အသက်ရှင်နေစဉ်မှာ လှူဒါန်းလို့ရတဲ့ အင်္ဂါအစိတ်အပိုင်းများ.....

အသက်ရှင်နေစဉ်မှာ လှူဒါန်းလို့ရတဲ့ အင်္ဂါအစိတ်အပိုင်းများ..... - Property Knowledge in Myanmar from iMyanmarHouse.com
26 Nov 2022 12:28 pm တွင် တင်ခဲ့သည်
689 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

 

ခန္ဓာကိုယ် အစိတ်အပိုင်း လှူဒါန်းတယ်ဆိုတာက ကိုယ့်ခန္ဓာကိုယ်က တစ်စုံတစ်ရာသော အစိတ်အပိုင်းကို ခွဲစိတ်ဖြတ်တောက်ပြီး လိုအပ်နေသူကို လှူဒါန်းကူညီခြင်းတစ်မျိုးဖြစ်ပါတယ်။

များသောအားဖြင့် ခန္ဓာကိုယ် အစိတ်အပိုင်းလိုအပ်နေသူတွေဟာ အသက်ဘေးနဲ့ နီးစပ်နေသူတွေများပါတယ်။ ဒါကြောင့် ခုလိုလှူဒါန်းတာဟာ မွန်မြတ်တဲ့ လုပ်ရပ်တစ်ခုပါ။

လူ့ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတချို့ဟာ အကူအညီလိုအပ်နေတဲ့ တခြားတစ်စုံတစ်ယောက်ထံ ခွဲဝေလှူဒါန်းလို့ ရပါတယ်။ ဥပမာ ကျောက်ကပ်၊ အသည်း၊ မျက်ကြည်လွှာနဲ့ နှလုံးတို့ပေါ့။

ဘယ်လို အစိတ်အပိုင်းတွေကို လှူဒါန်းလို့ရသလဲ

ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ခွဲစိတ်လှူဒါန်းလို့ရတာမှန်ပေမယ့် တချို့အစိတ်အပိုင်းတွေက လှူဒါန်းသူ ကွယ်လွန်ပြီးမှသာလှူဒါန်းနိုင်တာဖြစ်ပြီး တချို့ အစိတ်အပိုင်းတွေက အသက်ရှင်နေစဉ်မှာ လှူဒါန်းလို့ရပါတယ်။

ကိုယ်တွင်း အင်္ဂါတွေထဲမှာဆိုရင် ကျောက်ကပ်၊ အဆုတ်၊ အသည်း၊ နှလုံး၊ ပန်ကရိယနဲ့ အူတို့ကို အသက်ရှင်နေစဉ်မှာ လှူဒါန်းလို့ရပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ မျက်နှာနဲ့ လက်တို့ကိုလည်း အစားထိုးလို့ရတယ်လို့ သတ်မှတ်ခဲ့ပါတယ်။

အသည်း

ဒီထဲမှာမှ အသည်းနဲ့ ကျောက်ကပ်အစားထိုးတာတွေကတော့ လူသိပိုများလှပါတယ်။ အသည်းအစားထိုးမယ်ဆိုရင် နည်းလမ်း ၃ မျိုးရှိပြီးတော့ Orthotopic transplant လို့ခေါ်တဲ့ မကြာသေးမီက သေဆုံးသွားသူထံမှ အသည်း အစားထိုးခြင်း၊ အသက်ရှိသူထံမှ အသည်းအစားထိုးခြင်း၊ အလှူရှင်ထံမှ အသည်းကို ခွဲခြမ်း အစားထိုးခြင်း စတာတွေပါပဲ။

အသည်းအစားထိုးပြီးရင်တော့ အစားထိုးထားတဲ့အသည်းဟာ လျင်မြန်စွာ ပြန်ကြီးမားလာနိုင်ပါတယ်။ အလှူရှင်ရဲ့ အသည်းကတောင် ပုံမှန်အရွယ်အစားအထိ ပြန်ကြီးနိုင်ပါတယ်။ အစားထိုးခံရတဲ့ လူနာမှာ တစ်ပတ်အတွင်း ပုံမှန်အသည်းရဲ့ ၈၅% အထိ ပြန်ကြီးနိုင်ပါတယ်။

