ကြောက်စရာ စိတ်ထား

ကြောက်စရာ စိတ်ထား - Property Knowledge in Myanmar from iMyanmarHouse.com
9 Nov 2022 1:42 pm တွင် တင်ခဲ့သည်
510 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

 

မမြင်ရတဲ့ စိတ်ဓာတ်တွေက အပြုမူတိုင်းရဲ့ရှေ့က ဦးဆောင်ပါတယ်။ကောင်းတဲ့ အပြုမူတွေ အပြောအဆို တွေဟာလည်း ဒီစိတ်ကပဲ လာတာပါ။မကောင်းတဲ့ အပြုအမူ အပြောအဆိုတွေကလည်း ဒီစိတ်ကပဲ လာတာပါပဲ။

ကောင်းတဲ့စိတ်ထားနဲ့ မကောင်းတဲ့စိတ်ထားဟာ နေရာဌာနချင်း အတူတူမှာ အရေးကိစ္စတစ်ခု ကြုံလာရင် ကွဲပြားတဲ့အပြုအမူတွေဟာ သိသိသာသာ ပေါ်လာတာကိုတွေ့ရပါတယ်။ဒီလိုပေါ်လာတဲ့ အကြောင်းခြင်းရာ ကို ပုံဖော်ထားတဲ့ စာလေးတွေကို ဖတ်လိုက်ရရင် အလွန်ပဲနှစ်သက်ကျေနပ်မှု ဖြစ်ရပါတယ်။

ပြင်းထန်တဲ့ ဝေဒနာတွေခံစားနေရရင် လူတွေရဲ့စိတ်ဟာ ဘယ်အရာမှ ကြည်လင်တယ်မရှိလှပါဘူး။ အခြားသူတွေက အားပေးစကားလာပြောရင်တောင် သိပ်ပြီး မနှစ်မြို့လှပါဘူး။ဒီလို ရောဂါသည်းနေတဲ့ ဝေဒနာသည်နှစ်ယောက် အခန်းကျဉ်းတစ်ခုတည်းမှာ ဆုံတွေ့ခဲ့ကြတယ်။

ပြတင်းပေါက်နားက ဝေဒနာသည်ဟာ အဆုပ်ထဲက အရည်တွေစုပ်ထုတ်ထားတာကြောင့် ထိုင်ခွင့်ခဏ ရထားပါတယ်။သူကထိုင်နေရင်း ပြတင်းပေါက်အပြင်ဘက်ကိုကြည့်ပြီး အခြားကုတင်ပေါ်မှာ ပက်လက်လှဲနေရတဲ့ ဝေဒနာသည်ကို အပြင်က မြင်ကွင်းတွေကိုပြောပြနေတာပေါ့။

ပြတင်းပေါက်အနီးက လူနာဟာ နေလည်ခင်းထိုင်ခွင့်ရတိုင်း တစ်ဖက်ကုတင်က လူနာကို အပြင်ဘက်မှာ ပန်းခြံတစ်ခုရှိပြီး အဲဒီထဲမှာ ရေကန်ကြီးတစ်ကန်ရှိကြောင်း၊ရေကန်ထဲမှာ ဘဲတွေငန်းတွေ ရေကူးနေတာကို ကလေးတွေက ပေါင်မုန့်လေးတွေ ပစ်ကြွေးနေကြကြောင်း၊အချို့ကလေးတွေက လှေကလေးတွေ မျှောနေကြကြောင်း၊သစ်ပင်ကြီးများအောက်မှာ ချစ်သူစုံတွဲလက်ချင်းချိတ် လမ်းလျှောက်နေကြကြောင်း၊ အပြန့်ကျယ်လှတဲ့ မြက်ခင်စိမ်း၊ဘောလုံးပျော့စော့ကစာနေကြတဲ့သူတွေ၊သစ်ပင်ထပ်ဖျား အပေါ်ကို ထိုးထွက်နေတဲ့ တိုက်တာအိမ်ရာ အဆောက်အအုံတွေ၊ပြာလဲ့လဲ့ မိုးကောင်းကင်ကြီး စတဲ့အကြောင်းတွေကို ပြောပြပါတယ်။

