ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
[Unicode]
နိုင်ဂျီးရီးယားနိုင်ငံတွင် တောင်းရမ်းစားသောက်ရသည့်အလုပ်မှာ အခက်ခဲဆုံးနှင့် အဆင်းရဲဆုံးအလုပ် ဖြစ်၏။
သို့သော် အမျိုးသားတစ်ဦးမှာမူ နိုင်ဂျီးရီးယား၏ အချမ်းသာဆုံး သူတောင်းစားဖြစ်နေသည်။ သူ့ကို ငွေကြေးစွန့်ကြဲကြသူ အများစုထက်ပင် သူက ချမ်းသာနေသည်။
နိုင်ဂျီးရီးယားနိုင်ငံ၊ လာဂေါ့စ်ပြည်နယ် Ajegunle ဒေသ၏ လမ်းများပေါ် တောင်းရမ်းစားသောက်နေသူ ဟာဂျီ အူမာ ဒီကို (Alhaji Umar Dikko) သည် သာမန်သူတောင်းစားတစ်ဦးမဟုတ်။
ဆင်းဆင်းရဲရဲ သူတောင်းစားဘဝမှ တိုင်းပြည်၏အချမ်းသာဆုံး သူတောင်းစား ဖြစ်လာသူ ဖြစ်သည်။
နိုင်ဂျီးရီးယားတွင် အူမာကို ဆာကင်း မာရိုကာ (သူဖုန်းစားတို့၏ဘုရင်ဟု အဓိပ္ပာယ်ရ) ဟု ခေါ်ကြသည်။
အူမာတွင် မိန်းမ ၄ ယောက်နှင့် ကလေး ၁၈ ယောက်ရှိပြီး အောင်မြင်နေသော လုပ်ငန်း ၂ ခုလည်း ပိုင်ဆိုင်ထားသည်။
အူမာသည် သူ၏ ဇာတိ Kano ပြည်နယ်တွင် နေအိမ် ၅ လုံး ပိုင်ဆိုင်ထားသည့်အပြင် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတစ်ခုနှင့် သောက်ရေသန့်အိတ် ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုတို့လည်း ပိုင်ဆိုင်ထားသေးသည်။
ရေသန့်အိတ်များမှာ ပလတ်စတစ်ဘူးများနှင့် ယှဉ်လျှင် ထုတ်လုပ်စရိတ်ပိုမိုသက်သာသည့်အပြင် သယ်ဆောင်ရလည်း ပိုမိုလွယ်ကူကာ အထူးသဖြင့် အာဖရိကတွင် ခေတ်စားသည်။
အူမာသည် သူ့အား ပေးကမ်းစွန့်ကြဲသူ အများစုထက်ပင် ပိုမိုချမ်းသာနေသည်။
အူမာသည် ထိုအရာများကို နှစ်ပေါင်းများစွာ တောင်းရမ်းရာမှတဆင့် စုဆောင်းပိုင်ဆိုင်လာခြင်းလည်း ဖြစ်သည်။
မက္ကာသို့ ဘုရားဖူးပင် ၃ ကြိမ်သွားနိုင်ခဲ့ရာ သူ၏ နာမည်တွင် ဟာဂျီ ထည့်သွင်းနိုင်ခဲ့သည်။
(အောက်တွင် ဆက်လက်ဖော်ပြမည်မှာ အူမာကိုယ်တိုင်ပြောပြသည့် သူ့ဘဝအကြောင်း ဖြစ်ပါသည်)
