အိမ်ထောင်ပြုလျှင် သိစေချင်......
အိမ်ထောင်ပြုလျှင် သိစေချင်...... - Property Knowledge in Myanmar from iMyanmarHouse.com
16 Nov 2022 3:40 pm တွင် တင်ခဲ့သည်
12417 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
သီတင်းကျွတ်ပြီးကတည်းက မင်္ဂလာပွဲတို့ ဆက်နေသည်။လူတိုင်းနီးပါး ချစ်သူရည်းစားထားပြီးမှ အိမ်ထောင်ပြုကြသည်။ငါကဘာနေ့သားမို့ ဘယ်နေ့သမီးနှင့် အိမ်ထောင်ပြုမည် ဆိုပြီး စဉ်းစားကောင်း စဉ်းစားကြမည်ဖြစ်သော်လည်း တကယ်တမ်း ကိုယ်ကြိုက်သည့် အမျိုးသား အမျိုးသမီးသည် အိမ်ထောင်ဖက်ပြုရန် နေ့နံကိုက်ညီမှု ရှိချင်မှရှိတတ်သည်။နေ့နံကိုက်ညီမှု မရှိတာက များကြပါသည်။
ချစ်ကြိုက်ပြီးမှ နေ့နံမကိုက်လို့ လမ်းခွဲကြမယ်ဆိုပြီးလုပ်ကြသည်ကို မကြားမိသေးပေ။ဘာဖြစ်ကွာ ချစ်တာတစ်ခုပဲသိတယ်ဆိုပြီး ယူခဲ့၊လက်ထပ်ခဲ့၊ညားခဲ့ကြသည်ပဲ များပါလိမ့်မည်။
ယခုလို လက်ထပ်မင်္ဂလာပြုကြသည့် ရာသီအချိန်ကာလတွင် ဗဟုသုတအဖြစ် အိမ်ထောင်ဖက်ခြင်းနှင့် ပတ်သက်သော သိမှတ်ဖွယ်ရာ မြန်မာ့နည်းမြန်မာ့ဟန်တို့ကို ဖော်ပြလိုက်ပါသည်။
အိမ်ထောင်ဖက်ပြုသင့်သည့်နေ့များကို ရှေးကဝိတို့က-
ဥ-သာ-စိန်-ပန်း၊ဒန်း-လှ၊ကို-ရှာ ဟုဆိုကြ၏။
-ဥ-သာ ဆိုသည်ကား-တနင်္ဂနွေသားသမီးသည်၊သောကြာသားသမီးနှင့်အိမ်ထောင်ဖက်ပြုသင့်၏။
-စိန်-ပန်း ဆိုသည်ကား-အင်္ဂါသားသမီးသည်၊ကြာသပတေးသားသမီးနှင့်အိမ်ထောင်ဖက်ပြုသင့်၏။
-ဒန်း-လှဆိုသည်ကား- စနေသားသမီးသည်၊ဗုဒ္ဓဟူးသားသမီးနှင့်အိမ်ထောင်ဖက်ပြုသင့်၏။
-ကို-ရှာ ဆိုသည်ကား-တနင်္လာသားသမီးသည်၊ရာဟုသားသမီးနှင့်အိမ်ထောင်ဖက်ပြုသင့်၏ လို့ဆိုခဲ့ကြသည်။
အိမ်ထောင်ဖက်ပြုသင့်သည့်နေ့နံများသိထားသင့်ကြောင့်ဖော်ပြပြီးနောက် -
အိမ်ထောင်ဖက်မပြုသင့်သောနေ့နံများကိုလည်းဖော်ပြလိုက်ပါသည်။
ဓမ္မာ၊ သော-က၊ အင်း-ဝ၊ ရာ-ဇာ။အိမ်ထောင်ဖက် အသက်မရှည်ရာဟုဆိုခဲ့ကြသည်။
-ဓမ္မာ ဆိုသည်ကား- စနေသားသမီးသည်၊ကြာသပတေး သားသမီးနှင့်အိမ်ထောင်ဖက်မပြုသင့်ပေ။
-သော-က ဆိုသည်ကား -သောကြာသားသမီးသည်၊တနင်္လာသားသမီးနှင့်အိမ်ထောင်ဖက်မပြုသင့်ပေ။
-အင်း-ဝ ဆိုသည်ကား - တနင်္ဂနွေသားသမီးသည်၊ဗုဒ္ဓဟူးသားသမီးနှင့်အိမ်ထောင်ဖက်မပြုသင့်ပေ။
-ရာ-ဇာဆိုသည်ကား - ရာဟုသားသမီးသည်၊အင်္ဂါသားသမီးနှင့်အိမ်ထောင်ဖက်မပြုသင့်ပါကြောင်း ဆိုထားပါသည်။
အမျိုးသားနှင့်အမျိုးသမီတို့ အိမ်ထောင်ဖက်ပြုပြီးပါက အစီးအပွားဖြစ်မဖြစ်ကို ယခုကဲ့သို့ အမှတ်အသားပြုခဲ့ကြပါသေးသည်။
နှစ်ဦးသား၏နေ့နံနှစ်ခုကိုပေါင်း၊ငါးနှင့်မြှောက်၊ခုနစ်နှင့်စားကြည့်လျှင်-
၁-ခုကြွင်းသော်၊ဥစ္စာမရှိ။
၂-ခုကြွင်းသော်၊ ကြွယ်ဝချမ်းသာ၏။
၃-ခုကြွင်းသော်၊ဆင်းရဲတတ်၏။
၄-ခုကြွင်းသော်၊ထင်ရှားကျော်ကြား၏။
၅-ခုကြွင်းသော်၊ဆင်မြင်းပေါများ၏။
၆-ခုကြွင်းသော်၊သူဌေးဖြစ်၏။
၀-ကြွင်းသော် တောင်းရမ်းစားသောက်ရလောက်အောင် ဆင်းရဲ၏ ဟု အိမ်ထောင်ဖက်ခြင်းနှင့်ပတ်သက်၍ ဆိုစကားများထားခဲ့ကြပါသည်။
နေ့နံမသင့်ဘဲ အိမ်ထောင်ဖက်မိပြီး သောကရောက်နေပါလျှင်လည်း ကံအလုပ်အလုပ်များ မြင့်တက်စေရန် ဉာဏ်ထုတ်ကာ ပြုနိုင်ကြပါစေကြောင်း ရည်ရွယ်ရပါသည်။
အိမ်ထောင်ပြုဘုရားတည် ဆေးမင်ရည် စုတ်ထိုး စာဆိုနှင့်မညီ မှားခဲ့လျှင်ပါလည်း ပေါင်းဖက်သူချင်း ပိုမိုမေတ္တာ အပ်နှင်းနိုင်ကြပါစေ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
၎-ခုကြွင်းသော်၊ထင်ရှားကျော်ကြား၏။
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service