တရုတ်ပြည်က ရဟန္တာ ၂၉ ပါး လျှို့ဝှက်လှိုဏ်ဂူ

တရုတ်ပြည်က ရဟန္တာ ၂၉ ပါး လျှို့ဝှက်လှိုဏ်ဂူ - Property News in Myanmar from iMyanmarHouse.com
23 Nov 2022 11:22 am တွင် တင်ခဲ့သည်
780 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်ပြည်ရှိ Longmen လှိုဏ်ဂူများအတွင်းမှ လျှို့ဝှက်လှိုဏ်ဂူနေရာတစ်ခုကို တရုတ်အစိုးရက ဆယ်စုနှစ် ၆ ခုကျော် ပိတ်ပင်ထားခဲ့ပြီး ၂၀၁၆ ခုနှစ် နှစ်စပိုင်းကမှ ပြည်သူများနှင့် ကမ္ဘာလှည့် ခရီးသည်များကို လေ့လာ ကြည့်ရှုရန် ဖွင့်လှစ်ပေးခဲ့သည်။

People's Daily Online ၏ ဖော်ပြချက်အရ တရုတ်ပြည်အလယ်ပိုင်းရှိ အဆိုပါ တော်ဝင်လှိုဏ်ဂူကို အတွင်းရှိ ရှားပါးအနုပညာလက်ရာများ၏အလှကို မပျက်စီးစေရန် ထိန်းသိမ်းကာကွယ်သည့်အနေဖြင့် အမြဲပိတ်ပင်ထားခဲ့ ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

လှိုဏ်ဂူထဲတွင် ကျွတ်တမ်းဝင်ခဲ့ကြသည့် ရဟန္တာ ၂၉ ပါး ရုပ်တုများကို ထွင်းထုထားပြီး တန်မင်းဆက်ခေတ် (အေဒီ ၆၁၈ မှ ၉၀၇ ကြား) အတွင်း ဖန်တီးခဲ့သည့်လက်ရာဖြစ်သည်။

ရုပ်တုတစ်ခုချင်းစီသည် တန်ဖိုးမဖြတ်နိုင်သည့် သုတေသနနှင့် အနုပညာတန်ဖိုးများ ရှိနေသည်။

ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ထားသော လူတို့ဖန်တီးသည့် လှိုဏ်ဂူများအနက် ယခု လှိုဏ်ဂူမှာ အချက်အခြာတစ်ခုဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ မတ်လ ၁၀ ရက်တွင် တရုတ်အစိုးရက အများပြည်သူ များသို့ နှစ်ပေါင်းများစွာ ပိတ်ပင်ထားရာမှ စတင်ဝင်ရောက်ခွင့်ပြုခဲ့သည်။

ရဟန္တာဂူသို့ လေ့လာသူများအနေဖြင့် ထူးခြားသောအနုပညာလက်ရာများကို ကြည့်ရှုဖူးမျှော်ရမည့်အပြင် တရုတ်ပြည်၏ သမိုင်းကြောင်းတစိတ်တဒေသကိုလည်း ထိတွေ့ခွင့်ရရှိကြမည် ဖြစ်သည်။

(▶ တရုတ်ပြည်၊ ဟီနန်ပြည်နယ်၊ Longmen လှိုဏ်ဂူများမှ တော်ဝင်ဂူ)

(▶ မြင့်မြတ်သော အံ့ဖွယ်။ တန်မင်းဆက်ခေတ်က ထုလုပ်ခဲ့သော ရဟန္တာ ၂၉ ပါး)

(▶ ၂၀၁၆ ခုနှစ်၊ မတ်လ ၁၀ ရက်တွင် ပြည်သူများသို့ ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ခွင့်ပြုခဲ့သည်)

(▶ တရုတ်ယဉ်ကျေးမှုတော်လှန်ရေးကာလ ၁၉၆၆ မှ ၁၉၇၆ ခုနှစ်အတွင်း လှိုဏ်ဂူကြီးမှာ ကြေကွဲဖွယ် ဖျက်ဆီးခံခဲ့ရသည်။ သို့သော် နောက်ပိုင်းတွင် ပြန်လည်ပြုပြင်မှုများ ပြုလုပ်ခဲ့သည်)

(▶ ဟီနန်ပြည်နယ်၏ မြို့တော်၊ လွှမ့်ယန်-Luoyang ၏ တောင်ဘက်၊ ယီမြစ်၏ မြစ်ကမ်း ၂ ဘက်လုံးတွင် Longmen လှိုဏ်ဂူများ တည်ရှိသည်)