ကျွန်တော် ၃ နှစ်သားအရွယ်မှာ ပိုလီယိုရောဂါကြောင့် မသန်စွမ်းတစ်ဦးဖြစ်သွားခဲ့တယ်။ အဖေက တခြားကလေးတွေလည်း ရှိသေးတော့ ကျွန်တော့်ကို သိပ်ဂရုမစိုက်နိုင်ဘူး။
ဒီတော့ ကျွန်တော့်ကို စောင့်ရှောက်ရမယ့် ဝန်ထုပ်ဝန်ပိုးက အမေ့ကို သွားပိတယ်။
အမေ့အနေနဲ့လည်း ကြည့်ရှုစောင့်ရှောက်ရမယ့် တခြားကလေး ၇ ယောက်က ရှိသေးတယ်လေ။
မိဘတွေက လက်တွေ့မှာ ကျွန်တော့်ကို စွန့်ပစ်ထားပြီဖြစ်တာကြောင့် အသက် ၆ နှစ်သားအရွယ်မှာ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ဖို့ နည်းလမ်းတစ်ခုရှာရမယ်ဆိုတာ ထင်ရှားလာတယ်။
ကျွန်တော့်အကိုတွေထဲက တစ်ယောက်က ကျွန်တော့်ကို ဈေးတွေရှိရာခေါ်သွားပြီး တောင်းရမ်းခိုင်းတယ်။ ရလာတဲ့ပိုက်ဆံကို အမေ့ကိုပေးပြီး စားဖို့အတွက် လိုအပ်တာတွေ ဝယ်ကြပါတယ်။
ကျွန်တော် အသက် ၁၅ နှစ်သားအရွယ်ရောက်တော့ Lagos ကို ကိုယ့်ဟာကိုယ်ထွက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
လာဂေါ့စ်ကို ရောက်တော့ Agege မှာနေတဲ့ သူတောင်းစားတချို့နဲ့ ချိတ်ဆက်မိတယ်။ မနက်ဆိုရင် ကျွန်တော်တို့ အပြင်ထွက်ပြီး နိုင်ဂျီးရီးယားတွေဆီက တောင်းရမ်းပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ကို နေစရာနေရာပေးထားတဲ့သူက ကျွန်တော်တို့ တောင်းရမ်းရလာသမျှကို သိမ်းယူလိုက်ပြီး စားဖို့အတွက်ပဲ ပြန်ပေးပါတယ်။ အဲဒီလူဆီမှာ ၃ နှစ်လောက်နေခဲ့ပြီးတဲ့နောက် Ajegunle ကို ပြောင်းခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော်တို့မြို့က လူတစ်ယောက်နဲ့ တွေ့တယ်။ သူက ကျွန်တော့်ရဲ့ ရှေ့ဆောင်လမ်းပြတစ်ဦး ဖြစ်လာခဲ့တယ်။ သူက ကျွန်တော့်ကို အဲဒီဒေသဝန်းကျင် လိုက်ပို့ပေးတယ်။ တစ်နေ့တာကုန်ဆုံးချိန်မှာ ကျွန်တော်တို့ တောင်းရမ်းရသမျှထဲက ရာခိုင်နှုန်းတချို့ကို သူ့ကိုပေးပါတယ်။
အဲဒီအချိန်မှာပဲ ကျွန်တော် ပိုက်ဆံတွေ စပြီး စုတယ်။ ၂ နှစ်လောက်ကြာတော့ ဘတ်စ်ကားအဟောင်းတစ်စီး ဝယ်နိုင်လာတယ်။ အဲဒီကားကိုလည်း လူတစ်ယောက်ဆီ အငှားချထားပါတယ်။
