လူသိနည်းတဲ့ အိမ်မြှောင်တွေရဲ့ ကျန်းမာရေးအန္တရာယ်.....

လူသိနည်းတဲ့ အိမ်မြှောင်တွေရဲ့ ကျန်းမာရေးအန္တရာယ်..... - Property Knowledge in Myanmar from iMyanmarHouse.com
11 Nov 2022 1:35 pm တွင် တင်ခဲ့သည်
1381 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

အိမ်မြှောင်ဆိုတာ ကျွန်တော်တို့ ငယ်စဉ် ကလေးဘဝကတည်းက ယနေ့အချိန်ထိကို အိမ်နံရံတွေမှာ အမြဲမြင်နေရတတ်တဲ့ တွားသွားသတ္တဝါတစ်မျိုးပါ။ တချို့ကလေးတွေအတွက် အိမ်မြှောင်ဟာ ကြောက်စရာကောင်းတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် လူကြီးတွေအတွက်တော့ သိပ်ပြီး ထူးထူးခြားခြား ဒုက္ခပေးနိုင်လောက်စရာ မရှိဘူးလို့ပဲ မှတ်ချက်ချတတ်ကြပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ လူသိနည်းတဲ့ အိမ်မြှောင်တွေရဲ့ ကျန်းမာရေးအန္တရာယ် တွေကို ပြောပြပေးချင်ပါတယ်။

လူသိနည်းတဲ့ အိမ်မြှောင်တွေရဲ့ ကျန်းမာရေးအန္တရာယ်

လူသိနည်းတဲ့ အိမ်မြှောင်တွေရဲ့ ကျန်းမာရေးအန္တရာယ် တွေအကြောင်း လေ့လာလိုက်ရအောင်နော်။

ဘယ်လိုအရာတွေက အိမ်မြှောင်တွေကို ဖိတ်ခေါ်နေတာလဲ။

စားနပ်ရိက္ခာ၊ သောက်ရေ၊ နေစရာအပြည့်အစုံရှိတဲ့ နေအိမ်တိုက်ခန်းတွေဟာ အိမ်မြှောင်တွေအတွက်တော့ ကြယ်ငါးပွင့်ဟိုတယ်လိုပါပဲ။ အိမ်မြှောင်တွေဟာ ပူနွေးပြီးစိုစွတ်တဲ့နေရာတွေကို အလွန်ကြိုက်ပြီး မြန်မာနိုင်ငံအနေအထားအရ ကြည့်မယ်ဆိုရင် နွေရာသီနဲ့ မိုးရာသီမှာ အကောင်ရေပေါက်ဖွားမှု အများဆုံးဖြစ်တယ်။ ရေကို အများအပြားလိုအပ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ၃ပုံ ၂ပုံဟာ ရေတွေနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်။

ဒါ့အပြင် အိမ်မြှောင်တွေရဲ့ အကြိုက်ဆုံးအစားအစာဟာ အင်းဆက်ပိုးမွှားတွေနဲ့ သစ်သီးဝလံ၊ သစ်ရွက်တွေပဲ ဖြစ်ပါတယ်။ ဒီတော့ ခြင်၊ ယင်ကောင်တွေ ပေါတဲ့အိမ်တွေ၊ စားစရာတွေကို လင်းလင်းထင်းထင်း စားပွဲပေါ် တင်ထားတာ၊ ပန်းအိုး၊ ပန်းပင်တွေ စိုက်ထားတဲ့အိမ်တွေဆိုရင် အိမ်မြှောင်ဝင်ဖို့ ပိုလွယ်ကူပါတယ်။

နံရံတွေ အက်ကွဲနေတာ၊ ကြမ်းပြင်၊ သစ်သားတွေ ပဲ့နေတာ၊ ပေါက်နေတဲ့ရေပိုက်တွေ၊ မှောင်နေတဲ့ လမ်းကြားတွေမှာ အိမ်မြှောင်တွေဟာ နေထိုင်ပြီး သားဖောက်ဖို့အတွက် ဥ ဥကြပါတယ်။ ဒီဥကနေ အကောင်ပေါက်လာတဲ့ အိမ်မြှောင်လောင်းတွေဟာလည်း အနီးအနားက အင်းဆက်ပိုးမွှားတွေကို စားသုံးပြီး ကြီးပြင်းကြပါတယ်။ စားပွဲအောက်၊ နံရံအက်ကွဲကြောင်း၊ ဖုန်တက်ပြီးမှောင်နေတဲ့ ချောင်ကြား၊ ရေချိုးခန်း၊ မီးဖိုချောင်တွေမှာ အများဆုံးနေထိုင်ကြပါတယ်။

