ကျောက်ကျောရည် ကြိုက်သူတွေအတွက် သတင်းကောင်း

ကျောက်ကျောရည် ကြိုက်သူတွေအတွက် သတင်းကောင်း - Property Knowledge in Myanmar from iMyanmarHouse.com
26 Nov 2022 2:21 pm တွင် တင်ခဲ့သည်
1969 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

ညိုတိုတို အရောင်ရှိတဲ့ ကျောက်ကျောလေးကို သံပုရာသီး၊ သကြားတို့နဲ့ ဖျော်ပြီး သောက်ရတဲ့ ကျောက်ကျောရည်ကို ဖျော်ရည်တွေထဲမှာ အကြိုက်ဆုံးပဲ ဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။

ကျောက်ကျောရည်က အမောပြေစေရုံထက် ပိုတယ်ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ကျောက်ကျောကို ဘယ်ကနေ လုပ်တာလဲ

ကျောက်ကျောကို ခါးသက်သက် အရသာလေးရှိတဲ့ Grass Jelly ပင်ရဲ့ အရွက်ကနေ ထုတ်လုပ်တာပါ။ အစိမ်းရောင်ရင့်ရင့် ဒါမှမဟုတ် အနက်ရောင်ရှိပါတယ်။ အပင်က ၁၇ စင်တီမီတာ အမြင့်ရှိပြီး အရွက်က ရှည်မျောမျောလေးပါ။ ပင်စည်မှာ အမွှေးလေးတွေရှိနေတတ်ပါတယ်။

ပင်စည်အောက်နားက အရွက်တွေကို ခူးပြီး အရွက်ကို ကြိတ်ရာကနေ ကျောက်ကျောကို ရရှိတာပါ။ တစ်နှစ်ပတ်လုံး ပေါက်ရောက်တဲ့ အပင်ပါ။

 

 

 

ဘယ်လို အာဟာရဓာတ်တွေ ပါလဲ

Green Grass Jelly ရွက်မှာ

အစာအိမ်နံရံတွေကို ကျန်းမာစေတဲ့ tannins

alkaloids

ကယ်လ်ဆီယမ်

ဖော့စဖရပ်

ဗီတာမင် A နဲ့

ဗီတာမင် Bတို့ ပါဝင်နေပါတယ်။

ကျောက်ကျောကပေးတဲ့ ကျန်းမာရေး

အမောပြေစေတဲ့ ကျောက်ကျောရည်လေးကို သောက်ရင်း အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

အစာခြေစနစ် ကျန်းမာစေနိုင်တယ်

ကျောက်ကျောက အစာခြေစနစ်ကို အကောင်းဆုံး စွမ်းဆောင်ရည် ရရှိစေဖို့ ထောက်ပံ့ပေးပါတယ်။ အစာအိမ်ကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပါတယ်။

ကျောက်ကျောမှာ ဗီတာမင် B နဲ့ ဗီတာမင် C သင့်တင့်တဲ့ ပမာဏ ပါဝင်ပေါင်းစပ်ထားတဲ့ alkaloid ဒြပ်ပေါင်း ပါဝင်နေပါတယ်။ ဒီဒြပ်ပေါင်းက ဝမ်းပျက်ဝမ်းလျှော မဖြစ်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။

အမျှင်ဓာတ် ပါဝင်နေမှုက အစာခြေစနစ်ကို ကျန်းမာစေပြီး သန့်စင်ပေးဖို့ ကူညီပေးပါတယ်။ ဗိုက်အောင့် ဗိုက်နာတာ၊ အစာမကြေတာ၊ ဝမ်းချုပ်တာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ဝိတ်ကျစေတယ်

ကျောက်ကျောကို ပြုလုပ်ဖို့ သုံးတဲ့ Grass jelly မှာ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အာဟာရဓာတ်တွေ ဖြစ်တဲ့ ဗီတာမင် A၊ ဗီတာမင် B1၊ ဗီတာမင် C၊ ကယ်လ်ဆီယမ်၊ phosphorus၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လ်လိုရီတို့ ပါဝင်နေပါတယ်။

အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး အဆာခံစေလို့ ဝိတ်ကျစေမှာပါ။

 

ကင်ဆာ ကာကွယ်ပေးတယ်

Grass jelly မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ဖြစ်ကြတဲ့ isokandrodendrin နဲ့ S-S tetandrin ဒြပ်ပေါင်းတို့ ပါဝင်နေပါတယ်။

ဒီဒြပ်ပေါင်းတွေက အသည်း၊ အဆုတ်၊ ရင်သားနဲ့ သားအိမ်ခေါင်းက ကင်ဆာဆဲလ်တွေကို ဖယ်ရှားပေးနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ ဒါကြောင့် ကျောက်ကျောရည် သောက်တာက ကင်ဆာကို အထိုက်အလျောက် ကာကွယ်ပေးနိုင်မှာပါ။

