မာရာလာဂိုစံအိမ်ကြီးတွင် မင်္ဂလာဆောင်လိုက်သူ တစ်ဖနီ (ထရမ့်၏အငယ်ဆုံးသမီး) ၏ စံအိမ်

မာရာလာဂိုစံအိမ်ကြီးတွင် မင်္ဂလာဆောင်လိုက်သူ တစ်ဖနီ (ထရမ့်၏အငယ်ဆုံးသမီး) ၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
16 Nov 2022 10:26 am တွင် တင်ခဲ့သည်
780 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဒေါ်နယ်ထရမ့်၏ အခြားသားသမီးများမှာ ထင်ပေါ်သောဘဝဖြင့် သတင်းမီဒီယာများတွင် မကြာခဏ ပါဝင်လာလေ့ ရှိသော်လည်း ထရမ့်၏ သမီးတစ်ဦးဖြစ်သူ တစ်ဖနီ ထရမ့် (Tiffany Trump) မှာမူ မထင်မရှားသာ ဘဝနေထိုင်ဖြတ်သန်းခဲ့သူ ဖြစ်သည်။

ထို့ကြောင့်လည်း သူ့ကို မေ့ပျောက်ခံထရမ့်ဟု ရည်ညွှန်းလေ့ရှိကြသည်။

ထိုသို့ မထင်မရှားနေထိုင်လျက်ရှိသူ ထရမ့်၏စတုတ္ထရင်သွေး တစ်ဖနီသည် ခမ်းနားထည်ဝါသော ဘဝနေထိုင်မှု ဖြင့် ဖြတ်သန်းလျက်ရှိပြီး အထက်တန်းစား အိမ်ခြံမြေများတွင် နေထိုင်ဖြတ်သန်းခဲ့သူ ဖြစ်သည်။

(တစ်ဖနီထရမ့် ဘယ်မှာနေထိုင်ကြီးပြင်းခဲ့လဲ)

 

ဒေါ်နယ်ထရမ့်၏ ဒုတိယဇနီး မာလာ အန်း မေပယ်စ်သည် ထရမ့်နှင့် ၁၉၉၃ မှ ၁၉၉၆ ခုနှစ်အကြား လက်ထပ်ပေါင်းသင်းခဲ့သည်။

ထရမ့်နှင့် မာလာတို့တွင် သမီးတစ်ဦးတည်းသာ ထွန်းကားခဲ့သည်။ ထရမ့်နှင့် မာလာတို့၏ တစ်ဦးတည်းသော သမီး တစ်ဖနီကို ၁၉၉၃ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်တွင် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ St Mary's Medical Center တွင် မွေးဖွားခဲ့သည်။

ဒေါ်နယ်ထရမ့်က သူမြတ်နိုးသော အထင်ကရ လက်ဝတ်ရတနာ အမှတ်တံဆိပ်အမည်ကို ယူကာ တစ်ဖနီထရမ့်ဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။

(တစ်ဖနီ၏ ပထမဆုံးနေအိမ်)

တစ်ဖနီမွေးဖွားခဲ့သော ဆေးရုံမှ ခဲတစ်ပစ်စာမျှသာ ကွာဝေးသောနေရာတွင် ဖခင်ဖြစ်သူ ဒေါ်နယ်ထရမ့်၏ နန်းတော်ကြီးတမျှ ကြီးကျယ်ခမ်းနားသော မာရာလာဂို စံအိမ် (Mar-a-Lago) ကြီးတည်ရှိပြီး အဆိုပါစံအိမ်တွင် တစ်ဖနီ၏ ငယ်စဉ်ဘဝကို ဖြတ်သန်းခဲ့သည်။

အခန်းပေါင်း ၁၁၈ ခန်းပါဝင်ပြီး Spanish-Moorish ဗိသုကာဟန်ဖြင့် ၁၉၂၀ ပြည့်လွန်ကာလများတွင် ဆောက်လုပ်ခဲ့သည့်စံအိမ်ကို ဒေါ်နယ်ထရမ့်က ၁၉၈၅ ခုနှစ်တွင် ဝယ်ယူခဲ့သည်။

