နှစ် ၇၀ သက်တမ်းရှိ နှစ်ထပ်ကားဟောင်းကြီးတစ်စင်းဝယ်ကာ နေအိမ်အဖြစ် ပြောင်းလဲပြီး ပြန်လည်အငှားချ ထားသူ

နှစ် ၇၀ သက်တမ်းရှိ နှစ်ထပ်ကားဟောင်းကြီးတစ်စင်းဝယ်ကာ နေအိမ်အဖြစ် ပြောင်းလဲပြီး ပြန်လည်အငှားချ ထားသူ - Property News in Myanmar from iMyanmarHouse.com
21 Nov 2022 10:12 am တွင် တင်ခဲ့သည်
717 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု ၊ အော်ရီဂွန်ပြည်နယ်၊ Portland မြို့မှ အမျိုးသားတစ်ဦးသည် နှစ် ၇၀ သက်တမ်းရှိ နှစ်ထပ်ကားဟောင်းကြီးတစ်စင်းဝယ်ကာ နေအိမ်အဖြစ် ပြောင်းလဲပြီး အိမ်ခြံမြေအငှားဝက်ဘ်ဆိုက် တစ်ခုဖြစ်သော Airbnb တွင် ပြန်လည်အငှားချထားမှုများ ပြုလုပ်လျက်ရှိသည်။

ဝစ်စကော့ထ် (Whit Scott) အမည်ရှိ အမျိုးသားသည် ဟောင်းနွမ်းပျက်စီးနေသော နှစ်ထပ် ဘတ်စ်ကားဟောင်းကြီးတစ်စင်းကို ပထမဆုံးစတွေ့လိုက်ချိန်ကတည်းကပင် ထိုကားကို ဝယ်ယူရမည်ဟု တွေးမိခဲ့သည်။

(ဝစ်စကော့နှင့် နှစ်ထပ်ကားကြီး။ နေအိမ်အဖြစ် မပြောင်းလဲရသေးမီက။ ဓာတ်ပုံ-Whit Scott)

စကော့ထ်က ကွန်ပြူတာဖြင့် ဗွီဒီယိုထုတ်လုပ်ရေးကို ဆယ်စုနှစ် ၁ ခုခန့် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

အော်ရီဂွန်ပြည်နယ်ရှိ နေအိမ်တစ်လုံးသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရာ အဆိုပါအိမ်မှာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ရန် လိုအပ်နေသော အိမ်ဖြစ်၏။

“Cody ဆိုတဲ့ မိတ်ဆွေသစ်တစ်ယောက်နဲ့ ခင်မင်ခဲ့ပြီး သူက နေအိမ်ပြုပြင်မွမ်းမံတာမှာ လာပြီး ကူညီပေးပါတယ်။”

ယင်းနောက် ၎င်းတို့ ၂ ဦးသည် မော်တော်ကားအိမ်တစ်လုံး ဆောက်လုပ်ကာ အငှားချရန် အကြံရခဲ့ကြသည်။

ယင်းနောက်ပိုင်းတွင်ကား စကော့ထ်သည် နေအိမ်များ ပြန်လည်မွမ်းမံသည့်အလုပ်ကို အခြားသော မိတ်ဆွေများစွာနှင့် လက်တွဲကာ လုပ်ကိုင်ခဲ့သည်။ စကော့ထ်က ထိုအလုပ်ကို ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြီးမတိုင်မီအထိ လုပ်ကိုင်ခဲ့သည်။

စကော့ထ်၏ ဇနီးမှာ တက္ကဆပ်ပြည်နယ်တွင် နေထိုင်သည်။ ကပ်ဘေးကြောင့် လေကြောင်းခရီးစဉ်အများစု ရပ်ဆိုင်းထားရာ စကော့ထ်အဖို့ ဇနီးထံသွားရန် လမ်းကြောင်းတစ်ခုလိုအပ်လာသည်။

ထိုအချိန်၌ပင် Craigslist ဝက်ဘ်ဆိုက်တွင် အရောင်းတင်ထားသော ဘတ်စ်ကားကြီးတစ်စီးကို တွေ့ခဲ့သည်။