အိမ်မြှောင်တွေဟာ လူတွေကို ဒုက္ခပေးသလား။

ယေဘုယျအားဖြင့် ကြည့်မယ်ဆိုရင် လူတွေကို သိပ်ပြီးဒုက္ခမပေးပါဘူး။ အပေါ်မှာပြောထားခဲ့သလိုပဲ ကလေးတွေကလွဲရင် လူကြီးအများစုက အိမ်မြှောင်ကို မကြောက်ကြသလို သိပ်ပြီးတော့လည်း ဂရုမစိုက်တတ်ပါဘူး။ ကလေးတွေအတွက်တော့ အိမ်မြှောင်ရဲ့ မျက်လုံး၊ အော်သံ၊ နံရံမှာ ကပ်နေတဲ့အနေအထား စတာတွေကို ကြောက်လန့်နိုင်ပါတယ်။

အိမ်မြှောင်တွေဟာ လူတွေကို ကိုက်တတ်တယ်ဆိုပေမယ့် တော်တော်လေးကို ရှားပါတယ်။ အသက်အန္တရာယ်ထိခိုက်နေတယ်လို့ ခံစားရမှသာ ရန်မူတတ်ပြီး မကိုက်ခင်မှာ သားရဲတစ်ကောင်လို ရှူးရှူးရှဲရှဲအသံပေးတတ်ပါတယ်။ အင်းဆက်ပိုးမွှားတွေ၊ သစ်သီး၊ သစ်ရွက်တွေဆိုရင်တော့ ကိုက်ပြီးမှ စားသုံးတတ်ပါတယ်။

တစ်ခါတရံ နံရံကနေ ခေါင်းပေါ်၊ ကိုယ်ပေါ်ကို ပြုတ်ကျလာတတ်တာမျိုး ရှိပေမယ့် ကြွက်တွေလိုမျိုး ခန္ဓာကိုယ်မှာ လူတွေကိုဒုက္ခဖြစ်စေတဲ့ ရောဂါပိုးမွှားတွေ သိပ်မများတဲ့အတွက် ဆပ်ပြာ၊ ရေနဲ့ ပြန်ဆေးကြောလိုက်ရင် ရပါတယ်။

အဓိက အိမ်မြှောင်တွေ လူကို ဒုက္ခပေးနိုင်တဲ့အချက်ကတော့ နေရာတကာ စွန့်ထားတဲ့ မစင်အညစ်အကြေးတွေပဲ ဖြစ်ပါတယ်။ အဲဒီအညစ်အကြေးတွေထဲမှာ ဆော်လ်မွန်နယ်လား (Salmonella) ကဲ့သို့ ဗိုက်အောင့်ဗိုက်နာ၊ အော့အန်တာ၊ ပြင်းထန်တဲ့ ဝမ်းလျှောခြင်း၊ ဖျားနာခြင်း စတဲ့ လက္ခဏာတွေကို ဖြစ်စေတဲ့ ရောဂါပိုးတွေ အများအပြားပါဝင်ပါတယ်။ အိမ်မြှောင်တွေဟာ နေအိမ်နေရာမရွေး အညစ်အကြေး စွန့်ပစ်နိုင်သလို အိမ်မြှောင်ချေးတွေဟာ အရွယ်အစားအလွန်သေးပါတယ်။ ဆိုလိုတာကတော့ သင့်ရဲ့ ခေါင်းပေါ်၊ ဖုန်း၊ ကွန်ပျူတာ၊ တီဗီ၊ စားပွဲတွေအပြင် စားစရာ၊ ရေခွက်တွေထဲပါ အညစ်အကြေးစွန့်နိုင်တဲ့အတွက် မတော်တဆ ဗိုက်ထဲကို ဝင်သွားတာမျိုး ဖြစ်နိုင်ပါတယ်။

