မလေးရှားရုပ်ရှင်မင်းသမီး မီရှဲယိုနှင့်တွဲဖက်သရုပ်ဆောင်ခဲ့သော Tomorrow never die ဖြင့် နာမည်ကြီးသူ ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီးယာ့စ် ဘရော့စ်နန်၏ ဒေါ်လာ သန်း ၁၀၀ တန် ကမ်းခြေစံအိမ်
မလေးရှားရုပ်ရှင်မင်းသမီး မီရှဲယိုနှင့်တွဲဖက်သရုပ်ဆောင်ခဲ့သော Tomorrow never die ဖြင့် နာမည်ကြီးသူ ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီးယာ့စ် ဘရော့စ်နန်၏ ဒေါ်လာ သန်း ၁၀၀ တန် ကမ်းခြေစံအိမ် - Property News in Myanmar from iMyanmarHouse.com
10 Nov 2022 10:04 am တွင် တင်ခဲ့သည်
1035 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ပီးယာ့စ် ဘရော့စ်နန် (မွေး ၁၉၅၃)၏ အမည်အပြည့်အစုံမှာ ပီးယာ့စ် ဘရန်ဒန် ဘရော့စ်နန်ဖြစ်ပြီး အိုင်ယာလန်ဇာတိ ရုပ်ရှင်မင်းသား၊ ရုပ်ရှင်ထုတ်လုပ်သူ ဖြစ်သည်။
ဂျိမ်းစ်ဘွန်းရုပ်ရှင်များ၏ ပဉ္စမမြောက် ဂျိမ်းစ်ဘွန်းမင်းသားအဖြစ် လူသိများပြီး ၁၉၉၅ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ ဂျိမ်းစ်ဘွန်းရုပ်ရှင် ၄ ခုတွင် ပါဝင်သရုပ်ဆောင်ခဲ့ရာ GoldenEye ၊ Tomorrow Never Dies ၊The World is Not Enough နှင့် Die Another Day ဇာတ်ကားများဖြစ်ပြီး အခြားရုပ်ရှင်များစွာတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။
ပီးယာ့စ် ဘရော့စ်နန်သည် အိမ်ထောင် ၂ ကြိမ်ပြုခဲ့ပြီး သားသမီး ၅ ဦး၊ မြေး ၃ ဦး ရှိသည်။
ပီးယာ့စ် ဘရော့စ်နန်သည် သြစတေးလျ ရုပ်ရှင်မင်းသမီး Cassandra Harris နှင့် ဆုံစည်းခဲ့ပုံအကြောင်း ပြန်လည်ပြောပြဖူးသည်မှာ “သူက အရမ်းလှတဲ့ မိန်းကလေးတစ်ယောက်ပဲ။ စတွေ့မိတဲ့အချိန်တုန်းက တစ်နေ့ကျရင် ကိုယ်နဲ့ ပေါင်းသင်းမယ့် ကိုယ့်ဇနီးဖြစ်လာလိမ့်မယ်လို့ မတွေးမိခဲ့ပါဘူး။ သူ့ကို ပိုးပန်းဖို့လည်း မတွေးမိခဲ့ပါဘူး။ အဲ့တုန်းကတော့ သူ့အလှကို ခံစားရုံသက်သက်ပါပဲ” ဟု ဆိုသည်။
ယင်းနောက်ပိုင်းတွင် သူတို့နှစ်ဦး တွဲခဲ့ကြပြီး ၁၉၈၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် လက်ထပ်ခဲ့ကြကာ သားတစ်ဦးထွန်းကားသည်။
၁၉၈၇ ခုနှစ်တွင် Cassandra သည် သားအိမ်ကင်ဆာရောဂါဖြစ်ပွားခဲ့ပြီး အသက် ၄၃ နှစ်အရွယ် ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ကွယ်လွန်ခဲ့သည်။
၁၉၉၄ ခုနှစ်တွင် ပီးယာ့စ်ဘရော့စ်နန်သည် အမေရိကန်သတင်းထောက်မိန်းကလေး Keely Shaye Smith နှင့် မက္ကဆီကို နိုင်ငံတွင် ဆုံစည်းခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် အိုင်ယာလန်နိုင်ငံ၌ လက်ထပ်ခဲ့ကြသည်။
