အသား၊ ငါးများကို လုံခြုံစိတ်ချရအောင် ထိန်းသိမ်းခြင်းနှင့် ကိုင်တွယ်ခြင်း

အသား၊ ငါးများကို လုံခြုံစိတ်ချရအောင် ထိန်းသိမ်းခြင်းနှင့် ကိုင်တွယ်ခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
12 Nov 2022 1:17 pm တွင် တင်ခဲ့သည်
479 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

အသား၊ငါးတွေမှာ ဘက်တီးရီးယားပိုးအမျိုးမျိုးပေါက်ပွားနိုင်တာကြောင့် သေချာစွာကိုင်တွယ်၍ သိမ်းဆည်းရန် အလွန်ပင်အရေးကြီးလှပါတယ်။ ဒါပေမယ့် အသားအမျိုးမျိုးမှာ ကိုင်တွယ် ထိန်းသိမ်းပုံ အမျိုးမျိုးရှိတာကြောင့် လူအများစုအတွက် စိတ်ရှုပ်ထွေးစရာဖြစ်နေခဲ့ပါတယ်။ သေချာစွာပြင်ဆင်အေးခဲပြီး သိမ်းထားတဲ့ အသားတစ်မျိုးကို တစ်ပတ်အတွင်းစိတ်ချစွာစားသုံးလို့ရပေမယ့်လည်း အခြားအမျိုးအစားတွေကိုတော့ ရက်အနည်းငယ်ကြာရင် (သို့) မအေးခဲထားရင် လွှင့်ပစ်လိုက်သင့်ပါတယ်။

ဒါကြောင့် ဘာပဲစားစား အန္တရာယ်ကင်းဖို့က အရေးကြီးဆုံးပါပဲ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ မီးဖိုးချောင်ဆိုတာ အစားအသောက်တွေကို ဘေးကင်းစွာဘယ်လိုချက်ပြုတ်ရမလဲနဲ့ ဘယ်လိုသိမ်းဆည်းမလဲ သိခြင်းအပေါ်မှာပဲမူတည်ပါတယ်။

>> အသားများကို ကိုင်တွယ်ခြင်း

ဘယ်လိုအသားမျိုးကိုပြင်ဆင်တာပဲဖြစ်ဖြစ် လက်ကိုမကြာခဏဆေးရန်မမေ့ပါနှင့်။ အခြားချက်ပြုတ်တဲ့ပစ္စည်းတွေနဲ့ အသားတွေကိုသက်သက်စီခွဲထားပါ။ ရောဂါပိုးတွေဟာ အလွန်ပျံ့နှံ့လွယ်တာကြောင့် ဟင်းတစ်မျိုးထဲမှာတူတူရောပြီး ချက်ပြုတ်မှာမဟုတ်ရင် ဟင်းသီးဟင်းရွက်နဲ့အခြားပါဝင်ပစ္စည်းတွေကို အသားတွေနဲ့ဝေးဝေးမှာထားပါ။ စဉ်းနှီတုံးကိုလည်း သက်သက်စီထားပါ။ အသားစိမ်းတွေနဲ့ထိတွေ့ပြီးတဲ့ ချက်ပြုတ်ရာမှာသုံးတဲ့ပစ္စည်းတွေကိုလည်း သေချာစွာဆေးကြောသင့်ပါတယ်။ ဖြစ်နိုင်လျှင် အစားအစာတွေကိုသုံးဆောင်ဖို့ မူတညီတဲ့မီးဖိုးချောင်သုံးပစ္စည်းများကို အသုံးပြုသင့်ပါတယ်။

>> အသားကိုသိမ်းဆည်းခြင်း

အကြမ်းအားဖြင့် အသားစိမ်းတွေဟာ ရေခဲသေတ္တာထဲမှာ သုံးရက်လောက်အထားခံလေ့ရှိပါတယ်။ မချက်ပြုတ်ရသေးတဲ့ အသားတွေကိုကြာရှည်စွာသိမ်းထားလိုပါက အေးခဲထားခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။ မအေးခဲမီအသားတွေကို လေလုံတဲ့ပလတ်စတစ်အိတ်ထဲမှာထည့်ပါ။ ထို့နောက်တွင်မှ အေးခဲပြီး လပေါင်းများစွာသိမ်းဆည်းထားနိုင်ပါတယ်။