အိမ်မြှောင်တွေဟာ ဘယ်လိုအနံ့အသက်ကို မုန်းတီးကြလဲ။

အိမ်မြှောင်လိုမျိုး အကောင်သေးတဲ့ တွားသွားသတ္တဝါတွေဟာ ကြက်ဥအခွံ၊ ကြက်သွန်ဖြူ၊ အစွန်းချွတ်ဆေး၊ ပိုးသတ်ဆေး၊ ခြင်ဆေး၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးမှုန့်လိုမျိုး ပြင်းတဲ့ အနံ့မျိုးကို မခံနိုင်ကြတဲ့အတွက် ဝေးဝေးထွက်သွားတတ်ကြပါတယ်။

အိမ်မြှောင်တွေဟာ ဘယ်လောက်ကြာကြာ အသက်ရှင်နေနိုင်လဲ။

အိမ်မြှောင်တွေရဲ့ ပျမ်းမျှသက်တမ်းဟာ ၅နှစ်ဖြစ်ပြီး ပိုးသန့်စင်ထားခြင်းမရှိတဲ့ အိမ်တွေ၊ နေစရာ၊ စားစရာအပြည့်ဖြစ်နေတဲ့ အိမ်မျိုးမှာဆို အဲဒီထက်ကြာကြာ အသက်ရှင်နေနိုင်ပါတယ်။

အိမ်မြှောင်တွေကို သင့်အိမ်ကနေ ထွက်သွားအောင် ဘာတွေလုပ်လို့ရမလဲ။

ကိုယ့်နေအိမ်နံရံ သို့မဟုတ် ဥယျာဉ်ခြံဝင်းထဲမှာ အိမ်မြှောင် တစ်ကောင်၊ နှစ်ကောင် တွေ့ရတယ်ဆိုတာ သိပ်ပြီးကြီးမားတဲ့ ပြဿနာမဟုတ်ပေမဲ့ အကောင်ရေအရမ်းများလာရင်တော့ သင့်ရဲ့နေအိမ်မှာ အိမ်မြှောင်အသိုက်ရှိနေတာ ဖြစ်နိုင်ပါတယ်။ လူတွေကို ရန်မမူနိုင်ဘူးဆိုပေမယ့် ကျန်းမာရေးအရ ဘယ်လိုကောင်းကျိုးမှ မပေးနိုင်တဲ့အတွက် ကိုယ့်အိမ်မှာ အိမ်မြှောင်နည်းလေ၊ ပိုကောင်းလေပါပဲ။ ဒီအတွက် ဘာတွေလုပ်ပေးလို့ ရမလဲဆိုရင်......

 

အိမ်မြှောင်တွေရဲ့ အသိုက်၊ အမြဲသွားလာတဲ့နေရာတွေကို စောင့်ကြည့်ပါ

 

အဲဒီနေရာတွေကို ပိုးသတ်ဆေး သို့မဟုတ် ခြင်ဆေးဖျန်းပါ

အိမ်၊ ရေချိုးခန်းက နံရံတွေမှာ ပေါက်နေတာ၊ အက်ကွဲနေတာရှိရင် အမြန်ဖာထေးပါ

စားစရာတွေကို အမြဲတမ်း လုံခြုံစွာဖုံးအုပ်ထားပါ

နေအိမ်နေရာအနှံ့မှာ ပရုတ်လုံးတွေကို တစ်လုံးစီ ချထားပါ

နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ သင့်နေအိမ်တစ်ခုလုံးကို ပိုးသတ်ပြီး သန့်စင်ပါ

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

 

[Zawgyi]

လူသိနည္းတဲ့ အိမ္ေျမႇာင္ေတြရဲ႕ က်န္းမာေရးအႏၲရာယ္.....