ကျောက်ကပ်

ကျောက်ကပ်အစားထိုးခြင်းဆိုတာ အသက်ရှင်နေတဲ့အလှူရှင်ဆီကဖြစ်စေ၊ သေဆုံးပြီး အလှူရှင်ဆီကဖြစ်စေ ကောင်းမွန်တဲ့ ကျောက်ကပ်ကို ထုတ်ယူပြီး လူနာရဲ့ ပျက်စီးနေတဲ့ ကျောက်ကပ်နဲ့ အစားထိုးခြင်း ဖြစ်ပါတယ်။

အသက်ရှင်သော အလှူရှင်ဆိုရင် မိသားစုဝင်ဖြစ်စေ၊ မိတ်ဆွေဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက်ဖြစ်စေ စိတ်ပါသူ မည်သူမဆို ကျောက်ကပ်လှူဒါန်း နိုင်ပါတယ်။ သေဆုံးပြီးအလှူရှင်ဆိုရင်တော့ မကြာသေးမီက သေဆုံးပြီး နာတာရှည်ကျောက်ကပ်ရောဂါမရှိသူ ဖြစ်ရပါမယ်။

အဆုတ်

အဆုတ်ကို အစားထိုးဖို့ လှူဒါန်းနိုင်တဲ့ နည်းလမ်း အမျိုးအစား ၄ မျိုးရှိပါတယ်။ အဆုတ်တစ်ခြမ်းလှူတာ၊ နှစ်ခြမ်းလုံးလှူတာ၊ Bilateral sequential နည်းလမ်းနဲ့ နှလုံးနဲ့ အဆုတ် ၂ မျိုးလုံး တစ်ပြိုင်နက်တည်းလှူဒါန်းတဲ့ Heart-lung transplant တို့ပါပဲ။

ဒီနည်းလမ်းတွေထဲမှာမှ ကျန်းမာတဲ့ အဆုတ်ကိုပိုင်ဆိုင်ထားပြီး ဆေးလိပ်မသောက်သုံးတဲ့လူတွေဟာ ကိုယ့်ရဲ့ အဆုတ်က Lobe တစ်ခုကို Single lung transplant လိုအပ်နေတဲ့ လူနာတွေဆီကို လှူဒါန်းလို့ရပါတယ်။ အဆုတ်မှာ Lobe ၅ ခု ရှိတာကြောင့်ပါ။

အူ

အူရဲ့ အစိတ်အပိုင်းတစ်ချို့ကိုလည်း လှူဒါန်းလို့ရပါတယ်။ များသောအားဖြင့် အူကို ကွယ်လွန်သူ အလှူရှင်တွေဆီကနေ ရယူကြတာများပေမယ့် တစ်ခါတစ်ရံမှာလည်း အသက်ရှင်နေသူတွေဆီကနေ ရယူလို့ရနိုင်တယ်လို့ ဆိုပါတယ်။

သားအိမ်

အမျိုးသမီးတွေဟာ သားအိမ်ကိုလည်း လှူဒါန်းနိုင်ပါတယ်။ သားအိမ်ကိုလည်း အသက်ရှင်နေစဉ်မှာပဲဖြစ်ဖြစ် ကွယ်လွန်ပြီးမှဖြစ်ဖြစ် လှူဒါန်းလို့ရပါတယ်။ အလှူရှင်တွေဟာ အသက် ၃၀ နဲ့ ၅၀ အကြားဖြစ်နေဖို့တော့ လိုအပ်ပါတယ်။ နောက်ပြီး ကျန်းမာပြီး ကလေးမွေးဖွားဖူးသူလည်းဖြစ်ဖို့ လိုပါတယ်။

ပန်ကရိယ

ခန္ဓာကိုယ်တွင်းက အရေးကြီးအင်္ဂါတစ်ခုဖြစ်တဲ့ ပန်ကရိယကိုလည်း အသက်ရှင်နေချိန်မှာ လှူဒါန်းလို့ ရနိုင်ပါတယ်။ အများစုသော ပန်ကရိယ လှူဒါန်းမှုတွေကို အလှူရှင် ကွယ်လွန်ပြီး ၁၂ နာရီကနေ ၁၅ နာရီကြားမှာ ပြုလုပ်ကြတာဖြစ်ပေမယ့် အသက်ရှင်နေစဉ်မှာလည်း လှူဒါန်းလို့ရနိုင်တယ်လို့ UNOS က ဆိုထားပါတယ်။