ဘတ်စ်ကားကြီးမှာ ကားရပ်နားရာနေရာတစ်ခုတွင် ၈ နှစ်ခန့် ပစ်ထားသော ကားဖြစ်ပြီး ဖုန်ထူကာ ညစ်ပတ်နေသည်။ မှန်များကွဲနေသည့်အပြင် ဒိုင်ခွက်များ မရှိတော့သည့်နေရာများလည်း ရှိသည်။

(စကော့ထ်ဝယ်ယူလိုက်ချိန်တွင် ဘတ်စ်ကားကြီးမှာ စိတ်ပျက်စရာ အခြေအနေဖြစ်သည်။ ဓာတ်ပုံ- Whit Scott)

ယခင်ပိုင်ရှင်က ပြန်လည်ထိန်းသိမ်းပြုပြင်မှုအချို့ပြုလုပ်ခဲ့သောကြောင့် စကော့ထ်အဖို့ အလုံးစုံပြန်လည် ပြင်ဆင်စရာကား မလိုချေ။

“ကားအပြင်ဘက်တစ်ခုလုံးကို ကော်ပတ်စားပြီး ဆေးအသစ်သုတ်ခဲ့ရပါတယ်”

ယင်းဘတ်စ်ကားကို ဒေါ်လာ ၈၀၀၀ ဖြင့် ဈေးခေါ်ခဲ့ခြင်းဖြစ်ပြီး စကော့ထ်က ဈေးမဆစ်ဘဲ ဝယ်ယူခဲ့သည်။

အဆိုပါ နှစ်ထပ်ဘတ်စ်ကားကြီးသည် ၁၉၅၀ ပြည့်လွန်ကာလများအတွင်း မန်ချက်စတာမြို့တွင် အများပြည်သူသုံး ဘတ်စ်ကားအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်ရာ စကော့ထ်ဝယ်ယူလိုက်ချိန်၌ သက်တမ်း နှစ် ၇၀ ကျော် ရှိနေပြီ ဖြစ်သည်။

(မန်ချက်စတာမြို့တွင် ၁၉၅၀ ပြည့်လွန်ကာလများက အသုံးပြုခဲ့သည့်ဘတ်စ်ကားဖြစ်သည်။ ဓာတ်ပုံ-Whit Scott)

မန်ချက်စတာမြို့တွင် နှစ်ပေါင်း ၂၀ အသုံးပြုပြီးနောက် ဆန်ဖရန်စစ္စကိုသို့ ရောက်ရှိခဲ့ကာ နောက်ဆုံးတွင် ဝါရှင်တန်ပြည်နယ်၊ Mount St. Helens သို့ ရောက်သွားသည်။

ထိုဒေသတွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် အသုံးပြုခဲ့သည်။ ထိုအချိန်ဝန်းကျင်က အင်ဂျင်ကိုမီးလောင်ခဲ့ပြီး မောင်းနှင်၍ မရတော့ချေ။ ဝါရှင်တန်တွင် နေထိုင်သူတစ်ဦးက အင်ဂျင်ကို ပြုပြင်ကာ မောင်းနှင်မည်ဟူသော ကြံရွယ်ချက်ဖြင့် ဝယ်ယူခဲ့သော်လည်း မောင်းမရခဲ့။

သို့နှင့် သူ့တွင်လည်း ကလေးငယ်များရှိရာ ခြံနောက်ဘက်တွင် ရပ်ထားလိုက်ပြီးနောက် ဘတ်စ်ကားကြီးမှာ ကလေးကစားကွင်းတစ်ခု ဖြစ်သွားခဲ့သည်။ ဘတ်စ်ကားကြီးသည် ဝါရှင်တန်ရှိ ထိုသူ၏ ခြံဝန်းထဲတွင် နှစ်ပေါင်းများစွာရှိနေခဲ့ပြီး နောက်ပိုင်းတွင်ကား The Grilled Cheese Grill အမည်ရှိ နာမည်ကြီး အစားအသောက် မော်တော်ယာဉ်ပိုင်ရှင် Matt Breslow က ဝယ်ယူခဲ့ကာ ညစာစားရန်နေရာအဖြစ် ပြောင်းလဲခဲ့သည်။