 

အိမ္ေျမႇာင္ဆိုတာ ကြၽန္ေတာ္တို႔ ငယ္စဥ္ ကေလးဘဝကတည္းက ယေန႔အခ်ိန္ထိကို အိမ္နံရံေတြမွာ အၿမဲျမင္ေနရတတ္တဲ့ တြားသြားသတၱဝါတစ္မ်ိဳးပါ။ တခ်ိဳ႕ကေလးေတြအတြက္ အိမ္ေျမႇာင္ဟာ ေၾကာက္စရာေကာင္းတယ္လို႔ ထင္ေကာင္းထင္ႏိုင္ေပမယ့္ လူႀကီးေတြအတြက္ေတာ့ သိပ္ၿပီး ထူးထူးျခားျခား ဒုကၡေပးႏိုင္ေလာက္စရာ မ႐ွိဘူးလို႔ပဲ မွတ္ခ်က္ခ်တတ္ၾကပါတယ္။ ဒီေန႔ေဆာင္းပါးမွာေတာ့ လူသိနည္းတဲ့ အိမ္ေျမႇာင္ေတြရဲ႕ က်န္းမာေရးအႏၲရာယ္ ေတြကို ေျပာျပေပးခ်င္ပါတယ္။

လူသိနည္းတဲ့ အိမ္ေျမႇာင္ေတြရဲ႕ က်န္းမာေရးအႏၲရာယ္

လူသိနည္းတဲ့ အိမ္ေျမႇာင္ေတြရဲ႕ က်န္းမာေရးအႏၲရာယ္ ေတြအေၾကာင္း ေလ့လာလိုက္ရေအာင္ေနာ္။

ဘယ္လိုအရာေတြက အိမ္ေျမႇာင္ေတြကို ဖိတ္ေခၚေနတာလဲ။

စားနပ္ရိကၡာ၊ ေသာက္ေရ၊ ေနစရာအျပည့္အစုံ႐ွိတဲ့ ေနအိမ္တိုက္ခန္းေတြဟာ အိမ္ေျမႇာင္ေတြအတြက္ေတာ့ ၾကယ္ငါးပြင့္ဟိုတယ္လိုပါပဲ။ အိမ္ေျမႇာင္ေတြဟာ ပူေႏြးၿပီးစိုစြတ္တဲ့ေနရာေတြကို အလြန္ႀကိဳက္ၿပီး ျမန္မာႏိုင္ငံအေနအထားအရ ၾကည့္မယ္ဆိုရင္ ေႏြရာသီနဲ႔ မိုးရာသီမွာ အေကာင္ေရေပါက္ဖြားမႈ အမ်ားဆုံးျဖစ္တယ္။ ေရကို အမ်ားအျပားလိုအပ္ၿပီး ခႏၶာကိုယ္တစ္ခုလုံးရဲ႕ ၃ပုံ ၂ပုံဟာ ေရေတြနဲ႔ ဖြဲ႕စည္းထားတာျဖစ္တယ္။

ဒါ့အျပင္ အိမ္ေျမႇာင္ေတြရဲ႕ အႀကိဳက္ဆုံးအစားအစာဟာ အင္းဆက္ပိုးမႊားေတြနဲ႔ သစ္သီးဝလံ၊ သစ္႐ြက္ေတြပဲ ျဖစ္ပါတယ္။ ဒီေတာ့ ျခင္၊ ယင္ေကာင္ေတြ ေပါတဲ့အိမ္ေတြ၊ စားစရာေတြကို လင္းလင္းထင္းထင္း စားပြဲေပၚ တင္ထားတာ၊ ပန္းအိုး၊ ပန္းပင္ေတြ စိုက္ထားတဲ့အိမ္ေတြဆိုရင္ အိမ္ေျမႇာင္ဝင္ဖို႔ ပိုလြယ္ကူပါတယ္။

နံရံေတြ အက္ကြဲေနတာ၊ ၾကမ္းျပင္၊ သစ္သားေတြ ပဲ့ေနတာ၊ ေပါက္ေနတဲ့ေရပိုက္ေတြ၊ ေမွာင္ေနတဲ့ လမ္းၾကားေတြမွာ အိမ္ေျမႇာင္ေတြဟာ ေနထိုင္ၿပီး သားေဖာက္ဖို႔အတြက္ ဥ ဥၾကပါတယ္။ ဒီဥကေန အေကာင္ေပါက္လာတဲ့ အိမ္ေျမႇာင္ေလာင္းေတြဟာလည္း အနီးအနားက အင္းဆက္ပိုးမႊားေတြကို စားသုံးၿပီး ႀကီးျပင္းၾကပါတယ္။ စားပြဲေအာက္၊ နံရံအက္ကြဲေၾကာင္း၊ ဖုန္တက္ၿပီးေမွာင္ေနတဲ့ ေခ်ာင္ၾကား၊ ေရခ်ိဳးခန္း၊ မီးဖိုေခ်ာင္ေတြမွာ အမ်ားဆုံးေနထိုင္ၾကပါတယ္။