နောက်ပိုင်းရလာသမျှငွေတွေ၊ အမြတ်အစွန်းတွေနဲ့ နောက်ထပ် ကားတစ်စီးထပ်ဝယ်တယ်။ ဒီလိုနဲ့ ကျွန်တော့်ရဲ့ ပို့ဆောင်ရေးလုပ်ငန်း စတင်ခဲ့တာပါ။ ဒီနေ့မှာ ကျွန်တော့်ရဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းက အောင်မြင်နေပါပြီ။ ဘတ်စ်ကား အစီး ၂၀ ကျော်နဲ့ Lagos, Kano, Abuja, Kaduna, Jos နှင့် နိုင်ငံမြောက်ပိုင်းက ပြည်နယ်တချို့ဆီ ပြေးဆွဲပေးနေပါတယ်။
နောက် နည်းနည်းကြာတော့ ဇာတိမြေ Kano ကို ပြန်ပြီး အိမ်တစ်လုံး ဆောက်ပါတယ်။ အဲဒီအိမ်ကိုလည်း အငှားချထားခဲ့ပါတယ်။
ဒါပေမယ့် တောင်းရမ်းတာကိုတော့ ကျွန်တော်မရပ်ခဲ့ပါဘူး။ ဒီအလုပ်က အကျိုးအမြတ်များတဲ့ လုပ်ငန်းတစ်ခု ဆိုတာ မြင်လို့ပါပဲ။
ပထမဆုံးနေအိမ်ဆောက်ပြီးတဲ့နောက် နောက်ထပ် အိပ် ၄ လုံး ထပ်ဆောက်ပါတယ်။ အဲဒီအိမ်တွေအနက်က ၃ အိမ်ကို အငှားချထားတယ်။ အိမ် ၂ လုံးမှာတော့ ကျွန်တော့်မိသားစုကို ထားပါတယ်။
ကျွန်တော်လက်ထပ်ခဲ့တဲ့ ပထမဆုံးဇနီးက ကျွန်တော့်ရဲ့လုပ်ငန်းတွေကို ကူညီပြီးစီမံခန့်ခွဲပေးတယ်။
ဒီနှစ်တွေအတွင်းမှာ ကျွန်တော့်ရဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို ထပ်ပြီးချဲ့ထွင်တယ်။ ပြီးခဲ့တဲ့ ၂ နှစ်လောက်က စပြီး သောက်ရေသန့်အိတ်လုပ်ငန်းကို ထူထောင်ခဲ့တယ်။ အဲဒီအလုပ်ကလည်း တော်တော်အလုပ်ဖြစ်နေပါပြီ။
Hajj ဘုရားဖူးလည်း ၃ ကြိမ်ထွက်ခဲ့ပြီးပါပြီ။ ကျွန်တော့်မှာ မိန်းမ ၄ ယောက်နဲ့ ကလေး ၁၈ ယောက်ရှိတယ်။ သူတို့ကို ကောင်းကောင်းကျွေးမွေးပြုစုစောင့်ရှောက်ပေးထားတာကြောင့် ကျွန်တော့်အပေါ် ကောင်းကြပါတယ်။
သူတို့အဖေ၊ သူတို့ယောက်ျားက သူတောင်းစားတစ်ယောက်ဖြစ်လို့ဆိုပြီး သူတို့ မရှက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဒီနေ့ ခံစားစံစားနေကြရတာတွေက တောင်းရမ်းလို့ရလာတာတွေဆိုတာ သိကြလို့ပါပဲ။
ကျွန်တော်က Ajegunle (လာဂေါ့စ်ပြည်နယ်တွင် တည်ရှိပြီး AJ မြို့ဟု လူသိများ) မြို့ရဲ့ ဆာကင် မာရိုကာ (သူတောင်းစားဘုရင်) ဖြစ်လာခဲ့တယ်။