ဤလှိုဏ်ဂူကြီးသည် တရုတ်ယဉ်ကျေးမှုတော်လှန်ရေးကာလ ၁၉၆၆ မှ ၁၉၇၆ ခုနှစ်အကြား ကြေကွဲဖွယ်ရာ ဖျက်ဆီးခံခဲ့ရသည်။ သို့ကြောင့် ယနေ့အခါ လှိုဏ်ဂူထဲတွင် မြင်တွေ့ရသည့် ပင်မရုပ်ပွားတော်မှာ ရှေးခေတ်က ထွင်းထုခဲ့သည့် မူရင်းရုပ်တုမဟုတ်ဘဲ ရှေးဟောင်းသုတေသနပညာရှင်တို့က အစားထိုးထားသည့် ပုံတူတစ်ခု ဖြစ်သည်။

ဤလှိုဏ်ဂူကို ဧကရီ ဝူဇယ့်ရှန်း (Wu Zetian) လက်ထက် (၆၂၄-၇၀၅) နှင့် ဧကရာဇ် လီလုံချီ (Li Longji ) လက်ထက် (၆၈၅-၇၆၂) ကာလများတွင် တူးဖော်ခဲ့သည်ဟု ယုံကြည်ရသည်။ လှိုဏ်ဂူကြီး၏ ခမ်းနားလှသော ရှေ့ဂိတ်တံခါးကြီးမှာ အမြင့် ၂၃ ပေရှိပြီး အကျယ် ၁၆ ပေရှိသည်။

တုန်ရှန်း (Dongshan ) တောင်တန်းတွင် အကြီးမားဆုံး လှိုဏ်ဂူဖြစ်ပြီး လှိုဏ်ဂူတွင်း အမြင့်မှာ ပေ ၃၀၊ အနက် ၃၃ ပေနှင့် အကျယ် ၃၄ ပေရှိသည်။

Longmen လှိုဏ်ဂူများ (သို့မဟုတ်) နဂါးဂိတ်ဝလှိုဏ်ဂူများသည် စုစုပေါင်း ၂၃၀၀ ကျော်ရှိပြီး တရုတ်ပြည်အရှေ့ပိုင်း ဟီနန်ပြည်နယ်တွင် တည်ရှိသည်။

အဆိုပါ လှိုဏ်ဂူပေါင်း ၂၃၀၀ ကျော်တွင် ကျောက်ရုပ်တုပေါင်း ၁၁၀၀၀၀ ကျော်၊ စေတီဘုရား ၆၀ ကျော်၊ ကျောက်ပြား (သို့မဟုတ်) သစ်သားပြားများပေါ်တွင် ထွင်းထုထားသည့် ကျောက်စာပေါင်း ၂၈၀၀ ကျော်တို့ရှိပြီး အလယ်ခေတ်အစောပိုင်း ဗုဒ္ဓဘာသာဆိုင်ရာ အနုပညာလက်ရာများ စုဝေးရာလည်း ဖြစ်သည်။

ယင်းလှိုဏ်ဂူများသည် ရှေးဟောင်းမြို့တော်ဖြစ်သော လွှမ့်ယမ် (Luoyang ) ၏ တောင်ဘက်၊ ယီမြစ်၏ မြစ်ကမ်းနှစ်ဘက် လုံးတွင် ဖြန့်ကျက် တည်ရှိပြီး နှစ်စဉ် ကမ္ဘာလှည့်ခရီးသည် ထောင်ပေါင်းများစွာ လာရောက် လည်ပတ်လေ့လာ ကြသည်။

များပြားလှသော ရုပ်တုများကို ထုံးကျောက် ကျောက်ထရံများတွင် အနုစိတ် ထွင်းထုပုံဖော်ထားခြင်းဖြစ်ပြီး ရဟန်းတော်များပုံ၊ နတ်များပုံနှင့် ဗုဒ္ဓပုံတော်များ ပုံဖော်ထားသည်။

(▶ ဤလှိုဏ်ဂူကြီးသည် ဧကရီ ဝူဇယ့်ရှန်း (Wu Zetian) လက်ထက် (၆၂၄-၇၀၅) နှင့် ဧကရာဇ် Li Longji လက်ထက် (၆၈၅-၇၆၂) ကာလများတွင် တူးဖော်ခဲ့သည်ဟု ယူဆရသည်။)