(ဤဘတ်စ်ကားကို The Grilled Cheese Grill အစားအသောက်ကားအဖြစ် အသုံးပြုခဲ့ဖူးသည်။ ဓာတ်ပုံ-Whit Scott)

“Matt ဝယ်လိုက်တဲ့အချိန်မှာ သူတို့က ပြင်ဆင်မှုတွေ တော်တော်လုပ်ခဲ့တာကြောင့် ကား တာရှည်ခံဖို့ အထောက်အကူဖြစ်ခဲ့တယ်”ဟု စကော့ထ်က ပြောသည်။

“သူတို့က ဒီကားပေါ်မှာ မချက်ပြုတ်ပါဘူး။ စားသောက်ဖို့နေရာအဖြစ်ပဲ သုံးခဲ့ကြတာပါ”

ဘတ်စ်ကားမှာ နောက်ဆုံးတွင် ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမှ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးလက်သို့ ရောက်သွားသည်။

စားသောက်ဆိုင်ပိုင်ရှင်က အစားအသောက်ယာဉ်အဖြစ် အသုံးပြုရန် ကြံရွယ်ခဲ့သော်လည်း မလုပ်ဖြစ်ခဲ့။

“ဒီကားကြီးက သူ့သူငယ်ချင်းရဲ့ ကားရပ်နားနေရာမှာ ၈ နှစ်လောက်ရပ်ထားခဲ့တယ်။ နောက်ဆုံးမှာ သူက Craigslist မှာ အရောင်းတင်ခဲ့တာပဲ ဖြစ်ပါတယ်”

ဘတ်စ်ကားကြီး စကော့ထ်ထံသို့ ရောက်လာချိန်တွင် ပထမဆုံးလုပ်ရသည်မှာ အတွင်းပိုင်းရှိ ပစ္စည်းဟောင်းများကို စွန့်ပစ်ကာ နံရံကပ်စင်များအတွက် ဖရိန်များ ဆောက်လုပ်ရခြင်း ဖြစ်သည်။

အမိုးကိုလည်း မိုးယိုစိမ့်မှုများ ကာကွယ်ရန် ပြုပြင်မွမ်းမံမှုများ ပြန်လည်ပြုလုပ်ခဲ့သည်။

(မူလအတွင်းပိုင်းကို ဖယ်ထုတ်ပစ်ပြီး ဖရိန်များ တပ်ဆင်ပြီးနောက်…။ ဓာတ်ပုံ- Whit Scott)

နွေးထွေးမှုရစေရန်အတွက် စကော့ထ်က နံရံများတွင် အပူကာပြားအလွှာတပ်ဆင်ခဲ့ကာ ပျက်စီးနေသော ပြတင်းပေါက်များလည်းကို လဲလှယ်ခဲ့သည်။

(ပြင်ဆင်မှုကာလ မြင်ကွင်း။ ဓာတ်ပုံ- Whit Scott)

စကော့ထ်က ဘတ်စ်ကားအောက်ထပ်တွင် ဧည့်ခန်း၊ ညစာစားနေရာနှင့် ရေချိုးခန်းတို့ ဖွဲ့စည်းခဲ့ပြီး အပေါ်ထပ်တွင်မူ အိပ်စက်ရန်နေရာများ ထားရှိခဲ့သည်။

(အပေါ်ထပ်တွင် သစ်သားမျက်နှာကြက်များ ပြန်လည်တပ်ဆင်ထားပုံ။ ဓာတ်ပုံ-Whit Scott)

(လော့စ်အိန်ဂျလိတွင် နေထိုင်သည့် စကော့ထ်၏ဖခင်က စကော့ထ်က ကားမောင်းရောက်လာကာ ဘတ်စ်ကားအား လူနေအိမ်အဖြစ် ပြောင်းလဲရာတွင် ကူညီမှုများပေးခဲ့သည်။ ဓာတ်ပုံ-Whit Scott)

စကော့ထ်က ဘတ်စ်ကားပြန်လည်ပြင်ဆင်ရေးကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် စတင်လုပ်ကိုင်ခဲ့ပြီး ယခုနှစ် သြဂုတ်လအစောပိုင်းတွင် ပြီးစီးခဲ့သည်။