တစ်ဖက်လူကလည်း ပြတင်းပေါက်နားက ဝေဒနာသည်ရဲ့ အပြောကောင်းမှုကြောင့် ကိုယ်တိုင်ပဲ ကြည့်နေရသလိုခံစားရပါတယ်။

ဟာ..ကလေးတစ်ယောက်ရေထဲ လိမ့်ကျမလိုဖြစ်သွားတယ်၊အို..အို..နွေရာသီဝတ်စုံသစ်တွေနဲ့ မိန်းကလေးတွေကလည်း သိပ်ကိုလှနေလိုက်ကြတာ…။ပြတင်းပေါက်နားက လူနာရဲ့အပြောကောင်းသမျှ တစ်ဖက်လူနာဟာ အပြင်ကမြင်ကွင်းကို တွေးမြင်ခွင့်ရနေပါတယ်။

ပြောသူနဲ့ကြားနာသူ ဒီအခြေအနေထိ စိတ်ဓာတ်လေးတွေက ကြည်နူးစရာကောင်းလှပါတယ်။

ဒါပေမဲ့ ကွဲပြားတဲ့ စိတ်အခြေအနေလေးက ဒီ့နောက်မှာပေါ်လာပါတယ်။ဒီပေါ်လာတဲ့စိတ်ဟာ ပြတင်းပေါက်နားက လူနာရဲ့ စိတ်ထားမျိုးမဟုတ်ဘဲ။ငါမှငါဆိုတဲ့စိတ် ဖြစ်သွားခြင်းပါပဲ။

ဒီလိုနေလာရင်း တစ်ဖက်လူနာမှာ အတွေးတစ်ခုဝင်လာပါတယ်။ငါ့ကိုဘာလို့ ပြတင်းပေါက်နားက ကုတင်မှာ ထားမပေးတာလဲဆိုတဲ့ အတွေးပါပဲ။ငါသာအဲဒီပြတင်းပေါက်နားမှာနေခွင့်ရရင် အပြင်ကမြင်ကွင်းတွေကို စိတ်တိုင်းကျ မြင်ရမှာပဲ ဆိုတဲ့ သေးသိမ်တဲ့ အတွေးအမြင်က စိတ်မှာ နေရာ စ,ယူလာပါတော့တယ်။ နေရာချင်း လဲချင်တဲ့စိတ် သူ့မှာဖြစ်နေတယ်။စိတ်မှာ ဒီလိုဖြစ်တာကို ရှက်ပေမယ့် လိုချင်စိတ်အားကြီးလာတော့ မဖြစ်မနေလဲရမှဆိုတဲ့ အထိဖြစ်သွားတယ်။

ဒီလိုနဲ့ တစ်ညမှာ ပြတင်းပေါက်က လူနာဟာ ချောင်းဆိုးပြီး ရောဂါဖောက်လာပါတယ်။ဒါကို သူမြင်နေရပါရဲ့နဲ့ အရေးပေါ်အချက်ပေး ခလုတ်ကိုနှိပ်မပေးဘဲ ပြတင်းပေါက်နားကလူနာ ငြိမ်သွားတဲ့အထိ စောင့်ကြည့်နေခဲ့ တယ်။ နောက်တစ်နေ့ ပြတင်းပေါက်အနီးက လူနာသေဆုံးကြောင်း အတည်ပြုပြီး သယ်သွားကြတယ်။

 

သူက ပြတင်းပေါက်နားမှာသူ့ကို ရွှေ့ထားဖို့ခွင့်တောင်းတော့ ဆေးရုံကသူနာပြုတွေက ရွှေ့ပေးကြပါတယ်။