(▶ထုံးကျောက် ကျောက်ထရံများတွင် ရဟန်းတော်များပုံ၊ နတ်များပုံနှင့် ဗုဒ္ဓပုံတော်များ အနုစိတ် ထွင်းထုပုံဖော်ထားသည်)

(▶ ဤနေရာ၏ အလှ၊ ညှို့ဓာတ်နှင့် ဆန်းကြယ်မှုတို့တွင် စီးမြောရန် နှစ်စဉ် ကမ္ဘာလှည့်ခရီးသည် ထောင်ပေါင်းများစွာ လာရောက်လေ့ရှိသည်)

(▶ ၂၀၀၀ ပြည့်နှစ်တွင် ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့သည်)

Longmen လှိုဏ်ဂူများသုတေသနစင်တာမှ ညွှန်ကြားရေးမှူး လုဝေက Luoyang Evening News သတင်းဌာနသို့ ပြောခဲ့သည်မှာ လှိုဏ်ဂူအတွင်းရှိ ဓာတ်တော်မွေတော်တို့မှာ အလွန်အဖိုးထိုက်တန်ကြောင်း၊ ရှေးဟောင်းလက်ရာများကို ကာကွယ်ထိန်းသိမ်းရန်အတွက် ဂူအတွင်းသို့ ပြည်သူများ ဝင်ရောက်ခွင့် ပြုခြင်းနည်းပါးကြောင်း ပြောသည်။

(Longmen လှိုဏ်ဂူများ)

◼ ဟီနန်ပြည်နယ်မှ လှိုဏ်ဂူများသည် ထုံးကျောက် ချောက်ကမ်းပါးများတစ်လျောက် ၀ ဒသမ ၆ မိုင် ဖြန့်ကျက်တည်ရှိကာ ယီမြစ်ကို အပေါ်စီးမှ တွေ့မြင်ရသည်။

◼ အစောဆုံးပေါ်ပေါက်ခဲ့သော လှိုဏ်ဂူများမှာ ၅ ရာစုနှစ်နှောင်းပိုင်းမှ ၆ ရာစုနှစ် အစောပိုင်းအကြား တူးဖော်ခဲ့ကြခြင်း ဖြစ်ပြီး ဂူယန်းတုန့် (Guyangdong) နှင့် Three Binyang လှိုဏ်ဂူများ ပါဝင်သည်။

အဆိုပါဂူအားလုံးတွင် ဗုဒ္ဓ၏ ရုပ်ပွားတော်များ ပါဝင်ပြီး လှိုဏ်ဂူများ အပြင်ဘက်တွင် တည်ရှိကာ အမြင့် ၁၆ ပေ ရှိသည်။

◼ ပန်းပုလက်ရာဟန်များမှာ တရုတ်ပြည်အလယ်ပိုင်းဟန်နှင့် တန်ခေတ် လက်ရာတို့ ပေါင်းစပ်ထားသည်။

◼ အဆိုပါ လှိုဏ်ဂူကို ယူနက်စကိုအဖွဲ့ကြီးက ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခဲ့သည်။

လှိုဏ်ဂူများအတွင်းမှ ပန်းပုလက်ရာများမှာ တရုတ်ပြည်၏ အလယ်ခေတ်ကာလတစ်လျှောက် နှစ်ပေါင်း ၁၅၀ ကျော်ကာလအတွင်း ထွင်းထုခဲ့သည့် လက်ရာများဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The secret chamber of Zen: Stunning first images of the ancient Chinese imperial temple carved from a MOUNTAIN before it opens to the public (dailymail)

[Zawgyi]

တရုတ္ျပည္က ရဟႏၱာ ၂၉ ပါး လွ်ိဳ႕ဝွက္လႈိဏ္ဂူ

တရုတ္ျပည္ရွိ Longmen လႈိဏ္ဂူမ်ားအတြင္းမွ လွ်ိဳ႕ဝွက္လႈိဏ္ဂူေနရာတစ္ခုကို တရုတ္အစိုးရက ဆယ္စုႏွစ္ ၆ ခုေက်ာ္ ပိတ္ပင္ထားခဲ့ျပီး ၂၀၁၆ ခုႏွစ္ ႏွစ္စပိုင္းကမွ ျပည္သူမ်ားႏွင့္ ကမၻာလွည့္ ခရီးသည္မ်ားကို ေလ့လာ ၾကည့္ရႈရန္ ဖြင့္လွစ္ေပးခဲ့သည္။

