“အဲ့ဒါ မင်းအဖွားသာဆိုရင်”
“အဲ့ဒါ မင်းအဖွားသာဆိုရင်” - Property Knowledge in Myanmar from iMyanmarHouse.com
16 Nov 2022 9:33 am တွင် တင်ခဲ့သည်
1688 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
ဘယ်သူ အရင်မျှဝေလည်းတော့မသိပါ။ကျွန်တော့်လူမှုကွန်ရက်မှာ တက်လာတာက ကိုဝင်းနိုင်ဦးတင်ထားတဲ့ ပို့စ်လေးပါ။ “အဲဒါ မင်းအဖွားသာဆိုရင်” ဆိုတဲ့ ပို့စ်လေးပါ။
အကာအကွယ်ရနိုင်မယ်လို့ ထင်ထားတဲ့ အပင်ပျော့လေးကိုမှီပြီး ဂွမ်းစောင်လေး တစ်ထည်ကို ပိုက်ကာ ဖိနပ်တစ်ဖက်၊ခြေဆင်းလျက်နဲ့ သစ်ရွက်တွေကြားက စိုးထိတ်ကြောက်ရွံ့မှု မျက်လုံးတွေနဲ့ ကြည့်နေတဲ့ အဖွားအိုတစ်ယောက်ရဲ့ပုံလေးက စာသားနဲ့လိုက်ဖက်စွာ နင့်ကနဲခံစားလိုက်ရပါတယ်။ ငါ့အဖွားသာဆိုရင် ငါဘယ်လိုနေမလဲ။
ဒီအဖွားရဲ့ ပုံစံက ကျွန်တော်တို့ အညာက အဖွားရဲ့ပုံနဲ့တူတော့ ဒီပုံကိုမြင်လိုက်တဲ့ ခဏအတွင်းမှာ ရင်ထဲမှာ စို့စို့နစ်နစ်ကြီးခံစားလိုက်ရပါတယ်။ ကျွန်တော့် အဖွားကတော့ လွန်ခဲ့တာကြာပါပြီ။လက်ရှိမှာလည်း သတင်းစကားတွေနဲ့ အခြားသော မြင်တွေ့ခဲ့ရတဲ့ ဓာတ်ပုံတွေအရ လွမ်းစရာ့ မွေးရပ်မြေဟာ ဘေးဆိုးတွေ ကြောင့် လွမ်းဖွယ်ရာတို့ ပျောက်ဆုံးကုန်သလောက် ဖြစ်သွားကြောင်းသိရပါတယ်။
ဒီအဖွားအိုဟာ သဘာဝတရားအရ ဘဝနေဝင်ချိန်နီးနေတဲ့ ရွယ်ကိုရောက်နေပါပြီ။ ဘုရားရိပ်တရားရိပ်နဲ့ မိသားစု အရိပ်မှာ အေးအေးချမ်းချမ်း ဖြတ်သန်းရမယ့်အရွယ်ပါ။စိတ်အလိုတိုင်း လိုရာမရွှေ့နိုင်တော့တဲ့ အဖွားအိုဟာ ဘာလို့များ တောခြေ တောင်စပ် လုံခြုံမှုမရှိတဲ့ အရပ်ကို ရောက်နေရတာပါလိမ့်။ငါ့အဖွားသာဆိုရင်လေ။
လက်ရှိအခြေအနေအရတော့ ဒီနေရာဟာ နေထိုင်ရာအိမ်ထက် လုံခြုံမှုပေးနေလို့သာ ဒီနေရာလေးကို ရောက်နေရတာနေမှာပေါ့လို့ ဒီလိုပဲ စဉ်းစားမိပါတယ်။
တရားသဖြင့်စဉ်းစားရင် တစ်သက်နဲ့တစ်ကိုယ်ဒီလိုဖြစ်လာလိမ့်မယ်လို့ အဖွားအိုဟာ တွေးထင်ထားပုံမရပါဘူး။ အလိုအရနဲနဲ၊ ရောင့်ရဲမှုနဲနဲနဲ့ ဘဝကို ကျေကျေနပ်နပ်ဖြတ်သန်းသွားလောက်ပါတယ်။
အဖွားအိုဟာ သူတစ်ပါးဖြစ်နေတော့ ပြုသူအသစ် ဖြစ်သူအဟောင်းလို့ ဝဋ်ကြွေးကို အကြောင်းရှာဖွေပြီး ဖြေသာနိုင်ရင်တော့ စိတ်မှာသက်သာကောင်း သက်သာနိုင်ပါတယ်။ ဒါပေမဲ့ သူသာ ငါ့အဖွားသာဆိုရင်လေ ဆိုတဲ့ အတွေးက ကပ်လိုက်လာတော့ မချိတင်ကဲ ခံစားလိုက်ရပြန်ပါတယ်။ပြုသူတွေအနေနဲ့ စဉ်းစားဖို့ကောင်းတယ်။ကိုယ်ဟာ “လေဥ”က ဖြစ်လာတဲ့ တစ်ကောင်ကြွက်တွေမဟုတ်ကြောင်းကိုပေါ့။
လူတွေဟာ လူကပဲမွေးတာပါ။တိရစ္ဆန်ကမွေးတာမဟုတ်ပါဘူး။လူတိုင်း မျိုးဆက်တွေနဲ့ဆင်းသက်လာကြတာပါ။ အတီတေရှိပါပြီ။အတုံ့အလှည့်တရားဟာ အမှန်ရှိပါတယ်။ဒီအမှန်ကို လက်ခံရင်တော့ ဒီပုံထဲက အဖွားအိုဟာ မင်းရဲ့အဖွားလည်းဖြစ်တယ်၊ငါ့ရဲ့အဖွားလည်းဖြစ်တယ်ဆိုတာ လက်ခံနိုင်ပါလိမ့်မယ်။
ဒီတော့ လူကမွေးတဲ့သူတွေအနေနဲ့ လုပ်ဆောင်ချက်တိုင်းအတွက် ဆင်ခြင်တုံတရားလေးကိုတော့ လက်ကိုင်ထားကြဖို့ပါပဲ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit to Photo
ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
Credit to Photo
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် လေပေါ် ပေ ၅၀၀၀ အမြင့်တွင် ရှိနေသည့် ကျောချမ်းဖွယ် ကောင်းကင်လှေကား စတင်ဖွင့်လှစ်...
တရုတ်ပြည်တွင် လေပေါ် ပေ ၅၀၀၀ အမြင့်တွင် ရှိနေသည့် ကျောချမ်းဖွယ် ကောင်းကင်လှေကား စတင်ဖွင့်လှစ်...
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြတ်သန်းခဲ့ရပုံ...
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြတ်သန်းခဲ့ရပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ဟောင်းနွမ်းနေတဲ့ Bed Room ကြောင့် စိတ်ညစ်နေရပြီလား ?
ဟောင်းနွမ်းနေတဲ့ Bed Room ကြောင့် စိတ်ညစ်နေရပြီလား ?
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
CarsDB
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service