ကျွန်တော့်ရဲ့ အဓိက တာဝန်က ဒီဒေသမှာရှိတဲ့ သူတောင်းစားတွေရဲ့ အရေးကိစ္စတွေကို ညှိနှိုင်းပေးဖို့၊ သူတို့ကြားက အငြင်းပွားမှုတွေကို ဖြေရှင်းပေးဖို့နဲ့ သူတို့ရဲ့ ကောင်းကျိုးအတွက် စောင့်ရှောက်ပေးဖို့ပဲ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ ကျွန်တော်ကိုယ်တိုင် တောင်းရမ်းတာ ရပ်လိုက်ပါတယ်။ ကျွန်တော့်ရဲ့အဖွဲ့ဝင် သူတောင်းစားတွေက ကျွန်တော့်ကို ဂါရဝကြေးပေးကြတယ်။ ကျွန်တော့်ကို သစ္စာခံကြေးအနေနဲ့ ငွေသား၊ လက်ဆောင်နဲ့ တခြားအရာတွေ ပေးကြပါတယ်။
တောင်းရမ်းစားသောက်တာက ကောင်းမွန်တဲ့ အသက်မွေးဝမ်းကျောင်းနည်းတစ်ခုလို့ ကျွန်တော်မပြောလိုပါဘူး။
ဒါပေမယ့် အသက်ရှင်ရပ်တည်ဖို့ နည်းလမ်းမရှိတဲ့အခါ သူများပစ္စည်းခိုးတာနဲ့စာရင် ကိုယ်လိုချင်တာတွေရဖို့ ဒီနည်းလမ်းကို သုံးရတာ ပိုကောင်းပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Meet the richest beggar in Nigeria who has 5 houses, sachet water and transport company(legit9ja.com, tori.ng)
[Zawgyi]
ေနအိမ္ ၅ လံုး၊ မိန္းမ ၄ ေယာက္နဲ႔ ကုမၸဏီ ၂ ခုပိုင္တဲ့ ႏိုင္ဂ်ီးရီးယားက သူေတာင္းစား
ႏိုင္ဂ်ီးရီးယားႏိုင္ငံတြင္ ေတာင္းရမ္းစားေသာက္ရသည့္အလုပ္မွာ အခက္ခဲဆံုးႏွင့္ အဆင္းရဲဆံုးအလုပ္ ျဖစ္၏။
သို႔ေသာ္ အမ်ဳိးသားတစ္ဦးမွာမူ ႏိုင္ဂ်ီးရီးယား၏ အခ်မ္းသာဆံုး သူေတာင္းစားျဖစ္ေနသည္။ သူ႔ကို ေငြေၾကးစြန္႔ၾကဲၾကသူ အမ်ားစုထက္ပင္ သူက ခ်မ္းသာေနသည္။
ႏိုင္ဂ်ီးရီးယားႏိုင္ငံ၊ လာေဂါ့စ္ျပည္နယ္ Ajegunle ေဒသ၏ လမ္းမ်ားေပၚ ေတာင္းရမ္းစားေသာက္ေနသူ ဟာဂ်ီ အူမာ ဒီကို (Alhaji Umar Dikko) သည္ သာမန္သူေတာင္းစားတစ္ဦးမဟုတ္။
ဆင္းဆင္းရဲရဲ သူေတာင္းစားဘဝမွ တိုင္းျပည္၏အခ်မ္းသာဆံုး သူေတာင္းစား ျဖစ္လာသူ ျဖစ္သည္။
ႏိုင္ဂ်ီးရီးယားတြင္ အူမာကို ဆာကင္း မာရိုကာ (သူဖုန္းစားတို႔၏ဘုရင္ဟု အဓိပၸာယ္ရ) ဟု ေခၚၾကသည္။