People's Daily Online ၏ ေဖာ္ျပခ်က္အရ တရုတ္ျပည္အလယ္ပိုင္းရွိ အဆိုပါ ေတာ္ဝင္လႈိဏ္ဂူကို အတြင္းရွိ ရွားပါးအႏုပညာလက္ရာမ်ား၏အလွကို မပ်က္စီးေစရန္ ထိန္းသိမ္းကာကြယ္သည့္အေနျဖင့္ အျမဲပိတ္ပင္ထားခဲ့ ျခင္းျဖစ္ေၾကာင္း ေဖာ္ျပသည္။

လႈိဏ္ဂူထဲတြင္ ကၽြတ္တမ္းဝင္ခဲ့ၾကသည့္ ရဟႏၱာ ၂၉ ပါး ရုပ္တုမ်ားကို ထြင္းထုထားျပီး တန္မင္းဆက္ေခတ္ (ေအဒီ ၆၁၈ မွ ၉၀၇ ၾကား) အတြင္း ဖန္တီးခဲ့သည့္လက္ရာျဖစ္သည္။

ရုပ္တုတစ္ခုခ်င္းစီသည္ တန္ဖိုးမျဖတ္ႏိုင္သည့္ သုေတသနႏွင့္ အႏုပညာတန္ဖိုးမ်ား ရွိေနသည္။

ယူနက္စကိုက ကမၻာ့အေမြအႏွစ္အျဖစ္ သတ္မွတ္ထားေသာ လူတို႔ဖန္တီးသည့္ လႈိဏ္ဂူမ်ားအနက္ ယခု လႈိဏ္ဂူမွာ အခ်က္အျခာတစ္ခုျဖစ္ျပီး ၂၀၁၆ ခုႏွစ္၊ မတ္လ ၁၀ ရက္တြင္ တရုတ္အစိုးရက အမ်ားျပည္သူ မ်ားသို႔ ႏွစ္ေပါင္းမ်ားစြာ ပိတ္ပင္ထားရာမွ စတင္ဝင္ေရာက္ခြင့္ျပဳခဲ့သည္။

ရဟႏၱာဂူသို႔ ေလ့လာသူမ်ားအေနျဖင့္ ထူးျခားေသာအႏုပညာလက္ရာမ်ားကို ၾကည့္ရႈဖူးေမွ်ာ္ရမည့္အျပင္ တရုတ္ျပည္၏ သမိုင္းေၾကာင္းတစိတ္တေဒသကိုလည္း ထိေတြ႔ခြင့္ရရွိၾကမည္ ျဖစ္သည္။

(▶ တရုတ္ျပည္၊ ဟီနန္ျပည္နယ္၊ Longmen လႈိဏ္ဂူမ်ားမွ ေတာ္ဝင္ဂူ)

(▶ ျမင့္ျမတ္ေသာ အံ့ဖြယ္။ တန္မင္းဆက္ေခတ္က ထုလုပ္ခဲ့ေသာ ရဟႏၱာ ၂၉ ပါး)

(▶ ၂၀၁၆ ခုႏွစ္၊ မတ္လ ၁၀ ရက္တြင္ ျပည္သူမ်ားသို႔ ပထမဆံုးအၾကိမ္အျဖစ္ ဝင္ေရာက္ခြင့္ျပဳခဲ့သည္)

(▶ တရုတ္ယဥ္ေက်းမႈေတာ္လွန္ေရးကာလ ၁၉၆၆ မွ ၁၉၇၆ ခုႏွစ္အတြင္း လႈိဏ္ဂူၾကီးမွာ ေၾကကြဲဖြယ္ ဖ်က္ဆီးခံခဲ့ရသည္။ သို႔ေသာ္ ေနာက္ပိုင္းတြင္ ျပန္လည္ျပဳျပင္မႈမ်ား ျပဳလုပ္ခဲ့သည္)

(▶ ဟီနန္ျပည္နယ္၏ ျမိဳ႕ေတာ္၊ လႊမ့္ယန္-Luoyang ၏ ေတာင္ဘက္၊ ယီျမစ္၏ ျမစ္ကမ္း ၂ ဘက္လံုးတြင္ Longmen လႈိဏ္ဂူမ်ား တည္ရွိသည္)