(လူနေထိုင်နိုင်ရန် ပြုပြင်ပြောင်းလဲထားသော ဘတ်စ်ကားမှာ ယခုအခါ စကော့ထ်၏ အိမ်နောက်ဘက်တွင် ထားရှိပြီး Airbnb တွင် အငှားဈေးကွက်တင်ထားသည်။ ဓာတ်ပုံ-Whit Scott)

ဘတ်စ်ကားဝယ်ယူခဲ့သည့်တန်ဖိုး ဒေါ်လာ ၈၀၀၀ အပြင် စုစုပေါင်း ကန်ဒေါ်လာ ၂၅၀၀၀ ဝန်းကျင် ကုန်ကျခဲ့ကြောင်း စကော့ထ်က ပြောသည်။

စကော့ထ်သည် ပြီးခဲ့သော ၂ လတာအတွင်း Airbnb တွင် အငှားတင်ကာ ငှားရမ်းခဲ့ရာ ဈေးနှုန်းများမှာ တစ်ညလျှင် ၇၅ ဒေါ်လာမှ ၁၄၅ ဒေါ်လာကြား ဖြစ်ပြီး အချိန်အခါရာသီအလိုက် ဈေးနှုန်းကွဲပြားသည်။

သြဂုတ်လအတွင်း ဤကားကြီးကို ငှားရမ်းနေထိုင်ဖူးသူတစ်ဦးက ပြောသည်မှာ “တကယ့်အိပ်မက်တစ်ခုပါပဲ”ဟု ပြောခဲ့သည်။

“ကျွန်တော်တို့ Portland မြို့လယ်ကနေ ဒီကားကြီးနှင့် သွားချင်တဲ့နေရာမှန်သမျှ လျှောက်မောင်းခဲ့ကြတယ်။” ဟု ငှားရမ်းခဲ့ဖူးသူ အခြားတစ်ဦးက ပြောသည်။

စကော့ထ်က ကားကြီးကို The Royal Scott ဟု အမည်ပေးခဲ့သည်။ သူ၏ နာမည်အတိုင်း အမည်ပေးခဲ့ခြင်းဖြစ်ပြီး သူ၏နာမည်မှာ Whitney Royal Scott ဖြစ်သည်။

(အောက်ထပ်မှ မီးဖိုဆောင်နှင့် စာဖတ်ရန်နေရာ။ ဓာတ်ပုံ-Whit Scott)

(ဧည့်ခန်းနှင့်ညစာစားရန်နေရာ။ ဓာတ်ပုံ-Whit Scott)

(အိမ်သာနှင့် ရေပန်းတစ်ခုပါသော ရေချိုးခန်း။ ဓာတ်ပုံ-Whit Scott)

(စကော့ထ်က မူလပါလာခဲ့သော ပန်းချီပုံတစ်ခုကို ဆက်လက်ထိန်းသိမ်းထားခဲ့သည်။ ဓာတ်ပုံ-Whit Scott)

(အပေါ်ထပ်မှ အိပ်စက်ရာနေရာ။ ဓာတ်ပုံ-Whit Scott)

(ဘတ်စ်ကား၏ အတွင်းပိုင်းမွမ်းမံထားပုံ။ ဓာတ်ပုံ-Whit Scott)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A Portland man bought a 70-year-old double-decker bus and turned it into a tiny home that he rents out on Airbnb. Take a look at how he did it. (insider)

[Zawgyi]

ႏွစ္ ၇၀ သက္တမ္းရွိ ႏွစ္ထပ္ကားေဟာင္းၾကီးတစ္စင္းဝယ္ကာ ေနအိမ္အျဖစ္ ေျပာင္းလဲျပီး ျပန္လည္အငွားခ် ထားသူ

အေမရိကန္ျပည္ေထာင္စု ၊ ေအာ္ရီဂြန္ျပည္နယ္၊ Portland ျမိဳ႕မွ အမ်ဳိးသားတစ္ဦးသည္ ႏွစ္ ၇၀ သက္တမ္းရွိ ႏွစ္ထပ္ကားေဟာင္းၾကီးတစ္စင္းဝယ္ကာ ေနအိမ္အျဖစ္ ေျပာင္းလဲျပီး အိမ္ျခံေျမအငွားဝက္ဘ္ဆိုက္ တစ္ခုျဖစ္ေသာ Airbnb တြင္ ျပန္လည္အငွားခ်ထားမႈမ်ား ျပဳလုပ္လ်က္ရွိသည္။