အိမ္ေျမႇာင္ေတြဟာ လူေတြကို ဒုကၡေပးသလား။

ေယဘုယ်အားျဖင့္ ၾကည့္မယ္ဆိုရင္ လူေတြကို သိပ္ၿပီးဒုကၡမေပးပါဘူး။ အေပၚမွာေျပာထားခဲ့သလိုပဲ ကေလးေတြကလြဲရင္ လူႀကီးအမ်ားစုက အိမ္ေျမႇာင္ကို မေၾကာက္ၾကသလို သိပ္ၿပီးေတာ့လည္း ဂ႐ုမစိုက္တတ္ပါဘူး။ ကေလးေတြအတြက္ေတာ့ အိမ္ေျမႇာင္ရဲ႕ မ်က္လုံး၊ ေအာ္သံ၊ နံရံမွာ ကပ္ေနတဲ့အေနအထား စတာေတြကို ေၾကာက္လန္႔ႏိုင္ပါတယ္။

အိမ္ေျမႇာင္ေတြဟာ လူေတြကို ကိုက္တတ္တယ္ဆိုေပမယ့္ ေတာ္ေတာ္ေလးကို ႐ွားပါတယ္။ အသက္အႏၲရာယ္ထိခိုက္ေနတယ္လို႔ ခံစားရမွသာ ရန္မူတတ္ၿပီး မကိုက္ခင္မွာ သားရဲတစ္ေကာင္လို ႐ွဴး႐ွဴး႐ွဲ႐ွဲအသံေပးတတ္ပါတယ္။ အင္းဆက္ပိုးမႊားေတြ၊ သစ္သီး၊ သစ္႐ြက္ေတြဆိုရင္ေတာ့ ကိုက္ၿပီးမွ စားသုံးတတ္ပါတယ္။

တစ္ခါတရံ နံရံကေန ေခါင္းေပၚ၊ ကိုယ္ေပၚကို ျပဳတ္က်လာတတ္တာမ်ိဳး ႐ွိေပမယ့္ ႂကြက္ေတြလိုမ်ိဳး ခႏၶာကိုယ္မွာ လူေတြကိုဒုကၡျဖစ္ေစတဲ့ ေရာဂါပိုးမႊားေတြ သိပ္မမ်ားတဲ့အတြက္ ဆပ္ျပာ၊ ေရနဲ႔ ျပန္ေဆးေၾကာလိုက္ရင္ ရပါတယ္။

အဓိက အိမ္ေျမႇာင္ေတြ လူကို ဒုကၡေပးႏိုင္တဲ့အခ်က္ကေတာ့ ေနရာတကာ စြန္႔ထားတဲ့ မစင္အညစ္အေၾကးေတြပဲ ျဖစ္ပါတယ္။ အဲဒီအညစ္အေၾကးေတြထဲမွာ ေဆာ္လ္မြန္နယ္လား (Salmonella) ကဲ့သို႔ ဗိုက္ေအာင့္ဗိုက္နာ၊ ေအာ့အန္တာ၊ ျပင္းထန္တဲ့ ဝမ္းေလွ်ာျခင္း၊ ဖ်ားနာျခင္း စတဲ့ လကၡဏာေတြကို ျဖစ္ေစတဲ့ ေရာဂါပိုးေတြ အမ်ားအျပားပါဝင္ပါတယ္။ အိမ္ေျမႇာင္ေတြဟာ ေနအိမ္ေနရာမေ႐ြး အညစ္အေၾကး စြန္႔ပစ္ႏိုင္သလို အိမ္ေျမႇာင္ေခ်းေတြဟာ အ႐ြယ္အစားအလြန္ေသးပါတယ္။ ဆိုလိုတာကေတာ့ သင့္ရဲ႕ ေခါင္းေပၚ၊ ဖုန္း၊ ကြန္ပ်ဴတာ၊ တီဗီ၊ စားပြဲေတြအျပင္ စားစရာ၊ ေရခြက္ေတြထဲပါ အညစ္အေၾကးစြန္႔ႏိုင္တဲ့အတြက္ မေတာ္တဆ ဗိုက္ထဲကို ဝင္သြားတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။