ဤလႈိဏ္ဂူၾကီးသည္ တရုတ္ယဥ္ေက်းမႈေတာ္လွန္ေရးကာလ ၁၉၆၆ မွ ၁၉၇၆ ခုႏွစ္အၾကား ေၾကကြဲဖြယ္ရာ ဖ်က္ဆီးခံခဲ့ရသည္။ သို႔ေၾကာင့္ ယေန႔အခါ လႈိဏ္ဂူထဲတြင္ ျမင္ေတြ႔ရသည့္ ပင္မရုပ္ပြားေတာ္မွာ ေရွးေခတ္က ထြင္းထုခဲ့သည့္ မူရင္းရုပ္တုမဟုတ္ဘဲ ေရွးေဟာင္းသုေတသနပညာရွင္တု႔ိက အစားထုိးထားသည့္ ပံုတူတစ္ခု ျဖစ္သည္။

ဤလႈိဏ္ဂူကို ဧကရီ ဝူဇယ့္ရွန္း (Wu Zetian) လက္ထက္ (၆၂၄-၇၀၅) ႏွင့္ ဧကရာဇ္ လီလုံခ်ီ (Li Longji ) လက္ထက္ (၆၈၅-၇၆၂) ကာလမ်ားတြင္ တူးေဖာ္ခဲ့သည္ဟု ယံုၾကည္ရသည္။ လႈိဏ္ဂူၾကီး၏ ခမ္းနားလွေသာ ေရွ႕ဂိတ္တံခါးၾကီးမွာ အျမင့္ ၂၃ ေပရွိျပီး အက်ယ္ ၁၆ ေပရွိသည္။

တုန္ရွန္း (Dongshan ) ေတာင္တန္းတြင္ အၾကီးမားဆံုး လႈိဏ္ဂူျဖစ္ျပီး လိႈဏ္ဂူတြင္း အျမင့္မွာ ေပ ၃၀၊ အနက္ ၃၃ ေပႏွင့္ အက်ယ္ ၃၄ ေပရွိသည္။

Longmen လႈိဏ္ဂူမ်ား (သို႔မဟုတ္) နဂါးဂိတ္ဝလႈိဏ္ဂူမ်ားသည္ စုစုေပါင္း ၂၃၀၀ ေက်ာ္ရွိျပီး တရုတ္ျပည္အေရွ႕ပိုင္း ဟီနန္ျပည္နယ္တြင္ တည္ရွိသည္။

အဆိုပါ လႈိဏ္ဂူေပါင္း ၂၃၀၀ ေက်ာ္တြင္ ေက်ာက္ရုပ္တုေပါင္း ၁၁၀၀၀၀ ေက်ာ္၊ ေစတီဘုရား ၆၀ ေက်ာ္၊ ေက်ာက္ျပား (သို႔မဟုတ္) သစ္သားျပားမ်ားေပၚတြင္ ထြင္းထုထားသည့္ ေက်ာက္စာေပါင္း ၂၈၀၀ ေက်ာ္တို႔ရွိျပီး အလယ္ေခတ္အေစာပိုင္း ဗုဒၶဘာသာဆုိင္ရာ အႏုပညာလက္ရာမ်ား စုေဝးရာလည္း ျဖစ္သည္။

ယင္းလႈိဏ္ဂူမ်ားသည္ ေရွးေဟာင္းျမိဳ႕ေတာ္ျဖစ္ေသာ လႊမ့္ယမ္ (Luoyang ) ၏ ေတာင္ဘက္၊ ယီျမစ္၏ ျမစ္ကမ္းႏွစ္ဘက္ လံုးတြင္ ျဖန္႔က်က္ တည္ရွိျပီး ႏွစ္စဥ္ ကမၻာလွည့္ခရီးသည္ ေထာင္ေပါင္းမ်ားစြာ လာေရာက္ လည္ပတ္ေလ့လာ ၾကသည္။

မ်ားျပားလွေသာ ရုပ္တုမ်ားကို ထံုးေက်ာက္ ေက်ာက္ထရံမ်ားတြင္ အႏုစိတ္ ထြင္းထုပံုေဖာ္ထားျခင္းျဖစ္ျပီး ရဟန္းေတာ္မ်ားပံု၊ နတ္မ်ားပံုႏွင့္ ဗုဒၶပံုေတာ္မ်ား ပံုေဖာ္ထားသည္။

(▶ ဤလိႈဏ္ဂူၾကီးသည္ ဧကရီ ဝူဇယ့္ရွန္း (Wu Zetian) လက္ထက္ (၆၂၄-၇၀၅) ႏွင့္ ဧကရာဇ္ Li Longji လက္ထက္ (၆၈၅-၇၆၂) ကာလမ်ားတြင္ တူးေဖာ္ခဲ့သည္ဟု ယူဆရသည္။)