သူနာပြုတွေထွက်သွားတာနဲ့ တပြိုင်နက် တံတောင်တစ်ဖက်ပေါ်အားပြုထောက်ကာ ထဖို့ကြိုးစားတယ်။ နာကျင်မှုဝေဒနာတွေ ကြိတ်မှိတ်ခံစားပြီး သူ့ခန္ဓာကိုယ်ကို ထူမတ်ပြီးတဲ့နောက် ပြတင်းပေါက်ကနေ အပြင်ကို ကြည့်လိုက်တော့ နံရံတံတိုင်းတစ်ခုသာ မြင်လိုက်ရပါတယ်။ဝတ္ထုလေးက ဒီမှာအဆုံးသတ်သွားပါတယ်။

ဝတ္ထုလေးကတိုပေမဲ့ တင်ပြချင်တဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာလေးကို ဖော်ပြရာမှာ ထိရောက်ပေါ်လွင်မှုရှိလှပါတယ်။ ကျွန်တော်မှာ အတွေးတို့နဲ့ ကျန်ခဲ့ရပါတယ်။

ဝေဒနာ အပြင်းအထန်ခံစားနေကြရခြင်း တူနေပါလျက်နဲ့ တစ်ဦးက ကျန်တစ်ယောက်ကို ဝေဒနာသက်သာ ပါစေတော့ရယ်လို့ စိတ်ထားလေးနဲ့ ခံစားနေရတဲ့ဝေဒနာတွေကို မေ့ဖျောက်လို့ ဖြေဖျော်မှုပေးခဲ့တယ်။

ကျန်ခဲ့တဲ့ လူရဲ့စိတ်မှာ လိုချင်မှုကြီးစိုးလိုက်တော့ အမှန်ကိုမတွေးနိုင်တော့ဘူး။အမှန်မတွေးနိုင်တော့ သူရလာသည်က…….။ ။

ဆရာဖေမြင့်ရဲ့ နှလုံးသားအာဟာရ ရသစာများ(၂)မှ ပြတင်းပေါက် ဝတ္ထုလေးကို ခံစားပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

 

ေၾကာက္စရာ စိတ္ထား

မျမင္ရတဲ့ စိတ္ဓာတ္ေတြက အျပဳမူတိုင္းရဲ႕ေရွ႕က ဦးေဆာင္ပါတယ္။ေကာင္းတဲ့ အျပဳမူေတြ အေျပာအဆို ေတြဟာလည္း ဒီစိတ္ကပဲ လာတာပါ။မေကာင္းတဲ့ အျပဳအမူ အေျပာအဆိုေတြကလည္း ဒီစိတ္ကပဲ လာတာပါပဲ။

ေကာင္းတဲ့စိတ္ထားနဲ႔ မေကာင္းတဲ့စိတ္ထားဟာ ေနရာဌာနခ်င္း အတူတူမွာ အေရးကိစၥတစ္ခု ၾကဳံလာရင္ ကြဲျပားတဲ့အျပဳအမူေတြဟာ သိသိသာသာ ေပၚလာတာကိုေတြ႕ရပါတယ္။ဒီလိုေပၚလာတဲ့ အေၾကာင္းျခင္းရာ ကို ပုံေဖာ္ထားတဲ့ စာေလးေတြကို ဖတ္လိုက္ရရင္ အလြန္ပဲႏွစ္သက္ေက်နပ္မႈ ျဖစ္ရပါတယ္။

ျပင္းထန္တဲ့ ေဝဒနာေတြခံစားေနရရင္ လူေတြရဲ႕စိတ္ဟာ ဘယ္အရာမွ ၾကည္လင္တယ္မရွိလွပါဘူး။ အျခားသူေတြက အားေပးစကားလာေျပာရင္ေတာင္ သိပ္ၿပီး မႏွစ္ၿမိဳ႕လွပါဘူး။ဒီလို ေရာဂါသည္းေနတဲ့ ေဝဒနာသည္ႏွစ္ေယာက္ အခန္းက်ဥ္းတစ္ခုတည္းမွာ ဆုံေတြ႔ခဲ့ၾကတယ္။