ယင်းနောက်ပိုင်း ထရမ့်က ဒေါ်လာသန်းပေါင်းများစွာ သုံးစွဲကာ အတွင်းပိုင်းမွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

တစ်ဖနီမွေးဖွားပြီး နောက်တစ်နှစ်ဖြစ်သော ၁၉၉၄ ခုနှစ်တွင် ဒေါ်နယ်ထရမ့်က သမိုင်းဝင် အမျိုးသားအထင်ကရ စံအိမ်ကြီးဖြစ်သော မာရာလာဂိုကို သီးသန့်ကလပ်တစ်ခုအဖြစ် ပြောင်းလဲခဲ့ပြီး Palm Beach နှင့် အခြားဒေသတို့မှ ကျိကျိတက်ချမ်းသာကြွယ်ဝသူများနှင့် အထင်ကရပုဂ္ဂိုလ်များကို ဝန်ဆောင်မှု ပေးခဲ့သည်။

 

ယခင်က ကလပ်ဝင်ကြေးအဖြစ် တစ်ဦးလျှင် ဒေါ်လာ ၅၀၀၀၀ သတ်မှတ်ခဲ့သည်။

ထိုကာလက ရုန်းကန်နေရသော အိမ်ခြံမြေလုပ်ငန်းကို အထောက်အကူဖြစ်စေရန် ထရမ့်က ထိုသို့လုပ်ဆောင်ခဲ့ ခြင်းဖြစ်ပြီး မာရာလာဂိုတွင်ပင် မာလာ၊ တစ်ဖနီတို့နှင့်အတူ ဆက်လက်နေထိုင်ခဲ့သည်။

စတုရန်းပေ ၆၂၅၀၀ ကျော် ကျယ်ဝန်းသော မာရာလာဂိုတွင် ကြယ်ငါးပွင့်အဆင့်ဟိုတယ်ကြီးများတွင် တွေ့ရမည့် amenities များ အားလုံးရှိသည်။

တစ်ဖနီသည် ကလေးဘဝနှစ်အနည်းငယ်ခန့် မာရာလာဂိုတွင် မိဘနှစ်ပါးနှင့်အတူ ပျော်ရွှင်စွာ နေထိုင်ဖြတ်သန်းခဲ့ရသည်။

 

ကလေးငယ်တစ်ဦးအတွက်ဆိုလျှင် မာရာလာဂိုမှာ မှော်နန်းတော်ကြီးတစ်ခုသဖွယ်ဖြစ်နေပြီး ကြီးမားသော ကစားကွင်း၊ အသက်ရှုမှားဖွယ် ရေကူးကန်များ၊ တင်းနစ်ကွင်း၊ Croquet ကွင်းများ၊ ဂေါက်ကွင်းငယ်တို့ဖြင့် ပျော်ရွှင်စရာ အတိပြီးနေသည်။

၁၉၉၈ ခုနှစ်တွင် တစ်ဖနီ၏ အသက် ၅ နှစ်ပြည့်မွေးနေ့ပွဲကျင်းပခဲ့ရာ မာရာလာဂို၏ ခမ်းနားလှသော အဖြူနှင့် ရွှေရောင်စပ် ballroom ခန်းမတွင် တစ်ဖနီမှာ ရေသူမအသွင် ဝတ်ဆင်ခဲ့ပြီး တိုက်တန်းနစ်သင်္ဘောကြီးအသွင် ပုံဖော်ထားသည့် မွေးနေ့ကိတ်ဖြင့် ကျင်းပခဲ့သည်။

တန်ဖိုးကြီးလက်ဆောင်များလည်း များစွာရရှိခဲ့ပြီးနောက် Limbo ဂိမ်းအပြင် အခြားပျော်ရွှင်ပွဲရာ ကစားပွဲများ များစွာကျင်းပခဲ့၏။