အူမာတြင္ မိန္းမ ၄ ေယာက္ႏွင့္ ကေလး ၁၈ ေယာက္ရွိျပီး ေအာင္ျမင္ေနေသာ လုပ္ငန္း ၂ ခုလည္း ပိုင္ဆိုင္ထားသည္။
အူမာသည္ သူ၏ ဇာတိ Kano ျပည္နယ္တြင္ ေနအိမ္ ၅ လံုး ပိုင္ဆိုင္ထားသည့္အျပင္ သယ္ယူပို႔ေဆာင္ေရး ကုမၸဏီတစ္ခုႏွင့္ ေသာက္ေရသန္႔အိတ္ ထုတ္လုပ္ေရး ကုမၸဏီတစ္ခုတို႔လည္း ပိုင္ဆိုင္ထားေသးသည္။
ေရသန္႔အိတ္မ်ားမွာ ပလတ္စတစ္ဘူးမ်ားႏွင့္ ယွဥ္လွ်င္ ထုတ္လုပ္စရိတ္ပိုမိုသက္သာသည့္အျပင္ သယ္ေဆာင္ရလည္း ပိုမိုလြယ္ကူကာ အထူးသျဖင့္ အာဖရိကတြင္ ေခတ္စားသည္။
အူမာသည္ သူ႔အား ေပးကမ္းစြန္႔ၾကဲသူ အမ်ားစုထက္ပင္ ပိုမိုခ်မ္းသာေနသည္။
အူမာသည္ ထိုအရာမ်ားကို ႏွစ္ေပါင္းမ်ားစြာ ေတာင္းရမ္းရာမွတဆင့္ စုေဆာင္းပိုင္ဆိုင္လာျခင္းလည္း ျဖစ္သည္။
မကၠာသို႔ ဘုရားဖူးပင္ ၃ ၾကိမ္သြားႏိုင္ခဲ့ရာ သူ၏ နာမည္တြင္ ဟာဂ်ီ ထည့္သြင္းႏိုင္ခဲ့သည္။
(ေအာက္တြင္ ဆက္လက္ေဖာ္ျပမည္မွာ အူမာကိုယ္တိုင္ေျပာျပသည့္ သူ႔ဘဝအေၾကာင္း ျဖစ္ပါသည္)
ကၽြန္ေတာ္ ၃ ႏွစ္သားအရြယ္မွာ ပိုလီယိုေရာဂါေၾကာင့္ မသန္စြမ္းတစ္ဦးျဖစ္သြားခဲ့တယ္။ အေဖက တျခားကေလးေတြလည္း ရွိေသးေတာ့ ကၽြန္ေတာ့္ကို သိပ္ဂရုမစိုက္ႏိုင္ဘူး။
ဒီေတာ့ ကၽြန္ေတာ့္ကို ေစာင့္ေရွာက္ရမယ့္ ဝန္ထုပ္ဝန္ပိုးက အေမ့ကို သြားပိတယ္။
အေမ့အေနနဲ႔လည္း ၾကည့္ရႈေစာင့္ေရွာက္ရမယ့္ တျခားကေလး ၇ ေယာက္က ရွိေသးတယ္ေလ။
မိဘေတြက လက္ေတြ႔မွာ ကၽြန္ေတာ့္ကို စြန္႔ပစ္ထားျပီျဖစ္တာေၾကာင့္ အသက္ ၆ ႏွစ္သားအရြယ္မွာ ကိုယ့္ကိုယ္ကိုယ္ ေစာင့္ေရွာက္ဖုိ႔ နည္းလမ္းတစ္ခုရွာရမယ္ဆိုတာ ထင္ရွားလာတယ္။
ကၽြန္ေတာ့္အကိုေတြထဲက တစ္ေယာက္က ကၽြန္ေတာ့္ကို ေစ်းေတြရွိရာေခၚသြားျပီး ေတာင္းရမ္းခိုင္းတယ္။ ရလာတဲ့ပိုက္ဆံကို အေမ့ကိုေပးျပီး စားဖို႔အတြက္ လိုအပ္တာေတြ ဝယ္ၾကပါတယ္။
ကၽြန္ေတာ္ အသက္ ၁၅ ႏွစ္သားအရြယ္ေရာက္ေတာ့ Lagos ကို ကိုယ့္ဟာကိုယ္ထြက္သြားဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။