ျပတင္းေပါက္နားက ေဝဒနာသည္ဟာ အဆုပ္ထဲက အရည္ေတြစုပ္ထုတ္ထားတာေၾကာင့္ ထိုင္ခြင့္ခဏ ရထားပါတယ္။သူကထိုင္ေနရင္း ျပတင္းေပါက္အျပင္ဘက္ကိုၾကည့္ၿပီး အျခားကုတင္ေပၚမွာ ပက္လက္လဲွေနရတဲ့ ေဝဒနာသည္ကို အျပင္က ျမင္ကြင္းေတြကိုေျပာျပေနတာေပါ့။

ျပတင္းေပါက္အနီးက လူနာဟာ ေနလည္ခင္းထိုင္ခြင့္ရတိုင္း တစ္ဖက္ကုတင္က လူနာကို အျပင္ဘက္မွာ ပန္းျခံတစ္ခုရွိၿပီး အဲဒီထဲမွာ ေရကန္ႀကီးတစ္ကန္ရွိေၾကာင္း၊ေရကန္ထဲမွာ ဘဲေတြငန္းေတြ ေရကူးေနတာကို ကေလးေတြက ေပါင္မုန္႔ေလးေတြ ပစ္ေၾကြးေနၾကေၾကာင္း၊အခ်ိဳ႕ကေလးေတြက ေလွကေလးေတြ ေမွ်ာေနၾကေၾကာင္း၊သစ္ပင္ႀကီးမ်ားေအာက္မွာ ခ်စ္သူစုံတြဲလက္ခ်င္းခ်ိတ္ လမ္းေလွ်ာက္ေနၾကေၾကာင္း၊ အျပန္႔က်ယ္လွတဲ့ ျမက္ခင္စိမ္း၊ေဘာလုံးေပ်ာ့ေစာ့ကစာေနၾကတဲ့သူေတြ၊သစ္ပင္ထပ္ဖ်ား အေပၚကို ထိုးထြက္ေနတဲ့ တိုက္တာအိမ္ရာ အေဆာက္အအုံေတြ၊ျပာလဲ့လဲ့ မိုးေကာင္းကင္ႀကီး စတဲ့အေၾကာင္းေတြကို ေျပာျပပါတယ္။

တစ္ဖက္လူကလည္း ျပတင္းေပါက္နားက ေဝဒနာသည္ရဲ႕ အေျပာေကာင္းမႈေၾကာင့္ ကိုယ္တိုင္ပဲ ၾကည့္ေနရသလိုခံစားရပါတယ္။

ဟာ..ကေလးတစ္ေယာက္ေရထဲ လိမ့္က်မလိုျဖစ္သြားတယ္၊အို..အို..ေႏြရာသီဝတ္စုံသစ္ေတြနဲ႔ မိန္းကေလးေတြကလည္း သိပ္ကိုလွေနလိုက္ၾကတာ…။ျပတင္းေပါက္နားက လူနာရဲ႕အေျပာေကာင္းသမွ် တစ္ဖက္လူနာဟာ အျပင္ကျမင္ကြင္းကို ေတြးျမင္ခြင့္ရေနပါတယ္။

ေျပာသူနဲ႔ၾကားနာသူ ဒီအေျခအေနထိ စိတ္ဓာတ္ေလးေတြက ၾကည္နူးစရာေကာင္းလွပါတယ္။

ဒါေပမဲ့ ကြဲျပားတဲ့ စိတ္အေျခအေနေလးက ဒီ့ေနာက္မွာေပၚလာပါတယ္။ဒီေပၚလာတဲ့စိတ္ဟာ ျပတင္းေပါက္နားက လူနာရဲ႕ စိတ္ထားမ်ိဳးမဟုတ္ဘဲ။ငါမွငါဆိုတဲ့စိတ္ ျဖစ္သြားျခင္းပါပဲ။