စိတ်မကောင်းဖွယ်ကောင်းသည်မှာ သူ၏ မိဘများ အိမ်ထောင်ရေးမှာ ယိုယွင်းလာပြီးနောက်ပိုင်း သီးခြားစီ နေထိုင်ခဲ့ကြကာ ၁၉၉၉ ခုနှစ်တွင်မူ ထရမ့်တို့ဇနီးမောင်နှံ ကွာရှင်းခဲ့ကြသည်။

မာလာမှာ ထောက်ပံ့မှု အပြည့်အဝရခဲ့ပြီး တစ်ဖနီမှာ ဖခင်နှင့်အတူ မာရာလာဂိုတွင် ဆက်လက်နေထိုင်ခဲ့သည်။

ယင်းနောက်ပိုင်းတွင် အဲရစ်၊ အိုင်ဗန်နာ၏ မိခင်၊ အိုင်ဗန်ကာတို့နှင့်အတူ မာရာလာဂိုတွင် နေထိုင်ဖြတ်သန်းခဲ့သည်။

နောက်ပိုင်းနှစ်ကာလများတွင်လည်း တစ်ဖနီသည် မာရာလာဂိုသို့ မကြာခဏ လာရောက်လည်ပတ်ခဲ့၏။

 

(ထရမ့်တာဝါမှ penthouse ခန်း)

 

တစ်ဖနီသည် ကလေးဘဝတွင် မာရာလာဂိုအပြင် နယူးယောက်မြို့ရှိ ထရမ့်တာဝါမှ penthouse ခန်းတွင်လည်း နေထိုင်ခဲ့သည်။

 

ပဉ္စမရိပ်သာလမ်းတွင် တည်ရှိသော ထရမ့်တာဝါ၏ ၅၈ ထပ်မြောက်မှ စတင်သော Triplex penthouse ခန်း၏ အကျယ်အဝန်းမှာ Forbes မဂ္ဂဇင်းကြီးမှ ရရှိသော တရားဝင်အချက်အလက်များအရ စတုရန်းပေ ၁၀၉၉၆ ရှိသည်ဟု ဆိုသည်။

(တစ်ဖနီထရမ့် ကျောင်းသူဘဝနေခဲ့သည့် အဆောင်)

၂၀၁၁ ခုနှစ်တွင် တစ်ဖနီသည် ပေါ့ပ်နှင့် ဖက်ရှင်နယ်ဘက် ဝင်ရောက်ခဲ့သည့်အပြင် Like A Bird အမည်ရှိ single တေးသီချင်းတစ်ပုဒ်လည်း သီဆိုထုတ်လုပ်ခဲ့သေးသည်။

သို့သော် ပညာဆည်းပူးလေ့လာမှုများကိုလည်း မလစ်ဟင်းစေခဲ့။ ၂၀၁၂ ခုနှစ်တွင် အထက်တန်းပြီးဆုံးပြီးနောက် ဖခင်ဖြစ်သူ ဒေါ်နယ်ထရမ့်တက်ခဲ့သော University of Pennsylvania တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။

တက္ကသိုလ်တက်စဉ်ကာလအတွင်း တက္ကသိုလ်ဝန်းနှင့် ကပ်လျက် The Radian ဟု အမည်ရသော အဆောက်အအုံရှိ ကျောင်းသူဆောင်တွင် နေထိုင်ခဲ့သည်။

(Michael Boulos က အိမ်ဖြူတော်တွင် လက်ထပ်ခွင့်တောင်းခြင်း)

တစ်ဖနီနှင့် လက်ဘနွန်စီးပွားရေးလုပ်ငန်းရှင် Michael Boulos တို့သည် ၂၀၁၈ ခုနှစ်အတွင်း ဂရိနိုင်ငံတွင် ရုပ်ရှင်မင်းသမီး လင်းဆေးလိုဟန်ကျင်းပသော ပါတီပွဲတစ်ခုတွင် စတင်ဆုံစည်းခဲ့ကြခြင်းဖြစ်သည်။

ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်းကုန်ဆုံးကာ အိမ်ဖြူတော်မှ မထွက်ခွာမီ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလအတွင်း Michael က တစ်ဖနီအား လက်ထပ်ခွင့်တောင်းခံခဲ့သည်။

Daily Mail သတင်းတစ်ရပ်တွင် ဖော်ပြချက်အရ တစ်ဖနီအား ထိုနေ့က ပေးခဲ့သော စေ့စပ်လက်စွပ်မှာ ၁၃ ကာရက်ရှိ စိန်နှင့် မြတို့ ရောယှက်ထားသော လက်စွပ်ပေးအပ်ခဲ့ပြီး တန်ကြေးမှာ ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းကျော် တန်ကြေးှရှိသည်ဟု ဆိုသည်။

၂၀၂၁ ခုနှစ်အတွင်း ၎င်းတို့နှစ်ဦး စေ့စပ်ခဲ့ကြသည်။

 

(တစ်ဖနီနှင့် Michael တို့ ခေတ္တတည်းခိုနေထိုင်လျက်ရှိသော ဟိုတယ်)

တစ်ဖနီနှင့် Michael တို့သည် လက်ရှိအားဖြင့် မီယာမီကမ်းခြေရှိ The Setai ဟိုတယ်တွင် နေထိုင်လျက်ရှိပြီး ယင်းဒေသတွင် အမြဲတမ်းအခြေချနေထိုင်ရန် နေအိမ်ရှာဖွေလျက်ရှိသည်။

The Setai ဟိုတယ်မှာ ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကြီးဖြစ်ပြီး Art Deco ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်။

 

ဟိုတယ်မှာ ငွေကြေးခြိုးခြံလိုသူများအတွက် မဟုတ်ချေ။ အခန်းခမှာ တစ်ညလျှင် အနည်းဆုံး ဒေါ်လာ ၅၀၀ ခန့်မှစကာ penthouse ခန်းဆိုလျှင် ဒေါ်လာ ၃၀၀၀၀ အထက် ကျသင့်၏။

တစ်ဖနီနှင့် Michael တို့ နေထိုင်သောအခန်းမှာ အိပ်ခန်း ၂ ခန်းပါအခန်းဖြစ်ပြီး ဒေါ်လာ ၅၈၀၀ ဝန်းကျင်ခန့် ပေးရသည်။

(မာရာလာဂိုတွင် ကျင်းပသော မင်္ဂလာဆောင်)

 

တစ်ဖနီနှင့် Michael တို့သည် အမြဲနေထိုင်မည့်နေအိမ်ရှာဖွေလျက်ရှိစဉ်အတွင်း နိုဝင်ဘာလ ၁၂ ရက်က ဒေါ်နယ်ထရမ့်ပိုင်သော မာရာလာဂိုစံအိမ်ကြီးတွင် လက်ထပ်မင်္ဂလာပွဲ ကျင်းပခဲ့သည်။

အဆိုပါမင်္ဂလာပွဲသို့ ဧည့်ပရိသတ် ၅၀၀ ခန့် ဖိတ်ကြားခဲ့သည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Forgotten' Tiffany Trump's amazing homes through the years (loveproperty)

 

 

[Zawgyi]

မာရာလာဂိုစံအိမ္ၾကီးတြင္ မဂၤလာေဆာင္လိုက္သူ တစ္ဖနီ (ထရမ့္၏အငယ္ဆံုးသမီး) ၏ စံအိမ္

 

ေဒၚနယ္ထရမ့္၏ အျခားသားသမီးမ်ားမွာ ထင္ေပၚေသာဘဝျဖင့္ သတင္းမီဒီယာမ်ားတြင္ မၾကာခဏ ပါဝင္လာေလ့ ရွိေသာ္လည္း ထရမ့္၏ သမီးတစ္ဦးျဖစ္သူ တစ္ဖနီ ထရမ့္ (Tiffany Trump) မွာမူ မထင္မရွားသာ ဘဝေနထုိင္ျဖတ္သန္းခဲ့သူ ျဖစ္သည္။

