစ္တဖန္ေလာင္းႏိုင္ပါသည္။

ေရကူးကန္ေဘးမွ သီးသန္႔နားေနေဆာင္မွာ မိတ္ေဆြသူငယ္ခ်င္းမ်ား (သို႔မဟုတ္) မိသားစုဝင္မ်ား စုရံုးရန္ ျပီးျပည့္စံုသည့္ ေနရာကေလးတစ္ခုျဖစ္သည္။

ကာတာကမၻာ့ဖလားသည္ ကန္ေဒၚလာ ၆ ဒသမ ၅ ဘီလီယံ ရရွိမည္ဟု ခန္႔မွန္းထားသည္။

ယင္းပမာဏမွာ ယခင္ျပဳိင္ပြဲအားလံုးထက္ မ်ားျပားသည့္ ပမာဏျဖစ္ျပီး ေတာင္ကိုရီးယားႏွင့္ ဂ်ပန္တို႔တြင္ ၂၀၂၂ ခုနွစ္က က်င္းပခဲ့ေသာ ကမၻာ့ဖလားထက္ ၄ ဆ ပိုမိုမ်ားျပားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Discover The Hotel Where Cristiano Ronaldo Is Staying (luxxu.net)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
Aung Theikdi Villa
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service