ဝစ္စေကာ့ထ္ (Whit Scott) အမည္ရွိ အမ်ဳိးသားသည္ ေဟာင္းႏြမ္းပ်က္စီးေနေသာ ႏွစ္ထပ္ ဘတ္စ္ကားေဟာင္းၾကီးတစ္စင္းကို ပထမဆံုးစေတြ႔လိုက္ခ်ိန္ကတည္းကပင္ ထိုကားကို ဝယ္ယူရမည္ဟု ေတြးမိခဲ့သည္။

(ဝစ္စေကာ့ႏွင့္ ႏွစ္ထပ္ကားၾကီး။ ေနအိမ္အျဖစ္ မေျပာင္းလဲရေသးမီက။ ဓာတ္ပံု-Whit Scott)

စေကာ့ထ္က ကြန္ျပဴတာျဖင့္ ဗြီဒီယိုထုတ္လုပ္ေရးကို ဆယ္စုႏွစ္ ၁ ခုခန္႔ လုပ္ကိုင္ခဲ့သူ ျဖစ္သည္။

ေအာ္ရီဂြန္ျပည္နယ္ရွိ ေနအိမ္တစ္လံုးသို႔ ေျပာင္းေရႊ႕ေနထိုင္ခဲ့ရာ အဆိုပါအိမ္မွာ ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ရန္ လိုအပ္ေနေသာ အိမ္ျဖစ္၏။

“Cody ဆိုတဲ့ မိတ္ေဆြသစ္တစ္ေယာက္နဲ႔ ခင္မင္ခဲ့ျပီး သူက ေနအိမ္ျပဳျပင္မြမ္းမံတာမွာ လာျပီး ကူညီေပးပါတယ္။”

ယင္းေနာက္ ၎တို႔ ၂ ဦးသည္ ေမာ္ေတာ္ကားအိမ္တစ္လံုး ေဆာက္လုပ္ကာ အငွားခ်ရန္ အၾကံရခဲ့ၾကသည္။

ယင္းေနာက္ပိုင္းတြင္ကား စေကာ့ထ္သည္ ေနအိမ္မ်ား ျပန္လည္မြမ္းမံသည့္အလုပ္ကို အျခားေသာ မိတ္ေဆြမ်ားစြာႏွင့္ လက္တြဲကာ လုပ္ကိုင္ခဲ့သည္။ စေကာ့ထ္က ထိုအလုပ္ကို ကိုရိုနာဗိုင္းရပ္စ္ကပ္ေဘးၾကီးမတိုင္မီအထိ လုပ္ကိုင္ခဲ့သည္။

စေကာ့ထ္၏ ဇနီးမွာ တကၠဆပ္ျပည္နယ္တြင္ ေနထုိင္သည္။ ကပ္ေဘးေၾကာင့္ ေလေၾကာင္းခရီးစဥ္အမ်ားစု ရပ္ဆိုင္းထားရာ စေကာ့ထ္အဖို႔ ဇနီးထံသြားရန္ လမ္းေၾကာင္းတစ္ခုလိုအပ္လာသည္။

ထိုအခ်ိန္၌ပင္ Craigslist ဝက္ဘ္ဆိုက္တြင္ အေရာင္းတင္ထားေသာ ဘတ္စ္ကားၾကီးတစ္စီးကို ေတြ႔ခဲ့သည္။

ဘတ္စ္ကားၾကီးမွာ ကားရပ္နားရာေနရာတစ္ခုတြင္ ၈ ႏွစ္ခန္႔ ပစ္ထားေသာ ကားျဖစ္ျပီး ဖုန္ထူကာ ညစ္ပတ္ေနသည္။ မွန္မ်ားကြဲေနသည့္အျပင္ ဒိုင္ခြက္မ်ား မရွိေတာ့သည့္ေနရာမ်ားလည္း ရွိသည္။

