ကလေးမရနိုင်သောကြောင့် ငိုကြွေးနေရသူ ဆလီနာဂိုမက်ဇ်၏ လော့စ်အိန်ဂျလိစံအိမ်

ကလေးမရနိုင်သောကြောင့် ငိုကြွေးနေရသူ ဆလီနာဂိုမက်ဇ်၏ လော့စ်အိန်ဂျလိစံအိမ် - Property News in Myanmar from iMyanmarHouse.com
11 Nov 2022 10:13 am တွင် တင်ခဲ့သည်
1056 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဆလီနာဂိုမက်ဇ်သည် နှစ်ကိုယ်ခွဲစိတ်ရောဂါဟုခေါ်ကြသော စိတ်တက်၊ စိတ်ကျရောဂါအတွက် သောက်သုံးနေရသည့်ဆေးများကြောင့် သားသမီးမရနိုင်ကြောင်း ဖွင့်ဟပြောကြားလာသည်။

အသက် ၃၀ အရွယ်ရှိ ဆလီနာဂိုမက်ဇ်သည် ၂၀၁၈ ခုနှစ်တွင် စိတ်လွတ်ဝေဒနာ ခံစားရကတည်းက ဆေးဝါးများ သောက်သုံးနေခဲ့ရခြင်းဖြစ်ပြီး ထိုဆေးများက မိမိအား သားသမီးမရစေနိုင်ကြောင်း တွေးမိတိုင်း ငိုကြွေးရကြောင်း ထုတ်ဖော်ပြောကြားသည်။

ကိုယ်ဝန်ရရန်ကြိုးစားနေသော သူငယ်ချင်းတစ်ဦးဆီ သွားရောက်လည်ပတ်ခဲ့ပြီးနောက် ကားပေါ်ထိုင်ကာ ငိုကြွေးမိခဲ့ကြောင်း ဆလီနာဂိုမက်ဇ်က Rolling Stone မဂ္ဂဇင်းနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားသည်။

စိတ်တက်၊ စိတ်ကျရောဂါကို ထိန်းရန် ဆေးဝါး ၂ မျိုးဖြင့် ကုသနေရသည်။

“ဒါက ကျွန်မဘဝရဲ့ အလွန့်အလွန်ကြီးမားတဲ့ အကြောင်းကိစ္စပါ။ ဒါပေမယ့် နည်းလမ်းတစ်ခုခုနဲ့ မိခင်တစ်ယောက်ဖြစ်လာအောင် ကျွန်မကြိုးစားသွားမယ်။ ကလေးရဖို့ဆို ဘယ်လိုနည်းလမ်းပဲဖြစ်ဖြစ် ကျွန်မလုပ်မယ်”ဟု ဆလီနာဂိုမက်ဇ်က ပြောသည်။

NHS ၏ လမ်းညွှန်ချက်များအရမူ ကိုယ်ဝန်ဆောင်ကာလအတွင်း စိတ်တက်၊ စိတ်ကျကုသဆေးများ သုံးစွဲရခြင်း ၏ အန္တရာယ်ကို အတိအကျမသိနိုင်သေးကြောင်း၊ သို့သော် ကိုယ်ဝန်ဆောင်အမျိုးသမီးများ ထိုသို့ လုပ်ဆောင် ခြင်းကို အားမပေးကြောင်း၊ သန္ဓေသားလောင်းကို ထိခိုက်စေမည့် အန္တရာယ်ရှိကြောင်း လမ်းညွှန် ထားသည်။

WebMD ၏ ဖော်ပြချက်အရ ထိုသို့သော ဆေးဝါးများသည် ကျောရိုးနာ့ဗ်ကြောပြွန် မွေးရာပါ ချွတ်ယွင်းမှု၊ နှလုံးချွတ်ယွင်းမှု၊ ဖွံ့ဖြိုးမှုနှေးကွေးခြင်းနှင့် အာရုံကြောလုပ်ဆောင်ချက်ပြဿနာများ ဖြစ်ပေါ်စေနိုင်သည်ဟု ဆိုသည်။

 