ဒီလိုေနလာရင္း တစ္ဖက္လူနာမွာ အေတြးတစ္ခုဝင္လာပါတယ္။ငါ့ကိုဘာလို႔ ျပတင္းေပါက္နားက ကုတင္မွာ ထားမေပးတာလဲဆိုတဲ့ အေတြးပါပဲ။ငါသာအဲဒီျပတင္းေပါက္နားမွာေနခြင့္ရရင္ အျပင္ကျမင္ကြင္းေတြကို စိတ္တိုင္းက် ျမင္ရမွာပဲ ဆိုတဲ့ ေသးသိမ္တဲ့ အေတြးအျမင္က စိတ္မွာ ေနရာ စ,ယူလာပါေတာ့တယ္။ ေနရာခ်င္း လဲခ်င္တဲ့စိတ္ သူ႔မွာျဖစ္ေနတယ္။စိတ္မွာ ဒီလိုျဖစ္တာကို ရွက္ေပမယ့္ လိုခ်င္စိတ္အားႀကီးလာေတာ့ မျဖစ္မေနလဲရမွဆိုတဲ့ အထိျဖစ္သြားတယ္။

ဒီလိုနဲ႔ တစ္ညမွာ ျပတင္းေပါက္က လူနာဟာ ေခ်ာင္းဆိုးၿပီး ေရာဂါေဖာက္လာပါတယ္။ဒါကို သူျမင္ေနရပါရဲ႕နဲ႔ အေရးေပၚအခ်က္ေပး ခလုတ္ကိုႏွိပ္မေပးဘဲ ျပတင္းေပါက္နားကလူနာ ၿငိမ္သြားတဲ့အထိ ေစာင့္ၾကည့္ေနခဲ့ တယ္။ ေနာက္တစ္ေန႔ ျပတင္းေပါက္အနီးက လူနာေသဆုံးေၾကာင္း အတည္ျပဳၿပီး သယ္သြားၾကတယ္။

သူက ျပတင္းေပါက္နားမွာသူ႕ကို ေရႊ႕ထားဖို႔ခြင့္ေတာင္းေတာ့ ေဆးရုံကသူနာျပဳေတြက ေရႊ႕ေပးၾကပါတယ္။

သူနာျပဳေတြထြက္သြားတာနဲ႔ တၿပိဳင္နက္ တံေတာင္တစ္ဖက္ေပၚအားျပဳေထာက္ကာ ထဖို႔ႀကိဳးစားတယ္။ နာက်င္မႈေဝဒနာေတြ ႀကိတ္မွိတ္ခံစားၿပီး သူ႔ခႏၶာကိုယ္ကို ထူမတ္ၿပီးတဲ့ေနာက္ ျပတင္းေပါက္ကေန အျပင္ကို ၾကည့္လိုက္ေတာ့ နံရံတံတိုင္းတစ္ခုသာ ျမင္လိုက္ရပါတယ္။ဝတၳဳေလးက ဒီမွာအဆုံးသတ္သြားပါတယ္။

ဝတၳဳေလးကတိုေပမဲ့ တင္ျပခ်င္တဲ့ စိတ္ဓာတ္ပိုင္းဆိုင္ရာေလးကို ေဖာ္ျပရာမွာ ထိေရာက္ေပၚလြင္မႈရွိလွပါတယ္။ ကၽြန္ေတာ္မွာ အေတြးတို႔နဲ႔ က်န္ခဲ့ရပါတယ္။

ေဝဒနာ အျပင္းအထန္ခံစားေနၾကရျခင္း တူေနပါလ်က္နဲ႔ တစ္ဦးက က်န္တစ္ေယာက္ကို ေဝဒနာသက္သာ ပါေစေတာ့ရယ္လို႔ စိတ္ထားေလးနဲ႔ ခံစားေနရတဲ့ေဝဒနာေတြကို ေမ့ေဖ်ာက္လို႔ ေျဖေဖ်ာ္မႈေပးခဲ့တယ္။

က်န္ခဲ့တဲ့ လူရဲ႕စိတ္မွာ လိုခ်င္မႈႀကီးစိုးလိုက္ေတာ့ အမွန္ကိုမေတြးႏိုင္ေတာ့ဘူး။အမွန္မေတြးႏိုင္ေတာ့ သူရလာသည္က…….။ ။

ဆရာေဖျမင့္ရဲ႕ ႏွလုံးသားအာဟာရ ရသစာမ်ား(၂)မွ ျပတင္းေပါက္ ဝတၳဳေလးကို ခံစားပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service