ထို႔ေၾကာင့္လည္း သူ႔ကို ေမ့ေပ်ာက္ခံထရမ့္ဟု ရည္ညႊန္းေလ့ရွိၾကသည္။

ထိုသို႔ မထင္မရွားေနထုိင္လ်က္ရွိသူ ထရမ့္၏စတုတၳရင္ေသြး တစ္ဖနီသည္ ခမ္းနားထည္ဝါေသာ ဘဝေနထုိင္မႈ ျဖင့္ ျဖတ္သန္းလ်က္ရွိျပီး အထက္တန္းစား အိမ္ျခံေျမမ်ားတြင္ ေနထုိင္ျဖတ္သန္းခဲ့သူ ျဖစ္သည္။

(တစ္ဖနီထရမ့္ ဘယ္မွာေနထိုင္ၾကီးျပင္းခဲ့လဲ)

ေဒၚနယ္ထရမ့္၏ ဒုတိယဇနီး မာလာ အန္း ေမပယ္စ္သည္ ထရမ့္ႏွင့္ ၁၉၉၃ မွ ၁၉၉၆ ခုႏွစ္အၾကား လက္ထပ္ေပါင္းသင္းခဲ့သည္။

ထရမ့္ႏွင့္ မာလာတို႔တြင္ သမီးတစ္ဦးတည္းသာ ထြန္းကားခဲ့သည္။ ထရမ့္ႏွင့္ မာလာတုိ႔၏ တစ္ဦးတည္းေသာ သမီး တစ္ဖနီကို ၁၉၉၃ ခုႏွစ္၊ ေအာက္တိုဘာလ ၁၃ ရက္တြင္ ဖေလာ္ရီဒါျပည္နယ္၊ Palm Beach ရွိ St Mary's Medical Center တြင္ ေမြးဖြားခဲ့သည္။

ေဒၚနယ္ထရမ့္က သူျမတ္ႏိုးေသာ အထင္ကရ လက္ဝတ္ရတနာ အမွတ္တံဆိပ္အမည္ကို ယူကာ တစ္ဖနီထရမ့္ဟု အမည္ေပးခဲ့ျခင္း ျဖစ္သည္။

(တစ္ဖနီ၏ ပထမဆံုးေနအိမ္)

တစ္ဖနီေမြးဖြားခဲ့ေသာ ေဆးရံုမွ ခဲတစ္ပစ္စာမွ်သာ ကြာေဝးေသာေနရာတြင္ ဖခင္ျဖစ္သူ ေဒၚနယ္ထရမ့္၏ နန္းေတာ္ၾကီးတမွ် ၾကီးက်ယ္ခမ္းနားေသာ မာရာလာဂို စံအိမ္ (Mar-a-Lago) ၾကီးတည္ရွိျပီး အဆိုပါစံအိမ္တြင္ တစ္ဖနီ၏ ငယ္စဥ္ဘဝကို ျဖတ္သန္းခဲ့သည္။

အခန္းေပါင္း ၁၁၈ ခန္းပါဝင္ျပီး Spanish-Moorish ဗိသုကာဟန္ျဖင့္ ၁၉၂၀ ျပည့္လြန္ကာလမ်ားတြင္ ေဆာက္လုပ္ခဲ့သည့္စံအိမ္ကို ေဒၚနယ္ထရမ့္က ၁၉၈၅ ခုႏွစ္တြင္ ဝယ္ယူခဲ့သည္။

ယင္းေနာက္ပိုင္း ထရမ့္က ေဒၚလာသန္းေပါင္းမ်ားစြာ သံုးစြဲကာ အတြင္းပိုင္းမြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္။