ပီးယာ့စ် ဘရော့စ်နန်၏ ဗြိတိသျှလောကအတွက် စွမ်းဆောင်ပေးမှုများကြောင့် အဲလစ်ဇဘက်ဘုရင်မကြီးက ၂၀၀၃ ခုနှစ် ၊ ဇူလိုင်လတွင် OBE ဘွဲ့ချီးမြှင့်ခဲ့သည်။
(ပီးယာ့စ် ဘရော့စ်နန်၏ ဒေါ်လာ သန်း ၁၀၀ တန် ကမ်းခြေစံအိမ်ကြီး)
ပီးယာ့စ် ဘရော့စ်နန်သည် ဒေါ်လာ သန်း ၁၀၀ တန် မာလီဘူးစံအိမ်ကို အရောင်းဈေးကွက်တင်ထားပြီး တစ်နှစ်အကြာတွင် မရောင်းရသောကြောင့် ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွားခဲ့သည်။
၂၀၂၀ ပြည့်နှစ် ၊ စက်တင်ဘာလတွင် အရောင်းဈေးကွက်တင်ခဲ့ခြင်းဖြစ်ပြီး တစ်နှစ်ကျော်ကြာသည်အထိ ရောင်းမထွက်ခဲ့။ သို့သော် ပီးယာ့စ် ဘရော့စ်နန်က ဈေးလျှော့ပေးခြင်းမပြုဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်း သွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါဈေးဖြင့်သာ ရောင်းထွက်မည်ဆိုပါက ထိုဒေသရှိ တန်ဖိုးအကြီးဆုံးစံအိမ်များတွင် ပါဝင်လာမည် ဖြစ်သည်။
ပီးယာ့စ် ဘရော့စ်နန်သည် သူ၏ ရုပ်ရှင်များ အောင်မြင်မှုများစွာရရှိနေချိန် ၂၀၀၀ ပြည့်နှစ်အတွင်း မာလီဘူး ကမ်းခြေရှိ ကပ်လျက်မြေကွက် ၂ ခုကို ကန်ဒေါ်လာ ၇ ဒသမ ၃၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေ မှတ်တမ်းများတွင် ဖော်ပြသည်။
(ဧည့်ဂေဟာအိမ်နှင့် ပင်မစံအိမ် ။ ဓာတ်ပုံ - Realtor.com)
(ခြံအကျယ်အဝန်းမှာ ၁ ဒသမ ၁၈ ဧကရှိသည်။ ဓာတ်ပုံ- Realtor.com)
(မီးဖိုဆောင်။ ဓာတ်ပုံ- Realtor.com)
(ပင်လယ်ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည့် နေအိမ်ပြင်ပ ညစာစား နေရာ။ ဓာတ်ပုံ- Realtor.com)
(ပီးယာ့စ် ဘရော့စ်နန်သည် မလေးရှားရုပ်ရှင်မင်းသမီး မီရှဲယိုနှင့် တွဲဖက်ကာ Tomorrow Never Dies ဂျိမ်းစ်ဘွန်းရုပ်ရှင်အတွက် ထိုင်းနိုင်ငံတွင် ၁၉၉၇ ခုနှစ်အတွင်း ရိုက်ကူးခဲ့သည်။ ဓာတ်ပုံ- Getty Images)
အဆိုပါ စံအိမ်တွင် အရှေ့တောင်အာရှ၏ အရိပ်အငွေ့များ လွှမ်းနေရာ ထိုင်းနိုင်ငံတွင် ရိုက်ကူးခဲ့သော Tomorrow Never Dies ရုပ်ရှင်ရိုက်ကူးစဉ်အချိန်ကာလများကို အမှတ်ရသောအားဖြင့် ထိုသို့မွမ်းမံထားခြင်း ဖြစ်သည်။
ပင်လယ်ကမ်းခြေ စံအိမ်ကြီး၏ ခြံဝန်းအကျယ်မှာ ၁ ဧကကျော်ရှိပြီး နေအိမ် ၂ လုံး အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၁၄ ခန်း ပါဝင်သည်။ ပီးယာ့စ် ဘရော့စ်နန်နှင့် ဇနီးဖြစ်သူ သတင်းထောက် Keely Brosnan တို့ စုံတွဲက ထိုစံအိမ်ကို အကြိမ်ပေါင်းများစွာ အငှားဈေးကွက်တင်ဖူးသည်။
၂၀၀၄ ခုနှစ်အတွင်းက အငှားဈေးကွက်တင်ခဲ့သည်မှာ တစ်လလျှင် ကန်ဒေါ်လာ ၁၂၀၀၀၀ ဖြင့် ဖြစ်သည်။