(ကိုယ်ဝန်ရရန်ကြိုးစားနေသော သူငယ်ချင်းတစ်ဦးထံ အလည်အပတ်သွားခဲ့ပြီးနောက် မိမိမှာမူကား ကလေးမရနိုင်ကြောင်း တွေးတောကာ ဆလီနာဂိုမက်ဇ်မှာ သည်းထန်စွာငိုကြွေးခဲ့ရသည်။ ဓာတ်ပုံ-Apple TV+)

 

(ဆလီနာဂိုမက်ဇ်၏ လော့စ်အိန်ဂျလိစံအိမ်)

 

၂၀၂၀ ပြည့်နှစ်အတွင်း တစ်ကမ္ဘာလုံး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွာရန်တင်းဝင်နေကြရချိန်ကာလအတွင်း ဆလီနာဂိုမက်ဇ်သည် Studio City စံအိမ်မှသည် လော့စ်အိန်ဂျလိမြို့၊ Encino အရပ်ရှိ ကျယ်ဝန်းသော စံအိမ်တစ်လုံးသို့ တိတ်တဆိတ်ရွှေ့ပြောင်းနေထိုင်ခဲ့သည်။

ဆလီနာဂိုမက်ဇ်က ထိုစံအိမ်ကို ကန်ဒေါ်လာ ၄ ဒသမ ၉ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ပေးခဲ့ရသမျှအတွက် ထိုက်တန်သည်ဟု ဆိုနိုင်သည်။

စံအိမ်မှာ စတုရန်းပေ ၁၁၅၀၀ အထိ ကျယ်ဝန်းပြီး အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၁၀ ခန်းနှင့် အပန်းဖြေစခန်း အသွင် ရင်သပ်ရှုမောဖွယ် အိမ်နောက်ဘက်ခြံဝန်းနေရာတို့ ပါဝင်သည်။

ခြံအကျယ်အဝန်း ဒသမ ၈၇ ဧကရှိပြီး နေအိမ်ရှိရာသို့ ရှည်လျားသော လမ်းကလေးအတိုင်း ကားမောင်းဝင် ရမည်ဖြစ်ရာ စူပါကြယ်ပွင့်တစ်ဦးအတွက် ပရိသတ်များနှင့် သတင်းမုဆိုးတို့၏ အန္တရာယ်မှ ကင်းကာ တစ်ကိုယ်ရေလုံခြုံမှု ပေးနိုင်မည့်နေရာလည်း ဖြစ်သည်။

နေအိမ်မှာ ၁၉၈၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့်အိမ်ဖြစ်ပြီး ယခင်က အဆိုတော် Tom Petty ပိုင်ဆိုင်ခဲ့ဖူးသည်။

ဂီတသမားတစ်ဦးဖြစ်သူ ဆလီနာဂိုမက်ဇ်လည်း အဆိုပါစံအိမ်၏ ဖမ်းစားခြင်းခံခဲ့ရသည်။

Zane Lowe နှင့် အင်တာဗျူးတွင် ဆလီနာဂိုမက်ဇ်က ဝန်ခံခဲ့သည်မှာ နေအိမ်၏ ယခင်ပိုင်ရှင်အကြောင်း မကြာခဏ တွေးတောမိသည်ဟု ဆိုသည်။

 

(Grand Prairie မှသည် Encino သို့)

ဆလီနာဂိုမက်ဇ်သည် ဇာတိမြို့ဖြစ်သော တက္ကဆပ်ပြည်နယ်၊ Grand Prairie မြို့မှ ရိုးစင်းသော နေထိုင်မှုဖြင့် ဘဝစတင်ခဲ့သည်။ နာမည်ကြီးကြယ်ပွင့်တစ်ဦးဖြစ်မလာမီက အိပ်ခန်း ၃ ခန်းပါနေအိမ်ကလေးတွင် ကြီးပြင်းခဲ့ခြင်း ဖြစ်သည်။

ဆလီနာဂိုမက်ဇ်ကို မိခင်ဖြစ်သူက အုပ်ထိန်းခဲ့ပြီး ထိုစဉ်က တနေ့တာ စားရေးသောက်ရေးအတွက်ပင် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရသည်။