ဆီးချို ကာကွယ်ပေးတယ်

Grass jelly မှာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့ ဒြပ်ပေါင်းတွေ ဖြစ်ကြတဲ့ bisbenzilsokuinolin နဲ့ chlorophyll တို့ ပါဝင်နေပါတယ်။ ဒါကြောင့် ဆီးချိုရောဂါကို ကာကွယ်ချင်တယ်ဆိုရင် ကျောက်ကျောရည် သောက်ပေးလို့ ရပါတယ်။

အဖျား နဲ့ လည်ချောင်းနာတာကို သက်သာစေတယ်

Grass jelly က အအေးဓာတ်ရှိသလို alkaloids၊ flavonoids၊ saponins၊ tendradine နဲ့ cardioplegicum၊ ဗီတာမင် A ၊ ဗီတာမင် Bတို့လိုမျိုး ဓာတ်တွေပါဝင်နေတာကြောင့် အဖျား သက်သာစေသလို လည်ချောင်းနာတာကိုလည်း သက်သာစေနိုင်ပါတယ်။

ဝမ်းမှန်စေတယ်

ကျောက်ကျောမှာ ရေဓာတ်ရော အမျှင်ဓာတ်ပါ ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေဖို့ အကောင်းဆုံး ထောက်ကူပေးပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit hellosayarwon

 

 

[Zawgyi]

ေက်ာက္ေက်ာရည္ ႀကိဳက္သူေတြအတြက္ သတင္းေကာင္း

 

ညိဳတိုတို အေရာင္႐ွိတဲ့ ေက်ာက္ေက်ာေလးကို သံပုရာသီး၊ သၾကားတို႔နဲ႔ ေဖ်ာ္ၿပီး ေသာက္ရတဲ့ ေက်ာက္ေက်ာရည္ကို ေဖ်ာ္ရည္ေတြထဲမွာ အႀကိဳက္ဆုံးပဲ ဆိုရင္ေတာ့ ဒီေဆာင္းပါးေလးက သင့္အတြက္ပါ။

ေက်ာက္ေက်ာရည္က အေမာေျပေစ႐ုံထက္ ပိုတယ္ဆိုတာကို ဒီေဆာင္းပါးေလးထဲမွာ ဖတ္ၾကည့္ေစခ်င္ပါတယ္။

ေက်ာက္ေက်ာကို ဘယ္ကေန လုပ္တာလဲ

ေက်ာက္ေက်ာကို ခါးသက္သက္ အရသာေလး႐ွိတဲ့ Grass Jelly ပင္ရဲ႕ အ႐ြက္ကေန ထုတ္လုပ္တာပါ။ အစိမ္းေရာင္ရင့္ရင့္ ဒါမွမဟုတ္ အနက္ေရာင္႐ွိပါတယ္။ အပင္က ၁၇ စင္တီမီတာ အျမင့္႐ွိၿပီး အ႐ြက္က ႐ွည္ေမ်ာေမ်ာေလးပါ။ ပင္စည္မွာ အေမႊးေလးေတြ႐ွိေနတတ္ပါတယ္။

ပင္စည္ေအာက္နားက အ႐ြက္ေတြကို ခူးၿပီး အ႐ြက္ကို ႀကိတ္ရာကေန ေက်ာက္ေက်ာကို ရ႐ွိတာပါ။ တစ္ႏွစ္ပတ္လုံး ေပါက္ေရာက္တဲ့ အပင္ပါ။

ဘယ္လို အာဟာရဓာတ္ေတြ ပါလဲ

Green Grass Jelly ႐ြက္မွာ

အစာအိမ္နံရံေတြကို က်န္းမာေစတဲ့ tannins

alkaloids

ကယ္လ္ဆီယမ္

ေဖာ့စဖရပ္

ဗီတာမင္ A နဲ႔

ဗီတာမင္ Bတို႔ ပါဝင္ေနပါတယ္။

ေက်ာက္ေက်ာကေပးတဲ့ က်န္းမာေရး

အေမာေျပေစတဲ့ ေက်ာက္ေက်ာရည္ေလးကို ေသာက္ရင္း အခုလို က်န္းမာေရး အက်ိဳးေက်းဇူးေတြကို ရ႐ွိႏိုင္ပါတယ္။

အစာေျခစနစ္ က်န္းမာေစႏိုင္တယ္

ေက်ာက္ေက်ာက အစာေျခစနစ္ကို အေကာင္းဆုံး စြမ္းေဆာင္ရည္ ရ႐ွိေစဖို႔ ေထာက္ပံ့ေပးပါတယ္။ အစာအိမ္ကို ထိခိုက္ေစႏိုင္တဲ့ ဘက္တီးရီးယားေတြကို တိုက္ဖ်က္ေပးပါတယ္။