(စေကာ့ထ္ဝယ္ယူလိုက္ခ်ိန္တြင္ ဘတ္စ္ကားၾကီးမွာ စိတ္ပ်က္စရာ အေျခအေနျဖစ္သည္။ ဓာတ္ပံု- Whit Scott)

ယခင္ပိုင္ရွင္က ျပန္လည္ထိန္းသိမ္းျပဳျပင္မႈအခ်ဳိ႕ျပဳလုပ္ခဲ့ေသာေၾကာင့္ စေကာ့ထ္အဖို႔ အလံုးစံုျပန္လည္ ျပင္ဆင္စရာကား မလိုေခ်။

“ကားအျပင္ဘက္တစ္ခုလံုးကို ေကာ္ပတ္စားျပီး ေဆးအသစ္သုတ္ခဲ့ရပါတယ္”

ယင္းဘတ္စ္ကားကို ေဒၚလာ ၈၀၀၀ ျဖင့္ ေစ်းေခၚခဲ့ျခင္းျဖစ္ျပီး စေကာ့ထ္က ေစ်းမဆစ္ဘဲ ဝယ္ယူခဲ့သည္။

အဆိုပါ ႏွစ္ထပ္ဘတ္စ္ကားၾကီးသည္ ၁၉၅၀ ျပည့္လြန္ကာလမ်ားအတြင္း မန္ခ်က္စတာျမိဳ႕တြင္ အမ်ားျပည္သူသံုး ဘတ္စ္ကားအျဖစ္ အသံုးျပဳခဲ့ျခင္းျဖစ္ရာ စေကာ့ထ္ဝယ္ယူလိုက္ခ်ိန္၌ သက္တမ္း ႏွစ္ ၇၀ ေက်ာ္ ရွိေနျပီ ျဖစ္သည္။

(မန္ခ်က္စတာျမိဳ႕တြင္ ၁၉၅၀ ျပည့္လြန္ကာလမ်ားက အသံုးျပဳခဲ့သည့္ဘတ္စ္ကားျဖစ္သည္။ ဓာတ္ပံု-Whit Scott)

မန္ခ်က္စတာျမိဳ႕တြင္ ႏွစ္ေပါင္း ၂၀ အသံုးျပဳျပီးေနာက္ ဆန္ဖရန္စစၥကိုသို႔ ေရာက္ရွိခဲ့ကာ ေနာက္ဆံုးတြင္ ဝါရွင္တန္ျပည္နယ္၊ Mount St. Helens သို႔ ေရာက္သြားသည္။

ထိုေဒသတြင္ ကမၻာလွည့္ခရီးသြားလုပ္ငန္းအတြက္ အသံုးျပဳခဲ့သည္။ ထိုအခ်ိန္ဝန္းက်င္က အင္ဂ်င္ကိုမီးေလာင္ခဲ့ျပီး ေမာင္းႏွင္၍ မရေတာ့ေခ်။ ဝါရွင္တန္တြင္ ေနထုိင္သူတစ္ဦးက အင္ဂ်င္ကို ျပဳျပင္ကာ ေမာင္းႏွင္မည္ဟူေသာ ၾကံရြယ္ခ်က္ျဖင့္ ဝယ္ယူခဲ့ေသာ္လည္း ေမာင္းမရခဲ့။

သို႔ႏွင့္ သူ႔တြင္လည္း ကေလးငယ္မ်ားရွိရာ ျခံေနာက္ဘက္တြင္ ရပ္ထားလိုက္ျပီးေနာက္ ဘတ္စ္ကားၾကီးမွာ ကေလးကစားကြင္းတစ္ခု ျဖစ္သြားခဲ့သည္။

ဘတ္စ္ကားၾကီးသည္ ဝါရွင္တန္ရွိ ထိုသူ၏ ျခံဝန္းထဲတြင္ ႏွစ္ေပါင္းမ်ားစြာရွိေနခဲ့ျပီး ေနာက္ပိုင္းတြင္ကား The Grilled Cheese Grill အမည္ရွိ နာမည္ၾကီး အစားအေသာက္ ေမာ္ေတာ္ယာဥ္ပိုင္ရွင္ Matt Breslow က ဝယ္ယူခဲ့ကာ ညစာစားရန္ေနရာအျဖစ္ ေျပာင္းလဲခဲ့သည္။