လှူဒါန်းဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်

ကိုယ်က လှူချင်တယ်ဆိုရင် အရေးအကြီးဆုံးက ကျန်းမာနေဖို့ပါပဲ။ လှူဒါန်းရာမှာ သွေးအမျိုးမစား၊ တစ်ရှူးအမျိုးအစားနဲ့ အင်္ဂါအမျိုးအစားတွေ တူညီဖို့ လိုအပ်မှာဖြစ်ပြီးတော့ နာတာရှည်ရောဂါတွေ ကူးစက်ရောဂါတွေ မရှိဖို့လဲ လိုအပ်ပါတယ်။

ကျန်းမာအောင် ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ၊ အာဟာရပြည့်ဝအောင်စားတာတွေလည်း မဖြစ်မနေ လုပ်ဆောင်ဖို့သင့်ပါတယ်။

နောက်ပြီး ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ဟာ ကိုယ်တိုင် စိတ်ဆန္ဒအရ ဆုံးဖြတ်တာမျိုးဖြစ်ဖို့လည်း မဖြစ်မနေလိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ခန္ဓာကိုယ်အစိတ်အပိုင်းကို ဖယ်ရှားလှူဒါန်းတာဖြစ်တာမို့ ရေတိုရေရှည် သက်ရောက်မှုတချို့ ရှိမှာဖြစ်ပြီး ဒါတွေကို လက်ခံနိုင်ဖို့ လိုအပ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

[Zawgyi]

အသက္႐ွင္ေနစဥ္မွာ လႉဒါန္းလို႔ရတဲ့ အဂၤါအစိတ္အပိုင္းမ်ား.....

 

ခႏၶာကိုယ္ အစိတ္အပိုင္း လႉဒါန္းတယ္ဆိုတာက ကိုယ့္ခႏၶာကိုယ္က တစ္စုံတစ္ရာေသာ အစိတ္အပိုင္းကို ခြဲစိတ္ျဖတ္ေတာက္ၿပီး လိုအပ္ေနသူကို လႉဒါန္းကူညီျခင္းတစ္မ်ိဳးျဖစ္ပါတယ္။

မ်ားေသာအားျဖင့္ ခႏၶာကိုယ္ အစိတ္အပိုင္းလိုအပ္ေနသူေတြဟာ အသက္ေဘးနဲ႔ နီးစပ္ေနသူေတြမ်ားပါတယ္။ ဒါေၾကာင့္ ခုလိုလႉဒါန္းတာဟာ မြန္ျမတ္တဲ့ လုပ္ရပ္တစ္ခုပါ။

လူ႕ခႏၶာကိုယ္ထဲက အစိတ္အပိုင္းတခ်ိဳ႕ဟာ အကူအညီလိုအပ္ေနတဲ့ တျခားတစ္စုံတစ္ေယာက္ထံ ခြဲေဝလႉဒါန္းလို႔ ရပါတယ္။ ဥပမာ ေက်ာက္ကပ္၊ အသည္း၊ မ်က္ၾကည္လႊာနဲ႔ ႏွလုံးတို႔ေပါ့။

ဘယ္လို အစိတ္အပိုင္းေတြကို လႉဒါန္းလို႔ရသလဲ

ခႏၶာကိုယ္အစိတ္အပိုင္းေတြကို ခြဲစိတ္လႉဒါန္းလို႔ရတာမွန္ေပမယ့္ တခ်ိဳ႕အစိတ္အပိုင္းေတြက လႉဒါန္းသူ ကြယ္လြန္ၿပီးမွသာလႉဒါန္းႏိုင္တာျဖစ္ၿပီး တခ်ိဳ႕ အစိတ္အပိုင္းေတြက အသက္႐ွင္ေနစဥ္မွာ လႉဒါန္းလို႔ရပါတယ္။

ကိုယ္တြင္း အဂၤါေတြထဲမွာဆိုရင္ ေက်ာက္ကပ္၊ အဆုတ္၊ အသည္း၊ ႏွလုံး၊ ပန္ကရိယနဲ႔ အူတို႔ကို အသက္႐ွင္ေနစဥ္မွာ လႉဒါန္းလို႔ရပါတယ္။ ၂၀၁၄ ခုႏွစ္မွာေတာ့ မ်က္ႏွာနဲ႔ လက္တို႔ကိုလည္း အစားထိုးလို႔ရတယ္လို႔ သတ္မွတ္ခဲ့ပါတယ္။