အန္တရာယ်ကင်းစွာရေခဲသေတ္တာထဲမှာ ထည့်ထားနိုင်တဲ့အချိန်ဆိုတာ သိမ်းဆည်းတဲ့အပူချိန်ပေါ်မှာလည်း မူတည်ပါတယ်။ အေးခဲပစ္စည်းတွေကိုဖြစ်နိုင်လျှင် သုညဒီဂရီဖာရင်ဟိုက်နားတစ်ဝိုက်မှာထားခြင်းဖြင့် အာဟာရဓာတ်တွေ မပျက်ပြယ်တဲ့အပြင် လတ်ဆတ်နေမှာလည်းဖြစ်ပါတယ်။ ရေခဲသေတ္တာတွေကိုတော့ 34 ဒီဂရီဖာရင်ဟိုက်မှာထားခြင်းဖြင့် အစားအသောက်တွေကိုပုံမှန်ထက်ပိုမိုကြာရှည်ခံစေပါတယ်။

အသားတွေကိုသေချာစွာသိမ်းဆည်းခြင်းဖြင့် ပိုမိုအထားခံနိုင်ဖို့်အတွက်အောက်ပါ ယေဘုယျလမ်းညွှန်ချက်တွေကို လေ့လာနိုင်ပါတယ်။

>> ရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်း

မချက်ပြုရသေးသော အနီရောင်အသား - 1 ရက်မှ 2 ရက်

မချက်ပြုရသေးသော အမဲသား (သို့) နုတ်နုတ်စဉ်းအသား - 3 ရက်မှ 4 ရက်

မချက်ပြုရသေးသောငါး - 1 ရက်မှ 2 ရက်

ချက်ပြုတ်ပြီးသေားအသား၊ ငါးများ - 3 ရက်မှ 4 ရက်

အသားညှပ်ပေါင်မုန်နှင့် နေ့လည်စာအသား - ဖွင့်ပြီးလျှင် 1 ပတ်၊ မဖွင့်ရသေးလွှင် 2 ပတ်

>> အေးခဲသေတ္တာတွင်သိုလှောင်ခြင်း

မချက်ပြုတ်ရသေးသော အမဲသား (အနီရောင်အသား) - 3 လမှ 4 လ

မချက်ပြုတ်ရသေးသော အမဲသားအပြား (သို့) နုတ်နုတ်စဉ်းထားသောအသား - ပစ္စည်းအမျိုးအစားပေါ်မူတည်၍ 4 လမှ 12 လ

မချက်ပြုတ်ရသေးသော အသားငါး - 2 လမှ 6 လ

အသားညှပ်ပေါင်မုန့်နှင့် နေ့လည်စာအသား - 1 လမှ 2 လ

 

>> လုံးဝကျက်သည်အထိ ချက်ပြုတ်သင့်

လုံးဝအကျက်ချက်ပြုတ်ခြင်းမှလွဲ၍ ကျန်သည့်နည်းလမ်းများက ဘက်တီးရီးယားပိုးများသေစေနိုင်ရန် မလုံလောက်ပေ။ သို့ပေမယ့်လည်း အသားအမျိုးအစားပေါ်မူတည်ပြီးတော့ အန္တရာယ်ရှိနိုင်ခြေလည်းကွဲပြားပါတယ်။ ကျေးငှက်အသားတွေကို ကျက်အောင်မချက်ပြုတ်ဘဲ လုံးဝမစားသင့်ပါ။ သေချာစွာချက်ပြုတ်ပြီးမှသာ စားသုံးသင့်ပါတယ်။ ကျက်အောင်မချက်ထားတဲ့ ကျေးငှက်အသားတွေဟာ ဝမ်းကိုက်ရောဂါနဲ့ အခြားရောဂါတွေကို ပျံ့နှံ့စေနိုင်ပါတယ်။