(ဤဘတ္စ္ကားကို The Grilled Cheese Grill အစားအေသာက္ကားအျဖစ္ အသံုးျပဳခဲ့ဖူးသည္။ ဓာတ္ပံု-Whit Scott)

“Matt ဝယ္လိုက္တဲ့အခ်ိန္မွာ သူတို႔က ျပင္ဆင္မႈေတြ ေတာ္ေတာ္လုပ္ခဲ့တာေၾကာင့္ ကား တာရွည္ခံဖို႔ အေထာက္အကူျဖစ္ခဲ့တယ္”ဟု စေကာ့ထ္က ေျပာသည္။

“သူတို႔က ဒီကားေပၚမွာ မခ်က္ျပဳတ္ပါဘူး။ စားေသာက္ဖုိ႔ေနရာအျဖစ္ပဲ သံုးခဲ့ၾကတာပါ”

ဘတ္စ္ကားမွာ ေနာက္ဆံုးတြင္ ကေနဒါႏိုင္ငံ၊ ဗန္ကူးဗားမွ စားေသာက္ဆိုင္ပိုင္ရွင္တစ္ဦးလက္သို႔ ေရာက္သြားသည္။

စားေသာက္ဆိုင္ပိုင္ရွင္က အစားအေသာက္ယာဥ္အျဖစ္ အသံုးျပဳရန္ ၾကံရြယ္ခဲ့ေသာ္လည္း မလုပ္ျဖစ္ခဲ့။

“ဒီကားၾကီးက သူ႔သူငယ္ခ်င္းရဲ႕ ကားရပ္နားေနရာမွာ ၈ ႏွစ္ေလာက္ရပ္ထားခဲ့တယ္။ ေနာက္ဆံုးမွာ သူက Craigslist မွာ အေရာင္းတင္ခဲ့တာပဲ ျဖစ္ပါတယ္”

ဘတ္စ္ကားၾကီး စေကာ့ထ္ထံသုိ႔ ေရာက္လာခ်ိန္တြင္ ပထမဆံုးလုပ္ရသည္မွာ အတြင္းပိုင္းရွိ ပစၥည္းေဟာင္းမ်ားကို စြန္႔ပစ္ကာ နံရံကပ္စင္မ်ားအတြက္ ဖရိန္မ်ား ေဆာက္လုပ္ရျခင္း ျဖစ္သည္။

အမိုးကိုလည္း မိုးယိုစိမ့္မႈမ်ား ကာကြယ္ရန္ ျပဳျပင္မြမ္းမံမႈမ်ား ျပန္လည္ျပဳလုပ္ခဲ့သည္။

(မူလအတြင္းပိုင္းကို ဖယ္ထုတ္ပစ္ျပီး ဖရိန္မ်ား တပ္ဆင္ျပီးေနာက္…။ ဓာတ္ပံု- Whit Scott)

ေႏြးေထြးမႈရေစရန္အတြက္ စေကာ့ထ္က နံရံမ်ားတြင္ အပူကာျပားအလႊာတပ္ဆင္ခဲ့ကာ ပ်က္စီးေနေသာ ျပတင္းေပါက္မ်ားလည္းကို လဲလွယ္ခဲ့သည္။ (ျပင္ဆင္မႈကာလ ျမင္ကြင္း။ ဓာတ္ပံု- Whit Scott)

စေကာ့ထ္က ဘတ္စ္ကားေအာက္ထပ္တြင္ ဧည့္ခန္း၊ ညစာစားေနရာႏွင့္ ေရခ်ဳိးခန္းတို႔ ဖြဲ႔စည္းခဲ့ျပီး အေပၚထပ္တြင္မူ အိပ္စက္ရန္ေနရာမ်ား ထားရွိခဲ့သည္။

(အေပၚထပ္တြင္ သစ္သားမ်က္ႏွာၾကက္မ်ား ျပန္လည္တပ္ဆင္ထားပံု။ ဓာတ္ပံု-Whit Scott)