အသည္း

ဒီထဲမွာမွ အသည္းနဲ႔ ေက်ာက္ကပ္အစားထိုးတာေတြကေတာ့ လူသိပိုမ်ားလွပါတယ္။ အသည္းအစားထိုးမယ္ဆိုရင္ နည္းလမ္း ၃ မ်ိဳး႐ွိၿပီးေတာ့ Orthotopic transplant လို႔ေခၚတဲ့ မၾကာေသးမီက ေသဆုံးသြားသူထံမွ အသည္း အစားထိုးျခင္း၊ အသက္႐ွိသူထံမွ အသည္းအစားထိုးျခင္း၊ အလႉ႐ွင္ထံမွ အသည္းကို ခြဲျခမ္း အစားထိုးျခင္း စတာေတြပါပဲ။

အသည္းအစားထိုးၿပီးရင္ေတာ့ အစားထိုးထားတဲ့အသည္းဟာ လ်င္ျမန္စြာ ျပန္ႀကီးမားလာႏိုင္ပါတယ္။ အလႉ႐ွင္ရဲ႕ အသည္းကေတာင္ ပုံမွန္အ႐ြယ္အစားအထိ ျပန္ႀကီးႏိုင္ပါတယ္။ အစားထိုးခံရတဲ့ လူနာမွာ တစ္ပတ္အတြင္း ပုံမွန္အသည္းရဲ႕ ၈၅% အထိ ျပန္ႀကီးႏိုင္ပါတယ္။

ေက်ာက္ကပ္

ေက်ာက္ကပ္အစားထိုးျခင္းဆိုတာ အသက္႐ွင္ေနတဲ့အလႉ႐ွင္ဆီကျဖစ္ေစ၊ ေသဆုံးၿပီး အလႉ႐ွင္ဆီကျဖစ္ေစ ေကာင္းမြန္တဲ့ ေက်ာက္ကပ္ကို ထုတ္ယူၿပီး လူနာရဲ႕ ပ်က္စီးေနတဲ့ ေက်ာက္ကပ္နဲ႔ အစားထိုးျခင္း ျဖစ္ပါတယ္။

အသက္႐ွင္ေသာ အလႉ႐ွင္ဆိုရင္ မိသားစုဝင္ျဖစ္ေစ၊ မိတ္ေဆြျဖစ္ေစ၊ လုပ္ေဖာ္ကိုင္ဖက္ျဖစ္ေစ စိတ္ပါသူ မည္သူမဆို ေက်ာက္ကပ္လႉဒါန္း ႏိုင္ပါတယ္။ ေသဆုံးၿပီးအလႉ႐ွင္ဆိုရင္ေတာ့ မၾကာေသးမီက ေသဆုံးၿပီး နာတာ႐ွည္ေက်ာက္ကပ္ေရာဂါမ႐ွိသူ ျဖစ္ရပါမယ္။

အဆုတ္

အဆုတ္ကို အစားထိုးဖို႔ လႉဒါန္းႏိုင္တဲ့ နည္းလမ္း အမ်ိဳးအစား ၄ မ်ိဳး႐ွိပါတယ္။ အဆုတ္တစ္ျခမ္းလႉတာ၊ ႏွစ္ျခမ္းလုံးလႉတာ၊ Bilateral sequential နည္းလမ္းနဲ႔ ႏွလုံးနဲ႔ အဆုတ္ ၂ မ်ိဳးလုံး တစ္ၿပိဳင္နက္တည္းလႉဒါန္းတဲ့ Heart-lung transplant တို႔ပါပဲ။

ဒီနည္းလမ္းေတြထဲမွာမွ က်န္းမာတဲ့ အဆုတ္ကိုပိုင္ဆိုင္ထားၿပီး ေဆးလိပ္မေသာက္သုံးတဲ့လူေတြဟာ ကိုယ့္ရဲ႕ အဆုတ္က Lobe တစ္ခုကို Single lung transplant လိုအပ္ေနတဲ့ လူနာေတြဆီကို လႉဒါန္းလို႔ရပါတယ္။ အဆုတ္မွာ Lobe ၅ ခု ႐ွိတာေၾကာင့္ပါ။