ေက်ာက္ေက်ာမွာ ဗီတာမင္ B နဲ႔ ဗီတာမင္ C သင့္တင့္တဲ့ ပမာဏ ပါဝင္ေပါင္းစပ္ထားတဲ့ alkaloid ျဒပ္ေပါင္း ပါဝင္ေနပါတယ္။ ဒီျဒပ္ေပါင္းက ဝမ္းပ်က္ဝမ္းေလွ်ာ မျဖစ္ေစဖို႔ အထိေရာက္ဆုံး ကာကြယ္ေပးပါတယ္။

အမွ်င္ဓာတ္ ပါဝင္ေနမႈက အစာေျခစနစ္ကို က်န္းမာေစၿပီး သန္႔စင္ေပးဖို႔ ကူညီေပးပါတယ္။ ဗိုက္ေအာင့္ ဗိုက္နာတာ၊ အစာမေၾကတာ၊ ဝမ္းခ်ဳပ္တာေတြ မျဖစ္ေစဖို႔ ကာကြယ္ေပးပါတယ္။

ဝိတ္က်ေစတယ္

ေက်ာက္ေက်ာကို ျပဳလုပ္ဖို႔ သုံးတဲ့ Grass jelly မွာ ခႏၶာကိုယ္အတြက္ အေရးပါတဲ့ အာဟာရဓာတ္ေတြ ျဖစ္တဲ့ ဗီတာမင္ A၊ ဗီတာမင္ B1၊ ဗီတာမင္ C၊ ကယ္လ္ဆီယမ္၊ phosphorus၊ ကာဗိုဟိုက္ဒရိတ္၊ ကယ္လ္လိုရီတို႔ ပါဝင္ေနပါတယ္။

အမွ်င္ဓာတ္ ႂကြယ္ဝတာေၾကာင့္ အစာေျခစနစ္ကို က်န္းမာေစၿပီး အဆာခံေစလို႔ ဝိတ္က်ေစမွာပါ။

ကင္ဆာ ကာကြယ္ေပးတယ္

Grass jelly မွာ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြ ျဖစ္ၾကတဲ့ isokandrodendrin နဲ႔ S-S tetandrin ျဒပ္ေပါင္းတို႔ ပါဝင္ေနပါတယ္။

ဒီျဒပ္ေပါင္းေတြက အသည္း၊ အဆုတ္၊ ရင္သားနဲ႔ သားအိမ္ေခါင္းက ကင္ဆာဆဲလ္ေတြကို ဖယ္႐ွားေပးႏိုင္တယ္လို႔ ေလ့လာမႈေတြအရ သိရပါတယ္။ ဒါေၾကာင့္ ေက်ာက္ေက်ာရည္ ေသာက္တာက ကင္ဆာကို အထိုက္အေလ်ာက္ ကာကြယ္ေပးႏိုင္မွာပါ။

ဆီးခ်ိဳ ကာကြယ္ေပးတယ္

Grass jelly မွာ ေသြးတြင္းသၾကားဓာတ္ကို ထိန္းညႇိေပးတဲ့ ျဒပ္ေပါင္းေတြ ျဖစ္ၾကတဲ့ bisbenzilsokuinolin နဲ႔ chlorophyll တို႔ ပါဝင္ေနပါတယ္။ ဒါေၾကာင့္ ဆီးခ်ိဳေရာဂါကို ကာကြယ္ခ်င္တယ္ဆိုရင္ ေက်ာက္ေက်ာရည္ ေသာက္ေပးလို႔ ရပါတယ္။

အဖ်ား နဲ႔ လည္ေခ်ာင္းနာတာကို သက္သာေစတယ္

Grass jelly က အေအးဓာတ္႐ွိသလို alkaloids၊ flavonoids၊ saponins၊ tendradine နဲ႔ cardioplegicum၊ ဗီတာမင္ A ၊ ဗီတာမင္ Bတို႔လိုမ်ိဳး ဓာတ္ေတြပါဝင္ေနတာေၾကာင့္ အဖ်ား သက္သာေစသလို လည္ေခ်ာင္းနာတာကိုလည္း သက္သာေစႏိုင္ပါတယ္။

ဝမ္းမွန္ေစတယ္

ေက်ာက္ေက်ာမွာ ေရဓာတ္ေရာ အမွ်င္ဓာတ္ပါ ပါဝင္ေနတာေၾကာင့္ အစာေျခစနစ္ကို က်န္းမာေစၿပီး ဝမ္းမွန္ေစဖို႔ အေကာင္းဆုံး ေထာက္ကူေပးပါတယ္။

 

 

Credit hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service