လာေဂါ့စ္ကို ေရာက္ေတာ့ Agege မွာေနတဲ့ သူေတာင္းစားတခ်ဳိ႕နဲ႔ ခ်ိတ္ဆက္မိတယ္။ မနက္ဆိုရင္ ကၽြန္ေတာ္တို႔ အျပင္ထြက္ျပီး ႏိုင္ဂ်ီးရီးယားေတြဆီက ေတာင္းရမ္းပါတယ္။
ဒါေပမယ့္ ကၽြန္ေတာ္တို႔ကို ေနစရာေနရာေပးထားတဲ့သူက ကၽြန္ေတာ္တို႔ ေတာင္းရမ္းရလာသမွ်ကို သိမ္းယူလုိက္ျပီး စားဖို႔အတြက္ပဲ ျပန္ေပးပါတယ္။ အဲဒီလူဆီမွာ ၃ ႏွစ္ေလာက္ေနခဲ့ျပီးတဲ့ေနာက္ Ajegunle ကို ေျပာင္းခဲ့ပါတယ္။ အဲဒီမွာ ကၽြန္ေတာ္တို႔ျမိဳ႕က လူတစ္ေယာက္နဲ႔ ေတြ႔တယ္။ သူက ကၽြန္ေတာ့္ရဲ႕ ေရွ႕ေဆာင္လမ္းျပတစ္ဦး ျဖစ္လာခဲ့တယ္။ သူက ကၽြန္ေတာ့္ကို အဲဒီေဒသဝန္းက်င္ လိုက္ပို႔ေပးတယ္။ တစ္ေန႔တာကုန္ဆံုးခ်ိန္မွာ ကၽြန္ေတာ္တို႔ ေတာင္းရမ္းရသမွ်ထဲက ရာခိုင္ႏႈန္းတခ်ဳိ႕ကို သူ႔ကိုေပးပါတယ္။
အဲဒီအခ်ိန္မွာပဲ ကၽြန္ေတာ္ ပိုက္ဆံေတြ စျပီး စုတယ္။ ၂ ႏွစ္ေလာက္ၾကာေတာ့ ဘတ္စ္ကားအေဟာင္းတစ္စီး ဝယ္ႏိုင္လာတယ္။ အဲဒီကားကိုလည္း လူတစ္ေယာက္ဆီ အငွားခ်ထားပါတယ္။
ေနာက္ပိုင္းရလာသမွ်ေငြေတြ၊ အျမတ္အစြန္းေတြနဲ႔ ေနာက္ထပ္ ကားတစ္စီးထပ္ဝယ္တယ္။ ဒီလိုနဲ႔ ကၽြန္ေတာ့္ရဲ႕ ပို႔ေဆာင္ေရးလုပ္ငန္း စတင္ခဲ့တာပါ။ ဒီေန႔မွာ ကၽြန္ေတာ့္ရဲ႕ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းက ေအာင္ျမင္ေနပါျပီ။ ဘတ္စ္ကား အစီး ၂၀ ေက်ာ္နဲ႔ Lagos, Kano, Abuja, Kaduna, Jos ႏွင့္ ႏိုင္ငံေျမာက္ပိုင္းက ျပည္နယ္တခ်ဳိ႕ဆီ ေျပးဆြဲေပးေနပါတယ္။
ေနာက္ နည္းနည္းၾကာေတာ့ ဇာတိေျမ Kano ကို ျပန္ျပီး အိမ္တစ္လံုး ေဆာက္ပါတယ္။ အဲဒီအိမ္ကိုလည္း အငွားခ်ထားခဲ့ပါတယ္။
ဒါေပမယ့္ ေတာင္းရမ္းတာကိုေတာ့ ကၽြန္ေတာ္မရပ္ခဲ့ပါဘူး။ ဒီအလုပ္က အက်ဳိးအျမတ္မ်ားတဲ့ လုပ္ငန္းတစ္ခု ဆိုတာ ျမင္လို႔ပါပဲ။
ပထမဆံုးေနအိမ္ေဆာက္ျပီးတဲ့ေနာက္ ေနာက္ထပ္ အိပ္ ၄ လံုး ထပ္ေဆာက္ပါတယ္။ အဲဒီအိမ္ေတြအနက္က ၃ အိမ္ကို အငွားခ်ထားတယ္။ အိမ္ ၂ လံုးမွာေတာ့ ကၽြန္ေတာ့္မိသားစုကို ထားပါတယ္။
ကၽြန္ေတာ္လက္ထပ္ခဲ့တဲ့ ပထမဆံုးဇနီးက ကၽြန္ေတာ့္ရဲ႕လုပ္ငန္းေတြကို ကူညီျပီးစီမံခန္႔ခြဲေပးတယ္။