သူ၏ ဘဝဖြတ်သန်းမှုတွင် ဂီတမှသည် သရုပ်ဆောင် ၊ ထိုမှတဆင့် လုပ်ငန်းရှင်တစ်ဦးအထိ နယ်ပယ်စုံသည်။ ဆလီနာသည် သူ၏ မိတ်ကပ်အမှတ်တံဆိပ်တစ်ခုဖြစ်သော Rare Beauty ကို ထုတ်လုပ်ဖြန့်ချိမှုလည်း ပြုလုပ်၏။

ယခုအခါ ဆလီနာဂိုမက်ဇ်၏ ချမ်းသာကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၇၅ သန်းခန့်ရှိနေပြီဟု ခန့်မှန်းရသည်။ သို့သော် ဆလီနာသည် စဉ်းစားချင့်ချိန်တတ်သည့်အသိတရားရှိကာ နှိမ့်ချတတ်သူ၊ ထောင်လွှားမှုမရှိသူတစ်ဦးအဖြစ် ရှိနေဆဲ ဖြစ်သည်။

ကလေးဘဝက နေထိုင်ခဲ့သောအိမ်သို့ မကြာခဏသွားရောက်လေ့ရှိသည်။ အဆိုပါအိမ်ဟောင်းကလေး၏ ဆင်ဝင်တွင်ထိုင်ရင်း ဆဲဖီးဓာတ်ပုံရိုက်ကာ အင်စတာဂရမ်တွင် တင်ခဲ့ဖူးသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Selena Gomez’s Encino Mansion, Once Owned By Singer Tom Petty, Has a Troubled Past (fancypantshomes, metro)

 

 

 

[Zawgyi]

ကေလးမရႏိုင္ေသာေၾကာင့္ ငိုေၾကြးေနရသူ ဆလီနာဂိုမက္ဇ္၏ ေလာ့စ္အိန္ဂ်လိစံအိမ္

 

ဆလီနာဂိုမက္ဇ္သည္ ႏွစ္ကိုယ္ခြဲစိတ္ေရာဂါဟုေခၚၾကေသာ စိတ္တက္၊ စိတ္က်ေရာဂါအတြက္ ေသာက္သံုးေနရသည့္ေဆးမ်ားေၾကာင့္ သားသမီးမရႏိုင္ေၾကာင္း ဖြင့္ဟေျပာၾကားလာသည္။

အသက္ ၃၀ အရြယ္ရွိ ဆလီနာဂိုမက္ဇ္သည္ ၂၀၁၈ ခုႏွစ္တြင္ စိတ္လြတ္ေဝဒနာ ခံစားရကတည္းက ေဆးဝါးမ်ား ေသာက္သံုးေနခဲ့ရျခင္းျဖစ္ျပီး ထိုေဆးမ်ားက မိမိအား သားသမီးမရေစႏိုင္ေၾကာင္း ေတြးမိတိုင္း ငိုေၾကြးရေၾကာင္း ထုတ္ေဖာ္ေျပာၾကားသည္။

ကိုယ္ဝန္ရရန္ၾကိဳးစားေနေသာ သူငယ္ခ်င္းတစ္ဦးဆီ သြားေရာက္လည္ပတ္ခဲ့ျပီးေနာက္ ကားေပၚထုိင္ကာ ငိုေၾကြးမိခဲ့ေၾကာင္း ဆလီနာဂိုမက္ဇ္က Rolling Stone မဂၢဇင္းႏွင့္ ေတြ႔ဆံုေမးျမန္းခန္းတစ္ခုတြင္ ေျပာၾကား သည္။

စိတ္တက္၊ စိတ္က်ေရာဂါကို ထိန္းရန္ ေဆးဝါး ၂ မ်ဳိးျဖင့္ ကုသေနရသည္။

“ဒါက ကၽြန္မဘဝရဲ႕ အလြန္႔အလြန္ၾကီးမားတဲ့ အေၾကာင္းကိစၥပါ။ ဒါေပမယ့္ နည္းလမ္းတစ္ခုခုနဲ႔ မိခင္တစ္ေယာက္ျဖစ္လာေအာင္ ကၽြန္မၾကိဳးစားသြားမယ္။ ကေလးရဖို႔ဆို ဘယ္လိုနည္းလမ္းပဲျဖစ္ျဖစ္ ကၽြန္မလုပ္မယ္”ဟု ဆလီနာဂိုမက္ဇ္က ေျပာသည္။