- ဝက်သားတွေဟာ အန္တရာယ်အလွန်ရှိတဲ့သန်ကောင်တုတ်ကောင်တွေကို သယ်ဆောင်ထားတဲ့အတွက် ကျက်အောင်ချက်ရပါမယ်။

- အမဲသားတွေဟာ ယေဘုယျအားဖြင့် အန္တရာယ်ကင်းတယ်လို့ဆိုနိုင်ပေမယ့်လည်း ဖြစ်နိုင်လျှင်တော့ အသားပြားကင်နဲ့ အသားလွှာကင်တို့ကို အစားထိုးစားသုံးသင့်ပါတယ်။ အနီရောင်အသားတုံးတွေရဲ့ မျက်နှာပြင်မှာ ဘက်တီးရီးယားပိုးတွေ အမျိုးအစားအလွန်များတာကြောင့် အပူချိန်ပြင်းပြင်းနဲ့ချက်ပြုတ်သင့်ပါတယ်။

- ငါးချက်မယ်ဆိုရင်တော့ ပုံမှန်အားဖြင့် ကျက်သည်အထိချက်ပြုတ်ရန်လိုအပ်သော်လည်း အချို့ငါးတွေအတွက်တော့ မကျက်တကျက်ချက်နိုင်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

Credit: drmyanmar

 

[Zawgyi]

အသား၊ ငါးမ်ားကို လုံျခဳံစိတ္ခ်ရေအာင္ ထိန္းသိမ္းျခင္းႏွင့္ ကိုင္တြယ္ျခင္း

အသား၊ငါးေတြမွာ ဘက္တီးရီးယားပိုးအမ်ိဳးမ်ိဳးေပါက္ပြားႏိုင္တာေၾကာင့္ ေသခ်ာစြာကိုင္တြယ္၍ သိမ္းဆည္းရန္ အလြန္ပင္အေရးႀကီးလွပါတယ္။ ဒါေပမယ့္ အသားအမ်ိဳးမ်ိဳးမွာ ကိုင္တြယ္ ထိန္းသိမ္းပုံ အမ်ိဳးမ်ိဳး႐ွိတာေၾကာင့္ လူအမ်ားစုအတြက္ စိတ္႐ႈပ္ေထြးစရာျဖစ္ေနခဲ့ပါတယ္။ ေသခ်ာစြာျပင္ဆင္ေအးခဲၿပီး သိမ္းထားတဲ့ အသားတစ္မ်ိဳးကို တစ္ပတ္အတြင္းစိတ္ခ်စြာစားသုံးလို႔ရေပမယ့္လည္း အျခားအမ်ိဳးအစားေတြကိုေတာ့ ရက္အနည္းငယ္ၾကာရင္ (သို႔) မေအးခဲထားရင္ လႊင့္ပစ္လိုက္သင့္ပါတယ္။

ဒါေၾကာင့္ ဘာပဲစားစား အႏၲရာယ္ကင္းဖို႔က အေရးႀကီးဆုံးပါပဲ။ က်န္းမာေရးနဲ႔ညီၫြတ္တဲ့ မီးဖိုးေခ်ာင္ဆိုတာ အစားအေသာက္ေတြကို ေဘးကင္းစြာဘယ္လိုခ်က္ျပဳတ္ရမလဲနဲ႔ ဘယ္လိုသိမ္းဆည္းမလဲ သိျခင္းအေပၚမွာပဲမူတည္ပါတယ္။