တစ္ဖနီေမြးဖြားျပီး ေနာက္တစ္ႏွစ္ျဖစ္ေသာ ၁၉၉၄ ခုႏွစ္တြင္ ေဒၚနယ္ထရမ့္က သမိုင္းဝင္ အမ်ဳိးသားအထင္ကရ စံအိမ္ၾကီးျဖစ္ေသာ မာရာလာဂိုကို သီးသန္႔ကလပ္တစ္ခုအျဖစ္ ေျပာင္းလဲခဲ့ျပီး Palm Beach ႏွင့္ အျခားေဒသတို႔မွ က်ိက်ိတက္ခ်မ္းသာၾကြယ္ဝသူမ်ားႏွင့္ အထင္ကရပုဂၢိဳလ္မ်ားကို ဝန္ေဆာင္မႈ ေပးခဲ့သည္။

ယခင္က ကလပ္ဝင္ေၾကးအျဖစ္ တစ္ဦးလွ်င္ ေဒၚလာ ၅၀၀၀၀ သတ္မွတ္ခဲ့သည္။

ထိုကာလက ရုန္းကန္ေနရေသာ အိမ္ျခံေျမလုပ္ငန္းကို အေထာက္အကူျဖစ္ေစရန္ ထရမ့္က ထိုသို႔လုပ္ေဆာင္ခဲ့ ျခင္းျဖစ္ျပီး မာရာလာဂိုတြင္ပင္ မာလာ၊ တစ္ဖနီတို႔ႏွင့္အတူ ဆက္လက္ေနထုိင္ခဲ့သည္။ စတုရန္းေပ ၆၂၅၀၀ ေက်ာ္ က်ယ္ဝန္းေသာ မာရာလာဂိုတြင္ ၾကယ္ငါးပြင့္အဆင့္ဟိုတယ္ၾကီးမ်ားတြင္ ေတြ႔ရမည့္ amenities မ်ား အားလံုးရွိသည္။

တစ္ဖနီသည္ ကေလးဘဝႏွစ္အနည္းငယ္ခန္႔ မာရာလာဂိုတြင္ မိဘႏွစ္ပါးႏွင့္အတူ ေပ်ာ္ရႊင္စြာ ေနထုိင္ျဖတ္သန္းခဲ့ရသည္။ ကေလးငယ္တစ္ဦးအတြက္ဆိုလွ်င္ မာရာလာဂိုမွာ ေမွာ္နန္းေတာ္ၾကီးတစ္ခုသဖြယ္ျဖစ္ေနျပီး ၾကီးမားေသာ ကစားကြင္း၊ အသက္ရႈမွားဖြယ္ ေရကူးကန္မ်ား၊ တင္းနစ္ကြင္း၊ Croquet ကြင္းမ်ား၊ ေဂါက္ကြင္းငယ္တို႔ျဖင့္ ေပ်ာ္ရႊင္စရာ အတိျပီးေနသည္။

၁၉၉၈ ခုႏွစ္တြင္ တစ္ဖနီ၏ အသက္ ၅ ႏွစ္ျပည့္ေမြးေန႔ပြဲက်င္းပခဲ့ရာ မာရာလာဂို၏ ခမ္းနားလွေသာ အျဖဴႏွင့္ ေရႊေရာင္စပ္ ballroom ခန္းမတြင္ တစ္ဖနီမွာ ေရသူမအသြင္ ဝတ္ဆင္ခဲ့ျပီး တိုက္တန္းနစ္သေဘၤာၾကီးအသြင္ ပံုေဖာ္ထားသည့္ ေမြးေန႔ကိတ္ျဖင့္ က်င္းပခဲ့သည္။

တန္ဖိုးၾကီးလက္ေဆာင္မ်ားလည္း မ်ားစြာရရွိခဲ့ျပီးေနာက္ Limbo ဂိမ္းအျပင္ အျခားေပ်ာ္ရႊင္ပြဲရာ ကစားပြဲမ်ား မ်ားစြာက်င္းပခဲ့၏။