အိမ္ေျမႇာင္ေတြဟာ ဘယ္လိုအနံ႔အသက္ကို မုန္းတီးၾကလဲ။

အိမ္ေျမႇာင္လိုမ်ိဳး အေကာင္ေသးတဲ့ တြားသြားသတၱဝါေတြဟာ ၾကက္ဥအခြံ၊ ၾကက္သြန္ျဖဴ၊ အစြန္းခြၽတ္ေဆး၊ ပိုးသတ္ေဆး၊ ျခင္ေဆး၊ င႐ုတ္ေကာင္းမႈန္႔၊ င႐ုတ္သီးမႈန္႔လိုမ်ိဳး ျပင္းတဲ့ အနံ႔မ်ိဳးကို မခံႏိုင္ၾကတဲ့အတြက္ ေဝးေဝးထြက္သြားတတ္ၾကပါတယ္။

အိမ္ေျမႇာင္ေတြဟာ ဘယ္ေလာက္ၾကာၾကာ အသက္႐ွင္ေနႏိုင္လဲ။

အိမ္ေျမႇာင္ေတြရဲ႕ ပ်မ္းမွ်သက္တမ္းဟာ ၅ႏွစ္ျဖစ္ၿပီး ပိုးသန္႔စင္ထားျခင္းမ႐ွိတဲ့ အိမ္ေတြ၊ ေနစရာ၊ စားစရာအျပည့္ျဖစ္ေနတဲ့ အိမ္မ်ိဳးမွာဆို အဲဒီထက္ၾကာၾကာ အသက္႐ွင္ေနႏိုင္ပါတယ္။

အိမ္ေျမႇာင္ေတြကို သင့္အိမ္ကေန ထြက္သြားေအာင္ ဘာေတြလုပ္လို႔ရမလဲ။

ကိုယ့္ေနအိမ္နံရံ သို႔မဟုတ္ ဥယ်ာဥ္ျခံဝင္းထဲမွာ အိမ္ေျမႇာင္ တစ္ေကာင္၊ ႏွစ္ေကာင္ ေတြ႕ရတယ္ဆိုတာ သိပ္ၿပီးႀကီးမားတဲ့ ျပႆနာမဟုတ္ေပမဲ့ အေကာင္ေရအရမ္းမ်ားလာရင္ေတာ့ သင့္ရဲ႕ေနအိမ္မွာ အိမ္ေျမႇာင္အသိုက္႐ွိေနတာ ျဖစ္ႏိုင္ပါတယ္။ လူေတြကို ရန္မမူႏိုင္ဘူးဆိုေပမယ့္ က်န္းမာေရးအရ ဘယ္လိုေကာင္းက်ိဳးမွ မေပးႏိုင္တဲ့အတြက္ ကိုယ့္အိမ္မွာ အိမ္ေျမႇာင္နည္းေလ၊ ပိုေကာင္းေလပါပဲ။ ဒီအတြက္ ဘာေတြလုပ္ေပးလို႔ ရမလဲဆိုရင္......

 

အိမ္ေျမႇာင္ေတြရဲ႕ အသိုက္၊ အၿမဲသြားလာတဲ့ေနရာေတြကို ေစာင့္ၾကည့္ပါ

 

အဲဒီေနရာေတြကို ပိုးသတ္ေဆး သို႔မဟုတ္ ျခင္ေဆးဖ်န္းပါ

အိမ္၊ ေရခ်ိဳးခန္းက နံရံေတြမွာ ေပါက္ေနတာ၊ အက္ကြဲေနတာ႐ွိရင္ အျမန္ဖာေထးပါ

စားစရာေတြကို အၿမဲတမ္း လုံျခဳံစြာဖုံးအုပ္ထားပါ

ေနအိမ္ေနရာအႏွံ႔မွာ ပ႐ုတ္လုံးေတြကို တစ္လုံးစီ ခ်ထားပါ

နားလည္တတ္ကြၽမ္းတဲ့ ပညာ႐ွင္ေတြနဲ႔ သင့္ေနအိမ္တစ္ခုလုံးကို ပိုးသတ္ၿပီး သန္႔စင္ပါ

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service