NHS ၏ လမ္းညႊန္ခ်က္မ်ားအရမူ ကိုယ္ဝန္ေဆာင္ကာလအတြင္း စိတ္တက္၊ စိတ္က်ကုသေဆးမ်ား သံုးစြဲရျခင္း ၏ အႏၱရာယ္ကို အတိအက်မသိႏိုင္ေသးေၾကာင္း၊ သို႔ေသာ္ ကိုယ္ဝန္ေဆာင္အမ်ဳိးသမီးမ်ား ထိုသို႔ လုပ္ေဆာင္ ျခင္းကို အားမေပးေၾကာင္း၊ သေႏၶသားေလာင္းကို ထိခိုက္ေစမည့္ အႏၱရာယ္ရွိေၾကာင္း လမ္းညႊန္ ထားသည္။

WebMD ၏ ေဖာ္ျပခ်က္အရ ထိုသို႔ေသာ ေဆးဝါးမ်ားသည္ ေက်ာရိုးနာ့ဗ္ေၾကာျပြန္ ေမြးရာပါ ခၽြတ္ယြင္းမႈ၊ ႏွလံုးခၽြတ္ယြင္းမႈ၊ ဖြံ႔ျဖိဳးမႈေႏွးေကြးျခင္းႏွင့္ အာရံုေၾကာလုပ္ေဆာင္ခ်က္ျပႆနာမ်ား ျဖစ္ေပၚေစႏိုင္သည္ဟု ဆိုသည္။

(ကိုယ္ဝန္ရရန္ၾကိဳးစားေနေသာ သူငယ္ခ်င္းတစ္ဦးထံ အလည္အပတ္သြားခဲ့ျပီးေနာက္ မိမိမွာမူကား ကေလးမရႏိုင္ေၾကာင္း ေတြးေတာကာ ဆလီနာဂိုမက္ဇ္မွာ သည္းထန္စြာငိုေၾကြးခဲ့ရသည္။ ဓာတ္ပံု-Apple TV+)

 

(ဆလီနာဂိုမက္ဇ္၏ ေလာ့စ္အိန္ဂ်လိစံအိမ္)

၂၀၂၀ ျပည့္ႏွစ္အတြင္း တစ္ကမၻာလံုး ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ကြာရန္တင္းဝင္ေနၾကရခ်ိန္ကာလအတြင္း ဆလီနာဂိုမက္ဇ္သည္ Studio City စံအိမ္မွသည္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Encino အရပ္ရွိ က်ယ္ဝန္းေသာ စံအိမ္တစ္လံုးသို႔ တိတ္တဆိတ္ေရႊ႕ေျပာင္းေနထိုင္ခဲ့သည္။

ဆလီနာဂိုမက္ဇ္က ထိုစံအိမ္ကို ကန္ေဒၚလာ ၄ ဒသမ ၉ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ေပးခဲ့ရသမွ်အတြက္ ထိုက္တန္သည္ဟု ဆိုႏိုင္သည္။

စံအိမ္မွာ စတုရန္းေပ ၁၁၅၀၀ အထိ က်ယ္ဝန္းျပီး အိပ္ခန္း ၆ ခန္း၊ ေရခ်ဳိးခန္း ၁၀ ခန္းႏွင့္ အပန္းေျဖစခန္း အသြင္ ရင္သပ္ရႈေမာဖြယ္ အိမ္ေနာက္ဘက္ျခံဝန္းေနရာတို႔ ပါဝင္သည္။