(ကျယ်ဝန်းသော ဧည့်ခန်းတွင် ကြမ်းပြင်မှ မျက်နှာကြက်ထိမြင့်မားသော ပြတင်းများတပ်ဆင်ထားရာ ပင်လယ်ရှုမျှော်ခင်းများကို တိုက်ရိုက်တွေ့မြင်ခံစားရမည်ဖြစ်သည်။ ဓာတ်ပုံ- Realtor.com)
(နားနေခန်းနေရာ။ ဓာတ်ပုံ-Realtor.com)
(ခြံဝန်းအတွင်း သက်တမ်းရင့်အုန်းပင်များ၊ ဆားရေ ရေကူးကန်၊ မှန်များကာရံထားသော နားနေ နေရာများ၊ မီးဖိုနေရာနှင့် ကမ်းခြေလျှောက်လမ်းတို့ ရှိသည်။ ဓာတ်ပုံ- Realtor.com)
(လသာဆောင်ကို ရေဒဏ်ကာကွယ်နိုင်မည့် ပစ္စည်းများဖြင့် ဆောက်လုပ်ထားသည်။ ဓာတ်ပုံ- Realtor.com)
Orchid House ဟု အမည်ပေးထားသော ပင်မစံအိမ်၏ အကျယ်အဝန်းမှာ စတုရန်းပေ ၁၂၅၀၀ ကျယ်ဝန်းပြီး ၁၀ နှစ်ခန့် အချိန်ယူကာ မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။
စံအိမ်အတွင်း ရုပ်ရှင်ရုံ၊ အပူချိန်ထိန်းညှိနိုင်သည့် ပုလင်း ၂၀၀ ဆန့်သိုလှောင်ခန်း၊ အားကစားလေ့ကျင့်ခန်းမ၊ ဂီတခန်းမ၊ ရေစိမ်ကန် ၂ ခုပါသော spa တို့လည်း ရှိသည်။
(လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးစ်ရှိ The Beverly Hilton ဟိုတယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၅ ရက်က ကျင်းပခဲ့သော ၇၇ ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲအခမ်းအနားတွင် ပီးယာ့စ် ဘရော့စ်နန်နှင့် Keely Shaye Smith တို့ကို တွေ့ရပုံ။ ဓာတ်ပုံ- FilmMagic)
ပီးယာ့စ် ဘရော့စ်နန်တို့ မိသားစုသည် လက်ရှိအားဖြင့် ဟာဝိုင်အီရှိ Kauai ကျွန်းတွင် နေထိုင်လျက်ရှိကြသည်။
“မာလီဘူးကမ်းခြေကို ကျွန်တော်မြတ်န်ိုးပါတယ်။ အဲ့နေရာက ကျွန်တော့် အသည်းနှလုံးပါပဲ” ဟု ပီးယာ့စ် ဘရော့စ်နန်က Wall Street Journal သို့ ပြောဖူးသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည်။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Pierce Brosnan yanks $100M home off market after 1 year without offer (nypost, wikipedia)
[Zawgyi]
(မီးဖိုဆောင်။ ဓာတ်ပုံ- Realtor.com)
(နားနေခန်းနေရာ။ ဓာတ်ပုံ-Realtor.com)
မလေးရှားရုပ်ရှင်မင်းသမီး မီရှဲယိုနှင့်တွဲဖက်သရုပ်ဆောင်ခဲ့သော Tomorrow never die ဖြင့် နာမည်ကြီးသူ ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီးယာ့စ် ဘရော့စ်နန်၏ ဒေါ်လာ သန်း ၁၀၀ တန် ကမ်းခြေစံအိမ် - Property News in Myanmar from iMyanmarHouse.com
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
CarsDB
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service