စိတ္မေကာင္းဖြယ္ေကာင္းသည္မွာ သူ၏ မိဘမ်ား အိမ္ေထာင္ေရးမွာ ယိုယြင္းလာျပီးေနာက္ပိုင္း သီးျခားစီ ေနထိုင္ခဲ့ၾကကာ ၁၉၉၉ ခုႏွစ္တြင္မူ ထရမ့္တို႔ဇနီးေမာင္ႏွံ ကြာရွင္းခဲ့ၾကသည္။

မာလာမွာ ေထာက္ပံ့မႈ အျပည့္အဝရခဲ့ျပီး တစ္ဖနီမွာ ဖခင္ႏွင့္အတူ မာရာလာဂိုတြင္ ဆက္လက္ေနထုိင္ခဲ့သည္။

ယင္းေနာက္ပိုင္းတြင္ အဲရစ္၊ အိုင္ဗန္နာ၏ မိခင္၊ အိုင္ဗန္ကာတို႔ႏွင့္အတူ မာရာလာဂိုတြင္ ေနထုိင္ျဖတ္သန္းခဲ့သည္။

ေနာက္ပိုင္းႏွစ္ကာလမ်ားတြင္လည္း တစ္ဖနီသည္ မာရာလာဂိုသို႔ မၾကာခဏ လာေရာက္လည္ပတ္ခဲ့၏။

(ထရမ့္တာဝါမွ penthouse ခန္း)

တစ္ဖနီသည္ ကေလးဘဝတြင္ မာရာလာဂိုအျပင္ နယူးေယာက္ျမိဳ႕ရွိ ထရမ့္တာဝါမွ penthouse ခန္းတြင္လည္း ေနထိုင္ခဲ့သည္။ ပဥၥမရိပ္သာလမ္းတြင္ တည္ရွိေသာ ထရမ့္တာဝါ၏ ၅၈ ထပ္ေျမာက္မွ စတင္ေသာ Triplex penthouse ခန္း၏ အက်ယ္အဝန္းမွာ Forbes မဂၢဇင္းၾကီးမွ ရရွိေသာ တရားဝင္အခ်က္အလက္မ်ားအရ စတုရန္းေပ ၁၀၉၉၆ ရွိသည္ဟု ဆိုသည္။

(တစ္ဖနီထရမ့္ ေက်ာင္းသူဘဝေနခဲ့သည့္ အေဆာင္)

၂၀၁၁ ခုႏွစ္တြင္ တစ္ဖနီသည္ ေပါ့ပ္ႏွင့္ ဖက္ရွင္နယ္ဘက္ ဝင္ေရာက္ခဲ့သည့္အျပင္ Like A Bird အမည္ရွိ single ေတးသီခ်င္းတစ္ပုဒ္လည္း သီဆိုထုတ္လုပ္ခဲ့ေသးသည္။

သို႔ေသာ္ ပညာဆည္းပူးေလ့လာမႈမ်ားကိုလည္း မလစ္ဟင္းေစခဲ့။ ၂၀၁၂ ခုႏွစ္တြင္ အထက္တန္းျပီးဆံုးျပီးေနာက္ ဖခင္ျဖစ္သူ ေဒၚနယ္ထရမ့္တက္ခဲ့ေသာ University of Pennsylvania တကၠသိုလ္သို႔ တက္ေရာက္ခဲ့သည္။

တကၠသိုလ္တက္စဥ္ကာလအတြင္း တကၠသိုလ္ဝန္းႏွင့္ ကပ္လ်က္ The Radian ဟု အမည္ရေသာ အေဆာက္အအံုရွိ ေက်ာင္းသူေဆာင္တြင္ ေနထုိင္ခဲ့သည္။

(Michael Boulos က အိမ္ျဖဴေတာ္တြင္ လက္ထပ္ခြင့္ေတာင္းျခင္း)

တစ္ဖနီႏွင့္ လက္ဘႏြန္စီးပြားေရးလုပ္ငန္းရွင္ Michael Boulos တို႔သည္ ၂၀၁၈ ခုႏွစ္အတြင္း ဂရိႏိုင္ငံတြင္ ရုပ္ရွင္မင္းသမီး လင္းေဆးလိုဟန္က်င္းပေသာ ပါတီပြဲတစ္ခုတြင္ စတင္ဆံုစည္းခဲ့ၾကျခင္းျဖစ္သည္။