>> အသားမ်ားကို ကိုင္တြယ္ျခင္း

ဘယ္လိုအသားမ်ိဳးကိုျပင္ဆင္တာပဲျဖစ္ျဖစ္ လက္ကိုမၾကာခဏေဆးရန္မေမ့ပါႏွင့္။ အျခားခ်က္ျပဳတ္တဲ့ပစၥည္းေတြနဲ႔ အသားေတြကိုသက္သက္စီခြဲထားပါ။ ေရာဂါပိုးေတြဟာ အလြန္ပ်ံ႕ႏွံ႔လြယ္တာေၾကာင့္ ဟင္းတစ္မ်ိဳးထဲမွာတူတူေရာၿပီး ခ်က္ျပဳတ္မွာမဟုတ္ရင္ ဟင္းသီးဟင္း႐ြက္နဲ႔အျခားပါဝင္ပစၥည္းေတြကို အသားေတြနဲ႔ေဝးေဝးမွာထားပါ။ စဥ္းႏွီတုံးကိုလည္း သက္သက္စီထားပါ။ အသားစိမ္းေတြနဲ႔ထိေတြ႕ၿပီးတဲ့ ခ်က္ျပဳတ္ရာမွာသုံးတဲ့ပစၥည္းေတြကိုလည္း ေသခ်ာစြာေဆးေၾကာသင့္ပါတယ္။ ျဖစ္ႏိုင္လွ်င္ အစားအစာေတြကိုသုံးေဆာင္ဖို႔ မူတညီတဲ့မီးဖိုးေခ်ာင္သုံးပစၥည္းမ်ားကို အသုံးျပဳသင့္ပါတယ္။

>> အသားကိုသိမ္းဆည္းျခင္း

အၾကမ္းအားျဖင့္ အသားစိမ္းေတြဟာ ေရခဲေသတၱာထဲမွာ သုံးရက္ေလာက္အထားခံေလ့႐ွိပါတယ္။ မခ်က္ျပဳတ္ရေသးတဲ့ အသားေတြကိုၾကာ႐ွည္စြာသိမ္းထားလိုပါက ေအးခဲထားျခင္းဟာ အေကာင္းဆုံးျဖစ္ပါတယ္။ မေအးခဲမီအသားေတြကို ေလလုံတဲ့ပလတ္စတစ္အိတ္ထဲမွာထည့္ပါ။ ထို႔ေနာက္တြင္မွ ေအးခဲၿပီး လေပါင္းမ်ားစြာသိမ္းဆည္းထားႏိုင္ပါတယ္။

အႏၲရာယ္ကင္းစြာေရခဲေသတၱာထဲမွာ ထည့္ထားႏိုင္တဲ့အခ်ိန္ဆိုတာ သိမ္းဆည္းတဲ့အပူခ်ိန္ေပၚမွာလည္း မူတည္ပါတယ္။ ေအးခဲပစၥည္းေတြကိုျဖစ္ႏိုင္လွ်င္ သုညဒီဂရီဖာရင္ဟိုက္နားတစ္ဝိုက္မွာထားျခင္းျဖင့္ အာဟာရဓာတ္ေတြ မပ်က္ျပယ္တဲ့အျပင္ လတ္ဆတ္ေနမွာလည္းျဖစ္ပါတယ္။ ေရခဲေသတၱာေတြကိုေတာ့ 34 ဒီဂရီဖာရင္ဟိုက္မွာထားျခင္းျဖင့္ အစားအေသာက္ေတြကိုပုံမွန္ထက္ပိုမိုၾကာ႐ွည္ခံေစပါတယ္။

အသားေတြကိုေသခ်ာစြာသိမ္းဆည္းျခင္းျဖင့္ ပိုမိုအထားခံႏိုင္ဖို႔္အတြက္ေအာက္ပါ ေယဘုယ်လမ္းၫႊန္ခ်က္ေတြကို ေလ့လာႏိုင္ပါတယ္။

>> ေရခဲေသတၱာထဲတြင္ သိမ္းဆည္းျခင္း

မခ်က္ျပဳရေသးေသာ အနီေရာင္အသား - 1 ရက္မွ 2 ရက္

မခ်က္ျပဳရေသးေသာ အမဲသား (သို႔) ႏုတ္ႏုတ္စဥ္းအသား - 3 ရက္မွ 4 ရက္

မခ်က္ျပဳရေသးေသာငါး - 1 ရက္မွ 2 ရက္

ခ်က္ျပဳတ္ၿပီးေသားအသား၊ ငါးမ်ား - 3 ရက္မွ 4 ရက္

အသားညႇပ္ေပါင္မုန္ႏွင့္ ေန႔လည္စာအသား - ဖြင့္ၿပီးလွ်င္ 1 ပတ္၊ မဖြင့္ရေသးလႊင္ 2 ပတ္

>> ေအးခဲေသတၱာတြင္သိုေလွာင္ျခင္း

မခ်က္ျပဳတ္ရေသးေသာ အမဲသား (အနီေရာင္အသား) - 3 လမွ 4 လ

မခ်က္ျပဳတ္ရေသးေသာ အမဲသားအျပား (သို႔) ႏုတ္ႏုတ္စဥ္းထားေသာအသား - ပစၥည္းအမ်ိဳးအစားေပၚမူတည္၍ 4 လမွ 12 လ