ျခံအက်ယ္အဝန္း ဒသမ ၈၇ ဧကရွိျပီး ေနအိမ္ရွိရာသို႔ ရွည္လ်ားေသာ လမ္းကေလးအတိုင္း ကားေမာင္းဝင္ ရမည္ျဖစ္ရာ စူပါၾကယ္ပြင့္တစ္ဦးအတြက္ ပရိသတ္မ်ားႏွင့္ သတင္းမုဆိုးတို႔၏ အႏၱရာယ္မွ ကင္းကာ တစ္ကိုယ္ေရလံုျခံဳမႈ ေပးႏိုင္မည့္ေနရာလည္း ျဖစ္သည္။ ေနအိမ္မွာ ၁၉၈၉ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့သည့္အိမ္ျဖစ္ျပီး ယခင္က အဆိုေတာ္ Tom Petty ပိုင္ဆိုင္ခဲ့ဖူးသည္။

ဂီတသမားတစ္ဦးျဖစ္သူ ဆလီနာဂိုမက္ဇ္လည္း အဆိုပါစံအိမ္၏ ဖမ္းစားျခင္းခံခဲ့ရသည္။

Zane Lowe ႏွင့္ အင္တာဗ်ဴးတြင္ ဆလီနာဂိုမက္ဇ္က ဝန္ခံခဲ့သည္မွာ ေနအိမ္၏ ယခင္ပိုင္ရွင္အေၾကာင္း မၾကာခဏ ေတြးေတာမိသည္ဟု ဆုိသည္။

(Grand Prairie မွသည္ Encino သို႔)

ဆလီနာဂိုမက္ဇ္သည္ ဇာတိျမိဳ႕ျဖစ္ေသာ တကၠဆပ္ျပည္နယ္၊ Grand Prairie ျမိဳ႕မွ ရိုးစင္းေသာ ေနထုိင္မႈျဖင့္ ဘဝစတင္ခဲ့သည္။ နာမည္ၾကီးၾကယ္ပြင့္တစ္ဦးျဖစ္မလာမီက အိပ္ခန္း ၃ ခန္းပါေနအိမ္ကေလးတြင္ ၾကီးျပင္းခဲ့ျခင္း ျဖစ္သည္။

ဆလီနာဂိုမက္ဇ္ကို မိခင္ျဖစ္သူက အုပ္ထိန္းခဲ့ျပီး ထိုစဥ္က တေန႔တာ စားေရးေသာက္ေရးအတြက္ပင္ ခက္ခက္ခဲခဲ ရုန္းကန္ခဲ့ရသည္။

သူ၏ ဘဝျဖတ္သန္းမႈတြင္ ဂီတမွသည္ သရုပ္ေဆာင္ ၊ ထိုမွတဆင့္ လုပ္ငန္းရွင္တစ္ဦးအထိ နယ္ပယ္စံုသည္။ ဆလီနာသည္ သူ၏ မိတ္ကပ္အမွတ္တံဆိပ္တစ္ခုျဖစ္ေသာ Rare Beauty ကို ထုတ္လုပ္ျဖန္႔ခ်ိမႈလည္း ျပဳလုပ္၏။

ယခုအခါ ဆလီနာဂိုမက္ဇ္၏ ခ်မ္းသာၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၇၅ သန္းခန္႔ရွိေနျပီဟု ခန္႔မွန္းရသည္။ သို႔ေသာ္ ဆလီနာသည္ စဥ္းစားခ်င့္ခ်ိန္တတ္သည့္အသိတရားရွိကာ ႏွိမ့္ခ်တတ္သူ၊ ေထာင္လႊားမႈမရွိသူတစ္ဦးအျဖစ္ ရွိေနဆဲ ျဖစ္သည္။

ကေလးဘဝက ေနထိုင္ခဲ့ေသာအိမ္သို႔ မၾကာခဏသြားေရာက္ေလ့ရွိသည္။ အဆိုပါအိမ္ေဟာင္းကေလး၏ ဆင္ဝင္တြင္ထိုင္ရင္း ဆဲဖီးဓာတ္ပံုရိုက္ကာ အင္စတာဂရမ္တြင္ တင္ခဲ့ဖူးသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Selena Gomez’s Encino Mansion, Once Owned By Singer Tom Petty, Has a Troubled Past (fancypantshomes, metro)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
imyanmarmarket
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service