ေဒၚနယ္ထရမ့္၏ သမၼတသက္တမ္းကုန္ဆံုးကာ အိမ္ျဖဴေတာ္မွ မထြက္ခြာမီ ၂၀၂၀ ျပည့္ႏွစ္၊ ဇန္နဝါရီလအတြင္း Michael က တစ္ဖနီအား လက္ထပ္ခြင့္ေတာင္းခံခဲ့သည္။

Daily Mail သတင္းတစ္ရပ္တြင္ ေဖာ္ျပခ်က္အရ တစ္ဖနီအား ထိုေန႔က ေပးခဲ့ေသာ ေစ့စပ္လက္စြပ္မွာ ၁၃ ကာရက္ရွိ စိန္ႏွင့္ ျမတို႔ ေရာယွက္ထားေသာ လက္စြပ္ေပးအပ္ခဲ့ျပီး တန္ေၾကးမွာ ကန္ေဒၚလာ ၁ ဒသမ ၂ သန္းေက်ာ္ တန္ေၾကးွရိွသည္ဟု ဆိုသည္။

၂၀၂၁ ခုႏွစ္အတြင္း ၎တို႔ႏွစ္ဦး ေစ့စပ္ခဲ့ၾကသည္။

(တစ္ဖနီႏွင့္ Michael တုိ႔ ေခတၱတည္းခိုေနထုိင္လ်က္ရွိေသာ ဟိုတယ္)

တစ္ဖနီႏွင့္ Michael တုိ႔သည္ လက္ရွိအားျဖင့္ မီယာမီကမ္းေျခရွိ The Setai ဟိုတယ္တြင္ ေနထိုင္လ်က္ရွိျပီး ယင္းေဒသတြင္ အျမဲတမ္းအေျခခ်ေနထုိင္ရန္ ေနအိမ္ရွာေဖြလ်က္ရွိသည္။

The Setai ဟိုတယ္မွာ ၾကယ္ငါးပြင့္အဆင့္ ဟိုတယ္ၾကီးျဖစ္ျပီး Art Deco ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားျခင္း ျဖစ္သည္။

ဟိုတယ္မွာ ေငြေၾကးျခိဳးျခံလိုသူမ်ားအတြက္ မဟုတ္ေခ်။ အခန္းခမွာ တစ္ညလွ်င္ အနည္းဆံုး ေဒၚလာ ၅၀၀ ခန္႔မွစကာ penthouse ခန္းဆိုလွ်င္ ေဒၚလာ ၃၀၀၀၀ အထက္ က်သင့္၏။

တစ္ဖနီႏွင့္ Michael တုိ႔ ေနထုိင္ေသာအခန္းမွာ အိပ္ခန္း ၂ ခန္းပါအခန္းျဖစ္ျပီး ေဒၚလာ ၅၈၀၀ ဝန္းက်င္ခန္႔ ေပးရသည္။

(မာရာလာဂိုတြင္ က်င္းပေသာ မဂၤလာေဆာင္)

တစ္ဖနီႏွင့္ Michael တို႔သည္ အျမဲေနထုိင္မည့္ေနအိမ္ရွာေဖြလ်က္ရွိစဥ္အတြင္း ႏိုဝင္ဘာလ ၁၂ ရက္က ေဒၚနယ္ထရမ့္ပိုင္ေသာ မာရာလာဂိုစံအိမ္ၾကီးတြင္ လက္ထပ္မဂၤလာပြဲ က်င္းပခဲ့သည္။

အဆိုပါမဂၤလာပြဲသို႔ ဧည့္ပရိသတ္ ၅၀၀ ခန္႔ ဖိတ္ၾကားခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Forgotten' Tiffany Trump's amazing homes through the years (loveproperty)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Innwa Pyae Sone
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service