မခ်က္ျပဳတ္ရေသးေသာ အသားငါး - 2 လမွ 6 လ

အသားညႇပ္ေပါင္မုန္႔ႏွင့္ ေန႔လည္စာအသား - 1 လမွ 2 လ

>> လုံးဝက်က္သည္အထိ ခ်က္ျပဳတ္သင့္

လုံးဝအက်က္ခ်က္ျပဳတ္ျခင္းမွလြဲ၍ က်န္သည့္နည္းလမ္းမ်ားက ဘက္တီးရီးယားပိုးမ်ားေသေစႏိုင္ရန္ မလုံေလာက္ေပ။ သို႔ေပမယ့္လည္း အသားအမ်ိဳးအစားေပၚမူတည္ၿပီးေတာ့ အႏၲရာယ္႐ွိႏိုင္ေျခလည္းကြဲျပားပါတယ္။ ေက်းငွက္အသားေတြကို က်က္ေအာင္မခ်က္ျပဳတ္ဘဲ လုံးဝမစားသင့္ပါ။ ေသခ်ာစြာခ်က္ျပဳတ္ၿပီးမွသာ စားသုံးသင့္ပါတယ္။ က်က္ေအာင္မခ်က္ထားတဲ့ ေက်းငွက္အသားေတြဟာ ဝမ္းကိုက္ေရာဂါနဲ႔ အျခားေရာဂါေတြကို ပ်ံ႕ႏွံ႔ေစႏိုင္ပါတယ္။

- ဝက္သားေတြဟာ အႏၲရာယ္အလြန္႐ွိတဲ့သန္ေကာင္တုတ္ေကာင္ေတြကို သယ္ေဆာင္ထားတဲ့အတြက္ က်က္ေအာင္ခ်က္ရပါမယ္။

- အမဲသားေတြဟာ ေယဘုယ်အားျဖင့္ အႏၲရာယ္ကင္းတယ္လို႔ဆိုႏိုင္ေပမယ့္လည္း ျဖစ္ႏိုင္လွ်င္ေတာ့ အသားျပားကင္နဲ႔ အသားလႊာကင္တို႔ကို အစားထိုးစားသုံးသင့္ပါတယ္။ အနီေရာင္အသားတုံးေတြရဲ႕ မ်က္ႏွာျပင္မွာ ဘက္တီးရီးယားပိုးေတြ အမ်ိဳးအစားအလြန္မ်ားတာေၾကာင့္ အပူခ်ိန္ျပင္းျပင္းနဲ႔ခ်က္ျပဳတ္သင့္ပါတယ္။

- ငါးခ်က္မယ္ဆိုရင္ေတာ့ ပုံမွန္အားျဖင့္ က်က္သည္အထိခ်က္ျပဳတ္ရန္လိုအပ္ေသာ္လည္း အခ်ိဳ႕ငါးေတြအတြက္ေတာ့ မက်က္တက်က္ခ်က္ႏိုင္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit: drmyanmar

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် လေပေါ် ပေ ၅၀၀၀ အမြင့်တွင် ရှိနေသည့် ကျောချမ်းဖွယ် ကောင်းကင်လှေကား စတင်ဖွင့်လှစ်...
တရုတ်ပြည်တွင် လေပေါ် ပေ ၅၀၀၀ အမြင့်တွင် ရှိနေသည့် ကျောချမ်းဖွယ် ကောင်းကင်လှေကား စတင်ဖွင့်လှစ်...
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြတ်သန်းခဲ့ရပုံ...
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြတ်သန်းခဲ့ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
imyanmarmarket
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service