အူ

အူရဲ႕ အစိတ္အပိုင္းတစ္ခ်ိဳ႕ကိုလည္း လႉဒါန္းလို႔ရပါတယ္။ မ်ားေသာအားျဖင့္ အူကို ကြယ္လြန္သူ အလႉ႐ွင္ေတြဆီကေန ရယူၾကတာမ်ားေပမယ့္ တစ္ခါတစ္ရံမွာလည္း အသက္႐ွင္ေနသူေတြဆီကေန ရယူလို႔ရႏိုင္တယ္လို႔ ဆိုပါတယ္။

သားအိမ္

အမ်ိဳးသမီးေတြဟာ သားအိမ္ကိုလည္း လႉဒါန္းႏိုင္ပါတယ္။ သားအိမ္ကိုလည္း အသက္႐ွင္ေနစဥ္မွာပဲျဖစ္ျဖစ္ ကြယ္လြန္ၿပီးမွျဖစ္ျဖစ္ လႉဒါန္းလို႔ရပါတယ္။ အလႉ႐ွင္ေတြဟာ အသက္ ၃၀ နဲ႔ ၅၀ အၾကားျဖစ္ေနဖို႔ေတာ့ လိုအပ္ပါတယ္။ ေနာက္ၿပီး က်န္းမာၿပီး ကေလးေမြးဖြားဖူးသူလည္းျဖစ္ဖို႔ လိုပါတယ္။

ပန္ကရိယ

ခႏၶာကိုယ္တြင္းက အေရးႀကီးအဂၤါတစ္ခုျဖစ္တဲ့ ပန္ကရိယကိုလည္း အသက္႐ွင္ေနခ်ိန္မွာ လႉဒါန္းလို႔ ရႏိုင္ပါတယ္။ အမ်ားစုေသာ ပန္ကရိယ လႉဒါန္းမႈေတြကို အလႉ႐ွင္ ကြယ္လြန္ၿပီး ၁၂ နာရီကေန ၁၅ နာရီၾကားမွာ ျပဳလုပ္ၾကတာျဖစ္ေပမယ့္ အသက္႐ွင္ေနစဥ္မွာလည္း လႉဒါန္းလို႔ရႏိုင္တယ္လို႔ UNOS က ဆိုထားပါတယ္။

လႉဒါန္းဖို႔ ဆုံးျဖတ္ထားတယ္ဆိုရင္

ကိုယ္က လႉခ်င္တယ္ဆိုရင္ အေရးအႀကီးဆုံးက က်န္းမာေနဖို႔ပါပဲ။ လႉဒါန္းရာမွာ ေသြးအမ်ိဳးမစား၊ တစ္႐ွဴးအမ်ိဳးအစားနဲ႔ အဂၤါအမ်ိဳးအစားေတြ တူညီဖို႔ လိုအပ္မွာျဖစ္ၿပီးေတာ့ နာတာ႐ွည္ေရာဂါေတြ ကူးစက္ေရာဂါေတြ မ႐ွိဖို႔လဲ လိုအပ္ပါတယ္။

က်န္းမာေအာင္ ကိုယ္လက္ေလ့က်င့္ခန္းလုပ္တာ၊ အာဟာရျပည့္ဝေအာင္စားတာေတြလည္း မျဖစ္မေန လုပ္ေဆာင္ဖို႔သင့္ပါတယ္။

ေနာက္ၿပီး ကိုယ့္ရဲ႕ ဆုံးျဖတ္ခ်က္ဟာ ကိုယ္တိုင္ စိတ္ဆႏၵအရ ဆုံးျဖတ္တာမ်ိဳးျဖစ္ဖို႔လည္း မျဖစ္မေနလိုအပ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ခႏၶာကိုယ္အစိတ္အပိုင္းကို ဖယ္႐ွားလႉဒါန္းတာျဖစ္တာမို႔ ေရတိုေရ႐ွည္ သက္ေရာက္မႈတခ်ိဳ႕ ႐ွိမွာျဖစ္ၿပီး ဒါေတြကို လက္ခံႏိုင္ဖို႔ လိုအပ္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service