အဆွေခင်ပွန်းနှင့်ပတ်သက်၍ သိမှတ်စရာ
အဆွေခင်ပွန်းနှင့်ပတ်သက်၍ သိမှတ်စရာ - Property Knowledge in Myanmar from iMyanmarHouse.com
22 Nov 2022 11:59 am တွင် တင်ခဲ့သည်
973 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
မိတ်ဆွေကောင်း၊အဆွေခင်ပွန်းကောင်းနှင့်ပတ်သက်၍ မြတ်စွာဘုရားက ရဟန်းတို့အား ပဌမ မိတ္တသုတ်တွင် အောက်ပါအတိုင်း ဟောကြားတော်မူခဲ့ပါသည်။
မြတ်စွာဘုရားသည် ရဟန်းတို့အား အင်္ဂါခုနစ်မျိုးနှင့် ပြည့်စုံသော အဆွေခင်ပွန်းကို မှီဝဲအပ်ကြောင်း၊ ထိုအဆွေခင်ပွန်း၏ အင်္ဂါခုနစ်မျိုးတို့မှာ-
(၁)အဆွေခင်ပွန်းသည် ပေးနိုင်ခဲသောအရာဝတ္ထုကို ပေး၏။
(၂)ပြုနိုင်ခဲသော အမှုကိုလည်း ပြု၏။
(၃)ထိုမှတစ်ပါးလည်း ထိုသူ၏ မကောင်းသဖြင့် ဆိုအပ်သောစကားတို့ကိုလည်းကောင်း၊ သည်းခံနိုင်ခဲသော အရာတို့ကိုလည်းကောင်း သည်းခံ၏။
(၄)ထိုသူအား မိမိ၏ လျှို့ဝှက်အပ်သော အရာကိုလည်း ပြောကြား၏။
(၅)ထိုသူ၏ လျှို့ဝှက်အပ်သောအရာကိုလည်း လျှို့ဝှက်၏။
(၆)ဘေးရန်ဖြစ်ပေါ်သောအခါတို့၌လည်း မစွန့်ပစ်။
(၇)ပစ္စည်းဥစ္စာကုန်ခြင်းကြောင့်လည်း မထီမဲ့မြင် မပြု။
ထိုကဲ့သို့သော အင်္ဂါခုနစ်မျိုးနှင့် ပြည့်စုံသော အဆွေခင်ပွန်းကို မှီဝဲအပ်၏ဟု မိန့်တော်မူလေသည်။
­­- မြတ်စွာဘုရားရှင်က မိတ်ဆွေခင်ပွန်းစစ်တို့၏ကျင့်ဝတ်များကို သိင်္ဂါလလုလင်အား ဟောကြားခဲ့ ပါသေးသည်။
ထိုကျင့်ဝတ်များမှာ-
(က)ပေးကမ်းစွန့်ကြဲခြင်း
(ခ)မြတ်နိုးခင်မင်ဖွယ်စကားပြောဆိုခြင်း
(ဂ)မိတ်ဆွေ၏အကျိုးစီးပွားအတွက် စွမ်းအားရှိသလောက် အကြံပေးခြင်း ကိုယ်တိုင်ကူညီပံ့ပိုးဆောင်ရွက် ပေးခြင်း
(ဃ)တန်းတူ ရည်တူ ညီမျှစွာဆက်ဆံခြင်း
(င)မှန်ကန်ဖြောင့်မတ်သောစကားဖြင့်ပြောဆိုဆက်ဆံခြင်း
- မိတ်ဆွေစစ်တို့၏တုန့်ပြန်ကျင့်ဝတ်များအနေနှင့်လည်း....
(က)ဒုက္ခနှင့်ကြုံတွေ့နေသောမိတ်ဆွေအားစောင့်ရှောက်ခြင်း
(ခ)ဘေးအန္တရာယ်နှင့်ကြုံတွေ့နေသောမိတ်ဆွေ၏ပစ္စည်းဥစ္စာများနှင့်မိသားစုကိုစောင့်ရှောက်ထားခြင်း
(ဂ)ကြောက်ရွံ့ပူပန်နေသောမိတ်ဆွေကိုအားကိုးလောက်အောင်ကာကွယ်စောင့်ရှောက်ပေးခြင်း
(ဃ)အသက်ဘေးနှင်ကြုံတွေ့ရသော်လည်းစွန့်ပြစ်မထားဘဲ မခွဲအတူလက်တွဲရုန်းကန်ပေးခြင်း
(င)သားစဉ်မြေးဆက်တိုင်အောင်အပြန်အလှန် တုန့်ပြန်စောင့်ရှောက်ခြင်း
-သင်္ဂဇာဆရာတော်ကြီးသည် အဆွေခင်ပွန်းကောင်းနှင့်ပတ်သက်၍-
ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ဝတ်ငါးထွေ ကျင့်လေမိတ်သဟာ ဟူ၍မှတ်ရလွယ်အောင်ဖွဲ့စပ် ပေးထားခဲ့သည်။
-အဆွေခင်ပွန်းမြတ်တို့၏ လက္ခဏာ (၇) ပါးကိုလည်း ဤသို့မှတ်ရန်ရှိပါသေးသည်။
၁။ အနလဿော - ပျင်းရိခြင်းလည်း မရှိ၊
၂။ အစဏ္ဍိက္ကော - ကြမ်းကြုတ်ခြင်းလည်း မရှိ၊
၃။ အသဌော - စဉ်းလဲခြင်းလည်း မရှိ၊
၄။ သုစိ - စင်ကြယ်ကောင်းမွန်သော ကိုယ်နှုတ်အမူအရာ ရှိ၏၊
၅။ သစ္စဝါဒီ - မှန်သော သစ္စာစကားကိုသာ ဆိုတတ်၏၊
၆။ အလုဒ္ဓေါ - မက်မောခြင်း လောဘနည်း၏၊
၇။ အတ္ထကာမောစ - အစီးအပွားလည်း အလိုရှိ၏။
မိတ်ကောင်းဆွေကောင်း၊ခင်ပွန်းကောင်းတို့ အကြောင်းကို သိရှိရပြီး မိမိသည်လည်း အဆွေခင်ပွန်းကောင်းတို့၏ စိတ်ထားမျိုးထားနိုင်ကြပါစေ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ထိုကျင့်ဝတ်များမှာ-
၁။ အနလေဿာ - ပျင်းရိခြင်းလည်း မရှိ၊
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service