(▶ထံုးေက်ာက္ ေက်ာက္ထရံမ်ားတြင္ ရဟန္းေတာ္မ်ားပံု၊ နတ္မ်ားပံုႏွင့္ ဗုဒၶပံုေတာ္မ်ား အႏုစိတ္ ထြင္းထုပံုေဖာ္ထားသည္)

(▶ ဤေနရာ၏ အလွ၊ ညွိဳ႕ဓာတ္ႏွင့္ ဆန္းၾကယ္မႈတု႔ိတြင္ စီးေျမာရန္ ႏွစ္စဥ္ ကမၻာလွည့္ခရီးသည္ ေထာင္ေပါင္းမ်ားစြာ လာေရာက္ေလ့ရွိသည္)

(▶ ၂၀၀၀ ျပည့္ႏွစ္တြင္ ယူနက္စကိုက ကမၻာ့အေမြအႏွစ္ေနရာအျဖစ္ သတ္မွတ္ခဲ့သည္)

Longmen လႈိဏ္ဂူမ်ားသုေတသနစင္တာမွ ညႊန္ၾကားေရးမွဴး လုေဝက Luoyang Evening News သတင္းဌာနသုိ႔ ေျပာခဲ့သည္မွာ လႈိဏ္ဂူအတြင္းရွိ ဓာတ္ေတာ္ေမြေတာ္တို႔မွာ အလြန္အဖိုးထိုက္တန္ေၾကာင္း၊ ေရွးေဟာင္းလက္ရာမ်ားကို ကာကြယ္ထိန္းသိမ္းရန္အတြက္ ဂူအတြင္းသို႔ ျပည္သူမ်ား ဝင္ေရာက္ခြင့္ ျပဳျခင္းနည္းပါးေၾကာင္း ေျပာသည္။

(Longmen လိႈဏ္ဂူမ်ား)

◼ ဟီနန္ျပည္နယ္မွ လိႈဏ္ဂူမ်ားသည္ ထံုးေက်ာက္ ေခ်ာက္ကမ္းပါးမ်ားတစ္ေလ်ာက္ ၀ ဒသမ ၆ မိုင္ ျဖန္႔က်က္တည္ရွိကာ ယီျမစ္ကို အေပၚစီးမွ ေတြ႔ျမင္ရသည္။

◼ အေစာဆံုးေပၚေပါက္ခဲ့ေသာ လိႈဏ္ဂူမ်ားမွာ ၅ ရာစုႏွစ္ေႏွာင္းပိုင္းမွ ၆ ရာစုႏွစ္ အေစာပုိင္းအၾကား တူးေဖာ္ခဲ့ၾကျခင္း ျဖစ္ျပီး ဂူယန္းတုန္႔ (Guyangdong) ႏွင့္ Three Binyang လိႈဏ္ဂူမ်ား ပါဝင္သည္။

အဆိုပါဂူအားလံုးတြင္ ဗုဒၶ၏ ရုပ္ပြားေတာ္မ်ား ပါဝင္ျပီး လိႈဏ္ဂူမ်ား အျပင္ဘက္တြင္ တည္ရွိကာ အျမင့္ ၁၆ ေပ ရွိသည္။

◼ ပန္းပုလက္ရာဟန္မ်ားမွာ တရုတ္ျပည္အလယ္ပိုင္းဟန္ႏွင့္ တန္ေခတ္ လက္ရာတို႔ ေပါင္းစပ္ထားသည္။

◼ အဆိုပါ လိႈဏ္ဂူကို ယူနက္စကိုအဖြဲ႔ၾကီးက ကမၻာ့အေမြအႏွစ္အျဖစ္ သတ္မွတ္ခဲ့သည္။

လိႈဏ္ဂူမ်ားအတြင္းမွ ပန္းပုလက္ရာမ်ားမွာ တရုတ္ျပည္၏ အလယ္ေခတ္ကာလတစ္ေလွ်ာက္ ႏွစ္ေပါင္း ၁၅၀ ေက်ာ္ကာလအတြင္း ထြင္းထုခဲ့သည့္ လက္ရာမ်ားျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The secret chamber of Zen: Stunning first images of the ancient Chinese imperial temple carved from a MOUNTAIN before it opens to the public (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service