ဒီႏွစ္ေတြအတြင္းမွာ ကၽြန္ေတာ့္ရဲ႕ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းကို ထပ္ျပီးခ်ဲ႕ထြင္တယ္။ ျပီးခဲ့တဲ့ ၂ ႏွစ္ေလာက္က စျပီး ေသာက္ေရသန္႔အိတ္လုပ္ငန္းကို ထူေထာင္ခဲ့တယ္။ အဲဒီအလုပ္ကလည္း ေတာ္ေတာ္အလုပ္ျဖစ္ေနပါျပီ။
Hajj ဘုရားဖူးလည္း ၃ ၾကိမ္ထြက္ခဲ့ျပီးပါျပီ။ ကၽြန္ေတာ့္မွာ မိန္းမ ၄ ေယာက္နဲ႔ ကေလး ၁၈ ေယာက္ရွိတယ္။ သူတုိ႔ကို ေကာင္းေကာင္းေကၽြးေမြးျပဳစုေစာင့္ေရွာက္ေပးထားတာေၾကာင့္ ကၽြန္ေတာ့္အေပၚ ေကာင္းၾကပါတယ္။
သူတို႔အေဖ၊ သူတို႔ေယာက်္ားက သူေတာင္းစားတစ္ေယာက္ျဖစ္လို႔ဆိုျပီး သူတို႔ မရွက္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ဒီေန႔ ခံစားစံစားေနၾကရတာေတြက ေတာင္းရမ္းလို႔ရလာတာေတြဆိုတာ သိၾကလို႔ပါပဲ။
ကၽြန္ေတာ္က Ajegunle (လာေဂါ့စ္ျပည္နယ္တြင္ တည္ရွိျပီး AJ ျမိဳ႕ဟု လူသိမ်ား) ျမိဳ႕ရဲ႕ ဆာကင္ မာရိုကာ (သူေတာင္းစားဘုရင္) ျဖစ္လာခဲ့တယ္။
ကၽြန္ေတာ့္ရဲ႕ အဓိက တာဝန္က ဒီေဒသမွာရွိတဲ့ သူေတာင္းစားေတြရဲ႕ အေရးကိစၥေတြကို ညွိႏႈိင္းေပးဖုိ႔၊ သူတို႔ၾကားက အျငင္းပြားမႈေတြကို ေျဖရွင္းေပးဖို႔နဲ႔ သူတို႔ရဲ႕ ေကာင္းက်ဳိးအတြက္ ေစာင့္ေရွာက္ေပးဖုိ႔ပဲ ျဖစ္ပါတယ္။
ေနာက္ပိုင္းမွာေတာ့ ကၽြန္ေတာ္ကိုယ္တိုင္ ေတာင္းရမ္းတာ ရပ္လိုက္ပါတယ္။ ကၽြန္ေတာ့္ရဲ႕အဖြဲ႔ဝင္ သူေတာင္းစားေတြက ကၽြန္ေတာ့္ကို ဂါရဝေၾကးေပးၾကတယ္။ ကၽြန္ေတာ့္ကို သစၥာခံေၾကးအေနနဲ႔ ေငြသား၊ လက္ေဆာင္နဲ႔ တျခားအရာေတြ ေပးၾကပါတယ္။
ေတာင္းရမ္းစားေသာက္တာက ေကာင္းမြန္တဲ့ အသက္ေမြးဝမ္းေက်ာင္းနည္းတစ္ခုလို႔ ကၽြန္ေတာ္မေျပာလိုပါဘူး။
ဒါေပမယ့္ အသက္ရွင္ရပ္တည္ဖို႔ နည္းလမ္းမရွိတဲ့အခါ သူမ်ားပစၥည္းခိုးတာနဲ႔စာရင္ ကိုယ္လိုခ်င္တာေတြရဖို႔ ဒီနည္းလမ္းကို သံုးရတာ ပိုေကာင္းပါတယ္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Meet the richest beggar in Nigeria who has 5 houses, sachet water and transport company(legit9ja.com, tori.ng)