(ေလာ့စ္အိန္ဂ်လိတြင္ ေနထိုင္သည့္ စေကာ့ထ္၏ဖခင္က စေကာ့ထ္က ကားေမာင္းေရာက္လာကာ ဘတ္စ္ကားအား လူေနအိမ္အျဖစ္ ေျပာင္းလဲရာတြင္ ကူညီမႈမ်ားေပးခဲ့သည္။ ဓာတ္ပံု-Whit Scott)

စေကာ့ထ္က ဘတ္စ္ကားျပန္လည္ျပင္ဆင္ေရးကို ၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလတြင္ စတင္လုပ္ကိုင္ခဲ့ျပီး ယခုႏွစ္ ၾသဂုတ္လအေစာပိုင္းတြင္ ျပီးစီးခဲ့သည္။

(လူေနထိုင္ႏိုင္ရန္ ျပဳျပင္ေျပာင္းလဲထားေသာ ဘတ္စ္ကားမွာ ယခုအခါ စေကာ့ထ္၏ အိမ္ေနာက္ဘက္တြင္ ထားရွိျပီး Airbnb တြင္ အငွားေစ်းကြက္တင္ထားသည္။ ဓာတ္ပံု-Whit Scott)

ဘတ္စ္ကားဝယ္ယူခဲ့သည့္တန္ဖိုး ေဒၚလာ ၈၀၀၀ အျပင္ စုစုေပါင္း ကန္ေဒၚလာ ၂၅၀၀၀ ဝန္းက်င္ ကုန္က်ခဲ့ေၾကာင္း စေကာ့ထ္က ေျပာသည္။

စေကာ့ထ္သည္ ျပီးခဲ့ေသာ ၂ လတာအတြင္း Airbnb တြင္ အငွားတင္ကာ ငွားရမ္းခဲ့ရာ ေစ်းႏႈန္းမ်ားမွာ တစ္ညလွ်င္ ၇၅ ေဒၚလာမွ ၁၄၅ ေဒၚလာၾကား ျဖစ္ျပီး အခ်ိန္အခါရာသီအလိုက္ ေစ်းႏႈန္းကြဲျပားသည္။

ၾသဂုတ္လအတြင္း ဤကားၾကီးကို ငွားရမ္းေနထုိင္ဖူးသူတစ္ဦးက ေျပာသည္မွာ “တကယ့္အိပ္မက္တစ္ခုပါပဲ”ဟု ေျပာခဲ့သည္။

“ကၽြန္ေတာ္တို႔ Portland ျမဳိ႕လယ္ကေန ဒီကားၾကီးႏွင့္ သြားခ်င္တဲ့ေနရာမွန္သမွ် ေလွ်ာက္ေမာင္းခဲ့ၾကတယ္။” ဟု ငွားရမ္းခဲ့ဖူးသူ အျခားတစ္ဦးက ေျပာသည္။

စေကာ့ထ္က ကားၾကီးကို The Royal Scott ဟု အမည္ေပးခဲ့သည္။ သူ၏ နာမည္အတိုင္း အမည္ေပးခဲ့ျခင္းျဖစ္ျပီး သူ၏နာမည္မွာ Whitney Royal Scott ျဖစ္သည္။

(ေအာက္ထပ္မွ မီးဖိုေဆာင္ႏွင့္ စာဖတ္ရန္ေနရာ။ ဓာတ္ပံု-Whit Scott)

(ဧည့္ခန္းႏွင့္ညစာစားရန္ေနရာ။ ဓာတ္ပံု-Whit Scott)

(အိမ္သာႏွင့္ ေရပန္းတစ္ခုပါေသာ ေရခ်ဳိးခန္း။ ဓာတ္ပံု-Whit Scott)

(စေကာ့ထ္က မူလပါလာခဲ့ေသာ ပန္းခ်ီပံုတစ္ခုကို ဆက္လက္ထိန္းသိမ္းထားခဲ့သည္။ ဓာတ္ပံု-Whit Scott)

(အေပၚထပ္မွ အိပ္စက္ရာေနရာ။ ဓာတ္ပံု-Whit Scott)

(ဘတ္စ္ကား၏ အတြင္းပုိင္းမြမ္းမံထားပံု။ ဓာတ္ပံု-Whit Scott)

 အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A Portland man bought a 70-year-old double-decker bus and turned it into a tiny home that he rents out on Airbnb. Take a look at how he did it. (insider)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service